မြန်မာတို့ရဲ့ နိုင်ငံကူးလက်မှတ်အသစ်

kaiJanuary 16, 20101min980

ဗွိုက်ဂျာနယ်အဖုံးမှာ အောက်ကသတင်းကိုဖတ်ရတာပါ။ ပတ်စပို ့Sampleမမြင်ဖူးတာမို ့ဘယ်လိုလဲမသိရပေမဲ့ နို်င်ငံတကာတွေရဲ့အတိုင်း ပုံစံတူဘားကုဒ်စံနစ်ဖြစ်ဖို ့များပါတယ်။
နာ;လည်သလောက် သံလိုက်ကြိုး( ဗီဒီယို တိတ်ပ်ကြီုး) လိုမျိုး(ဒါမှမဟုတ်) ချစ်ပ်အထဲထဲမှာ ဒေတာတွေကို ဒစ်ဂျစ်တယ်စံနစ်နဲ့ထည့်ထားပြီး ဖတ်တဲ့စက်(စကင်နာ)နဲ့ဖတ်ရင် ဒေတာတွေကို ကွန်ပျူတာမှာ ပြပေးတာဖြစ်ပါတယ်။ ဒါ့အပြင် မြင်ရတဲ့ ဘားကုဒ်လို စာတွေ ပတ်စပို့မှာ ပုံနှိပ်ထားပြီး စကင်န်နာနဲ့ဖတ်ရင် ဒေတာတွေ ကွန်ပျူတာ မှာသွားပေါ်မှာမျိုးလည်း တွဲပြီးပေးထားပါတယ်။ အမေရိကန်ပတ်စပို ့မှာ ပါသလိုပေါ့။
ဆိုတော့..

ဒီစံနစ်အရ အသုံးပြုရင် ကွန်ပျုတာ ကွန်ယက် ချိပ်ဆက်ထားတဲ့အထဲ လေဆိပ်ကဖတ်တဲ့ကွန်ပျူတာကနေ အလွယ်တကူတင်ပေးလိုက်နိုင်ပြီး ဗီဇာစံနစ်ကိုပါချိပ်ဆက်ထားရင် မိန်းဖရိန် ဒေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆိုင်ရာ ပတ်စ်ပို ့ကိုင်ဆောင်သူရဲ့ အချက်အလက်အကုန်သိနိုင်မယ်ဖြစ်ပါတယ်။အရင်တုံးက ဝင်တာထွက်တာတွေ၊ နေရပ်တွေ၊ မိဘအမည်တွေ စသဖြင့် ဆိုလိုတာပါ။
ဆိုတော့ ..
အရင်လို မြန်မာပြည်ကိုလေဆိပ်ကဝင်ရင် ဆိုင်ရာလေဆိပ်အပေါက်က လူဝင်မှုကြီးကြပ်ရေး၊ ကတ်စတန်၊ ထောက်လှမ်းရေး၊ လေတပ်၊ အက်စ်ဘီ၊ စတာတွေနဲ့ ပိုင်ရင်ပိုင်သလို ဝင်တာတွေ ဘာတွေလုပ်ဖို ့မဖြစ်နိုင်သလောက်ခက်သွားပါမယ်။
ဘာဖြစ်လို ့လည်းဆိုတော့ ပတ်စပို ့ကို စကင်န်လုပ်လိုက်ရင် ဒေတာတွေက ဆိုင်ရာမိန်းဖရိန်မှာ သွားပေါ်နေမှာမို ့ပါ။မိန်းဖရိန်ကို နေပြည်တော်လိုနေရာကနေလည်း ဝင်နိုင် ဖတ်နိုင်မှာမို ့အဲဒီကလည်း သိနေပါလိမ့်မယ်။
အဲဒါကို နေရှင်နယ်အဆင့် အိုင်ဒီ(မှတ်ပုံတင်) ဌာနနဲ့ ချိပ်ထားရင် ဆိုင်ရာ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ အသေးစိတ်သိသွားဖို ့တော်တော်လေးသေချာပါတယ်..။
လုံခြုံရေးအဆင့်အနေနဲ့ကြည့်ရင် တော်တော်လေး ကောင်းပါတယ်။ အမေရိကန်လိုနိုင်ငံမှာတောင် မလုပ်နိုင်သေးတာတွေ လုပ်လို ့ရသွားနိုင်ပါတယ်။
လိုနေတာက ဆိုင်ရာ မြန်မာနိုင်ငံသားတွေရဲ့ ကရက်ဒစ်ဟစ်စရီလိုမျိုး မြန်မာပြည်မှာ မရှိသေးတာပါပဲ။ ဆိုတော့ ငွေကြေးကိစ္စတွေနဲ့ဆိုင်တာတွေ မသိနိုင်သေးဘူးပေါ့။

နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ အလွယ်သိနားလည်ဖို ့ အတွက် သတင်းကိုချဲ့ရေးကြည်လိုက်တာပါ။အောက်မှာ မူရင်းသတင်းပါ။
============

ဘားကုတ်စနစ်သုံး နိုင်ငံကူးလက်မှတ်သစ်နှင့် ပြည်ဝင်ခွင့်ဗီဇာများ ဧပြီလတွင် စတင်ထုတ်ပေးမည်

Passport မှာကပ်ထားတဲ့ ဓါတ်ပုံအောက်မှာ ဘားကုတ်စနစ်ကို ထည့်ပေးထားပါတယ်။ စက်ထဲကို ထည့်လိုက်တာ နဲ့ ကာယကံရှင်ရဲ့ ကိုယ်ရေးအကျဉ်း၊ ဘယ်နိုင်ငံကထုတ်ပေးလိုက်တာ၊ သက် တမ်းဘယ်လောက်ရှိတယ်၊ Passportအမှတ်စဉ်ကအစ အားလုံးအသေးစိတ် ပေါ်လာမှာပါ” ဟု အဆိုပါတာဝန်ရှိသူ က ရှင်းပြသည်။
နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးရာတွင် ကွန်ပျူတာ စနစ်သို့ ပြောင်းလဲအသုံးပြုရန်အတွက် စကြ်ဖင့်ဖတ်ရှုနိင်သော ခရီးသွားအထောက် အထားများဆိုင်ရာ စီမံကိန်းအတွက် လိုအပ်သောစက်ပစ္စည်းများကို ဇန်နဝါရီ လ ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားမြို့ပြလေကြောင်း လုံခြုံရေး ကော်မတီက တင်ဒါခေါ်ယူ ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့် ဗီဇာများကို စနစ်သစ်ဖြင့် ထုတ်ဝေမည် ဖြစ်သော်လည်း ယင်းကာလမတိုင်မီ ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ် နှင့် ဗီဇာများမှာမူ မူလသက်တမ်းအတိုင်း ရှိမညြ်ဖစ်ကြောင်း နိုင်ငံတော်နိုင်ငံကူးလတ်မှတ်ထုတ်ပေးရေးအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly