သီရိမင်္ဂလာ ဈေးသူဈေးသား များ နှင့် အာဏာပိုင် တို ့၏ အခြေအနေတင်းမာ မှု

nyanayJune 5, 20101min531

သီရိမင်္ဂလာဈေးတွင် သစ်သီးဝလံရောင်းချသည့် မိသားစု REUTERS/Sstringer (MYANMAR)

ကျွန်တော် တို ့ဘယ်နည်းနဲ ့မှ ဒီနေရာ ကနေ ဖယ်မပေး နိုင်ဘူး ။ဟိုအရင် ဗွက်တောကတည်း က ကျွန်တော်တို ့က ဒီနေရာ မှာ ရောင်းလာတာ ဟု သီရိ မင်္ဂလာ ဈေးမှ ရာသီပေါ် သစ်သီး သစ်နှံ ရောင်း သူ တစ်ဦး က Freedom News Group သို ့ပြောသည်။

သီရိမင်္ဂလာ ဈေးဟု မဖြစ်ခင် မော်တင် ဈေး ဘဝကတည်းက ကုန်ခြောက် ရောင်းလာသူ တစ်ဦးက
ကျွန်တော်တို ့ဒီဈေးပြောင်းရမယ် ဆိုတာ သတင်းကြားနေတာ ကြာပြီ နိုင်ငံခြား သတင်း ဌာန
တွေကလည်း ပြောတာ ရေဒီယို မှာကြားတယ် ။ ဒါပေမယ့် ပြည်တွင်း ဂျာနယ် တွေ စာနယ် ဇင်း သမားတွေ က မပြောင်း
ရဘူးတို ့ကောလ ဟာ လ ဆိုပြီး ဖော်ပြတော့ ကျွန်တော်တို ့ဘာမှ ပြင်ဆင် ချိန် မရလိုက်ဘူး ဈေးပြောင်း
တဲ့ ဆိုတာ ဘတ်(စ)ကား ပြောင်းစီး သလို လုပ်လို ့ရတာ မဟုတ် ဘူး ဖောက်သည် နဲ ့ ကုန်သည် လာဖို ့
အဆင်ပြေ မှ ရမှာ အခု ပြည်တွင်း ဂျာနယ် တွေ ကြောင့် ကျွန်တော်တို ့ဒုက္ခရောက်ပြီ မြန်မာ ဂျာနယ်တွေ
ကို မယုံတော့ ဘူး ဟု ပြောသည်။
[သီရိမင်္ဂလာဈေး ပြောင်းရွှေ ့ရမည့် သတင်းမှာ ကောလ ဟာလ သာဖြစ်ဟု ဖော်ပြထားသည့် ဧပြီလ ထုတ် မြန်မာပို ့စ်ဂျာနယ် (ထိုသတင်းကြောင့် ဈေးသူ၊ဈေးသားများ မှ ပြင်ဆင်ချိန် မရလိုက် ဟု သိရသည်)]

သီရိမင်္ဂလာဈေး ပြောင်းရွှေ ့ရမည့် သတင်းမှာ ကောလ ဟာလ သာဖြစ်ဟု ဖော်ပြထားသည့် ဧပြီလ ထုတ် မြန်မာပို ့စ်ဂျာနယ် (ထိုသတင်းကြောင့် ဈေးသူ၊ဈေးသားများ မှ ပြင်ဆင်ချိန် မရလိုက် ဟု သိရသည်)

ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို ့နယ် ကမ်းနားလမ်း တွင် ဖွင့်လှစ် ထားသည့် သီရီမင်္ဂလာဈေးကြီး အား ယခုလ ၂၈ ရက်နေ ့က စည်ပင်
ဈေး များဌာနမှ ဌာနမှုး ဦးတင်ကိုကို နှင့် အဖွဲ ့က လာရောက်ပြီး လှိုင်မြို ့နယ် ပိတောက်ချောင်း သို ့ပြောင်းရွှေ ့ရမည် ဟု လာရောက် အမိန် ့ပေးသွား သည် ။

ယခု ဈေးသစ် သည် ဈေးဟောင်း အဟောင်းအား ဖျက်သိမ်းပြီးနောက် ၁၉၉၈ ခုနှစ် တွင် ပြန်လည်ဖွင့်လှစ်
ခဲ့သည့် ငါးထပ် အဆောက်အဦ ဖြစ်သည်။

သီရိမင်္ဂလာ ဈေး ၊ဈေးသူ ဈေးသား အများစု က ထိုဈေးမှ မရွှေ ့ပြောင်း လိုကြခြင်း သည့် ဈေးသစ်
တည်ဆောက် ချိန်က ၎င်းတို ့၏ ငွေကြေးများ ထည့်ဝင်ထားရ ပြီး၊ဈေးသည် အများစု သည် ဈေးအနီး
တွင် ပင် လာရောက်အခြေအချ နေထိုင်သူများ ဖြစ်သောကြောင့် ထိုနေရာမှ ပြောင်းရွှေ ့ခြင်း မပြုလို
ကြခြင်းဖြစ်သည်။

သီရီမင်္ဂလာ ဈေး စတင် ဖွင့် လှစ် သည့် ၁၉၈၉ ခုနှစ် ကတည်းက ဈေးရောင်း လာသူ တစ်ဦးက
ဒီလိုမျိုး သူတို ့လုပ်ချင်တိုင်း လုပ်လို ့မရဘူး ဒီနေရာ ကနေ တဖဝါး မှ မရွှေ ့ပေး နိုင်ဘူး ဟု ပြောသည်။

အလုံမြို ့နယ်အောက်ကြည့်မြင့်တိုင်လမ်းတွင် နေထိုင်သူ တစ်ဦးက မူ သီရိ မင်္ဂလာဈေးက လက်ရှိ
အနေအထား ဆိုရင် မြို ့ပြ အင်္ဂါ နဲ ့မကိုက်တော့ ဘူး နောက်တစ်ခုက အနယ်နယ် အရပ် ရပ် က လူတွေ
ဈေးပွဲစားတွေ ၊ ကုန်စိမ်း သမားတွေ စုံတော့ စရိုက်လဲ စုံတယ် ၊ရာဇဝတ်မှုတွေ လည်း ရှိတယ်။ ခဏ
ခဏ ညဘက်ဆို ရင် ရိုက်မှု ၊လုယက်မှု တွေဖြစ်တယ် ဟု ပြောသည်။

သီရိမင်္ဂလာ ဈေးသည် ရန်ကုန်မြို ့ ၏ အဓိက ကုန်စိမ်း လက်ကားဈေးကွက် ဖြစ်ပြီးအနယ်နယ်အရပ်ရပ်
မှ ကုန်စည် များ ရန်ကုန် မြိ်ု ့သို ့စီးဝင်ရာ ဖြစ်သည်။

သီရိမင်္ဂလာ ဈေး သို ့ရန်ကုန် မြို ့မည် သည့် နေရာ မှ မဆို ခရီးသည်တင် ကားများ ဖြင့် သွား နိုင် အောင်
စီစဉ် ထားပြီး ၂၄ နာရီ ပြေးဆွဲပေးထားသည်။

သီရိ မင်္ဂလာဈေး သူ ဈေးသား များ က ပြောင်းရွှေ ့မှု အတွက် ထပ်မံ ငြင်းဆန် လျှင် သက်ဆိုင် ရာ
အာဏာ ပိုင်များ က အတင်းအဓမ္မ ပြောင်း ရွှေ ့ခိုင်းမည် ဟု သိရသည်။

မူရင်း– http://freedomnewsgroup.com

One comment

  • Black Ice

    June 5, 2010 at 5:53 am

    ပြောင်းရင်ပြောင်း မပြောင်းရင် မီးရှို့ခံနေရဦးမယ်။

Leave a Reply