ကိုယ့်ဇနီးအပေါ်မှာသစ္စာရှိပါ…….

chityimhtooFebruary 17, 20121min21518

အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို

ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘဝအတွက် နောက်ဆုံး ချစ်နိုင်တဲ့

မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား – ဟုတ်ပါတယ်။

အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။

ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု

မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ – ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား – ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်

သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ – အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ

ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ

မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို

မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား – ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို

အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ – မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့

သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ

မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။

အမျိုးသား – သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို

မချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ – ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား – ကျွန်တော်………..

အတိုင်ပင်ခံ – မင်းရှေ့က ီဖယောင်းတို်င် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ

အလင်းဆုံးလဲ။

အမျိုးသား – မသိပါဘူး။

အတိုင်ပင်ခံ – ဒီဖယောင်းတို်င် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို

ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။

ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။

အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို

မင်း ပြောနိုင်လား။

အမျိုးသား – ကျွန်တော်…………

အတိုင်ပင်ခံ – မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့

ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား – ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။

အတိုင်ပင်ခံ – ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား – မသိတော့ဘူး။

အတိုင်ပင်ခံ – မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို

ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင်

မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး

နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ

မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။

အမျိုးသား – အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။

လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။

အတိုင်ပင်ခံ – ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး

ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..

အမျိုးသား – ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။

ကျွန်တော့် မိန်းမပါ။

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့

တံတို်င်းပြင် ပေါ့။

အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာ

ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထား

ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ

လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့

စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။

အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို

အဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။.

နောက်တစ်ယောက်ကြောင့် ဘဝဟာ စိုပြေလာတယ်လို့ ထင်လာတယ်…. ဒါကို သင်က

ကျေနပ်နေမိတယ်….

တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့

အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…….

ရေးသားသူ – အိမ့်ရတနာချစ်

ဖေ့ဘွတ်စာမျက်နှာ-
http://www.facebook.com/notes/moenge-aung/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%B7%E1%80%87%E1%80%94%E1%80%AE%E1%80%B8%E1%80%A1%E1%80%B1%E1%80%95%E1%81%9A%E1%80%99%E1%80%BD%E1%80%AC%E1%80%9E%E1%80%85%E1%81%A5%E1%80%AC%E1%80%9B%E1%80%BD%E1%80%AD%E1%80%95%E1%80%AB/229708990455805

18 comments

  • chityimhtoo

    February 17, 2012 at 5:31 pm

    ဒဂျီး တေချာဖတ်သင့်ပါဒယ်…..:P

  • water-melon

    February 17, 2012 at 5:47 pm

    ဖတ်ရှုသွားပါတယ်ဗျ
    ကျွန်တော်တို့လို လူပျိုတွေအတွက်တော့
    အိမ်ထောင်ကျပြီးရင် ကြုံတွေ့ရမဲ့ ပြသာနာဗျ
    အချစ် အချစ် အချစ် မရှိမကောင်း ရှိမကောင်း။

  • စိန်ပေါက်ပေါက်

    February 17, 2012 at 5:52 pm

    ဪ.
    ဒါဖတ်ပြီးမှ အသိတရားတွေ ရခဲ့ပါပြီဗျာ
    အိမ်ကအဖွားကြီးသာ အကောင်းဆုံး
    မိန်းမရေ-ကျုပ်ဘတော့မှ နောက်မီးမလင်းတော့ပါဘူးကွယ်

    • စိန်ပေါက်ပေါက်

      February 17, 2012 at 5:54 pm

      ခင်ဗျားအသက်က သေခါနီးဖင်မွှေးဖြူဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတာ နောက်မီးက လင်းချင်သေးလို ့လားဗျ

  • chityimhtoo

    February 17, 2012 at 6:00 pm

    ဟဟ မိန်းမရှိတဲ့လူတွေအဲ့မှာပေါ်တာဘဲ….

  • htet way

    February 17, 2012 at 6:07 pm

    တစ်ချို့လူတွေ ပထမမိန်းမကို ကွာရှင်းပြီးနောက်အိမ်ထောင်ပြုသွားတာမြင်တော့
    အထင်သေးမိတယ်။
    လူတစ်ယောက်က ခဲရာခဲဆစ်ရှာဖွေကျွေးတယ် အိမ်ပြန်ရောက်တော့ မိန်းမက အပြောကြမ်းကြမ်းတွေပြောတယ်၊ လင်ကိုပြုစုတာလည်း မရှိဘူး
    ကိုယ်ထမင်းကိုယ်ခူးစား ကိုယ်အဝတ်ကိုယ်မီးပူတိုက်
    တွေ့တာပြောတာပါ……………..။ချိုသာတဲ့ စကားဆိုတာမရှိဘူး
    အဲ့ဒီမှာ ဒီလူက နောက်မိန်းမယူလိုက်တာတွေ့ရတယ်
    နောက်အိမ်ထောင်က အပြောလည်းချိုတယ် စရိုက်လည်းကောင်းတယ်
    ဒီလူကပြောတယ် အခုမှစိတ်ချမ်းသာတယ်တဲ့
    သူ့ဇနီးဟောင်းကလည်း နောက်အိမ်ထောင်ပြုတယ် အရက်သမားနဲ့ ညားတာပါ
    ညနေဆို မူးပြီးသူဆဲကိုယ်ဆဲပဲ ဆူညံနေတာပေါ့
    ရိုက်တာလည်း ခံရပါတယ် အဲ့ဒီမိန်းမကပြောတယ် အခုမှ စိတ်ကြိုက်တွေ့တာတဲ့
    ဘယ်လိုနားလည်ရမှန်းသိတော့ပါဘူး…..

  • zar ni

    February 17, 2012 at 6:59 pm

    ဘာတွေလဲဗျာ!!!!!ဇာနည်တို့ကတော့တစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆိုပိတောက်ပဲ!
    ဒါကြောင့်လားမသိဘူး…အိမ်ကအဖွားကြီးကဇာနည့်ကိုသိပ်ချစ်တာ..ဟီးးးး

  • ရွှေဘိုသား

    February 17, 2012 at 10:08 pm

    ဖောက်ပြန်တော့လည်း မိန်းမပေါ် မတရားတာဖြစ်အုံးမယ် မဖောက်ပြန်တော့လည်း အသစ်လေးတွေမသုံးရတော့ ခေတ်နောက်ကျပြန်ရော မယူပဲ ချိုင့်ဆွဲလေးပဲကောင်းပါတယ်

  • KoNyeinChan

    February 18, 2012 at 7:00 am

    ဒီပို ့စ်ပြီးအောင်ဖတ်မိတာကိုက ငါ့အမှား 🙁
    နောက်တစ်ယောက်ထပ်ယူမယ့်အစီစဉ်လေးတော့ ပျက်ပါပြီ 🙂

  • aye.kk

    February 18, 2012 at 7:35 am

    ချစ်ရင်ထူး,..
    post..လေးကတကယ်ကောင်းပါတယ်။
    အန်တီရဲ ့ထင်မြင်ချက်လေးပေ့ါနော်…
    သောက်လေ,သောက်လေ,…ငတ်မပြေတဲ့
    (တဏှရာဂ)သဘောတရားပေါ့နော်..
    ရေကို…ရွှေခွက်၊ငွေခွက်၊ကြေးခွက်၊သိင်္ဂရွှေခွက်အစရှိသည့်ခွက်တွေ..
    ဘယ်ခွက်နဲ့ပဲထည့်သောက်သောက်ပေါ့နော်..ရေရဲ ့အရသာကအတူတူပါဘဲ။
    ကိုယ့်စိတ်အာရုံတခဏမျှခံစားမှုအတွက်(တူညီနေတာခြင်းအတူတူ…)
    ကိုယ်မြတ်နိုးလို့ယူထားမိန်းမအပေါ်မှာသာသစ္စာစောင့်သိသင့်ပါတယ်။

  • ahnyartamar

    February 18, 2012 at 9:20 am

    better, i didn’t read for this post.
    Now, i don’t know how to carry out, all are in process.

  • san di

    February 18, 2012 at 10:15 am

    နယ်တကာလှည့်ပြီးတာဝန်တွေထမ်းဆောင်နေရတော့တွေ့ကြုံရတာလေးတွေ မျှဝေပေးချင်တယ် မှန်မမှန်တော့မသိဘူးပေါ့ မှားရင်ခွင့်လွတ်ပေးကြပါနော်။ တစ်ခါကရိုးသားပြီးတာဝန်ကိုလေးစားတတ်တဲ့ အရာရှိကြီးတစ်ယောက်မှာ ခင်ပွန်းအပေါ် အနစ်နာခံပြီး ပင်ပန်းတယ်လို့မထင်ဘဲပျော်ပျော်ကြီးပါရမီဖြည့်
    ဆည်းပေးခဲ့တဲ့အန်တီကြီးတစ်ယောက်အကြာင်းပါ။နှစ်၂ဝ ကျော်ပင်ပင်ပန်းပန်းပါရမီဖြည့်ပြီးပျော်ရွင်နေ
    တဲ့မိသားစုလေးမှာတစ်ခုလပ်ကလေး၂် ယောာက်အမေတယောက်အကူအညီတောင်းရာမှမတွယ်သင့်တဲ့သံယောဇဉ်လားဘာလားမသိတဲ့ ဖောက်ပြန်မှုတစ်ရပ်ဖြစ်ပေါ်လာခဲ့တယ်။ကိုယ်ထက်၂ဝ ကျော်ငယ်တဲ့
    ကလေးမလေးအပါ် စွဲလမ်းသွားတဲရိုးသားတဲ့အရာရှိကြီးဟာအလုပ်မှအနားယူလိုက်ရတဲ့အထိဘဝဟာနိမ်
    ဆင်းသွားခဲ့ကြတယ်။အဆောင်အယောင်ကားလေးမောင်းပြီးနေရတဲ့ဘဝကနေလိုင်းကားတိုးစီးနေရရှာပြီ။
    ရိုးသားစွာတာဝန်ထမ်းခဲ့လို့ မချမ်းသာတဲ့မိသားစုလေးအခြေအနေကို ရွာသားတွေခန့်မှန်းနိုင်မယ်ထင်ပါ
    တယ်။မျက်ရည်ပေါင်းများစွာဟာမတားဆီးန်ိုင်ခဲ့ကြရှာဘူး။ုအဲဒီဖြစ်ရပ်နဲ့ပါတ်သက်ပြိီးဆရာတော်တစ်ပါးက်ို
    မေးလျှောက်တော့အန်တီကြီးက ဟိုးအရင်ဘဝက မ်ိမိမိန်းမအပေါ်သစ္စာမဲနှိပ်စက့်ပြီးနောက်မိန်းမနဲ့ပျော်
    ပါးခဲ့လို့ဒီဘဝမှာမိန်းမဖြစ်ရပြီး ကိုယ်ပြုမူခဲ့ရတဲ့အတိုင်းဝဋ်ကြွေးကိုပေးဆပ်ရတယ်လို့ပြောတယ်။
    သူတစ်ပါးသားသမီးစော်ကားရင်တော့မယားငယ်ဖြစ်ရတယ်လို့ပြောတယ်။ဆရာတော်ဟာမေတ္တာဖြန့်ဝေ
    ပြီးလူအများကြည်ညိုနေကြတဲ့ဆရာတော်ပါ။ကာမေသုမိစ္ဆာစာရအကြောင်းအသေးစိပ်ရှင်းပြထားတဲ့အရှင်
    ဆန်နီနေမင်းရဲ့ဆိုက်မှာဝင်ကြည်ှုနိုင်ပါတယ်။အကုသိုလ်လုပ်ရင်အကုသိုလ်ပဲအကျိုးပေးပါတယ်။ရွာသား
    များဆင်ခြင်နိုင်ဖွယ်ပါ။ဒီခောတ်ကြီးမှာတစ်မိသားစုစာပြည့်စုံဘို့တောင်မနည်းရုန်းကန်နေကြရတာပါ။ခဏ
    တာပျော်ရွင်မှုအတွက်ကိုယ်ဘဝကိုကိုယ်မဖျက်ဆီးကြပါနဲ့နော်။ဝိမုတ္တိခောတ်ရောက်နေပြီလေ။မိမိတင်မက
    တစ်မိသားစုလုံးပျက်ဆီးစေသောကံကိုအတတ်နိုင်ဆုံးထိမ်းသိမ်းနိုင်ကြပါစေ။

  • etone

    February 18, 2012 at 10:22 am

    အလွန်ကောင်းတဲ့ပို့စ်ပါပဲ … ။
    ပိုင်ဆိုင်ထားပြီးသား အရာကို စိတ်ဝင်စားမှု အားနည်းတာ … တန်ဖိုးထားမှု အားနည်းတာ … ဖြစ်လေ့ဖြစ်ထရှိပေမယ့် … အိမ်ထောင်ရေးမှာတော့ … ခွင့်မလွှတ်သင့်တဲ့အပြုမူပါပဲ … ။
    အိမ်ထောင်မပြုခင်သာ လွတ်လပ်စွာ ရွေးချယ်သင့်ပေမယ့် .. အိမ်ထောင်ပြုပြီးလျှင်တော့ …. အလွယ်တကူကွာရှင်းတာမျိုး မဖြစ်သင့်ပါဘူး … ။ နှစ်ဦးနှစ်ဖက်စလုံး ကိုယ်စီနစ်နာမှုတွေကျန်ရစ်ခဲ့လို့ပါပဲ … ။
    ဘယ်သူ့ဘက်က ချို့ယွင်းချက်ရှိလို့ပဲ ဖြစ်ဖြစ် ၊ အတတ်နိုင်ဆုံးညှိယူသင့်ပါတယ် … ။

    ကျွန်မကတော့ .. တစ်လင် တစ်မယားစနစ်ကိုပဲ အားပေးတယ် … ။ ကဲချင် ရှုပ်ချင် .. မိသားစုဘဝ မလိုချင်လျှင် မယူပဲနေ .. (ပတ်ဝန်းကျင်ရဲ့ အပြောဆိုတော့ ခံနိုင်ရဲရမယ်နော် … ) … ရထားတဲ့ မိသားစုဘဝလေးကိုတော့ … မာနတွေ ၊ အထာမကျတွေကြောင့် .. အပျက်ဆီးမခံသင့်ဘူးလို့ ထင်ပါတယ် … ။ 😎

  • Khaing Khaing

    February 20, 2012 at 11:11 am

    ဒီပို့လေးကိုတင်ပေးတဲ့ ချစ်ရင်ထူးကို မိန်းကလေးတစ်ယောက်အနေနဲ့အရမ်းကျေးဇူးတင်ပါတယ်…ဒီပို့လေးကို အိမ်ထောင်ပြုမယ့် အမျိုးသားတိုင်းနဲ့ အိမ်ထောင်ကျပြီးသား အမျိုးသားတိုင်းဖတ်သင့်တယ် ဒါမျိုးအဖြစ်တွေကလူ 100မှာ 90လောက်က အပြင်မှာတစ်ကယ်မဟုတ်ရင်တောင် စိတ်နဲ့တောင် ဖောက်ပြန်ချင်ပြန်နေလိမ့်မယ် အဲလို အချိန်မျိုးမှာ မိမိရဲ့လက်တွဲဖော်ဟာ မိမိအပေါ် တစ်ကယ့်ကိုကောင်းခဲ့တဲ့အကွက်လေးတွေကို မြင်ယောင်နေစေချင်တယ်… အိမ်ထောင်တစ်ခုကို တည်ထောင်ပြီး ပြန်ဖျက်ဖို့ဆိုတာလည်း ခက်ခဲပါတယ် နောက်အိမ်ထောင်တစ်ခုတည်ထောင်တဲ့အခါမှာလည်း နောက်အိမ်ထောင်က မကောင်းခဲ့ရင် ကိုယ်ကရှေ့က မိန်းမကိုသတိရ ကိုယ့်အမှားတွေအတွက် ရင်စည်းပြီးခံနေရပါလိမ့်မယ် မေတ္တာမှန်တဲ့ မိန်းမကိုထားခဲ့တဲ့ယောက်ျားတွေက မေတ္တာဆူးပါလိမ့်မယ်……ချွင်းချက် သစ္စာရှိသော မိန်းမများအားလုံးရဲ့ မိမိချစ်ခင်ပွန်းများ ခြေလှမ်းမှားချင်ရင် ဒီပို့လေးကိုတွေ့မြင်ပြီး ဆင်ခြင်နိုင်ပါစေ …

  • မှန်ပါ၏။တလင်တမယားစနစ်ဆိုတာ ရောဂါဘေးဘယာအတွက်မပူရသလို၊
    တဦးပေါ်တဦးမေတ္တာလွှမ်းခြုံထားလို ့သာယာစိုပြေတဲ့ မိသားစုဘဝလေးကို
    ပိုင်ဆိုင်နေနိုင်တာပေါ့။ကိုယ့်ဇနီးမယားအပေါ်သစ္စာရှိရှိ ပေါင်းသင်းနေထိုင်နိုင်
    ကြပါစေ။ကျနော့်မှာတော့ ချစ်သူဘဲရှိသေးတယ်။အိမ်ထောင်ကျသေးဘူး။
    ကြေညာ ဝင်တာပါဗျို ့။ဟီး

Leave a Reply