မိုက်ရိုင်းတဲ့လုပ်ရပ်ဗျာ သင်္ဂြိုဟ်စရိတ်အဖြစ် ကျပ်ငွေ သိန်း ၅ဝဝ လျော်ကြေးပေးတဲ့စစ်တပ်ရဲ့လုပ်ရပ်

guestktyJune 4, 20101min1178

မေလ ၁၆ ရက်နေ ့က ပဲခူးတိုင်း ညောင်လေးပင်မြို ့နယ် ပြွန်တန်ဆာအပိုင် ရထားလမ်းတနေရာမှာ စစ်သားအဖြစ် စုဆောင်းတာကို ငြင်းဆန်တဲ့ မောင်တင်မင်းနိုင် ဆိုသူ အသက် ၁၅ နှစ်အရွယ် လူငယ်တဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ မောင်တင်မင်းနိုင်ဟာ ညောင်လေးပင်မြို့နယ် ဝါးရုံကုန်းကျေးရွာအုပ်စု၊ စံဖဲကျေးရွာက အဖ ဦးဌေးဝင်းရဲ့သား ဖြစ်ပါတယ်။ သူနဲ့ သူငယ်ချင်းတယောက်ဟာ မေလ ၁၆ ရက်နေ့က ွ့ွကွက်ထိုးဖို့ အသွား၊ ပြွန်တန်ဆာမြို ့ တောင်ဖက် သံတံတားလို့ ခေါ်တဲ့နေရာ အရောက်မှာ မီးရထားလမ်းလုံခြုံရေး တာဝန်ကျ စစ်သားသုံးယောက်က လှမ်းခေါ်ပြီး စစ်တပ်ထဲ ဝင်မလားလို့ မေးတယ်လို့ ဆိုပါတယ်။ မဝင်ရင် ပြန်မလွှတ်တော့ဘူးလို့ ့ပြောဆိုပြီး ခြိမ်းခြောက်ကြတဲ့အတွက် မောင်တင်မင်းနိုင်ရဲ့ သူငယ်ချင်းက ဝင်ပါမယ်လို့ ပြောကြောင်း သိရပါတယ်။

မောင်တင်မင်းနိုင်ကတော့ ခင်ဗျားတို့ လုပ်ချင်ရာလုပ် မဝင်နိုင်ဘူးလို့ ငြင်းဆန်တဲ့အတွက် အဲဒီစစ်သား ၃ ယောက်ထဲက တပ်သား မိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီမှာတင် မောင်တင်မင်းနိုင် သေဆုံးသွားကြောင်း သိရပါတယ်။ နောက် စစ်သား ၂ ဦးကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ပြီး၊ ပြွန်တန်ဆာဘူတာမှာ အခြေစိုက်တဲ့ ခမရ (၅၈၆) စစ်ကြောင်း ၂ က ဖြစ်တယ်လို့ မြို ့ခံတဦးက ပြောပါတယ်။

ရွာကိုပြန်ရောက်သွားတဲ့ မောင်တင်မင်းနိုင်ရဲ့ သူငယ်ချင်းက သူ့မိဘတွေကို ပြောပြီး ရဲစခန်းကို တိုင်ကြားရာမှာ မောင်တင်မင်းနိုင်ရဲ့အလောင်
းကို အဲဒီ သံတံတားအောက် ချောင်းထဲက ဒိုက်ပင်တွေကြားထဲမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မှုခင်းစစ်ဆေးမှုတွေအပြီးမှာ အမှုမှတ်တမ်းကို စစ်ဘက်က လွှဲပြောင်းယူသွားတယ်လို့ ပြွန်တန်ဆာ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။ မောင်တင်မင်းနိုင်ရဲ့ မိသားစုကို သင်္ဂြိုဟ်စရိတ်အဖြစ် ကျပ်ငွေ သိန်း ၅ဝဝ လျော်ကြေးပေးပြီး ဘယ်အဖွဲ့အစည်းကိုမှ သတင်းမပေးရဘူးလို့ ခြိမ်းခြောက်ထားကြောင်းလည်း သိရပါတယ်။

စစ်တပ်က တုန့်ပြန် အရေးယူတာတွေ ဖြစ်လာမှာစိုးတဲ့အတွက် ပစ်သတ်ခံရတဲ့ မောင်တင်မင်းနိုင် မိသားစု အပါအဝင် ဒေသခံတွေက သတင်းဌာနတွေကို ပြောဖို ့ ကြောက်နေကြတယ်လို့လည်း သိရပါတယ်။

8 comments

  • Ye Ning Su

    June 5, 2010 at 12:08 am

    If this news is true we can report to ICRC.

  • etone

    June 5, 2010 at 1:41 am

    လုပ်ချင်တိုင်းကိုလုပ်နေတော့တောပဲနော် ဒါတောင်ဘာမဟုတ်တဲ့ တပ်သားပစ်တာခံလိုက်ရတယ် ။
    လူစိတ်ရောရှိရဲ့လား မသိဘူး ။ အရိုင်းစိုင်းတွေ ကိုယ်ချင်းမစာမနာ သူများသားသမီးကို သူတို ့မို့ လုပ်ရက်တယ် ။ post တင်ပေးတဲ့ guestkty ရေ Thank you ပါနော် ။

  • soemoe

    June 5, 2010 at 2:25 am

    ကိုယ်ထင်ရာကိုယ်လုပ်နေကြတာပါလားနော် တဖက်သားရဲ့ အသက်တစ်ချောင်း ငွေ သိန်း (၅၀၀) နဲ့ လဲတယ်ပေါ့
    မိုက်ရိုင်းလိုက်တဲ့အမှုအကျင့်တွေ အပြစ်ရှိတဲ့သူကို အပြစ်ပေးရမှာပဲ မဟုတ်တာလုပ်တဲ့ လူတွေ ကို မဟုတ်တာပြောခံရတာ လေ
    အပြောမခံချင်ရင် ဟုတ်တာပဲလုပ်ပေါ့….

  • nyanay

    June 5, 2010 at 4:17 am

    ကြောက်စရာကောင်းတယ်လို့တောင်ထင်မိပါတယ်ဗျာ..

  • SoeLin

    June 28, 2010 at 3:34 am

    အဲလိုကြေးသာဆို
    ငါလည်း သိန်း(၅၀၀)ပေးပြီး လူ(၆)ယောက်လောက်ကို သတ်ချင်တယ်.. ရမလား

  • cobra

    June 28, 2010 at 8:59 am

    လုပ်ရက်ကတော့မိုက်ရိုင်းတယ်ဟေ့။စစ်တပ်မှာသင်ပေးတာတွေကဒါတွေလား။သိန်း၅၀ဝပေးပြီးလူတယောက်သတ်တယ်ပေါ့။တော်သေးတာပေါ့ဗျာသိန်း၅၀ဝပေးသေးလို့။အဲ့ဒီသူတောင်းစားကိုဘာမှအရေးမယူဘူးလား။

  • petitelapine

    July 16, 2010 at 6:11 am

    အဲဒီလိုတွေလုပ်နေတာကိုက မြန်မာပြည်ဆိုတာပြနေတာပဲ…

  • marnat

    July 16, 2010 at 6:30 am

    လုပ်ထားကြပေါ့။

Leave a Reply