တန်ဖိုးနည်း နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း ချပေးတော့မည် ။

နွယ်ပင်February 17, 20121min65533

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄ဝ စီမံကိန်းမှ
ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
သိရှိရပါသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။
ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက်
တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ် ။

မှတ်ချက် ။ သစ်ထူးလွင်မှ ဖော်ပြပါသည် ……………

33 comments

  • Khaing Khaing

    February 17, 2012 at 3:50 pm

    သေချာသွားပြီလားဟင်…ဖောင်တွေဘာတွေဝယ်ရဦးမှာလား ဦးရာလူစနစ်လား.. တစ်ကယ်ဆိုရင်ဝမ်းသားစရာပါပဲ..မျှော်နေပါတယ်….ဒီလစာကို မသုံးပဲစုထားမယ်….

  • aungnng87

    February 17, 2012 at 3:54 pm

    ၅၀၀ဝတန်ကိုတောင့်ခံစရာမလိုတော့ဘူးလား။

  • jujuma

    February 17, 2012 at 3:57 pm

    တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ သတင်းကောင်းလေးပါပဲနော်…..

  • စိန်ပေါက်ပေါက်

    February 17, 2012 at 4:05 pm

    သုံးသိန်းကနေ နှစ်သိန်းတော့ လျော့သွားပြီ.မဆိုးပါဘူး..

    လုပ်ပိုင်ခွင့်သာ ချပေးရင်
    ငါးထောင်တန်ဖုန်းကို ၃ နှစ်မကျော်ပဲ ရစေရမယ်တဲ့ဗျာ
    ဟုတ်တယ်မလား ကိုလင်းဝေကြီးရဲ့ 😀

  • ဆူး

    February 17, 2012 at 4:05 pm

    စောစော က ပိုစ်လေး ဖတ်ပြီးတော့
    ဖုန်းခတွေ မတရား ဖြတ် နေရင် ဒုက္ခပဲ…
    ဖုန်းကတော့ ဝယ်ဖို့ ရှိတယ်။ စောင့်နေတာ… ဟိဟိ..

  • Thel Nu Aye

    February 17, 2012 at 4:12 pm

    ၅၀၀ဝ ကိုလဲနောက်မှစီမယ်။ အခု ၂ သိန်းသေချာရင်အရင်ပြေးစီလိုက်အုံးမယ်။ ၁ သိန်းခွဲပဲပေးမှာ။ ပြည့်သွားရင်ပြန်ရောင်းစားမယ်။ ၃ သိန်းနဲ့။ ပြီးမှ ၅၀၀ဝ ဖုန်းကိုအိမ်ကလူကုန်ဝယ်ပေးမယ်။ ဟီဟိ။

  • aungnng87

    February 17, 2012 at 4:32 pm

    တညိုး..ပါလား…

  • manawphyulay

    February 17, 2012 at 4:36 pm

    ဒါဆိုရင် ဖုန်းပါ အပါဆိုရင် သုံးသိန်းခွဲလောက်ကျမှာလား… ၂ သိန်းဆိုတာ တကယ်လား.. ၂သိန်းလေးသောင်းဆို ပြောသံကြားနေတယ်။ ဘယ်ဟာအမှန်ဖြစ်လာနိုင်မလဲ.

    • Diamond Key

      February 17, 2012 at 5:09 pm

      မြန်မာနို်င်ငံမှာ ဖုန်းတစ်လုံးကို ကိုယ်ရတဲ့ တစ်လခငွေနဲ့ ဝယ်လို့ရတဲ့ နေ့များ ဘယ်တော့ ရောက်လာလေမလဲလို့ ၂၀၀ဝ ခုနှစ်လောက်က ပြောဖူးတဲ့ မိတ်ဆွေတစ်ဦး ရှိပါတယ်။ အဲဒီတုန်းက သူ့လခက ၅၀၀၀ဝ ကျပ်အောက်မှာ။ အခုတော့ နွယ်ပင် သတင်းအတိုင်းဆို ဒီအချိန်မှာ သူလက်ရှိရနေတဲ့ လခနဲ့ဆိုရင်တော့ သူပြောခဲ့တဲ့ အချိန်ရောက်လာပြီလို့ ပြောလို့ရပါပြီ။ 😛 ထမင်းမစားဟင်းမစားပဲ ရတဲ့ လခအကုန်သုံး ဝယ်မယ်ဆိုရင်ပေါ့ :mrgreen:

      • စိန်ပေါက်ပေါက်

        February 17, 2012 at 5:13 pm

        သများတို ့ကျတော့ သုံးလလောက် မသောက်မစားပဲစုမှ ကိုင်နိုင်မဲ့ဘဝပါတော်ရေ့

    • Thel Nu Aye

      February 17, 2012 at 5:10 pm

      ဟင့်ဖုန်းအခွံကတော့ တော်ပါပြီ ၅ သောင်းလောက်ဆို။

  • တန်ဖိုးနည်းဖုန်းတွေရဲ ့ဈေးကမတည်ငြိမ်ဘူးနော်။ဒီတခေါက်တော့ သေချာလောက်ပါတယ်။
    ဒီ သံတွဲဖက်မှာတော ့တာဝန်ယူထားတဲ့ IGE ကုမ္ပဏီကတော့ တိုင်တွေတောင်မထူနိုင်သေး
    ဘူး။မနည်းကြိုးစားလုပ်နေကြပါလေရဲ့။

  • htoosan

    February 17, 2012 at 7:24 pm

    တန်ဖိုးနည်း မဟုတ်ဘူး ။ တန်ဘိုးကြီး ။ မဝယ်ဘဲ ဘွိုင်ကောက်လုပ်ကြမယ်ဆို ။။ နောက်မှ မှားပါပြီ မအော်နဲ့နော် ..
    သဲနုအေးရေ တစ်သန်းလို့ ရေးထားတာပါ ။ တစ်သိန်းဟုတ်ပါဘူး ။
    တစ်သိန်းဆိုရင်တော့ သူတို့ မရောင်းရမှာ စိုးလို့ လူတွေ လောဘတက်အောင် တစ်သိန်းဘဲ ချပေးမယ်ဆိုပြီး တစ်သိန်းစီ လီရောင်းနေရင်တော့ သိဘူး ။ 🙄

    • Thel Nu Aye

      February 20, 2012 at 12:13 pm

      ဟင့်တော်ပြီဝယ်တော့ဘူး။ သများမျက်စိရှမ်းသွားတာ။ တော်သေး။ ၅၀၀ဝ ဖုန်းပဲစောင့်တော့မယ်။

  • sealion

    February 17, 2012 at 8:03 pm

    လူကြီးမင်းခေါ်ဆိုနေသော ဖုန်းမှာ နှစ်သိန်းခွဲပဲ တန်ပါသဖြင့် လိုင်းကြပ်နေပါ၍ မအားသေးပါရှင် ၅ သိန်းတန် ပြောင်းကိုင်ပြီးမှ ပြန်လည် ခေါ်ဆိုပါရှင် တွေ ကြားရပါတော့မယ်ဗျာ ဆက်သွယ်ရေး ကသာ တကယ် စေတနာပါရင် ၅၀၀ဝ တန်လည်း ဖြစ်နိုင်တာပါပဲ ပြည်သူ ့လည်ပင်းထဲ က စားပြီးသားထမင်းစေ ့တောင် ရရင် နိုက်မဲ ့ကောင်တွေ ဆိုတော့ လဲ ပြောတော့ပါဘူးဗျာ

  • unclegyi1974

    February 17, 2012 at 9:48 pm

    2 သိန်းကိုတန်ဖိုးနည်းဖုန်းလို့ပြောကြတယ်လား
    အင်းပေါ့လေအရင်ကထက်စာရင်နည်းတယ်ပေါ့
    ၃သိန်းဖုန်းကနိုင်ဦးလုပ်လို့ ၂ သိန်းဖြစ်သွားတာ
    ဘာပြောပြောရွှေပြည်တံခွန်ကိုကျေးဇူးတင်ကြနော်

  • paukpauk

    February 17, 2012 at 11:34 pm

    အော် ဒီလိုကြံရည်လေးတွေ အရည်ရှိသေးမှန်းသိတော့ ညှစ်ပါလိမ့်ဦးမယ် စောင့်…။

  • ရောင်နီ ဦး

    February 18, 2012 at 10:33 am

    တကယ်ဖြစ်လို့ကတော့…………….ဟင်းဟင်း…………..
    ဝယ်ကိုင်မယ်ပြောတာနော်……..

  • Lwin Aung

    February 18, 2012 at 12:17 pm

    Shwepitakon ‘s 5000 kyats phone is knocked out. Ko Lwin Naing Oo didn’t know the permit’s way.

    • thet pying phyo

      February 20, 2012 at 12:47 pm

      Dear Ko Lwin Aung, your message is still not completed. Anybody will not easy to understand. Please, can you explain detail? Really, we didn’t know about that.

      And then we’ll hear if you tell us, how did Ko Lwin Naing Oo is knock out and then what ways didn’t he know to be successful in his project?

  • ကြောင်ကြီး

    February 18, 2012 at 1:25 pm

    ဆင်းမ်ကတ်တခု နှစ်သိန်းတဲ့…. 😆
    ဒို့မြန်မာ ဂုဏ်ပြောင် ဆဲလ်ဖုံးသမားတိုင်းသည် အဘနိုင်ငံရွှေကို ကျေးဇူးဆပ်ရမည်… ထိုးဟပ်ပစ်လို့ စားမာန်ခုတ်ကာချီ….။

  • ဦးဦးပါလေရာ

    February 18, 2012 at 11:47 pm

    unclegyi1974 ပြောတာအမှန်ပဲ
    ရွှေပြည်တံခွန်ကျေးဇူးကြောင့် တစ်သိန်းလျှော့သွားတာပါ။
    ဒါပေမယ့် များနေပါသေးတယ်။

    ဥပမာ တစ်လိုင်း ငါးသောင်းနှုံးလောက်နဲ့ လေးနှစ်အတွင်း ဖုံးအလုံးသန်း၄ဝချပေးမယ် လို့ တခါထဲဈေးဖြတ်ကြေညာလိုက်ရင် ဒီ့ထက်ဈေးလျော့အောင်မစောင့်ပဲ တနိုင်ငံလုံး ဝယ်ကိုင်ကြပါလိမ့်မယ်။ လူစေ့ဝယ်ကြမှာ။ အဲဒီလိုဆိုရင် ဖုံးဝယ်သူလဲသက်သာ ရင်းနှီးမြှုတ်နှံသူတွေလဲ ကိုက်ပါလိမ့်မယ်။ ပြီးတော့ ဖုံး အလုံး သန်း၄ဝရဲ့ ပြောအား/ခေါ်ဆိုခ ဘယ်လောက်ရမယ်ဆိုတာ မှန်းကြည့်ပေတော့။ အဲဒါနိုင်ငံက ပြန်ရမယ့်ငွေပဲ။

  • kotun winlatt

    February 18, 2012 at 11:55 pm

    အင်းးးးးး ရန်ကုန်သားးတွေ မြို့သားးတွေတော့
    ပျော်ကြပေါ့..တောသားးးတွေအတွက်တော့
    ဝေးးးးးးနေဆဲပါ…ဂျီအက်စ်အမ်ရယ်…..

  • three colors

    February 19, 2012 at 4:28 pm

    ၂ သိန်း မဝယ်သေးပဲ၊၅၀၀ဝ တန်ဖုန်း သမတ ခွင့်ပြ ုတာစောင့်ကြပါ။
    ၂ သိန်းဖုန်းကိုလွတ်လပ်စွာချပေးနေတာ တဆင့်ပြန်ရောင်းလို့ မရနိုင်ပါ။
    ၅၀၀ဝ ဖုန်းက လာတော့မှာပါ၊
    သတင်းစာထဲမှာ အရှေတောင်အာရှ sim card ဈေးနှိူင်းယှဉ်ချက်ကလေး မြင်ချင်ပါတယ်။

  • cobra

    February 19, 2012 at 5:09 pm

    ဟင့်အင်းးးးးးးးး
    ၅၀၀ဝ တန်ပဲလိုချင်တယ်….
    ၅၀၀ဝတန်ပဲလိုချင်တယ်…..

  • cobra

    February 19, 2012 at 5:36 pm

    ဟင့်အင်းးးးးးးးး
    ၅၀၀ဝ တန်ပဲလိုချင်တယ်….။
    ၅၀၀ဝ တန်ပဲလိုချင်တယ်…..။
    ခုထုတ်ပေး

  • Lwin Aung

    February 20, 2012 at 10:07 am

    After Telecommunication and their partners tasked profit, 5000 kyats phone will come.

  • TITAN

    February 20, 2012 at 1:37 pm

    နှစ်သိန်းဆိုဘဲ
    ဒင်းတို့ကတော့ စားလို့ရသမျှ ပါးပါးလှီးကြအုံးမယ်
    အခုတောင် ဖုန်းလိုင်းတွေက လူကြီးမင်းနဲ့ပဲ ညားနေတာကခပ်များများ
    လိုင်းဝင်ရင်လည်း အသံက ကြားတစ်ချက် မကြားတစ်ချက်
    တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သူတို့သတ်မှတ်ထားတဲ့ လိုင်းအရေအတွက်နဲ့ဆိုရင်
    ခေါ်လို့ရောရပါ့မလားမသိ
    ဒီမောင်တို့ကတော့ 5000 ဘဲအားပေးနေမယ်

  • Davit

    February 20, 2012 at 1:50 pm

    ငါးထောင်တန် မဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူး….ကျွန်တော်တို့ ဥပမာတွက်ကြည့်ရအောင်….မြန်မာနိုင်ငံမှာ လူဦးရေကို သန်း60 ပဲထား….. ငါးထောင်တန်ဖုန်းရဲ့အထွက်ခေါ်ဆိုခက တစ်မိနစ်ကို 30 ပဲထားပါ…. ဒါဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံပဲကိုင်ဦးမယ် ဆိုပါဆို့ …. နောက်ပြီးတစ်ယောက်ရဲ့ဖုန်းအထွက်ပြောတဲ့အချိန်ကို တစ်ရက်ကို 5 မိနစ်ပဲပြောတယ်ထားပါ… (အနည်းဆုံးနော်..တစ်ကယ်တန်း လူတစ်ယောက်ကိုဖုန်းပြောတာ တစ်ရက်ကို ငါးမိနစ်မကပါဘူး…) ဒါဆိုရင် လူတစ်ဦးအတွက်တစ်ရက်ဖုန်းဘေဖိုးရှင်းရမှာက 150 ကျပ်၊ ဒါဆိုရင် 150 ကျပ်ကို သုံးမဲ့လူဦးရေ သန်း20 နဲ့မြှောက်ကြည့်ပါ….တစ်ရက်ကို ဖုန်းဘေကနေပဲရမှာက သန်း 3000 ကျပ်၊ ရက် 30 ရှိတဲ့တစ်လကို ဖုန်းဘေအတွက်ပဲရမှာက သန်း ကိုးသောင်းကျပ်တောင်နော်…..ဒါတောင် တစ်ယောက် တစ်ရက်ကို 5 မိနစ်ပဲတွက်ကြည့်တာပါ…. ဒါကြောင့်မဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူးလို့ထင်ပါတယ်…..

  • ဘမျိုး ဘိုးတူ

    February 20, 2012 at 4:10 pm

    ဖြစ်နိုင်ပါစေလို့ ဆိုတောင်းပေးနေရတော့မယ် ဘတို့လဲ ဟမ်းဖုံးလေး ကုိုင်ကြည့်ချင်လာလို့
    ငါးထောင်ဆိုရင်တော့ မျက်စိပိတ်ပီး ကိုင်ဦးမှာ

  • kyaw kyiko

    February 20, 2012 at 4:37 pm

    ရွေပြည်တံခွန်ရေ
    ဒီသတင်းလေးများ မကြားလေရော့သလား
    နှစ်သိန်းတန်ကို
    တန်ဖိုးနည်းတဲ့ လေ၊

  • မိုက်ကယ်ဂျော်နီငပွ

    February 20, 2012 at 6:48 pm

    ခင်ဗျားတို့ တောင့်ထားဇမ်းဘာဗျာ
    ဒီနေ့ခေတ်မှာ အလကားပေးရမယ့် ဖုန်းလိုင်းကို နှစ်သိန်းဆိုတာလည်း
    များပါတယ်
    ပြောလို့သာပြောတာ ဖုန်းနဲ့ပတ်သက်ပြီး မျှော်တော်ယောင်ထဲမှာ ကျုပ်အမျိုးတွေလည်းပါတယ်ဗျ
    ပေးရတာက အကြောင်းမဟုတ်ဘူး
    ပိုက်ဆံပေးပြီးလည်းဝယ်ရသေးတယ်
    သဓေါင်းဇားလိုမျှော်တော်ယောင်လုပ်ရတာ နဲ့
    ခွေးမသားတွေ ကိုယ်ပေးတဲ့ပိုက်ဆံနဲ့ ထမင်းစားပြီး ကိုယ့်အိမ်ကခွေးထက်
    မျက်နှာမာတာကို လုံးဝဘဲ
    ကျုပ်တစ်မျိုးလုံး ဖုံးတစ်လိုင်းမှမရှိဘူး ( ဝယ်မနိုင်လို့ 😀 )

Leave a Reply