ဘာကြောင့်လဲ… မဆရ ရဲ့ ရှေ့နေများ တဆိတ်ပြန်ရှင်းပါဦး

လင်းဝေFebruary 17, 20121min20314

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မရိုးသားမှုဆိုပြီး စာရောက်လာတော့ ဒီစာကို ၅၀၀ဝတန်ဖုံး အတွက် အပြန်အလှန် တွယ်နေကြတဲ့ စာထဲက တစ်စောင်ပဲလို့ ထင်မိလိုက်ပါတယ်။
ဖတ်ကြည့်တော့မှ လားလား တော်တော်ဆိုးပါလား လို့သိလိုက်မိတယ်။ သူ့ဖုန်းခေါ်ခတွေက ဈေးကြီးလွန်းလို့ မစ်စကော ပေးနေကြတဲ့ လူတွေကို လုပ်ရက်တာပါလား လို့ တွေးရင်း တကယ်ဟုတ်ရဲ့လား လို့လည်း စဉ်းစားမိပါတယ်။ ဒါနဲ့ ၇၃ ဖုန်းရှိရာ ကို သွားပြီး ကိုယ့်ဖုန်းကို ဆက်ကြည့် ငွေလက်ကျန်တွေကို စစ်ကြည့်လုပ်တော့မှ အောက်က အတိုင်း တကယ်ဖြစ်နေတာပါပဲ။

မူရင်းစာသားကို ဖတ်ကြည့်ပါဦး။

ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မရိုးသားမှု
by Shwepyisoe Gold on Tuesday, February 14, 2012 at 1:45pm ·

ဒီကိစ္စ တော်တော် မဖြစ်သင့်တဲ့ကိစ္စ…။

မနေ့က သူငယ်ချင်းတယောက်က ပြောပြမှ သိရတာ။ အရင်က ကြားတော့ကြားမိသား။
သေချာမသိဘူး။ မနေ့ကတော့ သူငယ်ချင်းက ပြောရုံတင်မဟုတ်ဘဲ လက်တွေ့
လုပ်ပြလိုက်တာဆိုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ ဟုတ်တယ်။ ဒီကိစ္စ
တော်တော် မဖြစ်သင့်တဲ့ကိစ္စ။ ဘယ့်နှယ်….သုံးလာတာ နှစ်နဲ့ချီကြာမှ
သိရတယ်လို့။ ကျွန်တော်တင်လားဆိုတော့…ဘယ်ဟုတ်မလဲ လူပေါင်း
လေးသိန်းဝန်းကျင်လောက် ခံနေရတာ။

ဖုန်း Miss Call ပေးတာ (သို့) ဖြစ်သွားတာကို ဖုန်းထဲက
ငွေဖြတ်သွားတယ်ဆိုတာ ကျွန်တော်တော့ ဘယ်မှာမှ မကြားဖူးပါဘူးဗျာ။
လူကြီးမင်းတို့ရော ကြားဖူးကြပါသလား။ အော်.. ပြောရဦးမယ်။ Miss Call အတွက်
ဖုန်းထဲက လျော့သွားတဲ့ငွေ (တနည်းအားဖြင့်) ပြည်သူကို ရှင်းရှင်းလင်းလင်း
ကြောငြာပေးမထားပါဘဲနဲ့ မရိုးမသား အဖြတ်ခံလိုက်ရတဲ့ ပမာဏကလည်း Miss Call
တခါဖြစ်ရင် ကျပ်ငွေ ၃၀ဝ တဲ့ဗျာ။

ကဲ… ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ….။

ဖြစ်ပုံက ဒီလိုဗျ….

CDMA 73………. ဖုန်း ကိုင်နေတဲ့သူတွေ ခံနေကြရတာလေ။ ဆိုပါစို့…။
ခင်ဗျားရဲ့ 73…ဖုန်းကနေ နောက် 73….. ဖုန်းကို ခေါ်လိုက်တယ်။
ဟိုဖုန်းမှာ Miss Call ဖြစ်သွားတယ်(သို့) တဖက်က ဖုန်းကိုင်တဲ့သူက End
Call ကို နှိပ်လိုက်တယ် ဆိုရင် ခင်ဗျားဖုန်းရဲ့ Balance မှာ ၃၀၀
လျော့သွားပါပြီ။ ခုမှ ထပ်သိရတာက တဖက်က Miss Call တွေ့လို့
ပြန်ခေါ်လိုက်တော့ လျော့သွားတဲ့ ၃၀ဝ ပြန်ပေါင်းပေးတယ်ဗျ။ 73… ဖုန်း
အချင်းချင်းဘဲ စမ်းကြည့်ရပါသေးတယ်။ ဖုန်းခကုန်မှာစိုးလို့ Miss Call ဘဲ
ပေးတဲ့လူတွေက အများသားကလားဗျ။ စဉ်းစားသာ ကြည့်ကြပေတော့။

ဆက်သွယ်ရေးက တာဝန်ရှိ လူကြီးမင်းများ မသိတာလား။ တမင် ရည်ရွယ်ချက်ရှိရှိ
နဲ့ ပြည်သူကို နှိပ်စက်တာလား။ အဲဒီလောက်ကတော့ တော်တော်
မိုက်ရိုင်းတယ်ဗျာ။ ဆန်ကောလောက်မှ စောက်မနက်တဲ့ သူတွေဘဲ။
ဖုန်းကိုင်နေတဲ့သူ အများစုဟာ ကိုယ့်ဖုန်းထဲက ငွေလက်ကျန်ကို ခဏခဏ
မစစ်ဖြစ်ကြဘူးလေ။ စစ်ကြတဲ့အခါလည်း ငွေလက်ကျန်ကိုဘဲ ကြည့်တာ။ အရင်တကြိမ်က
လက်ကျန်ဘယ်လောက်ကျန်လို့ ခုတကြိမ်ပြောအပြီးမှာ ဘယ်လောက်ပဲ
ရှိတော့တယ်ဆိုတာ သိတဲ့လူက မရှိသလောက်ပါ။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး
ပြည်သူ( ဖုန်းသုံးစွဲသူ)ဆီက အခုလို မရိုးမသားလုပ်တာကိုတော့ အလေးအနက်
ရှုံ့ချပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများခင်ဗျား….

ခုတော့ သုံးစွဲသူ ပြည်သူများဘက်ကလည်း ရှင်းရှင်းလင်းလင်း
သိသွားပြီဆိုတော့ လူကြီးမင်းများဖက်မှ တာဝန်သိစွာဖြင့် အမြန်ဆုံး
ပြင်ဆင်ဆောင်ရွက်ပေးစေလိုပါတယ်။ ခုလိုပုံစံမျိုးနဲ့တော့ သမ္မတကြီးရဲ့ Good
Governance, Clean Government ကို အထောက်အကူ မပေးကြပါနဲ့။
တိုင်းပြည်အတွက် လုပ်ပေးခွင့်ကြုံနေတုန်းမှာ ရိက္ခာအတွက်
သိက္ခာနဲ့မလဲကြပါနဲ့။ မိမိတို့သမိုင်း အရိုင်းမခံကြပါနဲ့။

ပြည်သူက လေးစားအသိအမှတ်ပြုခံရတဲ့ သမိုင်းမှတ်တိုင်များ ကိုယ်စီ
စိုက်နိုင်ကြပါစေ….။

လူအခင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ…။

—–

အဲဒါနဲ့ ဒီလိုတော့ ဖြစ်လို့ရမလား လုပ်လို့ရမလား ဆိုပြီး ဒင်းတို့ရဲ့ ရတနာပုံကောစင်တာ ကို လှမ်းပြီး ကောတာပေါ့။ ဘာဖြစ်လို့ ဒီလိုလုပ်တာတုန်း။

ဟုတ်တယ်လေ။ ဒီကောင်တွေကို ကောဖို့ ကောစင်တာဖွင့်ပေးထားတာ။ အဲဒီကော စင်တာကလည်း လာသေးတယ် မုတ်ဆိတ်တွေရဲ့ စူပါကော်ဖီမစ်အတွက် မေးခွန်းတွေမေးချင်လို့ပါတဲ့။ အဲဒါနဲ့ ပြန်ပွမ်ပေးလိုက်တယ် နင်တို့ ကောစင်တာက လူတွေကို အကူအညီပေးဖို့လား လူတွေရဲ့ privacy ကိုထိခိုက်ပြီး စီးပွားရေးသမားတွေအတွက် သူတို့ထုတ်ကုန်ကို ကြော်ညာ ပေးဖို့ စစ်တမ်းကောက်ပေးဖို့လား နင်တို့လူပါးတော်တော်ဝပါလား အဲဒါတွေဖြေဖို့ အားနေတာမဟုတ်ဘူးလို့ စိတ်တိုတိုနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ဆက်ပြီး ထပ်ပြောတာက အခုငါပြောတာ နင့်တစ်ယောက်ကို စိတ်တိုလို့ မဟုတ်ဘူး။ နင်တို့ ဒီလိုမေးတာ ဒီလိုပြန်ဖြေပါတယ် လို့ နင်တို့အထက်က လူကြီးတွေ လူလည်တွေ ကိုယ်ကျိုးရှာပြီး နင်တို့ကို ခိုင်းစားနေတဲ့သူတွေ သိအောင် တင်ပြဖို့ ပြောတာ။ အထက်ကလူတွေကို ပြန်ပြောဖြစ်အောင် ပြောလို့ သေချာလည်း သင်ပေးလိုက်ပါတယ်။

အခုလည်း တို့စားသုံးသူအသံကို ဒင်းတို့ မဆရ နဲ့ ကပ်စားရိုက်စားများ သိအောင် နည်းနည်းတော့ လွှတ်ပေးရတာပေါ့။ ဘာလုပ်တာတုန်းလို့။
ပြန်ဖြေတာက အဲဒီ မစ်စကော တွေလုပ်တာအတွက် deposit ယူထားတာပါတဲ့။ မခေါ်ဖြစ်တဲ့ ဖုန်းအတွက် ကြိုတင်ငွေပေးကဒ်ထဲက ငွေကို ဘာဖြစ်လို့ အပေါင်ယူလိုက်တာတုန်း။ ဘာစနစ်တုန်း နားကိုမလည်နိုင်ပါဘူးဗျာ။
လုပ်ပေါက်က အချိုးကိုမပြေတာပါပဲ။ ကြိုတင်ငွေပေးပြီး ခေါ်ရတဲ့ဖုန်းကို ဖုန်းပြန်ချလိုက်တဲ့အတွက် အပေါင်ယူပါတယ်တဲ့။ ပြီးရင်တော့ ပြန်ပေးမှာပါတဲ့။ ကဲ အဲဒါဘာကြီးတုန်း။ နားမလည်ဘူး။ လုပ်ပေါက်က အချိုးတော့ မပြေတာအမှန်ပဲ။ အချိုးမပြေဆက်သွယ်ရေးလုပ်ငန်းရဲ့ အချိုးမပြေမှုများထဲက နောက်ဆုံးသိ အချိုးမပြေမှု တစ်ခုပေါ့။

14 comments

  • K@oru

    February 17, 2012 at 2:57 pm

    အော်. ..ရယ် ..
    အပေါင်ယူသတဲ့ ….. နောက်တော့ ပြန်ပေါင်းပေးမတဲ့ …
    အော်ရယ် ….ဒီသတင်းကို ဘာသာပေါင်းစုံ ပြန်ပြီး
    အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးပေါ်သာ တင်လွှတ်လိုက်ရရင် ….

    အမ်ပီတီ …ထွီ …
    ချဉ်ပါတယ်အေ…
    😀

  • blackchaw

    February 17, 2012 at 3:05 pm

    အထူးအဆန်းတွေ သိတ်လုပ်တဲ့ လူတွေဗျာ။
    အဲဒီမစ်စ်ကောကို ပိုက်ဆံယူမယ်ဆိုရင်တောင်
    ၃၀ဝ ကများလွန်းလှပါတယ်။
    ဖုန်းတွေကလည်း မတန်မဆဈေးနှုန်းတွေနဲ့ ပြည်သူလူထုကို ရောင်းစား။
    ဖုန်းဘေလ်ကိုလည်း မတော်လောဘ ခိုးဝှက်ယူနေကြတာတော့
    လုံးဝ သည်းမခံသင့်ပါဘူးဗျာ။
    အဲဒီတော့ ဒီကိစ္စမှာ တရားခံ ဘယ်ခွေးမသားလဲ ဆိုတာလေး
    ဖေါ်ထုတ်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

  • စိန်ပေါက်ပေါက်

    February 17, 2012 at 3:13 pm

    ဒီနေ ့ကြားရ..မြင်ရတာ အဆန်းတွေချည်းပဲဗျာ
    ကေဘီဇက် လေယာဉ်ပျက်
    အဆိုကျော်တွေ ဟိုဖော်.ဒီလှန်ပြ (နောက်ခါ ရှင်းရှင်းပြကြပါ)
    ဟိုဒါရိုက်တာက ပစ္စတိုနဲ ့ ချိန်းခြောက်
    ရွှေညဝါ ဆရာတော်
    ခုလဲ ဆက်သွယ်ရေးရဲ့ ယုတ္တိမရှိတဲ့ အပေါင်
    လူလဲ
    ကြေင်သွားပြီဗျာ
    တစ်ခွက်လောက်ချ..အဲလေ.မန်နေကြာမရှိတုန်း.တစ်ရေးလောက်မှေးဦးမှ

  • MaMa

    February 17, 2012 at 3:16 pm

    ခုတလော ဖုံးခတွေ အရမ်းများနေတယ်လို့ တစ်ယောက်ပြီး တစ်ယောက်ပြောသံကြားနေရတယ်။
    နယ်ကအသိတစ်ယောက် သူ့ဖုံးကို ၁၀၀၀၀ဝ (တစ်သိန်း) ကြိုတင်ဆောင်ထားတာ ၁လကျော်တော့ ငွေကုန်သွားလို့ဆိုပြီး ဖြတ်လိုက်ပါသတဲ့။ နောက်တခါထပ်ဆောင်တော့လည်း ဒီလိုပါပဲတဲ့။
    ငွေ၂ သိန်းကို ၂လကျော်ကျော်လေးပဲ ပြောရလို့ တော်တော်စိတ်ညစ်နေလို့ ကောလစ်စ်တောင်းကြည့်ဖို့ အကြံပေးလိုက်တာပဲ။ ဘယ်လိုဆက်ဖြစ်တယ်တော့ မသိ။

  • water-melon

    February 17, 2012 at 3:24 pm

    အမလေး လုပ်ချင်ရာလုပ်နေကြပါလား
    နာတို့ ၉၁ဝတော့ မလုပ်လောက်ပါဘူးနော့
    ဆသရ ရေ ၅၀၀ဝတန်ဖိုးလည်း မလိုချင်တော့ပါဘူးကွယ်
    အဲလိုတော့မလုပ်ပါနဲ့။

  • ဆူး

    February 17, 2012 at 3:41 pm

    စမ်းကြည့်အုန်းမှာပဲ.. ဘာလို့ဖြစ်တာလဲ ဆိုတာကို..
    အဲလို ဆိုရင်တော့ တော်တော် ယုတ်မာတာပဲ။

  • sealion

    February 17, 2012 at 5:15 pm

    ဗမာပြည် ဖုန်းလောက ကတော ့ အတော်လေး ကို ရှုပ်ပွ စုတ်ပြတ် ရိုက်စား လို ့ရအောင် ဆက်သွယ်ရေး က လုပ်တားပုံပဲ ဒီသတင်းသာ မှန်တယ်ဆိုရင် တကမာလုံး မှာ call connected ဖြစ်မှ ပိုက်ဆံဖြတ်တာ သူတို ့ကျမှ ကိုလဲ miss call ကိုလဲ အပေါင်ယူရတယ်လို ့ အရင် ကတည်း က အစာမကြေတာပါဗျာ နိုင်ငံခြား က ခေါ်ရင် တမိနစ် ၃ ဒေါ်လာပေးရတာကို အိမ် ကဖုန်းတွေ မအားတာတို ့ လိုင်းမမိတာတို ့ ကို ကျေးဇူးကြီးစွာနဲ ့ လူကြီးမင်းခေါ်ဆုသော ဖုန်း မှာ ဘလာ ဘညာ သတကာလုပ် ပြီး ပြော လို ့ ဖုန်းကတ်ထဲ က ပိုက်ဆံတွေ အလာကားနေရင် စားသွားတာလဲ ဆက်သွယ်ရေး ရဲ ့ ကြောင်ကွက်တခုပါပဲ ပိုက်ဆံ ရဖုို ့ပဲသိပြီး ဘာမှတန်ရာတန်ဖိုး မပေးချင်တဲ ့ထိပ်ဆုံး က အဖွဲ ့ အစည်းပါပဲ

  • Khin Latt

    February 17, 2012 at 10:27 pm

    တမင်ချွန်ပေးတာ မဟုတ်ပါဘူး ကိုလင်းဝေရေ။
    ရှင်တို့လို အထက်ကို မှီနိုင်တဲ့ လူတွေ က ဦးဆောင်ပြီး ဒီလို ချဲချဲ ပေးမှ တကဲ့ ထိပ်ပိုင်းတွေ သိမှာပါ။
    အထက်ကို နားမပေါက်နိုင်ဘဲ အော်နေလို့ ကတော့ ကျားကို ခဲ နဲ့ပေါက်နေသလိုသာရှိမယ်။
    ဒီတော့ အော်နိုင်သ၍ အော်ပါလို့ တွန်းပါတယ်။
    အခုက အချိန်ကောင်း တော့ ဖြစ်နေပါပြီ။ မှောက်ရက်တော့ မလဲ လောက်ပါဘူးလို့လဲ ထင်ပါရဲ့။ 😀

  • unclegyi1974

    February 17, 2012 at 10:59 pm

    ဆက်သွယ်ရေးရဲ့လုပ်စားချက်တခုပေါ့ဗျာ
    ဟလို ကြားရလား အေးကြားတယ်လည်းပြီးရောဖုန်းကပြုတ်သွားရော
    ပေးလိုက်ရရောပိုက်ပိုက်
    သူတို့ရဲ့အလကားဖုန်းတွေအတွက်ပြည်သူတွေကကျခံနေရတာဖြစ်ရမယ်

  • the best

    February 18, 2012 at 1:33 am

    ဆက်သွယ်ရေးက မစ်စ်ကောကို ပိုက်ဆံယူ တာ…. ဖုံးခတွေ အရမ်းများနေတာ….
    ဖုန်းဘေလ်ကိုလည်း မတော်လောဘ ခိုးဝှက်ယူနေကြတာ…. တရားခံ ဖေါ်ထုတ်ပေးဖို့
    ပြည်ထောင်စုအစိုးရကို တောင်းဆိုပါတယ်ခင်ဗျာ။
    ဆက်သွယ်ရေးက တိုင်းပြည် အတွက် ပြည်သူတွေ အတွက် လုပ်ပေး သယောင်ယောင်နဲ့
    ဂုဏ်သိက္ခာမဲ့လုပ်ရပ်ကို နိုင်ငံတော် နဲ့ မြန်မာပြည်သူတွေကို ဝန်ခံပါ…ရှင်းပြ ပါ…
    အများ ပြည်သူ ထိခိုက်နေရပါတယ်။
    ကျနော်တို့က MPTဆက်သွယ်ရေးကို မယုံပေမယ့် မဆက်ဆံလို့ကလည်းမရတော့ ဆက်ဆံနေကြရတယ်။
    ဘယ်လို ပီပြင်အောင်လုပ် ပေး မလဲဆိုတာ အော်တာအော် နေတာ မသိဘူး။
    MPTမှာ တာဝန်မရှိဘူးလား၊ တာဝန်ရှိလျှင် ဘာလုပ်ပေး ကြမှာလဲ။

  • windtalker

    February 18, 2012 at 12:45 pm

    အနော့်ဖုန်း ကို လေ ၊ အဲ့ဒီ မုတ်ဆိတ်တွေရဲ ့စကတ်တိုမလေးတွေ က ဖုန်းဆက်လာတာကြတော့ ၊
    ““ အားကိုကြီး အားလား ”” တဲ့ ၊ ““ မေးခွန်းလေးတွေမေးချင်လို ့အဆင်ပြေမလား ”” တဲ့
    အားကိုကြီး က ညမှဘဲ အားတာ လို ့ပြန်ပြောရုံရှိသေးတယ် ။ ဂွပ် တဲ့ ၊ တူတူတူ တဲ့ ။
    ဖြစ်ပုံများ ပြောပါတယ် ။

  • the best

    February 18, 2012 at 10:57 pm

    MPT အခုလို မရိုးမသားလုပ်တာကို နိုင်ငံတော် နဲ့ မြန်မာပြည်သူတွေကို ဝန်ခံပါ…ရှင်းပြပါလို ့ တောင်းဆိုပါတယ်ခင်ဗျာ။
    ရွာသားတို့ ဘာဆက်လုပ် ကြမှာလဲ။ အသံမထွက် ငြိမ်ခံနေ ကြမှာလား။
    Khin Latt …..ဘာလုပ် ငြိမ်ခံနေလဲ။ဆက်ချွန်ပေးဦး။

  • kotun winlatt

    February 19, 2012 at 12:20 am

    ဟီဟိ..တောသားးဖစ်ရတာ ..ဟန်ကျသကွာ…
    မစ်ကောလည်းးးမသိ…
    ဖုန်းးးဆိုတာလည်းးနားးးမလည်…
    ဂျီအက်စ်အမ်ဆိုတားးးလဲ..ဘာမှန်းးမတိ…
    ဒီတော့…ဒီပြဿနာမှာ …
    အေးးးအေးးလေးးးပဲ ဖတ်သွားးးးရမှာလားးးး
    ဒါပေမယ့်…ဘာမှမပြောရပဲ ၃၀ဝဖြတ်တယ်ဆိုတော့
    အဲ့လူဂျီးးးတွေက..စားးဝတ်နေရေးးး တော်တော်အဆင်မပြေဖြစ်နေပုံရတယ်ထင်ရဲ့နော်..

Leave a Reply