မင်းကွန်းသို့အလည်သွားခြင်း……………….

1 ကျနော်မင်းကွန်းသွားတုန်းက စီးခဲ့တဲ့စက်လှေ ကုန်အပြည့်နဲ့ပါ
2 အိုးကလေးတွေစီထားတာအသဲယားစရာ ဈေးသည်လေးတွေကတော့မြင်နေကျမို့အေးဆေး
3 မရမ်းခြံဆိပ်ကမ်း ပိတ်ညပ်ကပ်သတ်နေတဲ့လှေတွေကြားက ဇွတ်တိုးထွက်ရတဲ့ကျနော်စီးတဲ့စက်လှေ
4 ကျနော်နဲ့ခရီးသွားဖော်များ မသိဘဲအတူဆုံကြတော့ရှေးရေစက်လို့ပြောနိုင်ပါတယ်
5 စက်လှေပေါ်က လှမ်းငေးမိတဲ့ မန်းလေးက ဆိပ်ကမ်း
6 မြစ်အနောက်ဘက်က သဲသောင်မြေ သောင်ထွန်းနေတာလေ အဲဒီကသဲတွေကို တူးပြီးသယ်နေကြတာ
7 ဟိုးအဝေးကမြင်နေရတဲ့တောင်ပေါ်မှာမတ်တပ်ရပ်ကိုယ်တော်ကြီး တည်ထားပါသတဲ့
ု8 မြစ်လည်ခေါင်သောထွန်းတဲ့နေရာမှာ လာပြင်နေတဲ့လှေကြီး
9 သဲသောင်ယံဖွေးဖွေး မြင်ရတာပြေးဆော့ချင်စရာ
10 တိနိ ဆိပ်ကမ်း ဒီကနေဆင်းသွားရင် မင်းကွန်းဆရာတော်ကြီးကျောင်းကိုရောက်တယ်
11 အကြိုထောက်တဲ့ လှည်း အဲဒီလမ်းအတွက်ဖယ်ရီ
12 အဝေးကဖူးမျှော်ရတဲ့ စေတီ အဲဒီခြင်္သေ့နားကိုသွား ပုံတွေအများကြီးရိုက်ခဲ့တယ်လေ
13 ဒီလိုသင်္ဘောနဲ့လိုက် ရရင်တော့ ဇိမ်ဘဲ အနောက်ဘက်မှာတော့ ပုထိုးတော်ကြီးနဲ့ ရေထဲခုန်ဆင်းခဲ့တဲ့ခြင်္သေ့
14 ကျနော်ဆင်းရမယ့် မင်းကွန်းလူအိုရုံဆိပ်ကမ်း
15 မင်းကွန်းလူအိုရုံအဝင်ဝမှာ မြင်ရတဲ့ဒေါ်ဦးဇွန်း အထိန်းအမှတ်ကျောက်စာ
16 အသေးစိတ်ဖတ်ကြည့်ချင်ရင် ကြည့်လို့ရအောင်
17 မင်းကွန်းလူအိုရုံသို့အဝင်လမ်း

 

 

 

“မင်းကွန်းသို့အလည်သွားခြင်း”

မင်းကွန်းကိုသွားမယ်ဆိုပြီးမရောက်ဖြစ်တာ တစ်နှစ်နီးပါး။
ရန်ကုန်က လုင်ရောက်တော့သွားဘို့ပြင်။
သော့သော့က သူလိုက်ပို့မယ်ပြော။
ကျနော်ကတော့ လိုက်မလိုက်မသေချာ။
သော့သော့နဲ့ လုလင်ကတော့ မနက်ခြောက်နာရီခွဲကတည်းက တိနိသင်္ဘောနဲ့အရင်ပြေး။

ကျနော်ကတော့ အလုပ်ကခွင့်တောင်းပြီး မှ ဆယ်နာရီလောက်မှလိုက်။
မရမ်းခြံဆိပ်ရောက်တော့ မြို့တော်ဥယျာဉ်မှာဆိုင်ကယ်အပ်။
မြစ်ကမ်းနံဘေးပြေးလို့ ထွက်မယ့်စက်လှေပေါ်တက်။
မင်းကွန်းအရောက်တစ်ယောက် ငါးရာ။
တွက်ကြည့်ရင်တန်ပါတယ်။
ခဏနေတော့စက်လှေထွက်ပါတယ်။
ပိတ်သတ်ညပ်နေတဲ့စက်လှေတွေကြားမှာ ဇွတ်တိုးထွက်တာ အသဲတယားယား။
ခဏနေတော့ကျယ်ပြန့်တဲ့ ရေပြင်ကျယ်ထဲရောက်တော့ စိတ်တွေလွတ်လပ်ပေါ့ပါး။
မြစ်ပြင်ထဲမှာတော့ သူလိုကိုယ်လိုခရီးသွားလှေတွေ သင်္ဘောတွေအများအပြား။
အနောက်ဘက်ကမ်းပါးကို ဖြိုလို့သဲ တူးနေတဲ့လှေတွေလဲတွေ့ပါ့။
ရေလည်မှထွန်းနေတဲ့သောင်ကိုမြင်ရတော့ မြစ်ကြီးကျဉ်းလားတာကိုလဲတွေ့ပါ့။
အဝေးမှာ မတ်တပ်ရပ်ကိုယ်တော်ကြီးတည်ထားတယ်လို့ပြောတော့အနောက်ဘက်က
တောင်ကြီးကို ငေးမောကြည့်တော့ ရိုးတိုးရိပ်တိပ်နဲ့တောင်တက်လမ်းလေးကိုမြင်ပါ့။
လက်ထဲက ကင်မရာပေါက်စလေးနဲ့ ဓါတ်ပုံတွေလဲရိုက်ပါ့။
တစ်နာရီနားပါးကြာတော့ တိနိဆိပ်ကမ်းကိုရောက်။
တစ်လမ်းလုံးကျနော်စပ်စုသမျှကိုဖြေပေးတော်မူတဲ့ခေါင်မိုးပေါ်မှာ သီတင်းသုံးလာတဲ့
ဦးဇင်းကလည်း တိနိဆိပ်ကမ်းရောက်တော့ နုတ်ဆက်။
တိနိဆိပ်ရောက်တော့ ဆိုင်ကယ် ကယ်ရီသမားက ဇွတ်လိုက်ဘို့မဲဆွယ်။
ဇွတ်ငြင်းရင်းနဲ့ အဝေးက မြင်ရတဲ့မြသိန်းတန်နဲ့ပထိုးတော်ကြီးကို ဖူးမျှော်ရင်းလက်ဆော့။
အတော်လေးကြာမှ ကမ်းကခွာ။
အဲတော့ မှ ကမ်းစပ်မှာရေချိုးနေသူတွေကို လက်ဆော့။
မြိုမငြိမ်းရဲ့ ရေချုးိဆိပ်သီချင်းကို ဝင်းဦးအသံလေးတွဲ့တွဲ့ နဲ့ဆိုထားတာကိုတောင်ကြားယောင်လာသလိုလို။
“ညည်းလူကြီးကို ညည်းဖာသာယူပေါ့တဲ့………………..”
ဟိုဘက်ကမ်းကို ခုန်ကူးမလိုနဲ့မြစ်ထဲကို ရေကူးဆင်းခဲ့တြဲ့ခြင်္သေ့ကြီးနှစ်ကောင်ရှေ့မှာ
ရပ်ထားတဲ့ အမိုးနဲ့ထိုင်ခုံတွေနဲ့ စမတ်ကျလှတဲ့ သင်္ဘောကြီးမြင်တော့ကိုချောစီးခဲ့တယ်ဆိုတဲ့
အမရာ ကိုသတိရ။
ကို်ယ်စီးလာတဲ့စက်လှေလေးကတော့ ဘုတ်ချက်ဘုတ်ချက်။
ကမ်းနားရောက်တော့ ငယ်ငယ်က မင်းကွန်းကူးရင် ရေလယ်မှာမျောလာတတ်တဲ့
ပလုံစီနေတဲ့ အပုံလေးတွေကို သတိရမိ။
မင်းကွန်းလူအိုရုံက ခရီးသည်တွေစောင့်တဲ့အဆောင်လေးမြင်မိတော့
ဟိုး………ငယ်ငယ်က အဖွားမိသားစုနဲ့ မင်းကွန်းမှာ ညအိပ်လာကြတာ
မြစ်ကမ်းပါးမှာရေချုးိကြတာ ပြန်သတိရမိ၊
အဲဒါက လွန်ခဲ့သောနှစ်လေးဆယ်ကျော်က။
အခုတော့ ချစ်တဲ့အဖွားလဲမရှိ။
တဟဲ့ဟဲ့နဲ့အော်တတ်တဲ့အဒေါ်တွေလဲမှရှိ။
ရေကူးသင်ပေးတတ်တဲ့ ဦးလေးတွေလဲမရှိ။
အတူဆော့ကစားခဲ့တဲ့ ညီအကိုဝမ်းတွေ ညီမဝမ်းကွဲတွေလဲရှိသူရှိ မရှိသူမရှိ။
အော်……………….လွမ်းလိုက်ပါဘိတော့တယ်။

ကိုပေါက်လမ်းသလားရင်းလက်ဆော့ ။
လက်ဆော့ရင်းရလာတဲ့ အတွေးပါးပါး။
(20-2-2012)

13 comments

  • water-melon

    February 21, 2012 at 8:19 am

    ့ခေါင်မိုးပေါ်မှာ သီတင်းသုံးလာတဲ့ ဦးဇင်းကပြောနေတယ် လေးပေါက် ဒီဒကာလေးတော်တော်လေပေါတယ်တဲ့ 😀
    ရေကြောင်းနဲ့မင်းကွန်းကိုမသွားဘူးသေးဘူး
    ဆိုင်ကယ်နဲ့တော့သွားဖူးတယ်
    အလွမ်းပြေကြည့်သွားပါပြီ။

  • ချစ်ရင်ထူးနှစ်

    February 21, 2012 at 9:21 am

    ကိုယ်တိုင် ရောက်သွားသလိုမျိုးပါပဲ
    ဒါနဲ့ အစ်ကို ခုတစ်လော ပျောက်နေသလား လို့
    နေများကောင်းဘူးလား

    • water-melon

      February 21, 2012 at 2:38 pm

      အမလေး လေးပေါက်လား နေမကောင်းတာ
      ဒေါင်ဒေါင်မြည်လွန်းနေလို့ခက်နေတာ
      ဟိုနေ့က KTV မှာတောင် တွေ့လိုက်သေးတယ်
      မော်ဒယ်အလန်းလေးနဲ့ ကဲနေတာ
      အနော့်တောင်မခေါ်ဘူး 😀

  • blackchaw

    February 21, 2012 at 9:48 am

    ကိုပေါက်ရေ။
    ကျွန်တော်လည်း မင်းကွန်းကို
    ကိုပေါက်ဓါတ်ပုံတွေနဲ့ အလည်လိုက်ခဲ့ပါတယ်ဗျာ။

  • စိန်ပေါက်ပေါက်

    February 21, 2012 at 11:39 am

    ဟိုက်စ်..
    အိုးတွေက အမှတ်တမဲ့ကြည့်ရင် ကြက်ဥနဲ ့ တူသဟ

  • ဖရဲမ ကဲလှသမျှ ဒီတစ်ခါတော့လွဲပြီ။
    ငါလျှောက်မေးတဲ့ဦးဇင်းက ဒကာလေးရေ ကျေးဇူးတဲ့။
    ခါတိုင်းဆိုရင် မော်တော်မှောက်မှာကြောက်နေတာတဲ့။
    အခုဒကာပေါက်ကရမေးတာ စဥ်းစားနေရတော့ကြောက်ချိန်ကိုမရလိုက်ဘူးတဲ့။
    ကဲ ဘာပြောချင်သေးသတုံး…………………
    ကိုချစ်နှစ်ရေ ချက်တင်ထဲကနေထွက်ထားပါတယ်။
    ကိုချော ဒီတစ်ခါလာရင်မင်းကွန်းလိုက်ပို့မယ်။
    ဆိုင်ကယ်နဲ့ဆိုလဲ သာယာတယ်လေ။
    ဟုတ်တယ်နော် ဖရဲမ

  • water-melon

    February 21, 2012 at 3:54 pm

    အမလေး ထောင်ခဲ့သမျှ လေးပေါက်နဲ့တွေ့မှ
    လုံးလုံးကို ပြားတော့တယ်
    ဆိုင်ကယ်နဲ့ကပိုကောင်းတယ်လေးပေါက်
    ရှခင်းလဲကြည့် ဓာတ်ပုံလဲရိုက် 😀

  • Diamond Key

    February 21, 2012 at 5:14 pm

    ကိုပေါက်၊ ကမ်းစပ်မှာရေချိုးနေသူတွေကို လက်သွားဆော့တယ်လား………….. :skock:
    ကင်မရာကြီးနဲ့ လျှောက်ချိန်နေမှတော့ ပြောပြီပေါ့ …………“ညည်းလူကြီးကို ညည်းဖာသာယူပေါ့တဲ့………………..” ဆိုပြီးတော့ :mrgreen:

  • အကြိုထောက်တဲ့ လှည်းကို မြင်တော့
    ရွာကို လွမ်းမိသွားတယ် …
    အခု ရွာကို တအားပြန်ချင်လာပြီ …
    လေးပေါက် … လမ်းစရိတ်ထောက် ..
    ဂလောက် … ဂလောက် … ဂလောက် ..
    😀

  • ကိုသော့ရေ ရေချိုးဆိပ်က ပုံတွေမတင်ရသေးဘူး။
    အဲဒါက သတ်သတ်တင်မယ်လေ အတော်များများ လက်ဆော့ထားတာဗျ။

  • weiwei

    March 16, 2012 at 1:24 pm

    98 တုန်းက မင်းကွန်းကို ကားနဲ့သွားဖူးတယ် … ကားလမ်းစစဖွင့်ချင်းပဲ သွားခဲ့တာ …
    စက်လှေနဲ့သွားတာ ပိုကောင်းမယ်ထင်တယ် … ရှုခင်းတွေက အမြင်ဆန်းနေတယ် ..
    နောက်တစ်ခါ မန်းလေးရောက်ရင် သွားဖြစ်အောင် သွားမယ် …

  • ဆူး

    March 16, 2012 at 2:36 pm

    ဒီတခါ ခရီးသွားတာ မင်းကွန်းတော့ မရောက်ခဲ့ဘူး။
    နောက်ဆိုရင်တော့ ပြည်တွင်းကို အမုန်းသွားဖြစ်မလား မသိဘူး။

Leave a Reply