ILBC Preschool Annual Concert

weiweiFebruary 18, 20123min34437

ဒီကနေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ILBC Preschool Annual Concert ကို သွားကြည့်ရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ဖြစ်ပါတယ် … နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာမှ အမျိုးသားဇာတ်ရုံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တာဖြစ်ပါတယ် … ကျောင်းသားတွေ မိဘတွေ အဘိုးအဘွားနဲ့ ဆွေမျိုးတွေ ပျော်ရွှင်ဂုဏ်ယူနေတဲ့ အပြုံးတွေနဲ့ ပျော်စရာ ကျောင်းကပွဲလေးတစ်ခုဖြစ်ခဲ့ပါတယ် … ဦးဦးပါလေရာရဲ့ ဘယ်ကျောင်းမှာထားမှာလဲဆိုတဲ့ပို့စ်နဲ့ အနဲငယ်ဆက်စပ်တွေးနိုင်တာမို့ တိုက်ဆိုင်တာနဲ့ ဒီပို့စ်လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ် …

ဖွင့်ပွဲသီချင်း HAPPY တဲ့ ..
ကနေလိုက်ကြတာ လှုပ်ခါနေတာပဲ
အရမ်းကြည့်လို့ကောင်းပါတယ် ...
အာဖရိကန် ဒန့်စ်တဲ့ ...
ပရိုတစ်ယောက်လို ကနိုင်တဲ့ ကလေးငယ်လေး ..
ပန်းရောင်နဲ့ကောင်မလေးက သီချင်းတစ်ပုဒ်လုံး ခါးကကွင်းမကျအောင် ကခဲ့တယ် ..
ချစ်စရာ ကလေးငယ်လေးတွေ ..
တောင်ပေါ်အက
တီချာတွေရဲ့ အိနိယအက ..

we are STRONG, we are PROUD, we are ILBC.

37 comments

  • တညင်သား

    February 18, 2012 at 8:20 pm

    ပန်းရောင်နဲ့ကောင်မလေးက သီချင်းတစ်ပုဒ်လုံး ခါးကကွင်းမကျအောင် ကခဲ့တယ် ……..
    ရွာတော်ရှင်ကို မမှီဘူးထင်တယ်..ဟာဟ

  • ကြောင်ကြီး

    February 18, 2012 at 9:03 pm

    သိသလောက်တော့ အဲဒီကျောင်းမှာ နွေရာသီသင်တန်းဆို လူအရမ်းများတယ်။ များဆို ဈေးကိုတတ်နိုင်အောင် လုပ်ပေးထားတာကို။ ထိရောက်မှုလား မထင်မထင်…. ဂုဏ်တုဂုဏ်ပြိုင်၊ ခလေးအလိုလိုက်၊ အစမ်းသဘော စတာတွေ များမယ်ထင်၏…။ အခုတော့ မသိဘူး….။

    • sandy. lay

      February 18, 2012 at 10:01 pm

      Our teaching methods are more than that .

      • ကြောင်ကြီး

        February 18, 2012 at 10:34 pm

        ဘာပိုတာလည်း..မျောက်ဖိုးစိန်အကပါ သင်ပေးလို့လား..။ စကားမစပ် ဓါ့ပုံထဲက ချာတိတ်က မောင်လေးလား…။ ချစ်ချာလေးနော်…ရုပ်ရှင်အတူသွားကြည့်ရအောင်…။ သားလေးဆိုရင် ဆောရီးပါ။ ညီမလေးနဲ့မှားပြောတယ် ယူဆပေးပါ။ :mrgreen:

        • sandy. lay

          February 18, 2012 at 10:55 pm

          If u want to know more about our school, why don’t u come and visit soon…
          By the way , that is 1 of my lovingly students cos I am a teacher there…. okie?
          And …I can’t enjoy a movie Big Kat…:P

        • ကြောင်ကြီး

          February 18, 2012 at 11:28 pm

          တော်သေးတာပေါ့…စိတ်ပူလိုက်ရတာ။ ဓာတ်ပုံမြင်တာနဲ့သိပါတယ် တပည့်လေးဖြစ်မယ်ဆိုတာ…။ ကြောင်ကြီး မှားတာရှိရင် ဆုံးမသွန်သင်ပေးပါနော် ဆြာမလေး..။ မနာခံရင် ရိုက်သာရိုက် လက်ဝါးနဲ့ (ပါးကလွဲရင်)။ တပည့်လေးတွေက ချစ်ဖို့ကောင်းလိုက်တာ၊ ဆရာကောင်းတပည့် ပန်းကောင်းပန်တဲ့။ ဆရာမဆို ပိုချစ်ဖို့ကောင်းမှာသေချာတယ်။ စန္ဒီလေးက ဘစ်ကက်ရုပ်ရှင် မကြိုက်ပေမဲ့ ကြောင်ကြီး အိုင်အယ်လ်ဘီစီကို ကြိုက်သွားပြီ၊ ခလေးတွေကိုလည်း ချစ်တတ်သွားပြီ။ ခလေးတွေရဲ့ ပညာရေးအတွက် ဆရာမလေးနဲ့အတူ လက်တွဲဆောင်ရွက်ချင်စိတ်လည်း အူလှိုက်သဲလှိုက်ပေါ်လာပြီ။ ဆောင်ကြရအောင်နော် အခွန်အခွန်…။ ဒါမှ တိုင်းပြည်ပညာရေးကဏ္ဍတိုးတက်မှာ…။ :mrgreen:

      • Thel Nu Aye

        February 19, 2012 at 4:48 pm

        အင်းအစ်မလဲအဲကျောင်းမှာဆရာမလုပ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ပေါ့လေ။ အဲတုန်းကစနစ်အခြေအနေတွေနဲ့အခုမတူတော့ဘူးထင်ပါ့။

        • sandy. lay

          February 20, 2012 at 1:25 am

          ဟုတ် အမ…Teaching method ကတော့ပြောစရာမလိုပါဘူး ILBC ဘဲလေ..
          မပြောင်းလဲသေးတာ တခုပဲ… ဟဲဟဲ…$$$$$$$$

  • windtalker

    February 18, 2012 at 9:42 pm

    ကျွန်တော် တို ့ရွာထဲက အပျိုဂျီးတွေ ကို စုပြီး အမ်ဂျီဘီစီ ဆိုပြီး ဖွင့်ကြရအောင်လား ။ အားလုံးသိကြတဲ့ အတိုင်း… အပျိုဂျီးတွေ ဆိုတာ ခေး တွေ ကို စိတ်တော်တော်ရှည်တာကလား ။ နော…

  • sandy. lay

    February 18, 2012 at 10:00 pm

    All the photos are nice, but u didn’t watch our dance so I can’t find my foto there ! 🙁

    • weiwei

      February 18, 2012 at 10:27 pm

      အစီအစဉ် ၁၄ ခုမြောက်ပြီးတာနဲ့ ပြန်ခဲ့လိုက်လို့ အဆုံးထိ မကြည့်ခဲ့လိုက်ဘူး … DVD ရတော့မှ သေချာကြည့်လိုက်ပါ့မယ် …
      စကားမစပ် … ပေါက်စီ ကို သိလား … 🙂

      • ကြောင်ကြီး

        February 18, 2012 at 10:39 pm

        သိတယ် ပေါင်မုန့်ညီ မဟုတ်လား။ ပဲမုန့်ကတော့ နှစ်ကူးမှာ ကောင်မလေးတွေ ယူသွားတယ်။ အီကြာကွေးတော့ ရှိအုံးမယ်ထင်တယ်။ နောက်ဆို အစီအစဉ်ဆုံးအောင် ကြည့်ဗျာ။ အန်တီဝေပြန်သွားတော့ သားတို့မှာ ထိုင်ခုံတွေကို ကပြနေရတယ်။ အန်တီစန္ဒီလေးကတော့ အားပေးပါတယ်…။ နင်တို့ကို ရိုက်ထားတဲ့ ဒီဗွီဒီအခွေတွေ မရောင်းရမှာ မပူနဲ့ အမျိုးတွေကို အတင်းဝယ်ကြည့်ခိုင်းမှာတဲ့..။ 😆

        • weiwei

          February 18, 2012 at 10:44 pm

          ဒီတစ်ခါ ကြောင်ကြီး မှားသွားပြီ .. ပေါက်စီက နံပြားရဲ့ညီလေး … 🙂

        • ကြောင်ကြီး

          February 18, 2012 at 10:46 pm

          ဒါဆို သူတို့က ပန်းသေးဖြစ်ရင်ဖြစ် မဖြစ်ရင်၊ ဖအေတူမအေကွဲ၊ မအေတူ ဖအေကွဲ ဖြစ်ရမယ်။

      • sandy. lay

        February 18, 2012 at 10:57 pm

        from which class?

        • ကြောင်ကြီး

          February 18, 2012 at 11:09 pm

          upper class ရန်ကုန် မန်းလေးအမြန်ရထား။ မောင်ပေလာကြိုလိမ့်မယ်…။ ဘီယာဆိုင်ကစောင့်ပါ…။

        • weiwei

          February 18, 2012 at 11:10 pm

          ဘယ်အတန်းလဲတော့မသိဘူး … ဒီနေ့ပွဲမှာ ဒုတိယမြောက်ကတဲ့ ကလေးတွေထဲကတစ်ယောက်ပဲ … ကျောင်းဖွင့်ရင် KG တက်ရတော့မယ် …

        • ကြောင်ကြီး

          February 18, 2012 at 11:17 pm

          ကီလိုဂရမ်တက်တာ ဝိတ်များလာလို့။ အဲဒီကျောင်းက ကယ်လိုရီများတဲ့ အစားအသောက်တွေကျွေးပြီး ခလေးကို ကိုယ်လက်လှုပ်ရှားမှု လုပ်ခိုင်းပုံမရဘူး…။ ချာမစန္ဒီလေးကတော့ စလင်းလေးပါ…။ သူတခါတခါ စင်ပေါ်ခုန်လိုက်ရင် ဇတ်ရုံကြီးတခုလုံးတုန်သွားသတဲ့…။ ဘုန်းတန်ခိုးကြီးပုံများပြောတယ်…သူခုန်လိုက်ရင် မဟာပထဝီမြေကြီး မခံနိုင်ဘူး….။

  • weiwei

    February 18, 2012 at 10:53 pm

    ကိုကြောင်ကြီး ထပ်မှားပြန်ပြီ …
    တကယ်တော့ မျက်နှာပြားပြားနဲ့ကလေးကို နံပြားလို့နံမည်ပြောင်ခေါ်ပြီး … မျက်နှာလုံးလုံးနဲ့ ကလေးလေးကို ပေါက်စီလို့ ခေါ်တာ …. 😛

    • ကြောင်ကြီး

      February 18, 2012 at 11:13 pm

      ဒါဆို မျက်နှာလေးထောင့် ခလေးကို ပေါင်မုန့်၊ မျက်နှာရှည်ရှည်ခလေးကို အီကြာကွေး၊ အိညှက်အိညှက်ပြောတတ်တဲ့ခလေးကို ပဲမုန့်၊ ပူပူညံညံလုပ်တဲ့ခလေးကို ကြေးအိုး၊ ခပ်အေးအေးနေတဲ့ခလေးကို လမုန့်၊ ဆံပင်အချောင်းကွဲနေတဲ့ခလေးဆို ခေါက်ဆွဲကြော် အဲသည်လိုခေါ်တယ်လား…။

      • weiwei

        February 18, 2012 at 11:17 pm

        ချဉ်ဖတ်လိုဖြစ်နေတဲ့ တူမလေးကို ကင်ချီလို့ ခေါ်ခဲ့သေးတယ် … နောက်တော့မှ ကလေးကို မကောင်းပါဘူးလေဆိုပြီး ကင်ချီလို့ မခေါ်ဖြစ်တော့ဘူး …

  • ဦးဦးပါလေရာ

    February 18, 2012 at 11:26 pm

    မူကြိုမှာတင် ဒီလောက် လုပ်နိုင်ကြတယ်ဆိုတာတော့
    ရှေးအဘိုးကြီးဖြစ်တဲ့ကျုပ်အဖို့ အံ့ဩဘနန်းပါပဲ… တကယ်ပါ…..

    ဒါကြောင့်လဲ ဘိုကျောင်း ရောဂါတက်ကြတာဖြစ်မယ်။

    • ဆူး

      February 19, 2012 at 12:29 pm

      ဆူး တို့ ငယ်ငယ်ကလည်း အစိုးရ မူကြို တက်ခဲ့ရတယ်။
      ကျောင်းပွဲမှာ အားကစား ပန်းချီ ပြိုင်တာ ဓါတ်ပုံတော့ ရှိတယ်။
      အပြေးပြိုင်ပွဲမှာ ကလေးတွေ ညာလက်ကလေး တဖက်က အရှေ့ကိုဆန့် ဘယ်လက်ကလေး တဖက် ကွေးထားပြီး ပြေးဖို့ ဟန်ပြင်ရတယ်။ အဲဒါကို လူကြီးတွေက ဓါတ်ပုံတွေ ရိုက်ကြတာပေါ့.. ပုံထဲမှာဆို ဆူး လက်က သူများ လက် ထက် ပိုပြီး အရှေ့ရောက်နေတယ်။
      ဒါပေမဲ့ ပြေးလည်း ပြေးရော သူများနောက်ဆုံးမှ ပန်းဝင်တယ်။
      အိမ်မှာတော့ အမြဲနောက်တယ် သနားဆု တဲ့.. ကော်ခွက် အနီ လေး တလုံး လက်ဆောင် ရဖူးတယ်။
      ပန်းချီ ဆေးရောင် ခြယ်တာကတော့ နေမကောင်းတဲ့ ကြားထဲက ဆေးသွားခြယ်တာ အချိန်မစေ့ခင် အဖေက လာခေါ်တာနဲ့ ပြန်သွားရတယ်။ အနွေးထည်လေးနဲ့.. ဒုတိယဆု ရခဲ့တယ်။ ကြုံလို့ ကြွားပြောပြတာ။
      မူကြို အတန်းထဲမှာတော့ မင်းသမီးလို ဝတ်ကတဲ့ ကောင်မလေးက ပိုက်ဆံ ရှိလို့လား မိဘတွေပဲ ရေလောင်းတာလားတော့ မသိဘူး.. သူကို ဆို ဆရာမ တွေ တော်တော် အရေးပေးတာ အမြင် ကတ်မိတယ်။

  • sandy. lay

    February 18, 2012 at 11:47 pm

    hote. I know now Aunty wei !

    • ကြောင်ကြီး

      February 19, 2012 at 1:03 am

      အခုတော့သိဘီ စန္ဒီကို ကိုယ် 😳

      • ဆူး

        February 19, 2012 at 12:33 pm

        ချာမ ကို သေချာ သိသွားပြီလား။
        ချာမ ဆာရီ လေးနဲ့ မှာ မပါဘူး နဲ့ တူတယ်နော်။

  • ရင်နင့်

    February 18, 2012 at 11:55 pm

    တီချာချန်တီ တီချာလဲဒီမှာဝင်ကြည့်ဒယ်ပေါ့ တားဘူလဲတိလားတီချာ တားလည်းတီ့ချာအခန်းထဲကလေ တားနာမည်က ပလာတာ ဟိုုမက်စိနှစ်လုုံးပါပီး ပါးစပ်နဲ့စကားပြောတဲ့ကောင်လေးလေ

    • ကြောင်ကြီး

      February 19, 2012 at 1:01 am

      လဗြွတ်နဲ့ရော သေးပေါက်ဖူးလားဟင်…

      • ရင်နင့်

        February 19, 2012 at 1:33 am

        ပေါက်ဖူးတာပေါ့ဂျ မယုုံရင်တီချာချန်တီ မေးကြည့် သူအတိဆုုံး…

  • K@oru

    February 19, 2012 at 12:16 am

    အို…

    ကောင်းလေစွ …..

    ထွီ……….ချဉ်ထာအေ …..

    ကြိုက်တာယူပါပိတ်သတ်ကြီ း….
    ပိတ်သတ်ကြီးလည်း …….သည်လိုရသ၂ခု တပြိုင်တည်း ခံစားရမယ်ထင်ပါ့ ………
    ဟဲဟဲ…ဘာကြောင့်လဲ ဆိုတာတော့ … သဂျီးတို့လို ဆြာကြီးတွေမေးချင့် ………….
    သများကတော့ ဘာမှမသိဝူးရယ်……ခစ်ခစ်..

  • မိုက်ကယ်ဂျော်နီငပွ

    February 19, 2012 at 3:02 am

    သားသားလေးတွေ မီးမီးလေးတွေကိုကြည့်ပြီး
    ဖန်မလီစိတ်တွေ တစ်ဂွီဂွီထလာပြီ
    သားသားမီးမီးတို့ရဲ့ မူလပလန်းနက် မာမီကိုလိုက်ရှာဦးမှ
    တိန်တိန်

  • kai

    February 19, 2012 at 3:14 am

    ယူအက်စ်ကနေ.. မြန်မာပြည်ပြန်မဲ့သူတချို့.. သူတို့ကလေးတွေအတွက်.. ရန်ကုန်က.. ကလေးကျောင်းစရိပ်တွေ.. လာလာမေးကြတယ်..။
    နည်းနည်းရှင်းပေး..ရေးပေးနိုင်ရင်.. အဆင်ပြေမယ်ထင်တာပါပဲ..။

    ယူအက်စ်မှာတော့.. ကလေးတွေအဲလိုထွက်ကြ..ကကြတာ…. ပုံမှန်ပါပဲ..။
    မိဘတွေ..အလုပ်ခဏထားပြီး..သွားကြ..အားပေးကြရတယ်လေ…။
    ကလေးတွေက.. စရိပ်စကတွေလည်း.. သူတို့ဖာသူတို့.. ပစ္စည်းလေးတွေရောင်းရှာကြရတာ..။
    အဲလိုနဲ့.. ကလေးတွေကိုစိတ်ဓါတ်မြှင့်ပေးတာ..
    ငွေတန်ဖိုးလည်း ..ကောင်းကောင်းသိတော့တာပေ့ါ…။

    ဂုဏ်ယူပါကြောင်း… ILBC..

    • weiwei

      February 19, 2012 at 9:30 am

      ရန်ကုန်မှာ ILBC က ဈေးအသက်သာဆုံးလို့ ထင်တာပဲ … ဈေးနှုန်းအတိအကျ သေချာအောင်မေးကြည့်ပါအုန်းမယ် … ဒေါ်လာဈေးပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ် … မူကြိုကလေးအတွက် တစ်လကို တစ်သိန်းသုံးသောင်း၊ မူလတန်းကလေးအတွက် တစ်သိန်းခုနှစ်သောင်းနဲ့ အတန်းအလိုက် တဖြည်းဖြည်း ဈေးကြီးလာပြီး ၉ တန်း ၁ဝ တန်းလောက်မှာ ၃ သိန်းလောက်ရှိတယ်လို့ အကြမ်းမျဉ်းသိထားပါတယ် …
      concert တွေ ပုံမှန်လုပ်ပေးလေ့ရှိပါတယ် … ကျောင်းသားမိဘတွေနဲ့ ဆရာ ဆရာမတွေ အမြဲထိတွေ့မှုရှိပြီး ကလေးအခြေအနေဆွေးနွေးပေးလေ့ရှိပါတယ် …

      တခြားနိုင်ငံတကာကျောင်းတွေရဲ့ ကျောင်းလခကို သိသူများရှိရင်လဲ ဝင်ရေးပေးပါလို့ …..

      • Thel Nu Aye

        February 19, 2012 at 4:56 pm

        မဟုတ်ဘူးအစ်မ။ သူ့ထက်သက်သာတဲ့ကျောင်းတွေရှိသေးတယ်။ NIEC, PISM တို့ ကပိုသက်သာပါတယ်။ ဒစ်ပလိုမက်တစ်ကတော့ တလ ဒေါ်လာ ၃၀ဝ လောက်ကစရှိပါတယ်။
        PISM ကတော့တနှစ်စာယူပါတယ်။ ၁၉ သိန်းကစပါတယ်။ NIEC ကတော့ တလ ချင်းစီယူပါတယ်။ သူလဲ ၁ သိန်းခွဲလောက်ကစရှိပါတယ်။ MISY, MIS တို့ကလဲတနှစ်စာ ယူပါတယ်။ သူတို့က ဒေါ်လာ ၄၁၀ဝ လောက်စယူပါတယ်။ ဒါတွေက IGCSE အတန်းတွေ အတွက်ပါ။ ဒါအတန်းအငယ်ဈေးတွေပါ။ မူလတန်းပေါ့။

  • kotun winlatt

    February 19, 2012 at 9:46 am

    ကျုပ်တို့ရွာမှာတော့ ဘုန်းကြီးကျောင်းက ဘာငွေမှမပါပဲလက်ခဲတယ်…
    မင်္ဂလာသုတ်ကစပြီး ဘုရားဂုဏ်တော် တရားဂုဏ်တော်တွေ
    အလကားသင်ပေးတယ်….အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကိုလည်း
    နောက်ပိုင်းမှာ အလကားပင်သင်ပေးရန်အစီအစဉ်ရှိပါကြောင်းးးးးး။

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    February 19, 2012 at 4:28 pm

    ဘာ ကိုးတန်းဆယ်တန်း ကလေးတွေရဲ့ ကျောင်းလခ တလစာက ၃သိန်းဟတ်လား
    တန်အထာ ကွာ ရွာမှာဆို ဆိုင်ကယ်တစီးစာပဲ ရှိတယ် ဖုန်းတလုံးဝယ်ပြီး ပိုတဲ့ဟာ မုန့်ဝယ်စားလို့ရတယ်ကွ
    ကျောင်းကောင်းကောင်းတက်ချင်ရင် ပလောင်တောင်တက်နှေးရတယ်ကွ ဟတ်လား
    (ဟိ ဘာမှလည်းဆိုင်ဘူး)
    ဒါနဲ ဟို စံနီ ဆိုတဲ့ ဆရာမလေး မြန်မာလို ရေးပေးလကွယ် ဒွတ်ဒက် ရွတ်ရှက်တွေ ဖတ်တတ်ဘူး

Leave a Reply