ချစ်မေတ္တာတရားတွေနဲ့ ယောက်ျားချင်းနမ်းနေကြတဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ

Wai PhyoeFebruary 18, 20121min23211
ဒီလိုအနမ်းလေးတွေနဲ့ဗာတီကန်က တရားစွဲဆိုမှုတော့ ပြုလုပ်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်တာနဲ့ တပြိုင်တည်း အီတလီ ဖက်ရှင်ကုမ္ပဏီ ဘန်နက်တန်က ပြီးခဲ့တဲ့ရက်ကမှ စတင်ကြော်ငြာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ အီဂျစ်နိုင်ငံက အစ္စလာမ်ဘာသာရေးခေါင်းဆောင် ရှိတ်အာမ် မိုဟာမ်မက် တို့နှစ်ယောက် နှုတ်ခမ်းချင်းနမ်းရှိုက်နေတဲ့ ပိုစတာနဲ့ ဓါတ်ပုံတွေကို ဒီကနေ့မှာပဲ အကုန်လုံး ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

 

 

 ဘန်နက်တန်ကတော့ အဲဒီကန်ပိန်းကြော်ငြာပုံတွေက မုန်းတီးမှုတွေကို ဆန့်ကျင်တွန်းလှန် တိုက်ဖျက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကုမ္ပဏီရဲ့ခေါင်းဆောင် အလက်ဇန္ဒရို ဘန်နက်တန်က “အနမ်းဆိုတာက ချစ်ချင်းမေတ္တာရဲ့ သင်္ကေတဆိုတာ တကမ္ဘာလုံးကလူတွေသိပါတယ်၊ ကျနော်တို့အဓိကပေးချင်တဲ့ သတင်းစကားက ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆွေတွေကြားမှာ အပြန်အလှန် ချစ်ခြင်းမေတ္တာတရားတွေ ထားရှိကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုဖြန့်ချီရတာဖြစ်တယ်” လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးတို့ နမ်းရှိုက်နေတဲ့ပုံကိုတော့ အီတလီနိုင်ငံရဲ့မြို့တော် ရောမမြို့ထဲက တံတားပေါ်မှာ လွင့်ထူချိတ်ဆွဲထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုပဲ တခြားကမ္ဘာကျော် ခေါင်းဆောင်တွေ နမ်းရှိုက်နေကြတဲ့ပုံတွေကိုလည်း အီတလီနိုင်ငံရဲ့ တခြားမြို့တွေမှာ ချိတ်ဆွဲခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

အဲဒီပုံတွေထဲကမှ မီလန်မြို့မှာဆို အမေရိကန်သမ္မတ အိုဘားမားနဲ့ ဗင်နီဇွဲလားသမ္မတ ဟူဂိုရှာဗဲစ်၊ ပြီးတော့ အိုဘားမားနဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နယ်တန်ယာဟုနဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘာ့စ်၊ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျူံအီနဲ့ တောင်ကိုးရီးယားသမ္မတ လီမြူန်ဘာ့ခ်တို့ နမ်းရှိုက်နေတဲ့ပုံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကတော့ အခုလိုမျိုး လေးစားရတဲ့ အစ္စလာမ်ခေါင်းဆောင်တဦးရဲ့ပုံကို ဒီလိုအသုံးချတာဟာ တာဝန်မဲ့ရာကျတဲ့ လုပ်ရပ်တခုလို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လို့ တရားစွဲဖို့ဆိုတာမျိုးကိုတော့ ဘာတစ်ခုမှ ထုတ်ဖော်မပြောခဲ့ဘူးလို့ ဆိုပါတယ်။

အခုခါမှာ ပုပ်ရဟန်းမင်းကြီးနဲ့ ရှိတ်အာမ် မိုဟာမ်မက်တို့ နမ်းရှိုက်နေတဲ့ပုံကိုတော့ ဖြုတ်ချလိုက်ပြီဖြစ်ပေမယ့် ကျန်တဲ့ပုံတွေကိုတော့ ဆက်လက်ကြော်ငြာထားဆဲဖြစ်တယ်လို့ သိရပါတယ်။

11 comments

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:26 am

    လာထား.အာဘွား..ဆိုပါကလား…

    များကတော့
    ဝေ့ါ ပဲ

  • water-melon

    February 18, 2012 at 11:29 am

    အမလေး ရွံစရာကြီးဟယ်
    အပေါ်က တောင်မ အခုမှဘာရှက်တာလဲ

  • Wai Phyoe

    February 18, 2012 at 11:35 am

    ပာုတ်တယ်ဗျ သားသားတို့တိုင်းပြည်က ဦးဦးသိန်းစိန်ကော KNU ခေါင်းဆောင်နဲ့ဘယ်တော့ အာဘွားမှာလဲပာင်……………..

  • Burmese or Chinese

    February 18, 2012 at 12:30 pm

    လာထား..အာဘွား………ဘွား….

  • ကြောင်ကြီး

    February 18, 2012 at 12:37 pm

    တော်သေးတာပေါ့ကွာ တယောက်ကိုတယောက် ထောက်နေတဲ့ပုံတွေ မလုပ်ထားပေးလို့…။ ယနေ့ခေတ်ကမာ္ဘကြီးမှာ သောက်ဖြစ်သဲနေသူ နှစ်လိုင်းရှိတယ်။ ဘယ်ဒူတွေလည်း တိလား… အစ္စလာမ်မစ်အစွန်းရောက် နဲ့ အခြော်တကောက်တွေ…။ 😆

  • Harumoto

    February 18, 2012 at 2:36 pm

    kiss me kiss me.. ဟာ ဟ
    ပြီးတော့ ဘာလုပ်ကြမလဲဟင်..

  • ပြီးတော့ ကုမ္ပဏီရဲ့ခေါင်းဆောင် အလက်ဇန္ဒရို ဘန်နက်တန်က “အနမ်းဆိုတာက ချစ်ချင်းမေတ္တာရဲ့
    သင်္ကေတဆိုတာ တကမ္ဘာလုံးကလူတွေသိပါတယ်၊ ကျနော်တို့အဓိကပေးချင်တဲ့ သတင်းစကားက
    ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆွေတွေကြားမှာ အပြန်အလှန် ချစ်ခြင်းမေတ္တာ
    တရားတွေ ထားရှိကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုဖြန့်ချီရတာဖြစ်တယ်” လို့ ဆိုပါတယ်။
    တမျိုးကြီးနော် ပုံကိုကြည့်ရတော့။စိတ်ထဲမှာပါ။

  • ငပွကြီး

    February 18, 2012 at 8:57 pm

    ဟေဟေ့…တွေးကြည့်တာနဲ့တင် ကြက်သီးတောင်ထတယ်..
    သူ့နူတ်ခမ်းမွေးတွေလဲ စူးတူးစူးတူးနေဦးမယ်..

  • windtalker

    February 18, 2012 at 9:14 pm

    တို ့ဂေဇက် က ဦးကြောင်ကြီး နဲ ့မာမီပု တို ့လဲ ၊ တစ်ယောက်ကိုတစ်ယောက် ကစ်ဆင်းနေတဲ့ပုံ အမြန်ဆုံး တင်ပေးပါဗျို ့

    • ကြောင်ကြီး

      February 18, 2012 at 10:19 pm

      ကျုပ်သူ့ကို ဘတ်စ်ကားပေါ်မှာ ထောက်ထားတဲ့ပုံ ရှိတယ်။ အဲတုန်းက ကိုပုတို့များ ကုန်းကုန်းကြီးနဲ့ မျက်လုံးလေးကို စင်းလို့…။ ကျုပ် မှတ်တိုင်ရောက်လို့ဆင်းရော သူလည်း မှောက်လျက်ထိုး လဲတာပဲ။။။။

  • venus lay

    February 18, 2012 at 10:10 pm

    တင်ပေးမယ်..တင်ပေးမယ်..မကြာမီလာမည်..မျှော်……….

Leave a Reply