ဒီ အကြောင်း

ムラカミFebruary 18, 20127min20029

မနေနိုင်တော့လည်း ရေးဘီဗျို့ ……

ဘဖောမေးထားတာလေးတွေ ပါ အဖြေ ဖြစ်လောက်ရဲ့ထင့်…

 

ကိုင်း စဘီ….

ခုတလော ရွာထဲမှာ ဒီ အသံတွေ အလွန်ကြားရရဲ့ ….

ဒီ ဆိုတာ အများမျှော်လင့်တောင့်တ နေတဲ့ ဒီ တော့မဟုတ်…

ဒီ အက်စ်အယ်လ်အာရ် D-SLR Camera

သဂျိုင်ခီး ၊ ဦးဖော ၊ ချစ်ရင်ထူး …နောက်တယောက် (နာမည်မေ့နေ)

တို့က ဒီ ချင်နေကြပြီ ဆိုတော့ ဒီ လို့ရအောင် ရေးသားတင်ဆက်လိုက်ရပါတယ်…

 

ပထမဆုံး ဒီမယ့် လူတွေအတွက် အန်ထွီ လယ်ဗယ် ဒီ တွေ ရဲ့ နှိုင်းယှဉ်ချက်တွေ တင်ပေးလိုက်ပါတယ်..။

အစိမ်း ၁ထောင် ပတ်ချာလည် လောက်နဲ့ ဝယ်နိုင်မယ့် လက်တလော ဈေးကွက်ထဲက ဒီတွေ ကိုစုထားတာ

ဖြစ်ပြီး ဈေးကြီးတဲ့ ဆြာ့ ဆြာတွေ ရဲ့ ဒီတွေကိုတော့ ချန်လှပ်ထားခဲ့ပါကြောင်း…။

ပီး ရှေးရှေးတုန်းက ဒီတွေကိုလည်း ချန်ထားလိုက်ပါကြောင်း ….။

Fullframe နဲ့ APS-C/H နဲ့ ကွာတာ တွေ ရေးထားပါတယ်…။

ဖလင်လောကမှာ 35mm ဖလင်ကို Standard အဖြစ် သတ်မှတ်ထားတော့

အဆိုပါ 35mm အတိုင်း ထွက်တဲ့ Sensor အရွယ်အစား ကို Fullframe လို့ ခေါ်တာပါ …

ဒါကို ဆွေးနွေးမယ်ဆိုရင်တော့ …

APS-C/ APS-H ဆိုတဲ့ (Advanced Photo System)Sensor တွေအကြောင်း

ထည့်ပြောရပါမယ်…။ C ကို Canon ကသုံးပြီး H ကို Nikon က သုံးပါတယ်..

သူတို့ဟာ Fullframe Sensor ထက် သေးငယ်ပြီး ဖိုးကပ်စ်ပွိုင့် ပိုမို နီးကပ်တယ် လို့

ခန မှတ်ထားပေးပါ …

Fullframe ဟာ C ထက် 1.6x ကြီးပြီး H ထက် 1.5x ကြီးပါတယ်…သည်တော့

Lens တွေအကြောင်း ထည့်ပြောမှ ရပါမယ် …

18-55mm နဲ့ 55-250mm ဆိုပါစို့ …

Lens မှာရေးထားတဲ့ အဆိုပါ ဂဏန်းတွေဟာ Fullframe မှာ တပ်ရင် ထွက်မယ့် Focus အကွာအဝေး

Focal length ကို ဆိုလိုတာပါ ….။

သည်တော့ 18-55mm ကို C မှာတပ်လိုက်ရင် 28.8-88mm ဖြစ်သွား ပြီး H မှာတပ်လိုက်ရင်တော့

27-82mm ဖြစ်သွားပါတယ်…

55-250mm ကတော့ 88-400mm နဲ့ 82.5-375mm အသီးသီး ဖြစ်သွားမှာပါ…

သည်လို ဂဏန်းတွေ တိုးသွားတာဟာ …Zoom ပိုဆွဲနိုင်လာတာကိုပြတာဖြစ်ပါတယ်…

Fullframe က Zoom ပိုင်း မှာ APS-C/ APS-H တွေကို မမှီပေမယ့် ရိုက်နိုင်တဲ့ angle

ပိုကျယ်တော့ Wide ဖြစ်ပါတယ်… (20mm အောက် ဆိုရင် အကြမ်းဖျင်း ဝိုက်တယ် လို့

ပြောလို့ရပါတယ်…)

 

 

သည်တော့ ပြန်ကောက်ရရင်

18-55mm Lens ဟာ Fullframe sensor တပ်ထားတဲ့ Camera မှာ Mount လုပ်လိုက်ရင်

Wide-lens အနေနဲ့ သုံးနိုင်ပါတယ်…။(18mm) H/C မှာတပ်လိုက်ရင်တော့ သူဟာ Normal angle lensပါ

55-250mm Lens ကျတော့ Fullframe မှာ တပ်ရင် သာမန် Zoom lens လောက်သာ ဖြစ်ပေမယ့်

H/C မှာ တပ်လိုက်ရင်တော့ 250mm ဟာ 400mm လောက်ဖြစ်သွားလို့ အလွန် ဇွမ်းဆွဲနိုင်တဲ့လန်းစ်

အဖြစ် သုံးဆွဲနိုင်ပါတယ်..။ 400mm ဆိုတာ တကယ်တော့ Compact Camera အနေနဲ့ဆို 12.5x Zoom

ဖြစ်ပါတယ်ဗျ။

 

 

သည်ကြားက ဆက်စပ်ပုံလေးကို သချင်္ာ ကိန်းဂဏန်းတွေနဲ့ သည်လို ရှင်းလို့ရပါတယဗျ..

mm မမ နဲ့ ချဲ့တဲ့ အဆ X ကြားကဆက်စပ်ပုံ ..

35mm film size (Fullframe ပေါ့ဗျာ)အဲ့သည် မှာ normal Focus ဟာ 50mm မှာ ရှိရဲ့

သည်တော့ သူ့ထက် 1.6x ငယ်တဲ့ APS-C sensor မှာ Normal focus ဟာ 50/1.6 ဆိုတော့

31mm လောက် ဖြစ်သွားလေရဲ့ …. x ဆိုတာ နှိုင်းရတန်ဖိုး သာဖြစ်ပြီး ပကတိ တန်ဖိုးမဟုတ်ပါ ခင်ဗျား ..

သည်တော့ အိမ်သုံးကင်မလာတွေမှာ ပြတဲ့ Optical Zoom 5x, 10x, 15x စတာတွေဟာ သူတို့ရဲ့

၁လက်မအောက်သာ ရှိတဲ့ sensor size အတွက် သီးခြား တွက်ချက်ပြီး x ကိုချရေးပြထားတာဗျ..

သည်တော့ APS-C ဆို focal length(mm) ကို 31mm နဲ့ စား Fullframe ဆို focal length(mm) ကို

50mm နဲ့ စား … x ဆိုတဲ့ အဆ ထွက်ပြီပေါ့ဗျာ..

သည်ဇယားမှာ ကြည့်နိုင်ပါတယ်..

Lens               Full                Zoom        APS          Zoom

 

50mm>>               50mm              1x           80mm                 3x

80mm>>               80mm              1.6x          128mm             4x

100mm>>            100mm            2x             160mm             5x

150mm>>            150mm             3x            240mm              8x

200mm>>            200mm            4x            320mm           10x

250mm>>            250mm             5x            400mm           13x

300mm>>            300mm            6x            480mm            15x

400mm>>            400mm            8x            640mm            21x

အဲ့ တခုတော့  လက်တို့ပါရစေ …APS သီးသန့် သုံး ဖို့ အတွက် ထုတ်ထားတဲ့

လန်းစ် အမျိုးအစားတွေဟာ full-frame မှာ တပ်ဆင်လို့မရပါဘူး ..။

ဥပမာ Canon ရဲ့ EF-S series ဟာ APS-C သီးသန့်သုံးပါ …. Lens တပ်ဆင်တဲ့နေရာမှာ

အဖြူရောင် အစက်နဲ့ အမှတ်အသား ပြုပါတယ် …။ Fullframe အတွက် သတ်မှတ်တဲ့ တပ်ဆင်ပေါက်

ကတော့ အနီရောင် အမှတ်အသား ပါ…။သည်တော့ APS-C Format camera မှာ အစက်၂စက်ပါတော့

ဘယ် Lens မဆို တပ်ဆင်နိုင်ပြီး ရွေးစရာပိုပေါပါတယ်..။

 

 

ဒါ လက်တလော ဈေးကွက်ထဲမှာ တွေ့ရမယ့် နကွန်း မျိုးနွယ်စု ပါ…

 

Nikon

  • D7000
  • D5100
  • D3100

 

 

ဒီခွင်နှထောင် ဟာ Fullframe အမျိုးအစား ပါ ၊ အဆင့်သတ်မှတ်ချက် အရပြောရရင်

Semi-pro လောက် ဖြစ်နေတဲ့အတွက် Advanced mode, Manual mode တွေသာ ပါဝင်

ပါတယ်… Auto-modes တွေ Scene recognition modes တွေ မပါဝင်ပါဘူး…။

ဆိုတော့ ပထမဆုံးစ ကိုင်တဲ့လူတွေအတွက် အသားကျဖို့ အခက်အခဲ ပါလိမ့်မယ်…။

 

 

 

 

 

 

 

D7000 Vs D5100

http://snapsort.com/compare/Nikon-D5100-vs-Nikon_D7000

 

D5100 Vs D3100

http://snapsort.com/compare/Nikon-D5100-vs-Nikon_D3100

 

 

Canon

  • 7D
  • 60D
  • 600D
  • 550D
  • 1100D

 

 

ဒါ လက်တလော ဈေးကွက်ထဲက ကနွန်း မျိုးနွယ်စုပါ…။ Entry/Semi-Pro level မှာတော့ ရွေးချယ်စရာ

ပိုများသလို ဖြစ်နေပါတယ်…။

သည်ထဲမှာလည်း 7D ဟာ ပြောစရာတခုပါ …။ သူသည်လည်း Automodes တွေမပါဝင်ပါဘူး။

A-DEP,M,AV, TV , P လောက်ပဲ တွေ့ရမှာ ဖြစ်ပါတယ်…။ ပထမဆုံးသုံးမယ့်လူအတွက် အခက်အခဲ

ရှိပါတယ် …နကွန်းရဲ့ D7000 လိုတော့ သူဟာ Fullframe မဟုတ်ပါ… သူ့ရဲ့ အားသာချက်ကတော့

Digic 4 image processor ၂လုံး ပါဝင်တာကြောင့် frame-per-second အမြင့်မားဆုံးဖြစ်ပြီး 8fps

ထိရှိပါတယ်…။ 7D ကို APS-C Sensor size နဲ့ ဘာလို့ ထုတ်လုပ်ခဲ့သလဲဆို Zooming အတွက်ပါ..။

100-400mm 4/L USM Tele Lens တပ်ဆင်ထားတဲ့ 7D ဟာ 400mm မှာ အထက်မှာဆိုခဲ့တဲ့ 1.6x

(Crop factorဟု ခေါ်ပါသည်) နဲ့ မြှောက်လိုက်တဲ့အခါမှာ 640mm အထိ ဆွဲနိုင်ပါတယ်…

Wildlife Photography နဲ့ Sports Photography အတွက် အလွန်အသုံးများပါတယ်…။ အဟဲ

ပါပါရာဇီ လည်း သုံးတယ်ခည…။

ကဲ ရေးပြီဗျာ…

 

7D Vs 60D

http://snapsort.com/compare/Canon_EOS_60D-vs-Canon_EOS_7D

 

60D Vs 600D

http://snapsort.com/compare/Canon-600d-vs-Canon_EOS_60D

 

60D Vs 550D

http://snapsort.com/compare/Canon_EOS_550D-vs-Canon_EOS_60D

 

600D Vs 550D

http://snapsort.com/compare/Canon-600d-vs-Canon_EOS_550D

 

550D Vs 1100D

http://snapsort.com/compare/Canon-1100D-vs-Canon_EOS_550D

 

 

သည်မှာ ပြောချင်တာ ၂ခု ရှိပါတယ်. ..။

ပထမ၁ခုက 1100D အကြောင်းပါ …။ သူဟာ 12.2 megapixel ပဲရှိပါတယ်..။

ဈေးတော့ အချိုဆုံးဖြစ်ပေမယ့် … made in taiwan ဆိုတာ သတိချပ်စေချင်ပါတယ်..။

 

 

ဒုတိယ တခုကတော့ 600D အကြောင်းပါ …။ အစက 550D ကို ထည့်သွင်းမစဉ်းစားမလို့ပါပဲ…။

ဒါပေမယ့် 600D ဟာ 550D နဲ့ sensor, resolution, specification အတော်များများ တူပါတယ်..။

အံ့ဩစရာကောင်းတာက စစ်တမ်းအတော်များများ က image quality ပိုင်းမှာ 550D က သာတယ်

လို့ဆိုထားပါတယ် … ဒါကြောင့် သည်၂ခု ယှဉ်ရွေးတဲ့အခါ money value ပိုဖြစ်တဲ့ 550D ကို

recommend လုပ်ကြပါတယ် …။ ကျနော် 550D သုံးနေတာပါ… ကိုယ်သုံးနေလို့ ကောင်းပါတယ်

ပြောတာမဟုတ်ကြောင်း ဝန်ခံ ထားပါရစေ …။ 600D မှာ 550D ထက်သာတာဆိုလို့ …LCD Monitor

ကို ဘေးဘက်ကို ခေါက်ပြီး ရိုက်လို့ရတာတခုပဲ ရှိပါတယ်…။ စိုင်ပစ်တာလို မှောက်ယားထိုးပီး

ပစ်ရမယ့် ရိုက်ချက်တွေ နေရာမှာ ..သူနဲ့ဆိုရင် ဒူးထောက်ထိုင် LCD ဖွင့် ပြီး monitor ကြည့်ပြီး

ရိုက်လို့ရတာ ပါ…။

 

 

ဒီ feature ကိုနှစ်သက်တယ် quality လည်း ပိုကောင်းချင်တယ် ဆိုရင်တော့ ပိုက်ဆံနည်းနည်း ထပ်စိုက်

ပြီး 60D တက်ဝယ်ဖို့ တိုက်တွန်းလိုပါတယ်…။ သူ့မှာ မော်နီတာ ခေါက်လို့ရတဲ့အပြင် Monitor မသုံးဘဲ

ဒီဂျစ်တယ်လ် နာရီ ဒိုင်ခွက် လို 1-color ဒိုင်ခွက် ကနေ setting တွေဖတ်ပြီးရိုက်လို့ရပါတယ်. ..။

battery ပိုအစားခံအောင် ပေးထားတဲ့ feature ဖြစ်ပါတယ်..။

 

 

 

Canon Vs Nikon

 

ဒါကတော့ နွန်း ရင် ကောင်းမလား ကွန်း ရင် ကောင်းမလား မသိသေးတဲ့ ဆြာတွေအတွက်ပါ…။

 

 

7D Vs D7000

http://snapsort.com/compare/Canon_EOS_7D-vs-Nikon_D7000

 

 

60D Vs D7000

http://snapsort.com/compare/Canon_EOS_60D-vs-Nikon_D7000

 

60D Vs D5100

http://snapsort.com/compare/Canon_EOS_60D-vs-Nikon-D5100

 

 

600D Vs D5100

http://snapsort.com/compare/Canon-600d-vs-Nikon-D5100

 

 

600D Vs D3100

http://snapsort.com/compare/Canon_EOS_550D-vs-Nikon_D3100

 

550D Vs D5100

http://snapsort.com/compare/Canon_EOS_550D-vs-Nikon-D5100

 

 

550D Vs D3100

http://snapsort.com/compare/Canon_EOS_550D-vs-Nikon_D3100

အမှတ်ပေးဇယား အရတော့

 

 

D7000 > 7D > D5100 > 60D > 550D > 600D > D3100

သည်လို တွေ့ရမှာဖြစ်ပါတယ်..။

ဈေးကလည်း သည်အဆင် နဲ့ပဲ ကွာခြား သွားတာကိုး …(၅၅ဝနှင့် ၆၀ဝမှာ ချွင်းချက်)

ပေးရတဲ့ ငွေ နဲ့ ကိုယ်လိုချင်တဲ့ fature နဲ့ ကိုက်ရင် ပြီးတာပါပဲ ..ဗျာ…

နှစ်သက် ကိုက်ညီရာ ရွေးချယ် ဝယ်ယူနိုင်ပါစေ ..။

 

 

ခင်တဲ့…

ဂီ

 

29 comments

  • Khaing Khaing

    February 18, 2012 at 9:54 am

    ဂီရေ…လိုချင်တဲ့သူတွေအတွက်အခုလို တင်ပြပေးတာကျေးဇူးပဲ….ဂီတင်ပြပုံလေးတွေကိုကြိုက်တယ်..

  • Thel Nu Aye

    February 18, 2012 at 10:10 am

    ကျေးဇူးပါဂီဂီရေ။ ကင်မရာကောင်းကောင်းတလုံးလောက်ဝယ်ချင်နေတာ။ ဘာကောင်းမှန်းမသိလို့။ အခုဒါတွေလေ့လာကြည့်လိုက်ပါအုံးမယ်။ ဈေးနှုန်းတွေပါသိရရင်ပိုကောင်းပါတယ်။

  • Wai Phyoe

    February 18, 2012 at 10:18 am

    ပာာ ကြိုက်တယ်ကွာ ကိုဂီ သားကိုလဲ တစ်လုံးလောက်ဝယ်ပြီးလက်ဆောင်ပေးစမ်းပါဂျာ

  • အမလေးဗျာ။နားလည်ဘူး။
    အပျော်တမ်းကင်မရာလေးထဲက လုပ်ဆောင်ချက်တွေကိုတောင်မှ
    မနည်းလုပ်ယူနေရတော့ ဒါကြီးတွေကို စိတ်တော့ဝင်စားပါရဲ့။ဈေးရော၊
    ပစ္စည်းရောကို မတို ့ရဲပါဘူးဗျာ။

  • Diamond Key

    February 18, 2012 at 10:27 am

    အလွန်ကောင်းသော ရှင်းပြချက်များပါဗျာ။ ဒီလိုအချိန်ပေးရေးပေးတာများအတွက်လည်း အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ဆက်ပါအုံး ဆရာရယ်။ မျှော်နေပါတယ် 😀

  • စိန်ပေါက်ပေါက်

    February 18, 2012 at 10:59 am

    ဒီအကြောင်းပြီးရင် ဟိုအကြောင်းလေးလဲ တင်ပါဦး

  • weiwei

    February 18, 2012 at 11:43 am

    ဒီအကြောင်းကြည့်မိတာ ဒုက္ခပဲ …

  • blackchaw

    February 18, 2012 at 11:47 am

    နားမလည်ပေမယ့် လက်မလေးတစ်ချောင်းထောင်ပြီး
    အားပေးသွားပါတယ်ဗျာ။

    • nozomi

      February 18, 2012 at 11:52 am

      ပေါက်ပေါက် ရေ
      ခေတ်သစ် အင်္ဂလိမာလ တွေ့ပြီ ဗျို့
      သူ့မှာ စုထားတဲ့ လက်မတွေ လိုက်ထောင်နေပါတယ်

      • စိန်ပေါက်ပေါက်

        February 18, 2012 at 11:56 am

        အင်းဗျာ
        အင်္ဂုလိမာလ သာရှိသေးရင် ဘယ်လောက်ပျော်လိုက်မလဲနော်

    • K@oru

      February 19, 2012 at 6:27 pm

      ကိုဘလက် ….

      ဒီအက်စ်အယ်လ်အာရ် ဝယ်စေချင်တဲ့ မိတ်ဆွေတွေထဲမှာ
      ကိုဘလက်နဲ့ လေးပေါက် ထိပ်ဆုံးကပါတယ်ဗျို့…..

      ကျနော် ကနွန်းကနေလည်း တပြားမှ မရပါဘူး
      နကွန်းက မာကတ်တာလည်း မဟုတ်ပါဘူး …

      ဒါပေမယ့် မိတ်ဆွေအနေနဲ့ပြောရရင်တော့ ….
      အစ်ကိုတို့အသစ် ရိုက်လတ္တံသော ပုံတွေကို
      ပိုပြီး အသက်ဝင်-ကဗျာဆန်-ကြည့်ကောင်း
      စေချင်မိတာ အမှန်ပဲဗျို့…..

      ခင်တဲ့

  • nozomi

    February 18, 2012 at 11:50 am

    မရှိမဖြစ် ဂီ ပဲ
    အရမ်းကောင်းတဲ့ ပို့စ် ပါ ခက်တာက ဘာမှ နားမလည်တာပဲ
    ပစ္စည်းလဲရှင်းပြ ရိုက်နည်းလဲ သင်ပေးရင် ကောင်းမယ်
    ဂီ ပြန်လာမှ အချိန်ပိုင်းသင်တန်းလေး တက်ပြီး ဂီ ရဲ့ ဒီ ကို ရွေးတော့မယ်

    ဒါ့ထက် ဂီက အညာသားများလား

    • K@oru

      February 19, 2012 at 6:34 pm

      ဂီ ကအညာမသားပါဘူးဂျာ…
      ညန်မာပြည် တောင်ဘက်ပိုင်းက မှတ်ပုံတင်ကိုင်ပီး
      မြောက်ဖျားပိုင်းက ကားလိုင်စင် ကိုင်ထားတဲ့
      မြန်မာစာ မီးကျိုးမောင်းပျက်ချာတိတ်ပါ…
      သည်တော့ တခါတလေလည်း အညာလေကျ ထွက်ပေမပေါ့ နော့်….။

      ဦးနို က ပဲဟောင်းကြီး ဖြစ်ရမယ်ဗျ….
      ဟုတ်တယ်ဟုတ်…
      မီးပုံးပျံ ပိုစ့်မှာတုန်းက သတိထားမိတာလေးတခုပါ….
      မီးပုံးဆင်းမယ့်နေရာမှာ ကြိုစောင့်နေတဲ့ ဈေးရောင်းသူတွေကို သုံးထားတဲ့
      အသုံးအနှုံးလေး …. ဘာတဲ့
      ဈေးရောင်းတဲ့ အဖွဲ့တွေ ဆိုလား….
      😀

      အန်းနီးဝေး….
      ကင်မလာ လိုချင်ရင် ဝယ်ပါဗျာ …
      အခြေခံ အသုံးချမှု …ရင်းနှီးကျွမ်းဝင်မှုကတော့
      ကိုယ့် ရွာသူားချင်းချင်း ပြောပြပေးနိုင်ပါရဲ့(ပြောပေးမယ့် ဆြာတွေလည်း ရှိပါရဲ့)

      ဆိုလိုချင်တာ … သည်ပစ္စည်းတခု ဝယ်ပြီးကာမှ…
      သင်တန်းမရှိလို့ …သင်ပေးမယ့်လူမရှိလို့ …မသုံးတတ်ဖြစ်ပြီး
      သုံးမရဖြစ်ရတယ် ဆိုတဲ့ ခေတ် … အနေအထား …. (တခြားတော့မသိ)
      ကျနော်တို့ ရွာထဲတော့ မရှိစေရဘူးဗျာ ….

      ကျနော်က သင်ပေးမှာမဟုတ်ဘူးနော …
      ရှဲမှာပါ …ကျနော်ဖြတ်သန်းဖြစ်သလောက် ကျနော် သိသလောက်ပေါ့…

      ခင်တဲ့
      ဂီ

    • K@oru

      February 19, 2012 at 6:37 pm

      စီတလုံး ပါမယ် လေးပေါက် …. 😀

      ခရီးသွား ဖိုတိုဂလပ်ဖီ အမျိုးအစားမှာ
      အလွန်ရိုက်နိုင်တဲ့ လေးပေါက်ကို ဂုဏ်လည်းယူတယ် ပြီး …..
      လေးလည်းလေးစားတယ်ဗျာ….. ဒီ-အက်စ်အယ်လ်အာရ် ကိုင်သင့်ပြီလေးလေးပါက်ရေ့….
      ပိတ်သတ်ကြီးကလည်းတောင်းဆိုနေပြီ ….
      လေးပေါက်ရဲ့ စကေးလ် ကလည်း တက်နေပြီ …

      လစ်မစ်ဖြစ်နေတာတော့ လက်ရှိကိုင်နေတဲ့ ကင်မလာပဲ …
      သည်တော့ လေးပေါက် နောက်တစ်လယ်ဗယ်လ် ကို ရွေ့မယ်ဆို
      ကျနော်တို့ ညီအစ်ကိုတွေ ဝိုင်းကြဝန်းကြမယ်ဗျာ …

      ခင်တဲ့
      ဂီ

  • koaung

    February 18, 2012 at 6:57 pm

    ပြည့်စုံပါတယ်ဗျာ ရှင်းပြတာတွေ ကင်မရာဝယ်ချင်သူတွေရွေးလို့ကောင်းတာပေါ့ဗျာ

  • Foreign Resident

    February 19, 2012 at 9:53 am

    ကျေးဇူး အထူး အထူး အထူး တင်ပါတယ် ကိုရင် အင်ဇာဂီရေ ။
    ပညာတွေကို မသိုမဝှက် ဖြန့်ဝေပေးတဲ့အတွက်လဲ လေးစားပါတယ် ။

    တော်သေးတာပေါ့ ဘုမသိ ဘမသိ နှင့် D-7000 ဝယ်မိရင် ၊
    ဒုက္ခမှ ဒုက္ခ အကြီးကြီး ရောက်ပြီ ။ Auto Focus / Mode မှ မပါတာ ။
    ကိုယ်တွေက Aim & Shoot ပဲ ရတာ ။
    DSLR က ပုံထွက် ပိုကောင်း ပိုစိုတာ ကိုယ်တွေ့မို့လို့ရယ် ၊
    လူပြော သိပ်များလွန်းလို့ရယ်သာ ဝယ်ရတာ ။ ဘာမှ မသိ မတတ်ဘူးရယ် ။
    နောက်ပိုင်း ရောဂါရင့် လာရင်တော့ Pro ကို စဉ်းစားတာပေါ့ ။

    ကိုယ့် အနီးစပ်ဆုံး ထဲက အမေရိကန်က တစ်ယောက် နှင့်
    မြန်မာပြည်က တကဲ့ Pro တစ်ယောက် တို့က Nikon ကိုပဲ အားပေးကြတယ် ။
    သူတို့ကပြောတာကတော့ Canon က Function ပိုစုံပေမယ့်
    Nikon က ပုံထွက် ပိုလှတယ် လို့ပြောတာပဲ ။
    အဲဒီတော့ Nikon ပဲရွေးမိမယ် ထင်တယ် ။
    D7000 > 7D > D5100 > 60D > 550D > 600D > D3100 အဆင် အတိုင်း ဆိုရင်
    Auto Mode ပါတဲ့ D5100 ပဲရွေးဖြစ်မယ်ထင်တယ် ။

    • K@oru

      February 19, 2012 at 6:58 pm

      သို့ …အဘဖော…

      အဘ စာဖတ်အား လေ့လာ အားနဲ့ ဆို ဒီ၇၀၀ဝ လည်း နည်းနည်း အားစိုက်ရင် သုံးတတ်သွားမှာပါဗျာ…
      ကျနော် ယုံကြည်ပါတယ်…..။ ဒါပေမယ့် အဘရယ် …၇၀၀ဝ အစား ၅၁၀ဝ ဝယ်ပြီး ပိုလာမယ့် ဘတ်ဂျက်အတွင်းမှာ
      စိုင်ပစ်ရင် မရှိမဖြစ်လိုတဲ့ …(အစိမ်း-၁၀ဝလောက်ပဲ ကျမယ့်ပြောင်း ဝယ်လိုက်တာက) ပိုပြီး
      ပါးနပ်တဲ့ လှုပ်ရှားမှု လို့ ထင်ကြောင်းပြောပါရစေ …။

      ကင်မလာ မုဒ်တွေချိန်းတဲ့နေရာမှာ (ဒီ၇၀၀ဝ တို့ ဆဲဗင်းဒီ တို့)
      မှာ စာလုံး လေးတွေနဲ့ စတဲ့မုဒ်တွေ ..A-Dep,M, AV, TV လိုမျိုးတွေပဲပါပြီး
      ရုပ်ပုံလေးတွေ(လူပုံ ..လှုပ်ရှားပုံ) လေးတွေမပါတာ သတိထားမိမယ်ထင်ပါ့ …
      ဟုတ်ကဲ့ ..အဆိုပါ ရုပ်ပုံလေးတွေဟာ semi-auto ကို ကိုယ်စားပြုတယ်ဗျာ …

      စရိုက်ရိုက်ချင်းမှာ semi-auto နဲ့ ရိုက်ကြည့်ပြီး မုဆိုး စိုင်သင် အဆိုပါ ဆီမီးက
      ချိန်ညှိပေးတဲ့ အပါချာဆိုက်ဇ်…ရှက်တာ စပိနဲ့ အိုင်အက်စ်အိုကို နားလည်အောင်
      (မိမိဘာသာလေ့လာသင်ယူခြင်း) လုပ်ပြီးရင်ဖြင့် …စီမီး မန်နျူရယ်လို့ပြောလို့ရမယ့်
      မုဒ်တွေနဲ့ ..creative shots တွေ ဖန်တီး ကြည့်နိုင်မယ်ဖြစ်ပါကြောင်း…..။

      ကနွန်းလား နကွန်းလား ခွဲပြောရရင်တော့ …။
      အထက်မှာဆိုခဲ့သလို ကနွန်းက ဘော်ဒီမှာ မော်တာတပ်တယ်..။
      နကွန်းက ၁၉၈ဝကျော်မှာ(မော်တာစနစ်စပေါ်တော့) ရှေးယခင်ဘော်ဒီတွေမှာလည်း
      အသစ်ထွက်တဲ့ပြောင်းတွေ တပ်လို့ရအောင် ….ဘော်ဒီကို သည်အတိုင်းထုတ်ပြီး
      ဖိုးကပ်စ်ဖြတ်တဲ့ မော်တာကို ပြောင်းထဲ ထည့်တယ်ခည…။

      သည်တော့ ပျမ်းမျှ …နကွန်း ပြောင်းဟာ ကနွန်းပြောင်းထက် ဈေးကြီးပါတယ်…
      အထက်ကိုရောက်ရင်ရောက်သလို ပိုမိုသိသာရဲ့
      ၁ပုံချင်း ကွာလတီ ပိုကောင်းတာလည်း ဟုတ်တယ်ဗျာ …
      သူ့အားသာချက် အားနည်းချက် ဆိုတာမျိုးတွေက ထင်းထင်းကြီး ပွိုင့်အောက်လုပ်ပြနိုင်တဲ့အနေအထားမို့လို့
      အချို့နေရာတွေမှာ ….သူ့လောက် အားမကောင်းပေမယ့်… သူအားနည်းတဲ့နေရာတွေမှာ
      သူ့လောက် အားမနည်းတဲ့ ကနွန်းက လီဒါဖြစ်လာသပေါ့ ..(လူသုံးများလာသပေါ့အဘရယ်)

      အားသာချက်ကို ပြောရင် အားနည်းချက်ပါ ထည့်ပြောရမှာမို့ နကွန်းအကြောင်းအားဖြည့်တာပါ…
      အရောင်အသွေးအကြောင်းပြောပါဆိုရင် အဝါရည် …အနည်းငယ်များတယ်လို့ ပြောစမှတ်ရှိရဲ့ …
      နကွန်း ပုံရိပ်ထုတ်လုပ်မှုဟာ …. ဆိုတော့ ..လူပုံ ရိုက်ရင်တော့ အလွန်အဆင်ပြေတယ်ခည….။
      မိတ်ကပ် မီးအရောင် နဲ့ အချိန်အဆ အရပြောပါတယ်….။
      မိတ်ကပ်ဆက်တင် အရဆို ညိုရင် ဝါတဲ့ မိတ်ကပ် ရီကော်မန်းလုပ်တတ်ပြီး ဖြူရင် ပန်းရောင်သွေးမျိုးလိမ်းချယ်စေတာ
      စတန်းဒတ်မို့ပါ….။

      အချုပ်ပြောရရင်တော့ဗျာ ..ဘာပိုကောင်းလဲ ဒီဖိုင်းလုပ်ဖို့မဟုတ်ပါဘူး
      ထို အဆင့်မှာလည်း မရှိပါ… ဘာက- ဘာပိုကောင်းပြီး …
      ကိုယ်လိုချင်တာက ဘယ်လိုဆိုတာမျိုး ကိုယ့်ဟာကိုယ် ဒီဖိုင်းလုပ်နိုင်ရင်ဖြင့် ….

      ခင်တဲ့
      ဂီ

      P.S သာမန်လူတို့ မြင်နိုင်ခဲတဲ့ သင်္ဘော ပေါ်က ပုံရိပ်တွေ…
      ကမာ္ဘကျော်တဲ့ နေရာတွေ ……အံ့ဘနန်း ပျားပန်းခတ်တဲ့ ဆိပ်ကမ်းတွေ…
      အဘ ဆီကမျှော်နေကြောင်းပါ ….။
      ကပ္ပီတန် D-SLR ကိုင်တာတွေ့ရင် …ဘယ်ချာတိတ်မဆို …(ဘာမှမပြောခင် ..ဘာမှ
      မလုပ်သေးဘဲကို)
      ပိုမို အလုပ်ကြိုးစားမယ့် အင်းမေ့ချ် ကို ရမှာဖြစ်ပါကြောင်း…
      (ရှိန်တာပေါ့အဘရယ်…)

      😀
      😛

      • Foreign Resident

        February 20, 2012 at 5:58 am

        ကိုရင် ဂီ ရဲ့
        အဘ စိုင်လည်း မပစ်နိုင်သေးပါဘူးကွယ် ။

        လိုရင်းပြောရရင် ၊ ကြားထဲမှာ ထူးခြားဖြစ်စဉ် မဖြစ်ခဲ့ရင် ၊
        အဘ ဒီနှစ်ထဲမှာ ဥရောပ အလည်အပါတ် ခရီးစဉ် ရှိတယ် ။
        တစ် လ လုံးလုံး ကြာမယ် ၊ ၁ဝ နိုင်ငံ လောက်ပါမယ် ။
        Trafalgar Tour နှင့် သွားမှာ ။ ပိုက်ဆံတွေတောင် အကုန် သွင်းလိုက်ပြီ ။

        အဓိက ကတော့ အဲဒီ ခရီးစဉ်မှာ ရိုက်ဖို့
        Auto Focus ကင်မရာ အကောင်းစား တစ်လုံး ဝယ်တာပဲ ။
        ခရီးစဉ်က ရက်ကြာမှာ ဖြစ်တဲ့ အတွက်
        ပြောင်းတွေတော့ သယ်သွားနိုင်မှာ မဟုတ်ဘူး ။
        အဝတ်အစားတောင် သယ်နိုင်မှာမဟုတ်ဘူး ၊ ဝယ် ဝတ်ရလိမ့်မယ် ။

        ပြီးခဲ့တဲ့နှစ် တရုတ် ခရီးစဉ်ကတည်းက
        အဘ ဓါတ်ပုံရိုက်ရင်း လူအုပ်ကွဲပြီး ကျန်ခဲ့မှာစိုးလို့ ၊
        အဘ မဒမ်ခမျာ ခရီး သွားတာတောင် ၊ စိတ်တပူပူ နှင့် ခရီး သွားခဲ့ရလို့ ၊
        အဘ ကို အပြစ်ပြောနေတယ် ။

        အဲဒါကို ဒီတစ်ခါ ပြောင်းတွေ Tripod တွေပါ ပါလာလို့ကတော့
        အဓိကရုဏ်း ဖြစ်နေတဲ့ Greece မှာ ချန်ထားခဲ့လိမ့်မယ် ။

        အဲဒါ Lap Top လဲ သယ်မသွားချင်တော့ ၊
        Battery အပို လုံလုံ လောက်လောက် ၊
        Memory Card ခပ်များများ ဒါမှမဟုတ်
        Memory Loader HDD ဝယ်ရမယ် ထင်တယ် ။
        ဘာတွေ လိုအုံးမလဲ မသိဘူး ။ အကြံပေးပါအုန်း ။

        • K@oru

          February 20, 2012 at 2:05 pm

          အောင်မီဝေး….
          ယူရုတ် တွားမှာဒဲ့ ….
          အားကျထှာ …
          ဖြုတ်ပေးလို့ရ ရင် မျက်လုံးလေး တစ်လုံးလောက် လူကြုံထည့်ပေးချင်ထှာ
          😀

          ပြောင်းအကြောင်းပြောရမယ်ဗျို့ အပါချာအပိုင်းခည..
          f-Number , f-stops လို့လည်း သုံးကြပါတယ်..
          f/ 1.0, f/1.4, f/1.8, f/2.0, f/3.5, f/4.0 f/5.6 f/8, f/9/ f/10 f/11 f/16
          အစရှိသဖြင့်ခည f/d ဆိုတော့ focal length ကို အပေါက်ရဲ့ diameter နဲ့ စား
          ဆိုတော့ ဂဏန်း f-number ငယ်လေ အပေါက်ကျယ်လေ ခည …

          သည်တော့ အပေါက်ကျယ်ကျယ် ဖွင့်လို့ရတဲ့ လန်းစ်တွေ ကို စိုင်ပစ်(လူပုံရိုက်တဲ့အခါ)
          သုံးကြပါတယ်ဗျာ ..။ ဘက်ဂရောင်းက ဝါးထွက်သွား bokeh ပြီး လူပုံက ကြွလာတယ်
          ထင်ရလို့ပါ … shallow depth of field မို့ … ။
          သည်တော့ အဘ ခရီးသွားအမှတ်တရ ဖိုတို အမျိုးအစားဆိုတော့ နေရာနဲ့ လူ တွဲရိုက်မယ်ဆိုောတ့
          စိုင်ပစ်တဲ့ပြောင်း မပါလည်း ကိစ္စတော့ မရှိဘူးခည …။
          ကင်မလာ ဝယ်ရင်(အများစု ) တွဲပါတတ်တဲ့ kit-lens အမျိုးအစား ကတော့ ၁၈-၅၅မမ ၅၅-၂၅ဝမမ
          ၂လုံးပြူးပါပဲ ။ အပေါက် ၄.၀-၅.၆ လောက်က စဖွင့်လို့ရပါတယ်….။

          ဇွမ်းပိုင်းမှာကတော့ ၂၅ဝမမ ဟာ APS-H ဘော်ဒီမှာတပ်တဲ့အခါ ၃၇၅မမ ဖြစ်သွားတဲ့အတွက် လုံလောက်
          တယ်ဆိုနိုင်ပါတယ်. ..။ ၁၈မမ (၂ရမမဖြစ်သွား )ကတော့ ဝိုက်မဖြစ်တဲ့အတွက်
          ၁၀-၂၄မမ ဒါမှမဟုတ် ၁၀-၁၆မမ ဝိုက်ပြောင်းတို တလက် နဲ့ဆို အဆင်ပြေမယ် ဖြစ်ပါကြောင်း…။

          ဘက်ထွီ အပို-၁ခု နဲ့ ၁၆ဂစ် ၂ကတ်လောက်ဆို လုံလောက်မယ်ထင်ပါကြောင်း …

          နေ့ရိုက် ညဘက် ဟော်တယ်က ပီစီကနေတဆင့် ဖရီး ဟိုစတင် တခုခုပေါ် ပုံတွေလှမ်းတင်ပီးသိမ်း
          နိုင်တဲ့အတွက် လက်ပကျွတ်မပါလည်း ကိစ္စမရှိပါကြောင်း …။(သဂျီးဆာဗာ မှာလာသိမ်းလည်း
          စိတ်ဆိုးတော်မူမယ်မထင်ပါကြောင်း)
          ံHDD ကတော့ ပါဝါကိုပါ ယူအက်စ်ဘီ က စပလိုင်းလုပ်တဲ့အမျိုးအစား ဆိုကောင်းပါကြောင်း..
          (အိပ်စနာနယ်လ် ပါဝါယူတဲ့ကောင်တွေက ဆိုက်ဇ် ပိုထွား ၏ သို့သော် ဈေးသက်သာ)

          😀

        • koaung

          February 20, 2012 at 2:49 pm

          ကိုယ့်ဆရာရေ့ သိပ်ပြီးမပေါ့မပါးနဲ့သယ်လို့မကောင်းရင် လစ်ပိုပုလင်း၂ဒါဇင်လိုလိုမယ်မယ် ဆောင်သွားပေါ့ဗျာ (နေ့ရောညရောပင်ပန်းမယ်မို့လား) စိုးရိမ်မိလို့ပါဗျာ :mrgreen:

  • MaMa

    February 19, 2012 at 10:54 am

    မမှတ်နိုင်လို့ Bookmark လုပ်သွားတယ်။
    ကင်မရာဝယ်ခါနီးမှပဲ ပြန်ဖတ်တော့မယ်။
    ဒါ့ထက် မာကက်တာကြီးကို မာကက်တင်း သင်တန်းပေးရရင်ဖြင့်…..
    နိပွန်က ပြန်လာရင် ကင်မရာတွေ ဝယ်လာပြီး ရွာထဲမှာရောင်းရင်တောင်…
    (ရောင်းရသည့် တန်ဖိုး အပေါ်တွင် ကော်မရှင်မဖြတ်ပါ။) 😀

  • ဂီ ကိုပေါက်ဆိုရင် ဘယ်ကင်မရာကိုင်ရင်ကောင်းမလဲအကြံလေးပေးပါအုံး။
    အကြံပေးတာထက် တစ်လုံးလောက်လက်ဆောင်ပေးရင်ပိုကောင်းမယ်လို့
    ထင်တာဘဲ။

  • pooch

    February 19, 2012 at 1:38 pm

    အစိမ်း ၁ ထောင်မဟုတ်ပဲ သိမ်းထားတဲ့ သိမ်းတထောင်နဲ့ ဝယ်လို့ရရင် သိပ်ကောင်းမှာပဲ .. 🙁

  • kai

    February 20, 2012 at 2:52 am

    အင်း..
    “ဒုတ်”နဲ့တော့ “ခ”နေပါပြီ…။

    ပိုက်ပိုက်မရှိသေးဘူးဟေ့…။ ခဏစောင့်…။ 😕

  • တညင်သား

    February 20, 2012 at 4:03 pm

    မကြာသေးဘူးလေ ဟိုတနေ့ကမှ အသိတယောက်ပြောပြတာလေ ရ ဒီ ထည့်ဖို့လေ ကျောဖိုးအိပ်ပုံစံလေ သွားဝယ်တာလေ
    ၃ သိန်းပေးတယ်လေ………………အခု အလကားရတာ အရင်စုထားမယ်လေ နော်………..

  • KoNyeinChan

    February 20, 2012 at 5:56 pm

    ကျွန်တော် အခုသုံးနေတာက 550D နဲ ့ Tamron 18-270mm VC PZD. ဈေးလည်း အစိမ်း ၁၃၀ဝ လောက်တော့ကျမယ်.. သုံးရတာ တော်တော်လေးအဆင်ပြေတယ်.. VC (vibration control) ပါတဲ့အတွက်ကြောင့် အဝေးပုံတွေကို Zoom ဆွဲပြီးရိုက်ပေမယ့် မတုန်ဘူး.. Lens ဝယ်တဲ့အခါမှာ VC ပါတာဝယ်ဖို ့ကို ဖြည့်စွက် အကြံပြုလိုပါတယ်.. ဂီဂီပြောတဲ့ 10-22mm ဝယ်ဖို ့တော့ စုနေတုန်း… အစိမ်း ၆၀ဝ လောက်ကျသဟ… ကိုယ်ကဓါတ်ပုံရိုက်လို ့ ပိုက်ပိုက်ပြန်ရယင် အကြောင်းမဟုတ်ဘူး.. ကိုယ့်ခလေးတောင် ကိုယ်ရိုက်တာ မခံချင်တဲ့ငါ့အဖြစ် 🙁

    • K@oru

      February 20, 2012 at 6:04 pm

      သူလည်း တမလွန် ရှူတာ ပဲကိုး ..
      😀
      ၁၈-၂၇ဝမမ မိုက်တယ်ဗျို့ ….
      ကျုပ် ၁၈-၅၅မမ ၅၅-၂၅ဝ မမ ၂လုံးစာလုံး ကို ကာဗာဖြစ်တယ်…

      ဝိုဒ် ကို ပြောရရင် ကနွန်း က ဈေးကြီးတယ်ဂျာ..
      တမလွန် ထဲက မဟုတ်ဘဲ …ဆစ်ဂမာ တော့ ဘယ့်နှယ့်နေမယ်မသိ…
      ကိုရီးယား မိတ်ကာ ဆမ်ယန်း ကတော့ ၂၀ဝကျော်လေးဘဲကျမယ်ဗျ…
      သို့သော် သူက မန်နျူရယ် ဖိုးကပ်စ် (မော်တာမပါလို့ ချိုတာပါ)
      မျက်ရည်ပူတွေထွက်အောင် ချိန်ရမယ်ထင့် ….

      ကျနော်သည်တော့ တိုကီနာ ၁၁-၁၆မမ ကို စဉ်းစားနေတာခည ….
      သူက ၂.၈ ဆိုတော့ အပေါက်ကျယ်တယ် ..ဝိုက်လည်းဝိုက်တယ်ဆိုတော့…
      အဟီး …ကော့ကန်ကား ရိုက်လို့ကောင်းမယ်…

      ပိုက်ပိုက် စုလိုက်ဦးမယ်ဂျာ …

      ခင်တဲ့
      😀

  • KoNyeinChan

    February 20, 2012 at 6:01 pm

    နောက် Memory Card အနေနဲ ့C10 ဆိုရင် ကင်မရာနဲ ့ ဗီဒီယိုရိုက်တဲ့အခါမှာ ရုပ်ထွက်ပိုကောင်းစေတယ်လို ့ဆိုပါတယ်.. ဆိုင်တွေမှာဝယ်ရင် အများစုပေးကြတာက C4 ပါ.. ဓါတ်ပုံမှာ မထူးခြားပေမယ့် ကင်မရာဗီဒီယိုမှာ ထူးခြားပါတယ်..

Leave a Reply