ရွှေညဝါဆရာတော်ကြီး နောက်ဆုံးနေ့ ဆွမ်းခံပွဲ

ပုိင္ေလးFebruary 19, 20123min1474

ရွှေညဝါဆရာတော်ကြီး နောက်ဆုံးနေ့ ဆွမ်းခံပွဲနှင့် ပြည်သူ့မျက်ရည်

၁၈ရက်နေ့ ရွှေညဝါဆရာတော်ကြီးရဲ့ ၄ရက်မြောက် ဆွမ်းခံကြွချီပွဲနဲ့ ပြည်သူတွေကတော့ နေ့စဉ်ရက်ဆက် နှမြောသတနဲ့ ငိုကြွေးနေရတဲ့ မြင်ကွင်းဓာတ်ပုံတွေပါ..။

၁၉ရက်နေ့ မနက် ၈နာရီမှ စပြီးရွှေညဝါဆရာတော်ကြီး အနှစ်နှစ်အလလက ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှ မှော်ဘီရှိ အလှူရှင်များ လှူဒါန်းထားတဲ့ ဥယျာဉ်ခြံမြေသို့ ပြောင်းရွှေ့ သီတင်းသုံးမှာ ဖြစ်ပါတယ်..။ ဆရာတော်ကြီးရဲ့ တပည့်ဒါယကာ၊ ဒါယကာမများနဲ့ အဖွဲ့အစည်းအသီးသီးမှ ဆရာတော်ကြီးရဲ့ ဩဝါဒကို ခံယူပြီး ပူဇော်ကန်တော့ နှုတ်ဆက်ကြမှာ ဖြစ်သလို နေမကောင်းဖြစ်နေတဲ့ ကိုမင်းကိုနိုင် ကိုယ်တိုင် မကျန်းမာတဲ့ကြားက လာရောက်လိုက်ပါ နှုတ်ဆက် ပို့ဆောင်မှာ ဖြစ်ပါတယ်..။

4 comments

  • Burmese or Chinese

    February 19, 2012 at 7:07 am

    ဒီမိုဝေယံ မှ…………………

  • Burmese or Chinese

    February 19, 2012 at 7:08 am

    ကိုယ့်တစ်ကယ် မျက်ရည်ကျခဲ့ပါ​သည်…….
    စိတ်မကောင်းစရာပါ။
    တမင်ဇာတ်တိုက်ပြီး လုပ်ထားတာ မဟုတ်ပါဘူး။
    ဆရာတော်ကို ဦးညွတ်ကန်တော့လိုက်ပါတယ်ဘုရား…

  • kotun winlatt

    February 19, 2012 at 9:00 am

    စိတ်မကောင်းစရာပါပဲဗျာ…..
    ဆရာတော်ကျန်းမာပါစေ…
    ဆရာတော်အား ရှိခိုးကန်တော့ပါတယ်ဘုရားးးးး။

  • ဆူး

    February 19, 2012 at 11:57 am

    တကယ် မျက်ရည်ကျကြတာ အမှန်အကန်ပဲ..
    မနေ့က ဈေးသွားတာ မနက်ပိုင်းက ဆရာတော် ကြွတာ ငိုတဲ့ အကြောင်း ကြားခဲ့တယ်။

Leave a Reply