သက်ဆုံးတိုင်အောင် ချစ်ပါ့မယ်……

နတ္ဆိုးေလးFebruary 17, 20121min12012

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
… အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လိုု့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး
“သိပါတယ်… ထပါတော့ လူပျင်းလေးရယ်” လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လု့ိ ပြောခဲ့တယ်။
“တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့” လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း “ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး” လို့
နင် စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း “တစ်ကယ်လား… နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား” လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း
“အဘိုးကြီး… မြေးတွေတောင် ကြီးနေပြီ အပြောက မက်တုန်း” လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး


လွန်ခဲ့တဲ ့အနှစ် ၅ဝ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်… ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။

“ငါ…နင့်…ကို…. ချစ်……တယ်”

ငါ့ဘဝမှာ အပျော်ဆုံးနဲ့ ဝမ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ…။

http://www.facebook.com/htoomon

12 comments

  • water-melon

    February 18, 2012 at 8:32 am

    ဓာတ်ပုံလေးနှစ်ပုံကြည့်ပြီးတော့ ရင်ထဲမှာ တစ်မျိုးခံစားရတယ်ဗျာ
    စိတ်ထဲမှာ လွမ်းတလိုလို ဆွေးတလိုလို
    တစ်နေ့တော့ ကိုယ်လည်း အိမ်ထောင်ကျမှာဆိုတော့
    ဒီတိုင်းဖြစ်ချင်တယ်ဗျာ
    တကယ်တော့ စစ်မှန်တဲ့အိမ်ထောင်ဆိုတာ တစ်ဦးကိုတစ်ဦးနားလည်ခွင့်လွှတ်သင့်တယ်လို့ထင်တယ်
    ဘယ်လိုအကြောင်းကြောင့် မှားမှား တဇွတ်ထိုးမလုပ်ဘဲ အေးအေးဆေးဆေးဖြေရှင်းသင့်တယ်။

    အခုတစ်လော ချစ်သူကိုလွမ်းနေပါတယ်ဆိုမှ
    အလွမ်းတွေ အဆွေးတွေကြည့်ဘဲ
    အသည်းနုတဲ့ ဖရဲသီးပါဆိုမှ
    လွမ်းတယ် ဖြစ်နိုင်ရင်လိုက်သွားချင်တယ်

  • kyeemite

    February 18, 2012 at 9:43 am

    မောင်ဆေတန်ရေ…ဖတ်ရှု့ခံစားသွားပါဂျောင်း။

  • အို အရမ်းကိုခံစားချက်လေးနက်တဲ့ပို ့စ်တစ်ခု၊ပါလားဗျာ။
    တနေ ့မှာ အိုခြင်း၊နာခြင်းကိုရင်ဆိုင်ရမှာဖြစ်ပေမယ့် ခုလို
    သစ္စာရှိရှိ သက်ထက်ဆုံးပေါင်းဖက်ရမယ့် ဘဝလက်တွဲဖော်
    လိုချင်မိပါရဲ့။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:28 am

    အင်္ဂလိပ်ဘာသာနဲ ့ ရှိသလားလို ့ ဇဝေဇဝါဖြစ်မိတယ်
    ဘိုင်သဝေး…
    သေတဲ့ထိ..ချစ်နိုင်ကြပါစေ….လို ့ ပဲ…

  • etone

    February 18, 2012 at 11:47 am

    အနောက်နိုင်ငံမှာတော့ ဘယ်လိုလည်း မသိဘူး .. ဒီနိုင်ငံမှာတော့ …60ကနေ အထက်ကိုပြောပါမယ် … အဲ့ဒီအရွယ်ရောက်မှ … ကိုုယ့်အရိုးတောင် ကိုယ်မသယ်ချင်တော့တာ .. ပွတ်သီးပွတ်သတ်လည်း နေချင်မှာ မဟုတ်တော့ဘူး … ။ အတူတူ တကုတင်အိပ်ဖို့တောင် ကျဉ်းကြပ်သလို ခံစားရမှာပဲ … ။ ချစ်တယ်ပြောဖို့နေနေသာ …. အိပ်ယာခွဲအိပ်တာတောင်များပါတယ် … ပြောရလျှင် တဏှာစိတ်လျော့နည်းသွားတာကို ဆိုလိုပါတယ် .. (ခြောက်ဆယ်အထိ ကဲကောင်းသူတွေလည်း ရှိကေ ာင်းရှိပါတယ် .. ခြွင်းချက်ပေါ့ .. )

    မြင်မိတဲ့ ပတ်ဝန်းကျင် အတွေ့ကြုံအရ … ရေးချလိုက်တာ … မှားတာရှိလျှင် ဝန္ဒာမိ 😀

    • နေဝန်းနီ

      February 18, 2012 at 9:56 pm

      အဲဒိနေရာမှာ ဒေါ်တုန်တို့က လက်တွေ့ဆန်သွားပြန်ပြီ…။ ဟုတ်ပါ့ဗျာ…။ အသက် 60 ကျော်လာပြီဆိုရင် တောရွာတွေမှာ အိပ်ယာခွဲအိပ်တာများလာတာပါ့….။ တဏှာစိတ်လျော့နည်းသွားတယ်ဆိုပေမဲ့ အမျိုးသမီးတွေက ဟုတ်ချင်ဟုတ်မယ်…။ အမျိုးသားတွေကတော့ လျော့သွားတာ မဟုတ်ဘူး…။ အသက်ငယ်တဲ့ မိန်းကလေးတွေကို ချိန်ကြတာ ….။ နီးစပ်ရင် ဖြစ်သွားတာများတယ်…။ တစ်ချို့လည်း တဏှာစိ်တ်လျော့သွားတာ မရှိဘူးမဟုတ်ဘူးရှိပါတယ်…။ ရာနှုန်းနည်းတာပေါ့…။ သားသမီးတွေနဲ့ ဝေးဝေးမှာနေရတဲ့ အဘိုးကြီးတွေဆို သက်တူရွယ်တူ အပေါင်းအသင်းတွေနဲ့ ဆုံရင် သူတို့လည်း ကောင်မလေးတွေ အကြောင်းပြောတာပဲ…။ ခက်တာက မြန်မာပြည်မှာ 70 ကျော်အထိနေရတဲ့ စုံတွဲက ခပ်ရှားရှားရယ်…။

      • ကြောင်ကြီး

        February 18, 2012 at 10:44 pm

        ကြောင်ကြီးကတော့ ကြီးလေချစ်လေပါ။
        ဆိုက်ဒ်ကိုပြောခြင်းဖြစ်၏.. :mrgreen:

  • aye.kk

    February 18, 2012 at 9:00 pm

    ချစ်ခြင်းငယ်ပြိုင်..
    ခိုင်ခိုင်မြဲမြဲ..
    ဆင်နွှဲပျော်မြူး..
    နှစ်ဦးအချစ်..
    အနှစ်မေတ္တာ..
    လျှောက်လှမ်းခါဖြင့်..
    အိုလာသည့်တိုင်..
    မယိုင်မလဲ…
    ဖေးမတွဲကူ..
    တူမျှစာဂ..
    ဘဝနှစ်ခု..
    စိန်ရတုထိ..
    ပြုကြမဏ္ဍိုင်သစ္စာတိုင်။

  • venus lay

    February 18, 2012 at 10:11 pm

    အဲ့ဒီ့ကဗျာလေး များကိုရောင်းပါလားဟင်…

  • ဖိုးအာလူး

    February 18, 2012 at 10:27 pm

    များ အတွက်ဆို ဒါ့လိုမျိုး အများဂျီး စပ်ဆို သီကုန်းပေးပါ့မယ် … အဟိ .

Leave a Reply