မြန်မာနိုင်ငံသားတိုင်း ဆောင်ရွက်သင့်သည့်အချက်

kyawt kyawtFebruary 17, 20121min9710
  • မြန်မာနိုင်ငံတော်အလံကို လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်ပြီး ကျွန်မသိတတ်သည့်အရွယ်အထိ တလေးတစား တရိုတသေ ဦးညွှတ်အလေးပြုခဲ့ကြပါသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ထိုအလေ့အထများမှာ ပျောက်ကွယ်သွားခဲ့သည်။ ဒီမိုကရေစီကို လိုချင်သည်ဆိုသော်လည်း မိမိတို့နိုင်ငံ၏ အလံကိုပင် အလေးမပြုနိုင်လောက်အောင် ဖြစ်နေသည်။ ကျွန်မတို့အိမ်အနီးတွင်ရှိသော ရုပ်ရှင်ရုံတစ်ရုံသို့ ညီမများနှင့်မကြာခဏသွားရောက်ကြည့်ရှုသည့်အခါတိုင်း သတိထားမိသည်မှာ ရုပ်ရှင်စပြတော့မည်ဆို သည်နှင့် အလံကို မည်သူကမှ မတ်တပ်ရပ်အလေးပြုခြင်းမပြုကြတော့ပါ။ ရှက်ကြသည်ထင်ပါသည်။ တခါတရံ ကျွန်မနှင့်အတူညီမများသာ မတ်တပ်ရပ်နေပါသည်။ အားလုံးကမူ အစားမပျက်၊ ထိုင်လျှက်မပျက်ကြပါ။ တိုင်းတပါးယဉ်ကျေးမှုတွေကို လိုက်နာနေကြပြီး မိမိတို့ နိုင်ငံကို လေးစားရကောင်းမှန်း၊ လွတ်လပ်ရေးကိုတန်ဖိုးထားရကောင်းမှန်း မသိသည့် ခေတ်ဖြစ်နေသည်။ အဖွားတို့ခေတ်က လွတ်လပ်ရေးမရသေးသဖြင့် အခက်အခဲအမျိုးစုံကြုံတွေ့ခဲ့ရသည်ကို ပြောပြခဲ့သဖြင့် သိရှိခဲ့ရသည်။ လွတ်လပ်ရေးရပြီးသည့်နောက်မှသာ မိမိတို့အလံတော်ကို တိုင်ထိပ်သို့ တင်ခွင့်ရရှိခဲ့ သည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံအလံတော်ကိုတော့ ခေတ်တွေ စနစ်တွေမည်သို့ပင်ဖြစ်စေ တလေးတစား ရှိသင့်သည်ဟု ထင်မြင်မိသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတိုးတက်သည်မှာ ဘာတိုးတက်တာလာသလဲ။ ရိုင်းစိုင်းမှုတွေ၊ ယဉ်ကျေးမှုပျက်ပြားမှုတွေ၊ ဝတ်စားဆင်ယင်မှုပျက်ပြားမှုတွေ၊ စိတ်ဓါတ်ပျက်ပြားမှုတွေသာ တိုးတက်လာသည်။ အဓိက မိဘတွေကလဲ သားသမီးကိုမနိုင်၊ အချို့မိဘတွေအနေဖြင့် သားသမီးကို မဆုံးမသည့်အပြင် မြှောက်ပင့်ပေးကြသည်။ ဆရာ၊ဆရာမများမှ မသင့်တော်သည်များကို ဆုံးမသည်ကို မိဘများမှ ရန်လိုစွာ ပြောဆိုနေသည်ကို ကိုယ်တွေ့ကြုံနေရပါသည်။ လက်ဦးဆရာဆိုသည့် မိဘများအနေဖြင့် ဤကဲ့သို့ဖြစ်နေလျှင် ကျောင်းက ဆရာမများအနေဖြင့် မည်သို့ ဆုံးမပြောဆိုနိုင်မည်နည်း။ ယဉ်ကျေးမှုသင်တန်းများဖွင့်နေသော်လည်း တာဝန်အရသာ တက်ရောက်ကြသည်။ မည်သူမှ မလိုက်နာကြပါ။ မိမိတို့နိုင်ငံယဉ်ကျေးမှုကို လိုက်နာကြရန် မိဘနှင့်ဆရာ၊ဆရာမများမှ ဆုံးမသွန်သင် သင့်သည်ဟု ထင်မြင်မိပါသည်။

10 comments

  • MTY

    February 18, 2012 at 11:15 am

    ပြောရရင်တော့ခက်ပါတယ်ဗျာ။ဗိုလ်ချုပ်အောင်ဆန်းပြောဖူးသလိုပေါ့
    လွတ်လပ်ရေးရပြီဆိုပြီးလုပ်ချင်ရာလုပ်၊အခုလဲဒီမိုကရေစီရပြီဆိုပြီးဘာတွေ
    လုပ်ကျ မလဲ.(မရသေးဘူး)အမှန်ကဒီမိုကရေစီမှာကန့်သတ်ချက်တွေ၊စည်းကမ်းတွေ
    လိုက်နာရမှာတွေအများကြီးရယ်၊လွတ်လပ်စွာပြောဆိုခွင့်(အများကြိုက်တဲ့တစ်ခု)
    ရဲ့နောက်မှာစောင့်ထိမ်းလိုက်နာရမှာတွေ၊စည်းကမ်းတွေ၊အရေးယူခံရနိုင်မှုတွေ
    ကအများကြီးပါ။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:22 am

    သိရင်ပြောကြပါဦးဗျာ
    ရုပ်ရှင်ရုံထဲမှာ ဘာပြုလို ့ နိုင်ငံတော်အလံကို အလေးပြုခိုင်းရတာလဲ ဆိုတာ
    ဟို..အလုပ်တို ့..ရုံးတို ့.ဘာတို ့ညာတို ့မှာ အလေးပြုခိုင်းတာဆို လက်ခံနိုင်သေးတယ်..
    ပြောပြကြဘာဦး..အရပ်ကဒို ့ရေ

    • ညည်းကလည်း ဒါလေးတောင် သိဖူးလားအေ့ … ။
      ရုပ်ရှင်ရုံဆိုတာ မှောင်တယ်အေ့ … ။
      ရုပ်ရှင်ရုံဆိုတာ အတွဲတွေသွားတာ များတယ် မဟုတ်လားအေ့ … ။
      ဒီတော့ မီးပိတ်တာနဲ့ ကိုယ်က မြန်မာနိုင်ငံသား အရှက်တရား ရှိရမယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ အလံကို အလေးပြုခိုင်းတာ ဖြစ်မှာပေါ့ အေ့ … အေ့ … အေ့ … ဝေါ့ …
      😀 😀

      • ဗိုက်ကလေး

        May 12, 2012 at 7:53 pm

        ပေါက်ပြီအူးလေးရေ..ပေါက်ပြီ
        😀

  • etone

    February 18, 2012 at 11:51 am

    kyawt ကို ဒီလိုပေါင်းပုံထောက်လျှင် … ကျွန်မသိတဲ့ အထည်ချုပ်လောကထဲက မကျော့များလား မသိဘူး …

  • MTY

    February 18, 2012 at 3:32 pm

    ဦးစိန်ပေါက်ပေါက်ပြောမှ.ဂရုပြုတယ်..ဟုတ်ပါ့ရုပ်ရှင်ရုံထဲနိုင်ငံတော်အလံအလေးပြုတာ
    ဘယ်တုံးကစပါလိမ် ့မလိုရင်လဲဖြုတ်ပလိုက်ပေါ့ဗျာ။အရေးမှမကြီးတာ.ပျင်းလို့၊ပျော်လို့အချိန်ဖြုန်းဖို့
    ဝါသနာပါလို့ကြည့်တာဘဲ..မလိုပါဘူး..ရုပ်ရှင်မပြခင်အလံတော်အလေးပြုတာဖြုတ်ရန်သင့်ပါကြောင်း၊
    ကျွန်တော့အနေနဲ့တော့..ဘုရားသာနေ့တိုင်းရှိခိုးဖြစ်တယ်..
    အလံတော်အလေးပြုတာ၄-၅နှစ်မှာတစ်ခါတောင်မပြု ဖြစ်ပါ။
    (ဘာအခမ်းအနားမှလဲမတက်တာ)

  • ဟိုအရင် သူများလက်အောက်မှာရောက်နေချိန်က ကိုယ့်နိုင်ငံအလံကိုိုလွှင့်တင်ခွင့်မရှိခဲ့ကြပါဘူး။
    ဒီလို ကိုယ့်နိုင်ငံတော်အလံကို အခုလိုလွှင့်တင်ခွင့်ရအောင် ရဟန်းရှင်လူ ပြည်သူပြည်သား
    ကျောင်းသူကျောင်းသားများစွာရဲ့ အသက် သွေး ချွေး နာကျင်ခံစားမူ့တွေ စည်းလုံးညီညွတ်မူ့တွေကို
    အရင်းတည်လို့ ရအောင် ကြိုးစားခဲ့ကြရပါတယ်။
    ဒါ 1948 ခုနှစ်မတိုင်မီက တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပေ့ါ။
    ဒီလိုအလံလွှင့်တင်ခွင့်ရလာအောင် ကြိုးပမ်းခဲ့ကြသူများကို လေးစားသောအားဖြင့်
    အခမ်းအနားမှာဖြစ်ဖြစ် အပျော်လာကြည့်ကြတဲ့ ရုပ်ရှင်ရုံမှာဖြစ်ဖြစ် မစခင်လေးမှာ
    ဂါရဝပြုကြ တာကို ဆောင်ရွက်ခဲ့ကြပါတယ်။
    ဒါကတော့ ကျနော့်ဆရာတစ်ဦးကပြောပြခဲ့တာကိုပြန်ဖောက်သည်ချတာပါ။
    ကျနော်က တော့ နိုင်ငံကိုဘယ်သူအုပ်ချုုပ်အုပ်ချုပ် နိုင်ငံအလံကို တော့ အလေးပြုမယ်။
    ကျန်တဲ့သူကတော့ လုပ်ချင်လုပ် မလုပ်ချင်နေပေါ့။
    လောကကြီးမှာ ကိုယ့်အယူအဆနဲ့ကိုယ်သွားနေကြတာကိုးဗျာ။
    ကျနော်ဆိုလိုချင်တာကတော့ နိုင်ငံတော်အလံကို အလေးပြုတာဟာ အပိုအလုပ်မဟုတ်ဘူးဆိုတာပါဘဲ။
    လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါကြောင်း………………..

  • Harumoto

    February 18, 2012 at 4:44 pm

    ဟုတ်သေးဘူးလေ……..
    ကျွန်တော်တို့ ငယ်ငယ်ကတော့
    ကိုယ့်နိုင်ငံ အလံ ကိုယ့်လူမျိုးကိုယ့် အစိုးရကို ချစ်တော့
    နိုင်ငံအလံကို အလေးပြုပြီးတော့ နိုင်ငံချစ်ကြောင်းပြပြီး ဂုဏ်ယူကြပါတယ်။
    ဒီ့အရင် နယ်ချဲ့ခေတ်က ယူနီယံဂျက် အလံ (ဗြိတိသျှ အလံ) ကို အလေးမပြုကြတဲ့
    ဗမာတွေ အများကြီးပါ။
    အလေးမပြုလို့ အရေးယူ တဲ့ကိစ္စ တွေတောင် ရှိခဲ့ဘူးတယ်လို့ ကြားဖူးတာဘဲ။
    မ ဆ လ ခေတ်, အခု ပြီးခဲ့တဲ့ စစ်အစိုးရခေတ် မှာတော့
    အစိုးရကို မကြေနပ်တာတွေ ဆန့်ကျင်ကန့်ကွက်ချင်တဲ့စိတ်တွေကြောင့်
    အလံတော်ကို အလေးမပြုကြဘဲ ဆန္ဒပြ ရာကနေ
    ရုပ်ရှင်မပြခင် အလံတော်ကို လစ်လျှူရှုကြတာနေမှာပါ။
    အခုတခါခေတ်ပြောင်းပြန်တော့
    ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့စိတ်ဓါတ်
    နိုင်ငံကိုချစ်တဲ့စိတ်ဓါတ် တိုင်းပြည်ကို မြတ်နိုးတဲ့ စိတ်ဓါတ် တွေနဲ့
    ကျွန်တော်တို့ နိုင်ငံတော်အလံကို အလေးပြု ပြီး ဂုဏ်ယူသင့်ပါပြီ။
    ဒါပေမဲ့
    ဒီ ဝါ စိမ်း နီ အလံကြီးကို နိုင်ငံတော် အလံ ဆိုပြီး အလေးပြုရမှာတော့
    နဲနဲ ဖီးလ် အောက်သလိုလိုဘဲ….

  • “”မြန်မာနိုင်ငံတိုးတက်သည်မှာ ဘာတိုးတက်တာလာသလဲ။ ရိုင်းစိုင်းမှုတွေ၊ ယဉ်ကျေးမှုပျက်ပြားမှုတွေ၊
    ဝတ်စားဆင်ယင်မှုပျက်ပြားမှုတွေ၊ စိတ်ဓါတ်ပျက်ပြားမှုတွေသာ တိုးတက်လာသည်။ အဓိက မိဘတွေ
    ကလဲ သားသမီးကိုမနိုင်၊ အချို့မိဘတွေအနေဖြင့် သားသမီးကို မဆုံးမသည့်အပြင် မြှောက်ပင့်ပေးကြ
    သည်။ ဆရာ၊ဆရာမများမှ မသင့်တော်သည်များကို ဆုံးမသည်ကို မိဘများမှ ရန်လိုစွာ ပြောဆိုနေသည်
    ကို ကိုယ်တွေ့ကြုံနေရပါသည်။ “”
    ဟုတ်ပါတယ်ခင်များ။ထိရောက်စွာဝေဖန်ပေးနိုင်တဲ့ ပို ့စ်တွေထဲကတစ်ခုပါဘဲ။ယနေ ့လူငယ်တွေ တော်
    တော်လေးကို ဉာဏ်ရည်တွေထက်မြက်လာကြသလို၊တဖက်လဲ ပျက်စီးမှုက အတော်လေးဆိုးဝါးလာနေပါ
    တယ်။အမျိုးသားစည်းကမ်းအစ၊စာသင်ကျောင်းက ဆိုတာလဲ မဟုတ်တန်ရာတော့ဘူး။

  • နေဝန်းနီ

    February 18, 2012 at 7:15 pm

    နိုင်ငံတော်သမဒ ကြွချီ အောင်လံတော်ကိုအလေးပြုကြသည်… ဗိုလ်ရှုသဘင် ဆင်ယင်တဲ့အခါညီ…

Leave a Reply