သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရ ဖြေရှင်းနိုင်ပါစေ။

the bestFebruary 17, 20121min1029

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်း က တင်သွင်းသော နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြှင့်ပေးရေးအဆိုကို

သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရကလက်မခံဘဲ ပယ်ချလိုက်ပါပြီ။

နိုင်ငံအတွက်  ပြည်သူ့အတွက် များစွာသော နစ်နာ ဆုံးရှုံးမှု တွေ မကြုံတေအောင်

သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရက ဘာလုပ်ကြမှာလဲ စဉ်းစားဖို့ လိုအပ်လာပါပြီ။

လစာတိုးပေးသည့် နည်းလမ်းတခုတည်းဖြင့်ဝန်ထမ်းများကို စီးပွားရေး ပြေလည်လာ အောင်မလုပ်ပေးနိုင်ဘူးဆိုတာ လက်ခံ ပါတယ် ။

မြန်မာပြည်သူတွေဟာ လက်ရှိကုန်ဈေးနှုန်း ဒဏ်ကို ခံနေကြရပါတယ် ။

ငွေကြေး မဖောင်းပွအောင်…ကုန်ဈေးနှုန်း မတက်အောင်…ပြဿနာတွေ အားလုံး ဖြေရှင်းနိုင်မှသာ

အမျိုးသား အကျိုးစီးပွားကို ကာ ကွယ် နိုင်ပါ မယ်။

လောလောဆယ် ပြည်သူ နှင့် နိုင်ငံဝန်ထမ်းတွေဟာ စနစ်ရဲ့ သားကောင်ဖြစ် နေကြရ ပါတယ်။

ဒီအခြေအနေများကြောင့် လာဘ်ပေး၊ လာဘ်ယူတွေ.. နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်း ကြားပွဲစား တွေ.. စီးပွားရေး  လက်ဝါးကြီးအုပ်တွေ နည်းလမ်းမျိုးစုံသုံးပြီး အကျင့်ပျက် စာရိတ္တတွေ ပျက် လာကြတယ်။

ဒီဟာတွေကို မတိုက်ဖျက်ဘဲ နိုင်ငံတော်အပိုင်းက စီးပွားရေး ပြေလည်လာအောင် မလုပ်ပေးနိုင်ပါဘူး။

နိုင်ငံတော် အကျင့်ပျက် များနှင့် စီးပွားရေးလက်ဝါးကြီးအုပ်  ဝိသမလောဘသားတို့  သူ့ဘက် ကိုယ့်ဘက် မျှမျှတတ အပြန်အလှန်လည်း စဉ်းစားကြည့် ပြီး လုပ်ဆောင်ပေးကြပါ ။

မြန်မာပြည်သူူတွေ ကံကောင်း ကြပါစေ။ ကုန်ဈေးနှုန်းကျ ပါစေ။

သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရ ဖြေရှင်းနိုင် ပါစေ။

9 comments

  • nigimi77

    February 18, 2012 at 1:18 am

    Bold ကြိုက်တဲ့ Best ရေ

    ၂ ပိုစ့်မြောက် Bold တွေရဲ ့ ရည်ရွယ်ချက်ကိုလဲ ရှင်းပြပါဦး 🙂

  • the best

    February 18, 2012 at 1:50 am

    မြန်မာပြည်သူူတွေ အောင် ပါစေ။
    မြန်မာပြည်သူူတွေ အောင် ပါစေ။
    မြန်မာပြည်သူူတွေ အောင် ပါစေ။

  • Khin Latt

    February 18, 2012 at 4:33 am

    ရည်ညွှန်းချက်လေးကို တကယ်ဘဲ သဘောကျပါတယ်။
    All the best !!!! 🙂

  • MTY

    February 18, 2012 at 9:10 am

    ငွေကြေးဖောင်းဖွမှုနဲ့ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကအချမ်းသာဆုံးနိုင်ငံ
    တွေတောင်ြံကုံတွေ့နေရတာပါ။ဒါပေမဲ့သူတို့နေနေနိုင်တာကဝင်ငွေနဲ့
    ထွက်ငွေလုံလောက်နေလို့ပါ။အခု@The Bestရဲ့POSTကိုသဘောကျတယ်။

    “မြန်မာပြည်သူူတွေ ကံကောင်း ကြပါစေ။ဝင်ငွေနဲ့ထွက်ငွေမျှတအောင်ဖြစ်ပါစေ။
    သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရ ဖြေရှင်းနိုင် ပါစေ။”

  • kyeemite

    February 18, 2012 at 9:38 am

    မြန်မာပြည်သူူတွေ ကံကောင်း ကြပါစေ။ ကုန်ဈေးနှုန်းကျ ပါစေ။x၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
    ဆုတောင်းဝင်ပေးသွားပါဂျောင်း…

  • လောလောဆယ်ထိမှာတော့ ဦးသိမ်းစိ်လဲ မကယ်နိုင်သေးပါဘူး။
    အခြေခံပြည်သူတွေတော့ နာနေစမြဲပါဘဲ။ဆက်သာလုပ်ပါ၊အား
    လုံးဘဝတွေ အဆင်ပြေစေဖို ့ရာ အစိုးရကောင်းတရပ်ပေါ်ပေါက်ပါစေ။

  • ဆူး

    February 18, 2012 at 11:13 am

    အမှန်တော့ ဝန်ထမ်းတွေ တချို့နေရာမှာလည်း ပုံနေသလို တချို့ ဌာန တွေမှာလည်း လူမလောက်တာတို့ ဘာတို့ ဖြစ်တယ် ဆိုပြီး ပြောသံကြားတယ်။
    ဖြုတ်ထုတ်သတ်.. ရာထူးတိုး စာမေးပွဲ လစာတိုး ဖြေခိုင်းပြီး ထုံထိုင်းထိုင်းတွေ သနားလို့ မဖြုတ်ရင်တောင် မတိုးပဲထား.. အဲလို ဖြစ်ရင်တော့ တကယ် လုပ်တဲ့ သူတွေ အကျိုး ပိုရှိမလား လို့ တွေးမိတယ်။

    အခုတောင် လစာ တိုးမယ် ဆိုတာနဲ့ ရွှေဈေးတွေ ထိုးတက်သွားတယ်။ ကမာ္ဘရွှေဈေးတွေက ကျနေတာပဲဟာ။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:34 am

    အောင်ပါစေ.
    အောင်ကြပါစေ.
    အောင်နမောမေတ္တာဝေ

  • MTY

    February 18, 2012 at 12:02 pm

    ဝန်ထမ်းတွေဖြုတ်၊ထုတ်၊သတ်လုပ်သင့်တာကြာပေါ့။

Leave a Reply