မြန်မာပြည်မှာဘာတွေဖြစ်နေလဲ

aungnng87February 17, 20121min23626

ဒီနေ.မနက်အင်တာနက်ကို ဝင်လည်လိုက်တာ စိတ်ဝင်စားစရာကောင်းတဲ့သတင်း ၄ခု သွားတွေ့တယ်။ ဒါနဲ့ရွာသားတွေကိုလည်းမျှဦးမယ်ဆိုပြီး…..

တခုကတော့

ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်းတဲ့ (ခေါင်းစဉ်က)

ဒါကတော့ ဦးရွှေမန်းရဲ့ ဝန်ထမ်းများလစာတိုးရေးအဆိုကို ဘဏ္ဍာရေးဝန်ကြီးက ပြောတာ ဝေးလံသီခေါင်သောဒေသများတွင်သွားရောက်လုက်ကိုင်နေသောဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာရှိပါတယ်။

ဦးရွှေ့မန်းတင်ပြထားတဲ့ဝန်ထမ်းအားလုံး လစာတိုးဖို့ ကိစ္စကိုတော့ ၂၀၁၃-၂၀၁၄ ကျမှဘဲစဉ်းစားပါရစေဆိုပါတယ်။

နောက်တခုက

အဲဒီအမေ့အိမ်ဝက်ဆိုက်မှာဘဲ ဖေါ်ပြထားတာက.. ပြည်သူ့ဝန်ထမ်းများအတွက် ဝမ်းမြောက်ဖွယ်ရာအထူးသတင်းဆိုပြီး ပြည်သူဝန်ထမ်းများအတွက် မူရင်းလစာထက်၂.၇%အား တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းပါတဲ့… ဒါပေမဲ့အဲဒီစာတမ်းကိုတော့ အကျယ်ကြည့်လို့မရပါဘူး။ ဘာကြောင့်လည်းတော့မသိဘူး။

အဲဒီနှစ်ခုကိုဖတ်မိပြီး နဲနဲခေါင်းစားသွားတယ်။ ရွာသားများသိရင် ရှင်းပြပါဦး။ ဘယ်လိုတုန်းလို့။

နောက်တခုက

မိုးမခထဲက ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီးအတုကြီး ဆိုတာ

သူကတော့ နံမည်က သူရိန်ထွန်း၊ အသက်ရနှစ်အရွယ်မှာ မိဘနှစ်ပါးနဲ့၊ သူ့ညီမလေးရယ ်သထုံဘက်ကားနဲ့ခရီးထွက်စဉ် စစ်တပ်က သူ့အမေကိုမုဒိန်းကျင့်၊အဖေ့ကို ဘက်နက်နဲ့ထိုးသတ် ကားနဲ့အလောင်းဓါတ်ဆီလောင်းမီးရှို့ပြီး မောင်နှစ်မ၂ယောက်ကျန်ခဲ့ပါတယ်တဲ့။

နောက်ပိုင်းပဲခူးမှာ၁ဝ တန်းအောင်၊ပြီးတော့ RIT ပြီးတယ်။မိဘသတ်သူကိုလက်စားခြေဖို့ တောထဲဝင်မယ်ကြံတုန်း ပဲခူးဘုန်းကြီးကသံဃာဝတ်ခိုင်းရာမှဘုန်းကြီး(၉)ဘွဲ့ရတယ်။

နောက်နှလုံးကင်ဆာရပြီး သေနေ့စောင့်နေချိန်မှာ ခရစ်ယာန်တရားကြားပြီး ခရစ်ယာန်ဖြစ်သွာတယ်တဲ့။

ပြီးတော့ ခရစ်ယာန်ဘုန်းကြီးဖြစ်သွားတယ်ပေါ့။ သူ့အကြောင်းဖွင့်ဟဝန်ခံချက် တွေဟာဖေ့ဘုတ်မှာပလူပျံလာတယ်။ ဗုဒ္ဓဘာသာဝင်တွေလည်း စိတ်မကောင်းဖြစ်ကြတယ်။ ပြီးတော့

ခရစ်ယာန်အဖွဲ့သားများကလည်းမိတ်ဆွေတို့..ဗုဒ္ဓဘာသာမှာ PHD အထိပညာသင်ကြားခဲ့တဲ့ ဆရာကြီးတပါး

နိုင်ငံတော်အကြီးအကဲများကကိုးကွယ်ခဲ့တဲ့ ဆရာကြီးတပါး ဘယ်လိုနည်းနဲ့ခရစ်တော်ယေရှုကိုလက်ခံခဲ့သလဲ

ဆိုတာနားထောင်ကြည့်ပါ လို့ပြောကြတယ်။ အဲဒီမှာ ဆရာတော်လင်္ကာအရှင်(မုံရွာ) က အဲဒီသူူရိန်ထွန်းဟာ

တကယ်ဘဲ ၉ဘွဲ့ရတဲ့ဘုန်းကြီးလား။ တကယ်ဘဲ RITဘွဲ့ရရောဟုတ်ရဲ့လားဆိုတာ analysis လိုက်ပါတယ်။

လိုက်တော့မှ မဟုတ်ဘူးဆိုတာသိရပါတယ်။ ခရစ်ယာန်အသင်းတော်ကငွေတွေ လိမ်ပြေးတာလည်း မနဲဘူးဆိုဘဲ။

လောကကလူတွေ လိမ်နည်းများစွာထဲကတခုပေါ့။

နောက်တခုကတော့

ယုန်လေး၏် အထင်ကြီးလေးစားဖွယ် ဖျော်ဖြေမှု

                                                          စိုင်းစိုင်းနဲ့ စန္ဒီမြင့်လွင်

အနုပညာလောကကြီးဟာ ဒီလောက်တောင် လူရှေ့သူရှေ့ ပျက်စီးနေပါလားဆိုပြီး

သံဝေဂရပါတယ်။

အဲတာလေးတွေ ရွာသားတွေကိုမျှဝေတာပါ….။

 

26 comments

  • water-melon

    February 17, 2012 at 2:45 pm

    ဟဲ့ဟဲ့ အဲဒီအခန်းဖြတ်
    မြန်မာပြည်လဲ တစ်နေ့တော့ မုန်တို်င်း၊ရေကြီး၊မီးလောင် ကပ်ဆိုးတွေလာတော့မယ်
    ဘုရား တရား ကိုးကွယ်ယုံကြည်မှုတွေနည်းလာပြီ
    ဒီနှစ်သင်္ကြန်တောင် လည်ချင်စိတ်မရှိတော့ဘူး။
    စိ်တ်ပျက်လာပြီ စိန်ပေါက်ငါတို့ တောထွက်ရအောင်။

    • စိန်ပေါက်ပေါက်

      February 17, 2012 at 2:49 pm

      ဘုန်းကြီးမဝတ်ရင် တရားစခန်းဝင်ဖို ့များတယ်
      တောတော့ မထွက်ရဲဘူး..သရဲကြောက်လို ့

  • စိန်ပေါက်ပေါက်

    February 17, 2012 at 2:47 pm

    သတင်းတွေအတွက် ကျေးဇူးတင်ပါ၏
    ဟိုဘုန်းကြီးဆိုတာ အတုပဲ နေမှာပါနော့
    ပြီးတော့
    ဟို
    အောက်က နှစ်ပုံက
    ဆေးမသောက်ရသေးလို ့လားဗျ
    လူရှေ ့သူရှေ ့….လုပ်ရဲတာ

    ဪ..အသင်လောက
    ရှင်းရှင်းလေး မြင်ရရင် သိပ်ကောင်းမှာပဲ..အဲလေ….လောကကြီးက မမပြောသလို ဘာတွေဖြစ်ကုန်ပြီလဲ လို ့ပဲ
    😀

  • Moe Z

    February 17, 2012 at 2:51 pm

    ကြားရတာနားဝမသက်သာ အဲ မြင်ရတာစိတ်မချမ်းသာလိုက်တာ
    ဘာတွေဖြစ်ကုန်တာလဲနော်
    ကျန်တာတော့မဝေဖန်ချင်ပေမယ့် အနုပညာရှင် ဆယ်လီဘရစ်တီတွေက
    အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုလေးတွေဆင်ခြင်သင့်ပါတယ်
    သူတို့ကိုအားကျအတုခိုးနေတဲ့ ကလေးငယ်တွေအမြောက်အများရှိတယ်
    သူတို့လေးတွေအတွက် စံပြုနမူနာယူစရာတွေက ဒီလူတွေဆိုရင်တော့
    မိဘတွေရင်ကျိုးပြီ 🙁

  • aungnng87

    February 17, 2012 at 2:54 pm

    ဟုတ်ပ.. အဲဒီ၂ပုံအတွက် တော်တော်အံ့ဩမိပ မိပေါက်ရေ…
    ဖရဲသီးကရော..ဘယ်တောကိုထွက်ချင်တာလဲ။ jungle ကိုလား၊ တောရကိုလား၊

  • blackchaw

    February 17, 2012 at 2:56 pm

    မကြာခင်လူစည်ဦးမယ့် နေရာပဲဗျို့။ လစ်ပြီဗျ။

  • Wai Phyoe

    February 17, 2012 at 3:35 pm

    ပာာကွာ ပုံတွေကြီးပြီး ခေါင်းတောင်ကိုက်တယ် အကုန်လုံးကောင်းဖို့တက်ညီလက်ညီလုပ်နေချိန်မှာ ငနဲသားတွေက တော့……….လူတွေရှေ့မှာလှန်လိုက်ဖြဲလိုက်နဲ့ ကိုယ့်ပာာကိုယ် မိုက်လေးကိုင် စင်ပေါ်တက်ပြီး ပေါက်ကရလျှောက်အော် အဲ့ဒါကို အောက်ကငပေါတွေကလည်းကြိုက် Rapper တွေကိုတော့မပြောချင်ပါဘူးဗျာ ကျွန်တော်လည်း Hip Hop ကိုရူးသွပ်တဲ့လူပါ။ဒါပေမဲ့ဗျာ မြန်မာပြည်မှာ rapper ပွဲတွေကကြာလေဆိုးလေဖြစ်နေတယ် ပာို Valentine တုန်းကလဲ အခန်းမဲဖောက်လို့်ဖောက် အဲ့လိုကောင် မျိုးတွေ အသေဆိုးနဲ့သေပါစေဗျာ

    • char too lan

      February 18, 2012 at 10:09 am

      ဟဲ့ဟဲ့ ဖွဟဲ့ နှုတ်စီးပါစေတော်…………. 🙂

  • aungnng87

    February 17, 2012 at 3:37 pm

    စိတ်လျော့ပါကိုဝေဖြိုးရယ်။ ဒါနဲ့လစာ၂.၇%တိုးတယ်ဆိုတာဘာတုန်း။ ဘယ်သူမှလည်းမဖြေကြဘူး…

  • ဆူး

    February 17, 2012 at 3:49 pm

    လောကကြီးကလည်း စိတ်ပျက်စရာ တော်တော် ကောင်းပါလား။

  • စိန်ပေါက်ပေါက်

    February 17, 2012 at 3:57 pm

    ခွီးထဲမှကွာ
    စင်ပေါ်တက်ပြီး ကျက်သရေတုံးနေတာ (ရှင်းရှင်းလင်းလင်းမမြင်ရလို ့ 😆 )

  • နွယ်ပင်

    February 17, 2012 at 4:03 pm

    အော် ဒုက္ခ ဒုက္ခ ဘာတွေဖြစ်နေတာတုန်း
    စင်ပေါ်တက်ပြီး မဖွယ်မရာတွေ လုပ်နေတာပါလား
    ဒါနဲ့ ပုံက သိပ်မမြင်ရလို့ ဖိုတိုရှော့စ်နဲ့ ပြန်လင်းပြီး ကြည့်လိုက်ရတယ် …….. 🙂

  • အဲဒီပုံတွေက အခုမှပြန်တက်လာတာ မြင်ဘူးတာ နှစ်တောင်ပေါက်နေပါပြီ။
    ဒီလိုအာရုံနောက်တာတွေပြန်ကြည့်နေလို့အလကား။
    ကိုယ်တိုင်ဘာကောင်းအောင်လုပ်နို်င်မလဲသာစဥ်းစား။
    အဲဒါလက်တွေ့အကျဆုံးနည်းလမ်းဘဲ။

  • pyaponthu

    February 17, 2012 at 6:52 pm

    လူလိမ် အမှန်ဖြစ်ကြောင်း။

  • အနုပညာဆိုတာ အောက်က ဟာတွေနဲ့ ဘာဆိုင်လို့လဲဗျာ …။
    ဒီကောင်တွေ အနုပညာကို တော်တော် ဖျက်လို့ ဖျက်ဆီး နိုင်တဲ့ ကောင်တွေပဲ။
    အတုယူမှားတဲ့၊ နာမည်နဲ့ လုပ်စားနေတဲ့ ကောင်တွေ …၊ ကောင်မတွေကလည်း ဘယ်လောက်တောင် ပေးထားလို့လဲ၊ ချုပ်ထားလို့လဲ မသိဘူး။ ငြိမ်ခံနေကြတာပဲ … ထွီ .. ရွံတယ်ကွာ …

    အလို … ငါ ဒေါမနဿတွေ ပွားနေတာပါတကား။ အကုသိုလ်များပါတယ် …
    ဟေ့ … အပေါ်ဆုံးက ဖရဲနဲ့ အကြံချင်း တူကွတယ်။
    နာလည်း သင်္ကြန်ကျရင် တောထွက်တော့မယ် …
    😀 😀

  • K@oru

    February 17, 2012 at 9:22 pm

    အင်း … အပေါ်သတင်း၂ပုဒ် က အလွန်အင်မတန် သစ်တဲ့ သတင်းထူး သတင်းဦးတွေ….
    ဘရာဗို…ဘရားသား ….
    😀

    အဲ့ …
    အောက်ဆုံး ပုံ ၂ပုံကတော့ …. လွန်ခဲ့တဲ့ ၂နှစ် အထက်ကပုံတွေခည ….။
    ဆိုလိုချင်တာ ..အနုပညာသည်တွေ ဂလို ဂလို အရှက်တရား ကင်းမဲ့နေပါပြီ …..။
    ဂလို ဂလို …ပေါက်ပန်း၄ဝ ဒွေ လူရှေ့မရှောင် သူရှေ့မရှောင် လုပ်နေပါပြီ …. ဆိုတဲ့ မက်ဆေ့ချ်မျိုး
    ပေးချင်တယ်ဆိုရင် အနှီပုံတွေ တက်လာတဲ့ ကာလ နဲ့ ယနေ့ကာလကြားမှာ ….
    ပုံတွေ တပုံတခေါင်း …. ရှိတယ်နော ….(သည်နေ့တောင် ကိုယ့်ဟာကိုယ်တောင် မအုပ်နိုင်တော့ဘူးလား
    ကိုကို အုပ်ရယ် ဆိုတဲ့ ပုံ ပျံ့လာသေးတယ်မလား … )

    သည်တော့ ပြောချင်တာ … ကိုယ့်ဆြာသမား …ဘာကိုပြချင်တာလဲ …
    ဘာကိုပြောချင်တာလဲ ….. ? ကျုပ်လိုက်မမီဝူးဖြစ်ရတယ်ဗျ…။
    ခင်ဗျားပေးထားတဲ့ ခေါင်းစဉ်ရယ် … အပ်ဒိတ် သတင်း ၂ပုဒ်ရယ် ..
    လုံးဝ အပ်ပဒိတ် မဟုတ်တော့တဲ့ …ဒါ့ပုံ၂ပုံ… (ဟိုလူတွေ စကား ငှားပြောရရင် အရင်အစိုးရလက်ထက်က ပုံ၂ပုံ)

    ရယ် တက်လာတော့ …အင်း ….. တိုက်ဆိုင်တာပါ ဂီ ရာလို့ မပြောစေချင်ဘူးဗျ …
    ထူးထွေသည့်အံ့ရာ တိုက်ဆိုင်မှု ကသည်တခုတည်းမဟုတ်လို့ပါ ….

    အော်… တင်ထားတဲ့ ပုံ၂ပုံက ဂီတလောကသားတွေပုံ …။
    (တိုက်ဆိုင်တယ်နော ..ခင်ဗျား လက်ရှောင်သွားတဲ့ ယနေ့ အပ်တူဒိတ် ပုံက ရုပ်ရှင်လောကသား တယောက်ပုံ…)

    သည်တော့ …ခင်ဗျားလေး ဂီတ လောက ကို ချဉ်ပါတယ်ဗျာ ဆိုတဲ့အထှာ လုပ်တယ် ကျုပ်မြင်တယ်ဗျာ …
    (မစွပ်စွဲသေးဘူးနော….ခနလေး ဆက်ပြောမယ်…) အဲ့ …ကျုပ်ရေးထားတာကို ဝေဖန်မယ် ဆွေးနွေးမယ်ဆို
    ရလျက်နဲ့ ပေါ့ဗျာ ….. လက်တလော ရွာထဲမှာ ဂီတ နဲ့ပါတ်သတ်ပြီး … ကျုပ်ရေးတယ် …မန့်ကြတယ်..
    သဘော မတူသူ ရှိမယ် တူသူရှိမယ် … အန်းနီးဝေး …. ပြဿနာ မရှိဘူး …. ကိုယ်လုပ်တာ ကိုယ် အမှန် ထင်ကြသူချည်း…

    မငြင်းဘူး …
    တိုက်ဆိုင်စွာ ..ခင်ဗျား လွန်လေပြီးသော နှစ်အနည်းငယ်က ဂီတလောက က စုန်းပြူးတွေရဲ့ ပုံကိုတင်တယ်…
    HOT TOPIC ၂ခု နဲ့ရောပြီး …. ခင်ဗျား ဆိုလိုချင်တာမြင်မိသလိုပဲ (အခု စ စွပ်စွဲပြီနော..)

    သည်လို ဆိုးဝါးစုတ်ပြတ် ပျက်ဆီးနေတဲ့ ရပ်ဝန်းကို အားမပေးတာ …ဂရုမစိုက်တာ …
    သောက်ဂရု မစိုက်တာ ဘာဖြစ်လဲ ….မင်းက ဘာလို့ အဲ့သည့်ဘက်က ရှေ့နေလိုက်နေသလဲ …
    ဆြာ ဝင်ပြီး လုပ်နေသလဲ ပေါ့ကွာ …. ဒါမျိုး …အင်းမေ့ချ်စ် မျိုး ဖန်တီးတယ်လို့ မြင်တယ်ကွ …..

    ၂ခုပြောမယ်ဗျာ ……ကျုပ်က မောင်ရင်တို့ နတ်ကတော် ခေါ်ခေါ်နေတဲ့ …အဆိုတော်ရဲ့ ယောက်ဖ မဟုတ်ဘူး…
    သူ့ ဆဲလို့လဲ ကျုပ်နာစရာ မရှိဘူး … နောက်တခု ..လန်င်ခရူဇာ စီးနေတဲ့ စူပါပရိုဂျူဆာ တွေအကျိုးစီးပွားအတွက်
    လည်း ကျုပ် ဝင်ရေးပေးနေတာ မဟုတ်ဘူး.. …ခိုးခံရတာကို ခိုးခံရပါတယ် ပြောတာ … ရသင့်ရထိုက်သလောက်တောင်
    မရတာကို ပြောတော့ အနုပညာရှင်မစစ်ဘူး ..ပိုက်ဆံမက်တယ် …အဲ့ …ဘာတဲ့ သူ့မြူးဇစ်ကိုဝေဖန်တာအားမရလို့….
    သူယူတဲ့မိန်းမဟာ ဘာမို့လို့ ဘာဗီဇာ ရှိလို့ ဆိုတာမျိုးတွေ အထိ ဝိုင်းဝန်း မီးဒုတ် ရှို့ကြတာ ကို မကြိုက်လွန်းလို့ ရေးဖြစ်ခဲ့တယ်..

    မောင်ရင် သည်ပိုစ့်တင်ပြီး နာရီပိုင်းအတွင်း ကျုပ်ပိုစ့်မှာ ..အွန်လိုင်းကနေဝယ်ဖို့တို့ ..ခရက်ဒစ် ကတ်မရှိရင်
    ဘာဖြစ် ညာဖြစ်တို့ လာမန့်ထားတာတွေ့တယ်. …။ ကောင်းပြီညီလေး …အွန်လိုင်း ဘန့်ကင်း e-Money မှ မရှိရင်
    အရောင်းအဝယ် မဖြစ်ကြကြေးလား … ဒါတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းမရှိဘူးလား ….။ မင်းရေးထားတဲ့
    စာဟာ ..ကျုပ်ရေးထားသမျှကို …အလကားပါကွာ … လျောက် ကြွယ်နေတာပါကွာ … ဖောရှောပါ …
    ဆိုတာမျိုး အပြစ်မြင်ဝါဒီမျိုး ဖြစ်နေလို့ ပြောပြပေးမယ်ကွ…..။(ဟိုဘက်က မေးခွန်းကို သည်ဘက်မှာ လာဖြေထားလို့ ..
    refer လုပ်ပြီးဖတ်ရတာတော့ ခွင့်လွှတ်ဗျ..)

    မင်းတို့ သုံးသုံးနေတဲ့ ၇၃ ဖုန်းတွေ ချာ့ချ်ဖြည့်တဲ့ …ကဒ်တွေ ဘယ်လို ဖြန့်သလဲကွာ ….။
    အဲ့အတိုင်းဖြန့် လို့ ရနိုင်တာပေါ့ ….။ တကမာ္ဘလုံးမှာလည်း …. အမေဇုံကတ်တွေ အိုင်ကျုံန်း ကတ်တွေ
    သည်လိုပဲ ဖြန့်နေတာ …။

    credit card မရှိလို့ လုပ်မရပါဘူးလို့
    ကိစ္စကို ဝေဖန်မယ်ဆိုရင် ကိုယ့်ဆြာရဲ့ အသိပညာဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်းကိစ္စတွေ Update မဖြစ်ဘူးလို့
    ပြောပါရစေနော…။ စိတ်တော့ မဆိုးနဲ့ …ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာ credit မလုပ်ဘဲ မရှိဘဲ …ဝယ်လို့ရတဲ့
    နည်းအသစ်တွေ ပေါမှပေါ …။ ၇၃ဖုန်း ချာ့ချ် ကိစ္စတွေလိုမျိုးနည်းက ၁နည်း ဆိုရင် available ဖြစ်တဲ့ တခြားသော
    နည်းတွေထဲက အနည်းဆုံး ၂နည်းကနေ ၃နည်းအထိ ဝယ်လို့ရအောင် ဖန်တီးပေးနိုင်တယ် ညီ ….။

    မူတွေ စနစ်တွေ လိုနေလို့ မဟုတ်ဘူးကွ …တကယ်လိုနေတာ အကျိုးအမြတ်ခွဲဝေရေး …..။
    အေး ..ဘဏ်ကတ်စနစ်က နက်ဖြန်သဘက်လည်း ဖြစ်ချင်ဖြစ်မယ် …နောက် ၅-၆လလည်းဖြစ်ချင်ဖြစ်မယ်…
    ပေါ်လစီပိုင်းခွင့်ပြုချက် ပြောပါတယ်.. ..။ပေါ်လစီ ကိုစောင့် …ပေါ်လစီလာတော့မှ ကိုယ့်ဘက်က ဖြည့်ဆည်း …
    ပြီးမှ တင် ….အင်း …အချိန်တွေ နှမြောပါဘိတောင်း….

    အော်……အေး …ခင်ဗျား သိပ်တတ်နေရင် လာလုပ်ပါလား
    လာဦးဆောင်ပါလား လို့တော့ နှုတ်လှန်မထိုးနဲ့ကွာ…..
    ဘယ်သူမှ လာဦးဆောင်ရမယ့် အလုပ် ဘယ်သူ့ ပေါ်လစီကြောင့်
    ဘယ်သူ့ အတွေးအမြင်ကြောင့် …ဘယ်သူ့ လမ်းကြောင်းကြောင့်
    ဆိုတာမျိုးတွေ ထားခဲ့သင့်ပီ …..။ အားလုံး ဆယ်လစ်ဘရစ်တီဖြစ်နိုင်တယ်
    သို့သော် ၅ မိနစ်ပဲ ဆိုတဲ့ စကား သည်နှစ်ပိုင်းအတွင်း အတော် ကျော်ကြားလာတာရယ်….
    ထားပါကွာ ….. ပေါ်ပင်က ပေါ်ပင် .. သိသာတယ်ကွာ…..
    အနှစ်က အနှစ်ပဲ …..

    နောက်ဆုံးတခု ကျုပ် အဲ့သည့်စာကိုရေးတော့ ….ပိုစ့်တိုင်းကို အမြဲတမ်းမန့်နေကျ …..
    ဒါမှမဟုတ်လည်း ကျုပ်ရေးသမျှ အားပေးနေကျ ….သူငယ်ချင်းအချို့ လက်ရှောင်ကြတယ်ကွ….
    စိတ်မဆိုးသလို ဝမ်းလည်း မနည်းပါဘူး ….

    ကျနော့် အယူအဆ ကို သူတို့လက်မခံနိုင်ကြောင်း …ပေါ်တင် မဆွေးနွေးတာတော့ စိတ်မကောင်းဘူးကွာ…

    မေ့တော့မလို့ …နောက်ဆုံး … အာဏာသုံးြ့ပီး ထိပ်တက်ကပ်ထားပြီး
    ဘာမှဝင်မပြောတဲ့ သဂျီးကိုလည်း မုန်းတယ်ကွ ….။

    ရေးချင်တာရေးတယ်ကွ ….ဒါပေမယ့် ချစ်လို့ရေးတာပါ…..
    အနည်းဆုံးတော့ ငါက ဗမာလေ …

    ခင်တဲ့ …
    ခါအိုလု ..

    • nigimi77

      February 17, 2012 at 11:20 pm

      အသာလုပ်ပါ ငဇာဂီရယ်…..

      ငါ့ ကျည်ကတ်ကြီး အိမ်မှာ ကျန်ခဲ့လို ့ ဝင်မတိုက်ပေးနိုင်သေးဘူး

    • Khin Latt

      February 18, 2012 at 4:19 am

      Hay … Gi Gi,
      I think you were misunderstanding her.
      I don’t think she did mean what you said. 🙄

  • ရွှေဘိုသား

    February 17, 2012 at 10:51 pm

    ယုံလေးက ယုံဆိုတော့လည်းချုံထင်ပြီးဝင်ချင်လို့ ကြည့်လိုက်တာဗျ ခြံမဟုတ်ပဲ ပျားအုံကြီးဖြစ်နေတာ အဟိအဟိ

  • Burmese or Chinese

    February 18, 2012 at 3:59 am

    ဘုရား…ဘုရား…ဘုရား ….

  • mgyin

    February 18, 2012 at 10:38 am

    ကိုဂီ…
    အပေါ်ကသတင်း(၂)ပုဒ်အတွက် ချီးကျူးစာလေး(၂)ကြောင်းပဲထွက်နိုင်ပြီး…
    အောက်ကဓာတ်ပုံ(၂)ပုံအတွက် စာကြောင်း(၁၀၀)နီးပါးလောက်ပြောသွားနိုင်တယ်…
    ပို့စ်ထက် ကိုဂီ့ကွန်မန့်ကိုပိုကြိုက်တယ်…
    *အနည်းဆုံးတော့ငါကဗမာလေ* ဆိုတဲ့စကားလေးက ကွန်မန့်လေးနဲ့တကယ်လိုက်ဖက်ညီသွားခဲ့တယ်…
    (ကျနော်လည်း ဗမာမို့လို့ မန့်မိသွားပြီ)

  • Htut Aung

    February 18, 2012 at 1:33 pm

    တော်တော်အရှက်တရားနည်းတဲ့ကောင်တွေ။သူတို့နှမတွေဆိုရင်လူလည်ခေါင်အဲဒီလိုလုပ်လို့ရမလားမသိဘူး။စမ်းချင်တယ်

  • aungnng87

    February 18, 2012 at 2:00 pm

    ဟေ…မောင်ဂီ။ကိုယ်တင်ထားတဲ့သတင်းကို ရိုးရိုးဘဲတွေးပါ။ချဲ့မတွေးပါနဲ့။ ကဲ…ဟိုပုံ၂ခုအကြောင်းဘဲပြောကြတာပေါ့။ ဟိုပုံ၂ခုကအဟောင်းကြီးပါ။တင်ထားတာကြာခှပြီဆိုရင်လည်းဟုတ်မှာပေါ့။ ဒါပေမဲ့ဒို့မှမတွေ့ဘူးသေးဘဲ။ မတွေ့ဘူးသေးတဲ့ဒို့အတွက်ကတော့အသစ်ဘဲပေါ့။ အဲဒါဘာဖြစ်လဲ။ ဟာ..ဒီသတင်းကတော့ဖတ်ပြီးသားကြီးပါ၊ ဒီပုံကတော့ ကြာလှပြီဆိုတဲ့ကောမန့်မျိုးပေးရမယ်ဆိုရင် တော့ ဒို့လည်း ဒီလိုပေးရမှာတွေအများကြီးရှိသားဘဲ။ ဒါပေမဲ့တင်တဲ့သူတွေအတွက်တော့ အသစ်ဘဲလေ..။ဒါကြောင့်သူတို့တင်တာပေါ့။
    နောက်မင်းပြောနေတာတွေဒို့နားမလည်ဘူး။ ဒို့ပုံတင်ဘူးတာဆိုလို့ Genting Highland ပုံတွေဘဲတင်ဘူးပါတယ်။ဒီပုံတွေတောင် မတင်တတ်တင်တတ်တင်ရတာနော်.။ ဩ..ပြီးတော့ ငါလက်ရှောင်သွားတယ်ဆိုတာ မင်းအုပ်စိုးပုံကိုပြောနေတာလား။ အဲဒီပုံက သန်းထွတ်ဦးတင်မှ ဒို့လည်းတွေ့တာလေ..။ မင်းလူမှားနေပြီလို့ထင်တယ်။
    သီချင်းခွေတွေက (မင်းပြောထားတာ credit card မရှိလို့ လုပ်မရပါဘူးလို့
    ကိစ္စကို ဝေဖန်မယ်ဆိုရင် ကိုယ့်ဆြာရဲ့ အသိပညာဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်းကိစ္စတွေ Update မဖြစ်ဘူးလို့
    ပြောပါရစေနော) ဝန်ခံပါတယ်။ ဒို့က ဒိတ်အောက်နေပါတယ်။ ၇၃ ဖုန်းတွေအကြောင်းလည်းမပြောပါနဲ့.။ ဒို့က အဲဒီဖုန်းတွေ ထွက်ပြီးကာလလောက်ထဲက အပြင်ပြန်ရောက်သွားတာ။ အဲတော့ ဒို့ထပ်ပြောပါမယ်။ မင်းလူမှားနေပါတယ်။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 2:25 pm

    ဘာတွေတုန်းဟင် 🙄

Leave a Reply