ဉာဏ်စမ်းလေးတွေ ဖြေကြည့်ရအောင်

manawphyulayFebruary 18, 20121min31922

နည်းပညာတွေ တိုးတက်လာနေပြီဆိုတော့ သိချင်တာလေးတွေလည်း များပြားလို့လာပါတယ်။ ဒါကြောင့် သိချင်တာလေးတွေ မေးမြန်းစပ်စုလိုက်ပါတယ်။ ဖြေပေးပါဦးနော်။
ဒီနေ့ခေတ်မှာ အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးတွေအဖြစ် ယခုအချိန်အထိ ရပ်တည်နေကြတဲ့ Cisco/ Microsoft/ Apple/ IBM စတဲ့ ကုမ္ပဏီကြီးတွေက ဘယ်လိုထုတ်ကုန်တွေနဲ့ စပြီး လုပ်ကိုင်ခဲ့ကြသလဲဆိုတာကို သိချင်မိတယ်။ ဒီနေ့အချိန်မှာ ရှေ့ဆုံးမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ ထုတ်ကုန်တွေနဲ့ ကွဲပြားခြားနားတာတွေလည်း ရှိနိုင်တယ်။ အစဉ်တစိုက် စထုတ်ခဲ့တဲ့ ထုတ်ကုန်ကို အခြေခံထားတဲ့ ထုတ်ကုန်တွေနဲ့လည်း ရှိနိုင်တယ်ပေါ့။ ဒီတော့ သိနေရင် ဖြေကြည့်ပေးပါနော်။

၁။ Cisco ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။

၂။ Microsoft ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၃။ HP ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၄။ AT & T ရဲ့ ပထမဆုံးထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၅။ IBM ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၆။ Apple ရဲ့ ပထမဆုံး ထုတ်ကုန်ကဘာဖြစ်ပါသလဲ။

၇။ Iron Mountain ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၈။ Dell ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၉။ Intel ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၁၀။ Oracle ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၁၁။ Sun Micrisystem ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၁၂။ EMC ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။

၁၃။ မြန်မာနိုင်ငံမှာ ပထမဆုံး ကွန်ပျူတာသင်တန်းကျောင်းက ဘာဖြစ်ပါသလဲ။

22 comments

  • စိန်ပေါက်ပေါက်

    February 18, 2012 at 3:13 pm

    တိဘူး..တစ်ခုမှ
    များတို ့က အူးတို ့လို ဘရန်းကြက်ပေါင်းရည်မသောက်နိုင်တော့ ဉာဏ်တိမ်တယ်
    ဒါဗျဲ

  • မေးခွန်း (၁) နှင့် (၂) အား သဂျီးမှ လူကြီးပီပီ ဖြေပေးပါလိမ့်မည် ဖြစ်ပါကြောင်း …
    မေးခွန်း (၃) ကိုမူ ကိုပေမှ အဖြေပေးပါလိမ့်မည် ဖြစ်ပါကြောင်း ….
    မေးခွန်း (၄) နှင့် (၅) ကိုမူ ဦးဘလက်မှ ဖြေပေးပါလိမ့်မည် ဖြစ်ပါကြောင်း ….
    မေးခွန်း (၆) ကိုမူ ဦးကြောင်ကြီးမှ ဖြေပေးလိမ့်မည် ဖြစ်ပါကြောင်း …
    မေးခွန်း (၇) နှင့် (၈) ကိုမူ ကိုဂီ မှ ဖြေလိမ့်မည် ဖြစ်ပါကြောင်း ….
    မေးခွန်း (၉) နှင့် (၁၀) ကိုမူ အရီးလတ်နှင့် မအိတုံတို့မှ ဖြေလိမ့်မည် ဖြစ်ပါကြောင်း ….
    မေးခွန်း (၁၁) ကိုမူ တစ်ခုမှ သိဘူး ဟူ၍ အထက်တွင် ပြောကြားသွားသော ကျွန်ုပ်၏ ချစ်လှစွာသော မိတ်ဆွေကြီး ကိုစိန်ပေါက်ပေါက်မှ ဖြေလိမ့်မည် ဖြစ်ပါကြောင်း …..
    မေးခွန်း (၁၂) နှင့် (၁၃) ကိုမူ ဗြဲသီးနှင့် ကြီးမိုက် တို့မှ ဖြေလိမ့်မည် ဖြစ်ပါကြောင်း …….
    ကျန်ရှိသည့် မေးခွန်းများကိုမူ ကျွန်ုပ် အံစာတုံးမှ ရှိသမျှ ဉာဏ်စွမ်း၊ ဉာဏ်စဖြင့် အစွမ်းကုန် ဖြေဆိုသွားမည် ဖြစ်ပါကြောင်း ……………
    အမလေး … ပြောရတာ မောလိုက်တာ ……
    😀 😀

    • Thel Nu Aye

      February 19, 2012 at 4:14 pm

      အံစာတုံးရယ် အဲလောက်တော်မှန်းခုမှပဲသိတော့တယ်။ သများဂုန်ဘနီမှ စီအီးအိုလုပ်မလား။ ခန့်ချင်လို့ပါ။

  • Mr.Know-All

    February 18, 2012 at 5:27 pm

    တော်လိုက်တာ အနန္တ စကြဝဠာ မဟာရာဇာ အံစာတုန်း ရယ် အမလေး မောလိုက်တာ ရေတစ်ခွက်လောက်

  • venus lay

    February 18, 2012 at 9:55 pm

    တို့ရဲတစ်ခုမှတိဘူး

  • kyeemite

    February 19, 2012 at 6:49 am

    မေးခွန်း (၁၂) နှင့် (၁၃) ကိုမူ ဗြဲသီးနှင့် ကြီးမိုက် တို့မှ ဖြေလိမ့်မည် ဖြစ်ပါကြောင်း …….
    အံစာတုံးမ အစုတ်ပလုပ်မ က ချွန်တွန်းလတ်တော့လဲဖြေရမှာပေါ့ချင်…
    EMC ရဲ့ ပထမဆုံး ထုတ်ကုန်က MEC ပါချင့်..
    မြန်မာနိုင်ငံမှာ ပထမဆုံး ကွန်ပျူတာသင်တန်းကျောင်းက …KMD ပါချင့်..

    • မိကြီးမိုက်က တော်ရိုက်ဒါ …
      နာက တီခုမှမသိလို့ သူများတွေကို လွှဲချလိုက်တာ …
      ဒါတောင် … ဟို မိစိန်ပေါက်နဲ့ မိဗြဲ က မသိချင်ယောင် ဆောင်နေတယ် …
      😀 😀

  • kotun winlatt

    February 19, 2012 at 9:18 am

    အင်းးးးးးးးးးးးးးးး
    မေးးးးခွန်းးးးတွေပဲ မေးးးထားတာလားးး
    အဖြေလေးးတွေရော ပြောပြလေ.. မှတ်သားးးရတာပေါ့…
    ကျုပ်တို့ဂ တောသားဆိုတော့ အဲ့တာတွေ ကြားးဘူးးးဘူးးးဗျ…
    အဖြေကို သိရင်ပြောကြပါဗျို့ ….။

  • အဖြေကို ပေးပါ့မယ်
    ဒါပေမယ့် နည်းနည်းတော့ မူလိုက်အုံးမယ်
    ဟိုက် ဒါနဲ့ပဲ လူပျိုကြီး ဖြစ်တော့မယ် … 😛

    အဖြေမပေးတတ်လို့ ပေါက်ကရပဲ ပြောသွားတယ်ဗျို့

  • water-melon

    February 19, 2012 at 4:29 pm

    အမလေး လူကမှ ကြက်ချီးတန်းတောင်မအောင်ပါဘူးဆိုမှ
    သိဘူး ပြောပြနော်
    မမမတောဘူှရှင့်

  • water-melon

    February 19, 2012 at 4:30 pm

    နံပါတ်တစ်အဖြေNetworking Device
    Network Management
    Cisco IOS and NX-OS Software
    Interface and Module
    Optical networking
    Storage area networks
    Wireless, Telepresence, VOIP, Security
    Datacenter
    List of Cisco Products

  • water-melon

    February 19, 2012 at 4:43 pm

    နံပါတ်၂အဖြေ
    Windows & Windows Live Division, Server and Tools, Online Services Division
    Business Division
    Entertainment and Devices Division

  • water-melon

    February 19, 2012 at 4:45 pm

    ကျန်တာတော့ ရှာတော့မောလာပြီ
    ရေတစ်ခွက်လောက်

  • KoNyeinChan

    February 19, 2012 at 6:54 pm

    1. Router
    1986: Company ships its first product, a router for the TCP/IP protocol suite.
    http://www.fundinguniverse.com/company-histories/Cisco-Systems-Inc-company-History.html
    For Cisco’s first product, Bosack adapted multiple-protocol router software originally written some years before by William Yeager,
    http://en.wikipedia.org/wiki/Cisco_Systems
    2. The first Microsoft product was BASIC, a small software design
    http://wiki.answers.com/Q/What_was_Microsoft%27s_first_product
    3. audio oscillator
    Stanford University classmates Bill Hewlett and Dave Packard founded HP in 1939. The company’s first product, built in a Palo Alto garage, was an audio oscillator – an electronic test instrument used by sound engineers. One of HP’s first customers was Walt Disney Studios, which purchased eight oscillators to develop and test an innovative sound system for the movie Fantasia.
    http://www8.hp.com/us/en/hp-information/about-hp/history/history.html
    Of the many projects they worked on, their very first financially successful product was a precision audio oscillator, the Model HP200A.
    http://en.wikipedia.org/wiki/Hewlett-Packard
    4 . Bell Telephone
    http://www.corp.att.com/history/
    http://www.corp.att.com/history/milestones.html
    5. That is hard to say as IBM was formed in 1924 as the merger of 3 different companies, each already making many products:
    • one company made meat slicers, coffee grinders, scales, etc.
    • one company made time clocks.
    • one company made punch card data processing machines.
    http://wiki.answers.com/Q/What_was_ibm%27s_first_product
    The companies that merged to form CTR manufactured a wide range of products, including employee time-keeping systems, weighing scales, automatic meat slicers, coffee grinders, and most importantly for the development of the computer, punched card equipment.
    en.wikipedia.org/wiki/History_of_IBM#1880s.E2.80.931924:_The_origin_of_IBM
    6. Apple I
    The first computer made by Apple was the Apple I this was followed by the Apple II and then the Apple III.
    http://wiki.answers.com/Q/What_was_the_first_apple&altQ=What_was_apple%27s_first_product&isLookUp=1#Q=What%20was%20apple%27s%20first%20product%3F
    7. mushroom
    http://en.wikipedia.org/wiki/Iron_Mountain_Incorporated
    http://www.ironmountain.com/
    8. Turbo PC
    In 1985, the company produced the first computer of its own design, the “Turbo PC”, which sold for US$795
    en.wikipedia.org/wiki/Dell
    http://www.ehow.com/about_5312976_first-dell-computer-made.html
    9. SRAM (static random-access memory)
    Intel was distinguished by its ability to make semiconductors and its first product in 1969 was the 3101 Schottky TTL bipolar 64-bit static random-access memory (SRAM)
    http://en.wikipedia.org/wiki/Intel
    Intel developed its first product – the 3101 Schottky bipolar 64-bit static random access memory (SRAM)
    http://www.silicon-valley-story.de/sv/intel_first.html
    10. Database Software
    http://en.wikipedia.org/wiki/Oracle_Corporation
    11. Andreas Bechtolsheim. He designed a computer workstation that provided network integration and high-resolution graphics using off-the-shelf parts, making it a more affordable option for consumers.
    http://www.ehow.com/info_7768937_sun-microsystem.html
    He originally designed the SUN workstation for the Stanford University Network communications project as a personal CAD workstation.
    http://en.wikipedia.org/wiki/Sun_Microsystems
    12. Prime Computer
    in 1979 by Richard Egan and Roger Marino (the E and M in EMC),[6] introduced their first 64-kilobyte memory boards for the Prime Computer in 1981,
    http://en.wikipedia.org/wiki/EMC_Corporation
    13. MCC
    http://www.myanmarcomputer.com/history.htm

    • manawphyulay

      February 21, 2012 at 2:15 pm

      သိထားသလောက်လေး ပြောပြမယ်နော်။

      1. Cisco ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      Massbus-Ethernet Interface Subsystem (MEIS) ဆိုတဲ့ DEC ကွန်ပျူတာတွေအတွက် Ethernet Adapter ဖြစ်ပါတယ်.

      2. Microsoft ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။
      MITS Altair 8860 မိုက်ကရိုကွန်ပျူတာတစ်လုံးပေါ်မှာ BASIC ကို လည်ပတ် ဆောင်ရွက်ဖို့အတွက် Altair BASIC ဆိုတဲ့
      interpreter ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ (၁၉၇၅)

      3. HP ရဲ့ ပထမဆုံးထုတ်ကုန်က ဘာလဲ။
      HP 200 A audio osci.llator ဖြစ်ပါတယ်။ (၁၉၃၉)

      4. AT& T ရဲ့ ပထမဆုံးထုတ်ကုန်က ဘာလဲ။
      တယ်လီဖုန်းအိတ်ချိန်း လည်ပတ်ခွင့်လိုင်စင်နဲ့ tele-phone patent ကို Alexan-dar Bell က တီထွင်ဖြစ်ခဲ့တယ်. (၁၈၇၈) နောက်ပိုင်းမှာ AT& T လို့ အမည်ပြောင်းခဲ့တယ်။

      5. lBM ရဲ့ ပထမဆုံးထုတ်ကုန်က ဘာလဲ။
      Dayton Computing Scale ကို Dayton Scale ကုမ္ပဏီအနေနဲ့ လုပ်ခဲ့ပြီး နောက်ပိုင်းမှာ lBM ဖြစ်လာတယ်။ (၁၈၈၅)

      6. Apple ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      Apple I လို့ဆိုတဲ့ မားသားဘုတ် ဖြစ်ပါတယ်။ (၁၉၇၆)

      7. Iron Mountain ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      Business records တွေကို သိမ်းဆည်းထားမှုအပေါ် ညှိနှိုင်းတိုင်ပင်မှု လုပ်ငန်းဖြစ်ပါတယ်။ (၁၉၅၁)

      8. Dell ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      Turbo PC ဖြစ်ပါတယ်. (၁၉၈၅)

      9. Intel ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      3101 Schottky bipolar random access memory ဖြစ်ပါတယ်။ (၁၉၆၉)

      10. Oracle ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      Oracle 2 data base ဆော့ဖ်ဝဲ ဖြစ်ပါတယ်. မူလက Relational Software ကုမ္ပဏီလို့ အမည်ရှိခဲ့တယ်. (၁၉၇၉)

      11. Sun Microsystem ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      Sun-1 UNIX ဖြစ်ပါတယ်. (၁၉၈၂)

      12. EMc ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။
      အသုံးပြုပြီးသား ရုံးသုံး ပရိဘောဂတွေကို ရောင်းဝယ်ခဲ့ပါတယ်။ (၁၉၇၉)

      13. မြန်မာနိုင်ငံမှာ ပထမဆုံး ကွန်ပျူတာကျောင်းက ဘယ်ကျောင်းလဲ။
      MCC ဖြစ်ပါတယ်။

  • KoNyeinChan

    February 19, 2012 at 6:57 pm

    တော်တော်အလုပ်ပေးတဲ့အပျိုကြီး.. 🙂 🙂
    ဒါပေမယ့် ကျေးဇူးတင်တယ် ဗဟုသုတပိုရလို ့

  • padonmar

    February 20, 2012 at 1:46 am

    စိတ်ဝင်စားတယ်။အဖြေလာမှပြန်ကြည့်မယ်။
    မြန်မာပြည်ရဲ့ ပထမဆုံး ကွန်ပျူတာသင်တန်းက စင်္ကာပူကုန်တိုက်(ပန်းဆိုးတန်း ကုန်တိုက်)မှာ 1987 လောက်မှာ စဖွင့်ခဲ့တဲ့ သင်တန်းပါ။ကျွန်မတို့တက်တဲ့ အချိန်တုံးက MS.Dos,Word Perfect,Database,Lotus 123 သင်ရပါတယ်။
    Mouse၊ Window ဆိုတာ ပေါ်နေပြီလို့ သတင်းကြားရုံကလေးပဲ ကြားခဲ့ရပါတယ်။

    ကျောင်းအနေနဲ့ ဆိုရင်တော့ RS Computer ပါ။

    သိသလောက် ပွားကြည့်တာ မှားရင်လည်း မမှန်လို့ပေါ့။:D

    • manawphyulay

      February 22, 2012 at 2:48 pm

      အဖြေပေးထားပြီးပြီနော် မမကြီး…

  • snow white

    February 28, 2012 at 6:48 pm

    မမမနောကလည်းရက်စက်တယ်မေးတာတွေက စနိုးတို့လိုကွန်ပျူတာတောင်ခုမှမြင်ဖူးတာ မမမနောမေးထားတာတွေသိဘူး မမမနောကအဖြေပြန်ဖြေပြထားလို့အမေးကောအဖြေကောကူးသွားတယ် မမမနော်ရေကျေးဇူးပါ မသိတာတွေကိုမေးလည်းမေးတက်တယ်အဖြေပါတခါတည်းမမမမနောကသိ နေတော့ကောင်းပါတယ်ကူးသွားပြီနော်မမမနော

Leave a Reply