အသစ် အသစ်ပြောင်းလဲ တိုးတက်လာသော အယူအဆနှင့် အဟောင်း အဟောင်း ကိုဖက်တွယ် ထားသူတို့ ၏ နှစ်ဦး အကြားခြားနားချက်ကို ဗုဒ(Buddha)က ဥပမာ ပေးကာ ယခုကဲ့သို့ ဟောကြားတော်မူသည်…

တခါက မြက်ပုံနှစ်ပုံကိုအတူ တွေ့သွားကြသော ခရီးသည်နှစ်ဦးသည်… ခရီးအတန်ငယ်ရောက်သော အခါ …

ဝါကွမ်းပုံ နှစ်ပုံကိုတွေ့သွားပြန်သည်… ထိုအခါခရီးသွားနှစ်ဦးအနက် ပထမတစ်ဦးက ငါဒီခရီး ဒီလမ်းအထိ

သယ် ဆောင်လာသော မြက်ကို ပစ်မထားနိုင်ဘူး ဟုပြောသည်… ကျန်ဒုတိယ တစ်ဦးသည်…

မြက်ပုံ ဖက်တွယ်မထားဘဲ.. မြက်၏တန်ဖိုး နှင့် ၀ါကွမ်း၏တန်ဖိုးကို ကြည့်ပြီး မြက်ပုံကို ပစ်ချပြီး

ဝါကွမ်း ပုံကိုသယ်ဆောင် သွားသည်…

ရှေ့ခရီး ခပ်လှမ်းလှမ်းသို့ရောက်သောအခါ.. သိုးမွှေးပုံကို တွေ့သွားပြန်၏.. ပထမလူတစ်ယောက်

ကတော့.. ၀ါကွမ်းပုံနဲ့ မြက်ပုံ တွေ့တုံးက ၀ါကွမ်းကို မလဲယူဘဲ ဒီအထိ.. မြက်ပုံကိုဘဲ ကြိုးစား ပန်းစား

ဒီနေရာ အထိ သယ်ဆောင်လာပြီးပြီ .. အခု လည်းသိုးမွှေးပုံကိုတွေ့ ပြန်ပြီး ပင်ပင်ပန်းပန်း သယ်ဆောင်

လာတဲ့ မြက်နဲ့ သိုးမွှေးပုံကို ငါမလဲနိုင်ဘူး ဆိုပြီး…မြက်ပုံ ကိုဘဲ ဆက်လက်သယ်ဆောင် သွားပါသည်..

ဒုတိယ လူကတော့.. ၀ါကွမ်းပုံနဲ့ သိုးမွှေးပုံရဲ့ တန်ဖိုးကိုကြည့်ပြီး… ၀ါကွမ်းပုံ ကိုပစ်ချကာ..

သိုးမွှေးပုံကို သယ်ဆောင်သွားလေ၏…ဒုတိယလူကတော့ တစ်ခုထက် တစ်ခု တန်ဖိုးမြင့်သော အရာကို ကြည့်ပြီး ဆုံးဖြတ်ကာ…

တစ်ခုပြီး တစ်ခုပြောင်းလဲ သယ်ဆောင်သွား၏…

ထို့အတူဘဲ…ယနေ့အထိ ဓမ(Dhamma) ဟုထင်ကာ မှတ်ယူလာခဲ့သော အရာသည်..
ရှေးကနှင့် မတူ ထူးခြားတိုးတက်လာသည့် အခြေအနေကြောင့်…အဓမ(Adhamma) ဖြစ်သွားချင်လည်း
ဖြစ်သွားနိုင်သည်…

ယနေ့ အထိ အကောင်း ဟုထင်ပြီး..သယ်ဆောင်လာသော အရာသည်… ယနေ့တွင်မူ
အညံ့ ဖြစ်ချင်လည်း ဖြစ်သွားနိုင်သည်…

ဘုရားက..ရဟန်းတို့ ..ဓမ(Dhamma)ကိုဖေါင်ကဲ့ သို့ သဘောထားရမည်.. ဖေါင်သည် တဖက်ကမ်း သို့ ကူးရန်အတွက်ဖြစ်သည်..ဖက်တွယ် ဆုပ်ကိုင်ထားရန် အတွက်မဟုတ်ပေ..ထို့အတူ ဓမ(Dhamma) သည်လည်း လွတ်မြောက်ငြိမ်းချမ်းရန် အတွက်ဖြစ်သည်…ဖက်တွယ်ဆုပ်ကိုင် ထားရန်အတွက် မဟုတ်ပေ…

ဓမ(Dhamma) သည်ပင်လျှင် ဖက်တွယ် ဆုပ်ကိုင်ထားရန် မဟုတ်လျှင်…အဓမ(Adhamma) မှာမူ ပြောစရာ ဘယ်မှာလိုတော့….မည်နည်း…

 

ကိုတာ၏ ဖြန်ထွက်တွေးခေါ်ခြင်းစာတမ်းမှ …

စာရေးဆရာ ပါရဂူ၏ အမှာစကား တွင်ပါသည့် ကောက်နုတ်ချက်အချို့…မှတဆင့် မျှဝေပေးလိုက်ပါသည်…

About Ko out of...

Ko out of... has written 91 post in this Website..