သီတာ(၇)တန် မြသိန်းတန်……………….

1 မြသိန်းတန်ဘုရားအဝင်ဝ အဲဒီနားမှာရွာသားတစ်ယောက်ရှိတယ်
2 ဘုရားအဝင် မုဒ်ဦးအောက်ကနေရိုက်ထားတာပါ
3 ဒီလှေခါးလေးအတိုင်းတက်သွားရင်အပေါ်ရောက်တယ်လေ
4 သီတာ7 တန်ဆိုပြီးရေလှိူင်း သဏ္ဍန် 7ခုနဲ့ အထပ်ထပ်တည်ထားတဲ့ဘုရား
5 တောင်ဘက် အဝင်ဂူအပျက်လေးထဲက ရိုက်ထားတာ
6 မောင်ပုအကြိုက်ထန်းပင် ပါအောင်ထည့်ရို်က်လိုက်ပါတယ်
7 မြသိန်းတန်ဘုရားတောင်ဘက် ရွှာဘက်ကနေဖူးမြင်ရတာပါ
8 တန်ဆောင်းအတွင်း ကဖူးမြင်ရတဲ့ ြ့မသိန်းတန်စေတီ
9 ဘုရားအထက်အဆင့်ပေါ်ရောက်တော့ အောက်ကိုငုံ့အကြည့်
10 မြသိန်းတန်ပေါ်ကမြင်ရတဲ့မင်းကွန်းက ပုထိုးတော်
11 ဒါကတော့ ပဟေဠိထဲမှာပါခဲ့တဲ့ပုံလေးပါ
12 ဘုရားအထက်ဆင့်ပေါ်က အလင်းအမှောင်အရိပ်
13 နှမျောစရာ ပျက်စီးနေတဲ့ဘုရား
14 နေရောင်ကိုပြောင်းပြန်လှန်ရိုက်ထားတဲ့ မြသိန်းတန်စေတီတော်ကြီး
15 ကိုရင်လေးတွေလဲ ဘုရားဖူးလာကြပါတယ်
16 သူတို့လဲကျနော်တို့လိုဘုရားဖူးသူပါဘဲ

 

 

“သီတာခုနှစ်တန် မြသိန်းတန် “

 

 

မင်းကွန်းမှာ လု တို့သော့တို့နဲ့အလှူဓါတ်ပုံတွေရိုက်ပြီးထမင်းအတူစားကြပါတယ်။

ပြီးတော့ မြသိန်းတန်ဘုရားကို သွား။

မြသိန်းတန်ဘုရားထူးခြားတာက သီတာ7တန် ရေလှိုင်းပုံတံတိုင်းအဆင့်ဆင့်

တည်ဆောက်ထားတာပါ။

ထူးခြားသောပုံတော်ရှိတဲ့စေတီလို့လဲပြောနိုင်ပါတယ်။

ကျနော်တို့သုံးယောက် ဓါတ်ပုံဝါသနာပါတာတူပေမယ့် အမြင်ခြင်း

အကြိုက်ခြင်းမတူ။

အဲတော့ ဘုရားရောက်တာနဲ့လမ်းခွဲ။

ကျနာ်က တော့ ထန်းပင်ကိုမြင်တော့ တောင်ဘက်ထဲကိုသွား ။

ရွာထဲကမောင်ပုအကြိုက်ထန်းပင်ပါအောင်ရိုက်ပေးပါတယ်။

 

နောက်တောင်ဘက်အုတ်တံတိုင်းထက်ကိုတက်။

အားရပါးရရိုက်။

ဘုရားကအကြီးကြီး ကျနော်ကင်မရာကသေးသေး အားလုံးဝင်အောင်မဆန့်။

ဒါနဲ့ဘဲဆူးပင်တွေကြားတိုးဝှေ့  ပြိုပျက်နေတဲ့ အဝင်အုတ်ရိုးအောက်ကနေ

ပုံတွေရိုက်။

တောင်ဘက်စောင်းတန်းကနေအပေါ်တက်တော့နေပူ ခြေပူ။

ပျက်စီးနေတဲ့ဆင်းတုလေးတွေကို တွေ့တော့နှမျောလို့ရင်ပူ။

အထက်အဆင့်တက်ရင်းက တောင်ဘက်ခြမ်းလှမ်းအကြည့်

စက်ဝိုင်းခြမ်းလိုအပေါက်ကြားက ပုထိုးတော်ဘုရားကို မြင်မိ။

အပေါ်မှာလှည့်ပါတ်ရိုက်။

အောက်ကလှမ်းခေါ်တော့မှဆင်းလာ။

နေပူပေမယ့်လဲ ဘုရား ပုရဝုဏ်ကို တစ်ပါတ်ပါတ်လို့ရိုက်။

နောက်တော့မြစ်ကမ်းက ဘုရားကိုရိုက်အုံးမယ်ဆိုပြီး

အတူထွက်ခဲ့ကြတော့ ညနေ နှစ်နာရီကျော်ကျော်။

အတော်လေးပျော်ခဲ့ရတဲ့နေ့တစ်နေ့ပေါ့ဗျာ။

 

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးတွေ

(20-2-2012)

 

17 comments

  • water-melon

    February 22, 2012 at 8:19 am

    လေးပေါက် အဝင်ဝမှာ အမွှေးတိုင်တွေရောင်းတယ်မလား
    ဘုရားအပေါ်ဆုံးမှာဆို အမွှေးတိုင်တွေထွန်းထားတာအများကြီးဘဲ
    လေးပေါက်ရေ
    တိုက်ဆိုင်တာလားတော့ မသိ
    လေးပေါက်ရိုက်တဲ့နေရာတွေအကုန်လုံးက
    ကြင်သူသက်ထားနဲ့သွားခဲ့ဖူးတဲ့နေရာတွေဗျ
    လွမ်းလာပြီ
    ပြန်ဆုံချင်လိုက်တာ ချစ်သူရေ :mrgreen:

    • Diamond Key

      February 22, 2012 at 9:44 am

      ချစ်သူ သက်ထားနဲ့ မဟုတ်ပဲ ကြင်သူသက်ထားနဲ့ ဆိုတော့ ….
      ခုတော့ သိပြီ …………………….. သူ့မှာ မိန်းမရှိသည်။ ……… အဟိ ပေါ်ပြီ :mrgreen:

      • water-melon

        February 22, 2012 at 5:52 pm

        တိုကြီး စိန်သော့ကလည်း
        သားက မိန်းမ မရှိပေမဲ့ အချစ်ဦးချစ်သူတော့ရှိခဲ့ဖူးတယ်
        အဆက်အသွယ်ပြတ်နေတာကြာပြီ
        ဟိုသီချင်းလိုပေါ့ ဖုန်းလည်းဆက်လို့မရ လူကြုံပါးလည်းမရ။

    • Shwe Tike Soe

      February 22, 2012 at 11:44 am

      ပြန်လာခဲ့ပါမယ် ဟယ် ပြန်ဆုံချင်ရင် မိဖရဲရယ်……. 😀

  • water-melon

    February 22, 2012 at 8:57 am

    အချစ်ဦးမို့ပါ လေးပေါက်ရေ
    မေ့လို့ရရင်တော့အကောင်းပေါ့

    “ထားရစ်ခဲ့ပါ ချစ်သူ
    နင့်ထက်ပိုချစ်သူမို့
    နင်စေလိုရာစေ
    သေလိုရာသေမဲ့
    မန်းလေးက ဖရဲ”

    • အချစ်ကြီး ချစ်တော့
      အမုန်းကြီး မုန်း
      အမုန်းကြီး မုန်းတော့
      အရှုံးကြီး ရှုံးရတာပေါ့ကွယ် …
      😀

  • Diamond Key

    February 22, 2012 at 9:56 am

    ကိုပေါက်ရေ၊ ပုံ ၁ မှာ ကျန်နေတဲ့ စာသားလေး ထပ်ဖြည့် လိုက်အုံးမယ်။ 😛
    မြသိန်းတန်ဘုရားအဝင်ဝ – အဲဒီနားမှာရွာသားတစ်ယောက် နဲ့ ရွာသူ သုံးယောက် ရှိတယ်ဗျ။ အဲဒီ မင်းကွန်းရွာလေးက ရွာသူတွေလေ :mrgreen:

  • Ma Ei

    February 22, 2012 at 11:30 am

    ဘုရားစောင်းတန်းမှာ လမ်းသုံးသွယ်ရှိပါတယ်..
    အလယ်လမ်းက ရှင်ဘုရင်၊မင်းညီမင်းသားများ၊
    ညာဖက်လမ်းက မူးကြီးမတ်ရာများ၊
    ဘယ်ဖက်လမ်းက တိုင်းသူပြည်သားများ လို့မင်းကွန်းရဲ့ တိုးဂိုက် ကလေးများပြောပါတယ်…
    ရောက်ဖူးတဲ့ ရွာသူ၊ရွာသားများ ဘယ်လမ်းက တက်ခဲ့မိပါသလဲ…

  • မမရေ ကျနော်က တောင်ဘက်ကနေတက်အလယ်ကဆင်းပြီး ညာဘက်ကနေပြန်တက်ပြီးဘယ်ဘက်က ပြန်ဆင်းတာဗျာ။

    • Ma Ei

      February 22, 2012 at 12:08 pm

      ဒါဆို ကိုပေါက်သည်…မင်းကွန်းမှာ…
      မူးကြီးမတ်ရာ လိုတစ်မျိူး..ရှင်ဘုရင်ကြီးလိုတစ်သွယ်..
      တိုင်းသူပြည်သားလို တစ်ဖုံ နေခဲ့သူ ဖြစ်ပေမည်တည်း….

  • ကိုသော့ရေ ခြင်္သေ့ကြီးကရှက်လို့တဲ့ မျက်နှာကိုဖုံးထားတယ်။
    ဘာတွေမြင်လို့လဲမသိဘူးနော်။

    ဘယ်ဟုတ်မလဲမအိရဲ့
    ဓါတ်ပုံရချင်ဇောနဲ့ဟိုဘက်ထွက်လိုက် ဒီဘက်ထွက်လိုက်
    အခု မမ ပြောမှ ပြန်စဉ်းစားမိတာရယ်။
    ဘုရားကမြင့်မြင့် လူက ဝဝ
    မောတော့အတော်မောသဗျ။
    ပြီးမှ ပုံတွေလဲမြင်ရရော အမောတွေပြေသွားတာပါဘဲ.

  • နွယ်ပင်

    February 22, 2012 at 2:24 pm

    လေးပေါက်ရေ မရောက်ဖူးသေးတဲ့ နေရာမို့
    ဓာတ်ပုံလေးတွေကြည့်ပြီး အားပေးသွားပါတယ် …

  • Mလုလင်

    February 23, 2012 at 2:26 pm

    အဲဒါကြောင့် ပျောက်သွားပါတယ်လို့ .. လိုက်ရှာလိုက်ရတာ … ဒါနဲ့ နံပါတ် ၂ က ဘယ်လို ပါလိမ့် …

  • နံပါတ်2က မင်းသားတစ်ယောက်ပါတယ်လေကွာ………
    ရူးချင်ယောင်ဆောင်မနေနဲ့……………………
    ရူးချင်ယောင်ဆောင်မနေနဲ့……………………
    ရူးချင်ယောင်ဆောင်မနေနဲ့……………………
    ရူးချင်ယောင်ဆောင်မနေနဲ့……………………

Leave a Reply