သိရိမင်္ဂလာဈေးနေရာသစ်သို့ပြောင်းရွှေ့ဖွင့်လှစ်မည်သတင်း အတည်အလင်းကြေညာ

guestktyJune 4, 20101min510

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းတန်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်ရှိ နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည့် အကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးသူဈေးသားများအား မေလ ၂၈ ရက်နေ့တွင် တရားဝင်စတင် အသိပေးကြေညာလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၂၈ ရက်နေ့တွင် အဆိုပါဈေးကြီးရှိ ဈေးဆိုင်များ နေရာသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည့် အကြောင်းကို ဈေးသူဈေးသားများနှင့် ဈေးမိဈေးဖများအား တရားဝင်စတင်အသိပေးကြေ ညာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ယင်းသို့ အသိပေးကြေညာခဲ့ခြင်းနှင့် အတူ ဈေးသစ် တည်ဆောက်ခြင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း နှင့်

ဈေးသစ်ရှိ ဆိုင်ခန်းများအတွက် ငွေကြေးထပ်မံ ပေးအပ်ရန် မလိုအပ်သည့်အပြင် အခွန်အခနှုန်းထားများကိုလည်း လက်ရှိဈေးတွင် ကောက်ခံနေသည့်အတိုင်းသာ ဆောင်ရွက်သွားမည်ဟု အသိပေးကြေညာခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် နေရာမှာ လှိုင်မြို့နယ် ဘုရင့်နောင်လမ်း ပိတောက်ချောင်းအနီးရှိ မြေ ဧက ၁၂ဧက ကျယ်ဝန်းသော မြေနေရာတွင် တစ်ထပ်ဈေးကြီးအဖြစ် ဖွင့်လှစ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရပြီး ကားအစီးရေ ၂၀၀ဝ ကျော် ရပ်နားနိုင်သည့် ကား ပါကင် ပါရှိမည်ဖြစ်သည်။ တစ်ထပ် ဟောလ်တိုက် ပုံစံဖြစ်ကာ အောက်ခြေအုတ်ခံမှ အမိုးအထိအမြင့်မှာ ၁၆ ပေခန့် ရှိမည်ဟု သိရသည်။ အသစ်တည်ဆောက်လျက်ရှိသည့် ကုန်စိမ်းဈေးကြီး တည်ဆောက်ပြီးစီးသွားပါက လက်ရှိဈေးကြီးတွင် ရောင်းချနေသော မူလဆိုင်ခန်းများကို နေရာပြန်လည် ချထားပေး၍ ပြောင်းရွှေ့ရောင်းချစေမည် ဖြစ်ကြောင်းသိရသည်။
ပြောင်းရွှေ့ဖွင့်လှစ်စေခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဆိုပါ ဈေးပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေတတ်ခြင်းနှင့် ယာဉ်ရပ်နားမှု အခက်အခဲများ ရှိနေသည့်အပြင် ယာဉ်အန္တရာယ်လည်း ရှိနိုင်သည့်အတွက် ယာဉ်ရပ်နားမှု အဆင်ပြေစေ နိုင်မည့်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ် ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိ ဈေးကြီးသည် ၁၉၉ရ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ယခင်က မော်တော်ယာဉ်များ ရပ်နားခဲ့သည့် ကားဂိုဒေါင်ကြီး ဖြစ်သည်ဟု သိရသည်။