ဒီနေ့ထုတ် VOICE ဂျာနယ် မှာ ပါတဲ့ စိတ်ဝင်စားစရာ သတင်းလေးတစ်ခုပါ။
သတင်းခေါင်းစဉ်က
အငြင်းပွားနေသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း ၄ ဆက်လက် လုပ်ဆောင်မည်ဟု ဇေကမ္ဘာ ဆို
တဲ့။
သတင်းအပြည့်အစုံကို ရေးမပြတော့ပါဘူး။
အဲဒီ စက်မှုဇုန် အပိုင်း၎ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းလုပ်ဆောင်မှု ရပ်ဆိုင်းထားရန် တရားဝင် သတင်းထုတ်ပြန်ထား
တယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကို ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ ရပ်ဆိုင်းဖို့ တစ်စုံတစ်ရာ ညွှန်ကြားထားတာ မရှိသေးဘူး။ ဒါက နိုင်ငံတော်စီမံကိန်းပါ။
နိုင်ငံတော်ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆက်လုပ်သွားမယ်

လို့ ဇေကမ္ဘာ ဘက်က ဆိုပါတယ်တဲ့။
အဲဒါနဲ့ ပတ်သက်ပြီး
ရပ်ဆိုင်းဖို့ သတင်းထုတ်ပြန်ထားတာကို ဆက်လက်လုပ်ဆောင်ရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အရေးယူသွားမယ် ဟု
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးဥာဏ်ထွန်းက ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် ပြောကြားပါတယ်တဲ့ ခင်ဗျာ။
ဆိုတော့ အဲဒီသတင်းမှာပါတဲ့ စက်မှုဇုန် အပိုင်း၎ နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့နဲ့
ဇေကမ္ဘာနဲ့ ထိပ်တိုက်တွေ့နေပုံရပါတယ်။
ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို စိတ်ဝင်စားနေမိပါတယ်။
အခန်းဆက်စီးရီးကြီးဖြစ်သွားမလား တစ်ကားတည်းနဲ့ပြီးသွားမလား စောင့်ကြည့်ရမယ်ဗျို့။

black chaw

About black chaw

black chaw has written 332 post in this Website..