စောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်

black chawFebruary 18, 20121min25619

ဒီနေ့ထုတ် VOICE ဂျာနယ် မှာ ပါတဲ့ စိတ်ဝင်စားစရာ သတင်းလေးတစ်ခုပါ။
သတင်းခေါင်းစဉ်က
အငြင်းပွားနေသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း ၄ ဆက်လက် လုပ်ဆောင်မည်ဟု ဇေကမ္ဘာ ဆို
တဲ့။
သတင်းအပြည့်အစုံကို ရေးမပြတော့ပါဘူး။
အဲဒီ စက်မှုဇုန် အပိုင်း၄ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းလုပ်ဆောင်မှု ရပ်ဆိုင်းထားရန် တရားဝင် သတင်းထုတ်ပြန်ထား
တယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကို ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ ရပ်ဆိုင်းဖို့ တစ်စုံတစ်ရာ ညွှန်ကြားထားတာ မရှိသေးဘူး။ ဒါက နိုင်ငံတော်စီမံကိန်းပါ။
နိုင်ငံတော်ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆက်လုပ်သွားမယ်

လို့ ဇေကမ္ဘာ ဘက်က ဆိုပါတယ်တဲ့။
အဲဒါနဲ့ ပတ်သက်ပြီး
ရပ်ဆိုင်းဖို့ သတင်းထုတ်ပြန်ထားတာကို ဆက်လက်လုပ်ဆောင်ရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အရေးယူသွားမယ် ဟု
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဉာဏ်ထွန်းက ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် ပြောကြားပါတယ်တဲ့ ခင်ဗျာ။
ဆိုတော့ အဲဒီသတင်းမှာပါတဲ့ စက်မှုဇုန် အပိုင်း၄ နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့နဲ့
ဇေကမ္ဘာနဲ့ ထိပ်တိုက်တွေ့နေပုံရပါတယ်။
ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို စိတ်ဝင်စားနေမိပါတယ်။
အခန်းဆက်စီးရီးကြီးဖြစ်သွားမလား တစ်ကားတည်းနဲ့ပြီးသွားမလား စောင့်ကြည့်ရမယ်ဗျို့။

19 comments

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:54 am

    ဥပဒေအထက်မှာ မည်သူမှမရှိစေရ ဆိုတာပဲသိတယ်
    ကျန်တာ ဘာဘာ ဘာမှ မသိ

    • စိန်ပေါက်ပေါက်

      February 18, 2012 at 12:00 pm

      ဪ..
      မေ့တွားလို ့
      လက်မလေးတစ်ချောင်းထောင်ပြီး ဖတ်သွားပါတယ် ဘဘကြီးချင့်

      • စိန်ပေါက်ပေါက်

        February 18, 2012 at 12:11 pm

        အရေးထဲ လက်မထောင်ပါမယ်ဆိုမှ လက်တွေက ပျောက်နေလို ့
        ပေါ်လာမှ လာပြန်ထောင်ပေးပါ့မယ်နော်..
        အကြွေးမှတ်ထားပေးပါ

  • blackchaw

    February 18, 2012 at 12:02 pm

    ဥပဒေရဲ့ အထက်ကကောင်တွေလည်း မီးဒုတ်ပဲ။
    ဘာမှ မသိဘူးဆိုရင်လည်း မီးဒုတ်ပဲ။
    လက်မထောင်ဖို့ မေ့သွားရင်လည်း မီးဒုတ်ပဲ။
    အာ…မီးဒုတ်မီးဒုတ် ရှို့ ရှို့။

  • windtalker

    February 18, 2012 at 12:56 pm

    အကိုကြီး ပြောသလိုပါဘဲ ။ ဒီကိစ္စမျိုးက စိတ်ရှည်ရှည် နဲ ့စောင့်ကြည့်ရတဲ့ အမျိုးဆိုတော့… ဆက်လက်ရန်ပေါ့ဗျာ ။
    လေးစားပါတယ် အကိုကြီး

  • nozomi

    February 18, 2012 at 1:18 pm

    သတင်းထောက်ကြီးချော တကယ်တော်တယ် ဗျာ
    ကျွန်တော်လက်မလေးတွေ လိုက်စုနေလို့ နဲနဲနောက်ကျသွားတယ်
    မီးဒုတ်တော့ ရှို့ပါနဲ့နော
    နောက်ဆက်တွဲလေးလဲ သိရင်ထပ်တင်ပေးပါဦးနော
    သတင်းထောက်ကြီးက လက်တံရှည်တဲ့သူမို့ အားတိုးလို့ တောင်းဆိုတာပါ
    ဒီသတင်းက လယ်သမားတွေက ပွဲတိုင်းကျော်ကြီးကို တရားစွဲမယ် ဆိုတာနဲ့ တူတူပဲလား

  • manawphyulay

    February 18, 2012 at 1:38 pm

    အင်း စောင့်မကြည့်လို့တော့မရဘူးပေါ့… ဒီတော့ စောင့်ပဲကြည့်ရတော့မှာပေါ့။

  • jujuma

    February 18, 2012 at 3:01 pm

    စောင့်ပီးတော့ ကြည့်မနေနဲ့လေ ဗျာ…ဟီးးး
    အေးအေးဆေးဆေးလေး လက်ပိုက်ပီး ကြည့်နေလိုက်ရုံ ပါပဲ …
    ဟုတ်တယ်ဟုတ် …

  • စိန်ပေါက်ပေါက်

    February 18, 2012 at 3:08 pm

    ကဲ..ကဲ..
    စောင့်ကြည့်ကြပါစို ့

  • Diamond Key

    February 18, 2012 at 4:06 pm

    ကိုချောရေ။ အဆုံးသတ်ရဲ့ ရလဒ်လေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်ဗျာ။ 😛
    ဇေကြီးနဲ့ ဆွေကြီး လာလေ့ …………….. တစ်ချီတစ်မောင်း၊
    ဟိုမောင်လို .. xxx ကြီးနဲ့ ထုတ်မချိန်ကြရင် ပြီးတာပါပဲဗျာ။ :mrgreen:

  • Harumoto

    February 18, 2012 at 5:11 pm

    အင်း မီးလဲ စောင့်ဖတ် ပါမယ်တော်…..

  • htoosan

    February 19, 2012 at 9:52 am

    တွေးမိတာလေးပေါ်လာလို့ .။။ ဒေါက်တို လူလည်ကျပြီထင်တယ် ။။
    သတင်းတစ်ခုမှာ အိုးအိမ်နဲ့ လုပ်ရတဲ့ စီမံကိန်းပါ ။ သူကနေ လယ်သမားများမနစ်နာအောင် ငွေဝင်ပေးတာပါ အိုးအိမ်အတွက် လုပ်ပေးရမှာပါ ဆိုပြီး ဖတ်လိုက်ရတယ်…… ဆိုတော့….
    အိုးအိမ်နဲ့ ပူးပေါင်းစည်မံကိန်းက အများအားဖြင့် သူတဝက်ကိုယ်တဝက် ..
    သူရမဲ့ မြေနေရာတွေ ကအားလုံးရောင်းပြီး သွားပြီး အိုးအိမ် အတွက်က ခုမှ စဖော်ရင် ….
    လယ်သမားတွေက ကန့်ကွက် လို့ ရန်ကုန်တိုင်းက ပြည်သူတွေ အတွက်ပါဆိုပြီး .. အမှတ်ယူ .. ရပ်ခိုင်း..
    ရန်ကုန်တိုင်းက ရပ်ခိုင်းလို့ ရပ်ပါတယ် ဆိုပြီး ဇေကမ္ဘာက အိုးအိမ်အတွက်သူလုပ်ပေးရမှာကို မလုပ်ပေးတော့ဘဲ ရပ် …. ဂွပ် .. ဘာမှ ပြန်မလုပ်ပေးရဘဲ သူက သူ့အတွက် ရမဲ့ ကိုတာတွေ အပိုင်သိမ်း ….ငြိမ်း စေသတည်း ……။။။။

  • kotun winlatt

    February 19, 2012 at 9:56 am

    ဟုတ်…..ဆက်လာမည့်..သတင်းးတွေကို…
    စောင့်လည်းကြည့်မည်…
    လက်ပိုက်ပြီးလည်းကြည့်မည်….
    နားးးလည်းးစွင့်နေပါမည်…..။

  • the best

    February 19, 2012 at 10:37 am

    စီမံကိန်း ဆိုပြီး အကျင့်ပျက်၊ စာရိတ္တပျက်တဲ့ ဝန်ထမ်းတွေ လုပ်စားနေပါ
    စီမံကိန်းလာဘ်ငွေ တွေက စီမံကိန်းအကုန်အကျငွေ တွေထက် ပို ပါတယ်။
    နိုင်ငံအတွက် များစွာ ထိခိုက်နေပါတယ်။

  • Thel Nu Aye

    February 19, 2012 at 4:18 pm

    သတင်းထောက်တွေကို ဦးခင်ညွန့် နဲ့လစာ ဒေါ်လာ ၅၀၀ဝ အကြောင်းသတင်းစာ ရှင်းလင်းပွဲလုပ် မယ်လို့ခေါ်ပြီး ရောက်မှအခန်းပိတ်ပြီးဒီကိတ်စရန်ထောင်လို့ သတင်းထောက်တွေဒေါဖောင်းနေ တယ်လို့ကြားတယ်။ ပြောတာဆိုတာ တော်တော်လူပါးဝဆိုပဲ။

  • ဆူး

    February 19, 2012 at 5:40 pm

    ငွေရောင် ပိတ်ကားမှာ ဆက်လက် ရှုစားရမှာပေါ့။
    စောင့်တော့ ကြည့်ရမှာပဲလေ။

  • mg mg

    February 20, 2012 at 10:26 am

    ပြောင်းလဲကာစ မကြာသေးဘူးဆိုတော့လဲ ဒီလောက်တော့ ရှိမှာပေါ့လေ၊
    သူတစ်လူ ငါတစ်မင်း၊ ဥပဒေလား သူဖျားနေတယ်။
    နှစ်နှစ်ဆယ်ကျော် ဆိုတော့လဲ၊ လဲလဲလဲပေါ့

Leave a Reply