ရေစက်ဆုံတတယ် ဆိုတာ ဟုတ်ပါ့မလား…

Ko out of...February 19, 20121min34519

လူတွေ အိမ်ထောင်ပြုကြတာ များသောအားဖြင့် ရေစက်ဆုံလို့ပေါ့ကွာ၊ မမြင်ရတဲ့ အတိတ်ဘဝက ကံ အကျိုးပေးပေါ့ကွာဆိုပြီး သူများပြောလို့ လိုက်ပြောနေကြတာများတယ်။ တကယ်လည်း သူတိုမြင်လားဆို တော့ မမြင်ကြပါဘူး။

ဒါဆို ကျွန်တော်တခုမေးကြည့်မယ်- ပညာလည်းမရှိ၊ ပစည်းဥစာလည်းချို့တဲ့၊ ရုပ်ရည်ကလည်း မလှမပဆိုပါတော့ အရင်ဘဝက ရေစက်ကြောင့်ပါဆိုပြီး ဘယ်သူမှ မျက်စိမိတ်ပြီး အိမ်ထောင်မပြုပါဘူး…
တခုခုကို ကြည့်ပြီး ရွှေးချယ်မှာပါ…

ဒါတချက်ပေါ့နော် . နောက်အိမ်ထောင်ရေး အဆင်မပြေလို့ အိမ်ထောင်ကွဲတယ်ဆိုပါတော့

ဒါလည်း ဒို့ အရင်ဘဝက ရေစက်ကုန်လို့၊ ကံကုန်လိုဆိုပြီး ဘယ်သူမှ လွယ်လွယ်နဲ့ အိမ်ထောင် မကွဲချင်ကြပါ ဘူး။ စီးပွါးရေးကြောင့်လား၊ လူမှုရေးဖေါက်ပြန်လို့လား၊ အပျော်အပါးတွေကြောင့်လားစသည်ဖြင့် ဒီဘဝမှာ ဖြစ်နေတဲ့ ပြသနာတွေကြောင့်ပါ။

ဒါကိုမြင်နေ သိနေရဲ့သားနဲ့ မမြင်ရတဲ့ နေရာကို လက်ညိုးထိုးပြီး ပြောနေကြတာ အကျိုးလည်းမများပါဘူး။

လက်ရှိဘဝမှာ သူဘာဖြစ်နေလည်း ဘာကူညီပေးသင့်သလည်းဆိုတာ သုံးသပ်နိုင်ရင်တော့ လူတွေ အတွက် အကျိုးပိုများပါတယ်….

နောက်ထပ် စဉ်းစားလို့ရအောင်…
ဥပမာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့လူတွေဆိုတာလည်း ငါအရင်ဘဝက အကုသိုလ်ကံဆိုးအကျိုးပေးချိန်ရောက် ပြီဆိုပြီး ဘယ်သူကမှ ကိုယ့်ကိုယ်ကို လွယ်လွယ်နဲ့ အဆုံးမစီရင်ပါဘူး။ ဒီဘဝမှာ ပြသနာ တခုတခုကြောင့်ပါလို့ပြောချင်တယ်…

မှန်မှန်ကန်ကန်တွေးခေါ်တတ်ပြီး လူသားတွေကို စောင့်ရှောက်နိုင်ကြပါစေ…

စာရိတ(စာရိတ်တ)=ဆောင်သီလ ၊ ဝါရိတ(ဝါရိတ်တ)=ရှောင်သီလ နှစ်ခုမျှတအောင်ကျင့်သုံးနိုင်ကြပါစေ…

 

19 comments

  • အနော်က ရေစက် တဂယ် ဆုံ၊ မဆုံတော့ သိဘူး .. ။
    သို့ပေသိ အနော်တို့ရွာက အရှေ့ပိုင်းက ရေစက်နဲ့ အနောက်ပိုင်းက ရေစက်ကတော့ တစ်ခါမှ ဆုံဖူးဘူး …
    😀 😀

  • aye.kk

    February 19, 2012 at 4:48 pm

    အဖေ့လက်သုံးစကားလေးသတိရသွားလို့ပါ။
    ကံကိုယုံ၊ဆူးပုံကိုတော့မနင်း..တဲ့။
    ကံဆိုတာအကြောင်းတရား၊ယုံဆိုတာယုံကြည်တာ(ဘုရား၊တရား၊သံဃာ)
    ကိုးကွယ်တာ၊ဆည်းကပ်တာ၊မဂ္ဂင်တရားကိုသိမြင်အောင်လုပ်တာ၊အကျိုးတရားတဲ့။
    ဒါကအမေ့ရဲ ့လက်သုံးစကား။
    အဖေက..ကျမကိုပြောတယ်
    အခုသ္မီးရှေ့မှာဆူးပုံကြီးမြင်နေရပြီဆိုပါတော့…သ္မီးကနင်းမှာလားတဲ့၊ကျမကအဖေ့ကို…
    မနင်းဘူးလို့ပြန်ဖြေတာပေါ့နော်။
    အဖေကငါလဲမနင်းဘူးတဲ့၊အဲဒါကအမှန်တရားပဲတဲ့။
    အမေက..ကျမကိုပြောတယ်
    ကံကိုယုံတယ်ဆိုတာက..
    အကြောင်းတရားရှိလို့၊အကျိုးတရားဖြစ်လာတာတဲ့။
    မဂ္ဂင်သိအောင်မလုပ်နိုင်ဘဲနဲ့ရှင်းပြဘို့ရာမလွယ်ကူတာအမှန်ပါတဲ့။
    အဖေနဲ့အမေနဲ့ပြောတဲ့အမှန်တရားနှစ်ခုစလုံးကအမှန်တွေပါဘဲ။(ဒါကကျမရဲ ့အမြင်လေးပါ)

    • K- Red

      February 20, 2012 at 6:03 am

      မိဘကို ရန်ဖြစ်ခိုင်းတယ်လို့တော့ မထင်ပါနဲ့နော်..
      ကျွန်တော်တွေးမိတာကျတော့… မိဘတိုင်းလဲ အားလုံးတော့ မမှန်နိုင်ဘူးထင်တယ်….ဘာဖြစ်လည်းဆိုတော့ …ဘုရားထက်သိတဲ့ မိဘဆိုတာမရှိ လို့ ကျွန်တော်တွေးကြည့်တာပါ…

      နောက်ပြီး ကံကိုယုံ ဆူးပုံမနှင့်နဲ့ ဆိုတာလည်းကြားဖူး
      တယ်…

      နောက်တခုကျတော့…ကံထားရာနေ ကံစေရာသွား အားလုံးဟာ ကံ တရားအတိုင်းဘဲ လို့လည်း ဖတ်ရဖူးတယ်။ ကျွန်တော် ထင်တာ ဒါတွေဟာ အမြင် မပြတ်သားတဲ့ ကပြား အမြင်တွေဘဲ…
      ဘာဖြစ်လည်းဆိုတော့ ဘုရား နှစ်ခွ ဖြစ်တဲ့ စကားကို မပြောဘူး… တစ်ခွန်းတည်းသော စကားကိုသာ ပြောသူဖြစ်တယ်… ဘုရားစကားဟုတ်မဟုတ် ဆိုတာလည်း နှစ်ပေါင်းကြာပြီဆိုတော့ စိစစ်ရမှာပေါ့နော်… ဒါကျွန်တော် တွေးမိတာ လေးတွေပါနော… ကျေးဇူး….

  • ဒါကိုမြင်နေ သိနေရဲ့သားနဲ့ မမြင်ရတဲ့ နေရာကို လက်ညိုးထိုးပြီး ပြောနေကြတာ အကျိုးလည်းမများပါဘူး။
    လက်ရှိဘဝမှာ သူဘာဖြစ်နေလည်း ဘာကူညီပေးသင့်သလည်းဆိုတာ သုံးသပ်နိုင်ရင်တော့ လူတွေ အတွက်
    အကျိုးပိုများပါတယ်….

    ရေစက်တော့ မသိပါဘူး။ရေမော်တာပျက်နေတယ်ဗျ။ဟိ ဟိ ။just kidding ပါနော်။ကြိုက်၏။

  • လောကမှာ မမြင်မသိတဲ့ အကြောင်းအရာတွေနဲ့လူကိုထိန်းချုပ်ထားတာတွေအများကြီးပါဘဲ။
    တစ်ချိုကိစ္စတွေက လက်တွေ့မပြနိုင်တော့ ကိုယ်လဲဉာဏ်မမှီတာမျိုးကြတော့ အချိန်ကုန်ခံပြီး
    ငြင်းလဲမနေချင်ပါဘူး။
    လက်တွေ့လုပ်နိုင်တာကိုဘဲလုပ်ပေးလိုက်တော့မယ်ဗျာ
    အချိန်ကုန်လွန်းလို့ပါ။

  • kai

    February 20, 2012 at 2:39 am

    http://en.wikipedia.org/wiki/Butterfly_effect

    The phrase refers to the idea that a butterfly’s wings might create tiny changes in the atmosphere that may ultimately alter the path of a tornado or delay, accelerate or even prevent the occurrence of a tornado in another location. The flapping wing represents a small change in the initial condition of the system, which causes a chain of events leading to large-scale alterations of events (compare: domino effect). Had the butterfly not flapped its wings, the trajectory of the system might have been vastly different.

    Note that the butterfly does not cause the tornado. The flap of the wings is a part of the initial conditions; one set of conditions leads to a tornado while the other set of conditions doesn’t. It’s possible that the set of conditions without the butterfly flapping its wings is the set that leads to a tornado.
    ခေးယော့စ်သီအိုရီထဲ.. ဘတ်တာဖလိုင်းအဖက်…ဆိုတာရှိတယ်..။
    အဲဒီသီအိုရီအရ…
    ရွှေတိဂုံဘုရား အရှေ့ဖက်စောင်းတန်းအပေါ်မှာနားနေတဲ့ ငှက်ကလေး မနက်မှာ တီတီတျာတျာအော်လိုက်တာက.. ယူအက်စ် ဖလော်ရီဒါပြည်နယ်မှာ မုန်တိုင်းဖြစ်သွားစေနိုင်တယ်ဆိုပါတယ်..။

    သဘာဝတရားဟာ.. ဟန်ချက်ညီညီ/စနစ်တကျနဲ့.. ဗရမ်းဗတာဖြစ်နေတာပါ…
    ဒါကို.. တချို့က.. ထာဝရဘုရားရှင်အလိုတော်လို့လည်း ခေါ်ကြတယ်ပေါ့..
    မြန်မာတွေကတော့.. ကံတရားဆိုပြီးစ အမည်တတ်ကြတာများပါတယ်..

    ဖြစ်ချင်တာတွေ..ဖြစ်ချင်သလိုဖြစ်နေတဲ့.. လောကမှာ..တပ်ချင်သလိုအမည်တပ်.. ဖြစ်ချင်တာတွေက.. ဖြစ်ချင်သလို..ဆက်ဖြစ်နေမှာပါ…

    ဆိုတော့…
    ညဏ်မမှီတာ.. ကံမမှီတာ…. ကံတရား.. ဟိုဟာ..ဒီဟာ.. အကုန်.. ခေးရော့စ်သီအိုရီအရဖြစ်ပါကြောင်း…
    ကိုယ်ကလည်းလုပ်မရလုပ်ကိုင်ပြုပြင်ထိန်းကြောင်းမရ… သူများကလည်းလုပ်ကိုင်ပြုပြင်ထိန်းသိမ်းလို့မရ..
    ဘယ်သူ့ဘယ်သူမှ.. ဘာမှလုပ်မရပါ…

    ဒါတွေကို ဗုဒ္ဓကဘာပြောသလည်းဆိုတော့…

    မာလုကျ ပုတ္တ.. ထိုအကြောင်း ကိုအဘယ့်ကြောင့် ငါမဟောကြား သနည်း။ မာလုကျပုတ္တ..ထိုအကြောင်းသည် အကျိုးစီးပွား နှင့် မစပ်..မြတ်သော သာသနာတော် ၏ အစအနမျှလည်း မဖြစ်..ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှာ မဖြစ်နိုင်..ရာဂကင်းခြင်းငှာ မဖြစ်နိုင်..ရာဂ ချုပ်ခြင်းငှာ မဖြစ်နိုင်..ကိလေသာမီးငြိမ်းအေးခြင်းငှာ မဖြစ်နိုင်..ထူးသောဉာဏ်ဖြင့် သိခြင်း ငှာမဖြစ်နိုင်..သစ္စာလေးပါးကို သိခြင်းငှာ မဖြစ်နိုင်..ချုပ်ငြိမ်းခြင်းငှာမဖြစ်နိုင်..ထို့ကြောင့် ထိုအကြောင်းအရာကို ငါဘုရား မဟောကြား…..

    • True Answer

      February 20, 2012 at 10:38 am

      မိုးကုတ်ဆရာတော်ကြီး၏ အဂ္ဂိဝစ္ဆသုတ်၊ မာလုကျပုတ္တသုတ်၊ ယမကသုတ်၊ တခြား ဒိဌိဖြုတ်သုတ္တန်များဖြစ်ပြီး ရှေ့ဘဝ နောက်ဘဝ အယူများကို တင်ပြထားပါသည်။

      http://www.dhammaransi.com/index.php?option=com_content&view=article&id=47:2009-08-24-11-38-45&catid=50:mp3&Itemid=83

      သုတမယ၊ စိန္တာမယ၊ ဘာဝနာမယ အကျင့်တရားတို့ဖြင့် နားလည်ထားမည့်အမြင်မျိုးဖြစ်ပါသည်။
      habitual perception ထက်ကျော်လွန်သော အမြင်မျိုးဖြစ်လေသည်။
      မိမိလောဘ၊ ဒေါသ၊ သောက မည်မျှ စွန့်လွှတ်နိုင်မှု သလဲ ဆိုခြင်းသည် သာ အမှန်တရားမှတ်ကျောက်ဖြစ်လေသည်။

  • True Answer

    February 20, 2012 at 8:39 am

    ထေရဝါဒ၊ မဟာယန၊ ဝဇီရာယန ဗုဒ္ဓဘာသာအားလုံး
    -ရှေ့ဘဝနောက်ဘဝအယူ၊
    -ဘုရားအလောင်းအဖြစ် ဘဝပေါင်းများစွာ ပါရမီဖြည့်ကျင့်ရသောအယူ၊
    -လူ့ဘဝ အပြင် ပရလောက (အပါယ်လေးပါး) ရှိသေးသည်ဟူသောအယူ၊
    -ပဋိစ္စသမုပ္ပါဒ်၊ ဓမ္မစကြာ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးအယူ ၊
    -ကံကံ၏အကျိုး (အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်အယူ)၊
    -ပါဏာတိပါတကံ အယူ(တိရစ္ဆာန်များပါပါဝင်သည်) အားလုံး အတူတူပင်ဖြစ်လေသည်။
    ထိုသဘောထား အခြေခံမျှ မတူညီနိုင်ပဲ ဗုဒ္ဓစာပေများကို အကိုးအကားပြုကာ
    မိမိတို့ဝါဒကို အများလက်ခံအောင် ဗုဒ္ဓစာပေများကို ထုတ်ယူကိုးကားလျှက် မိမိလိုသလို ဘာသာပြန်ပြီး
    ဗုဒ္ဓသာသာအမည်ဖြင့် သပ်လျှို လိမ်လည် လှည့်ဖြားခြင်းကို ရပ်တန့်သင့်ပေပြီ။

    ပိုမိုသိရှိနားလည်လိုပါက –
    http://myanmargazette.net/64548/creative-writing
    http://myanmargazette.net/100222/creative-writing

    အကြံပေးချက်။
    မိမိတို့ အယူကို မိမိတို့ကိုယ်ပိုင်နာမည် မိမိဖာသာ လွတ်လွတ်လပ်လပ် တင်ပြသင့်ပါသည်။

  • mg mg

    February 20, 2012 at 8:42 am

    နဲနဲလောက် ဆရာကြီး ဝင်လုပ်ကြည့်လိုက်ဦးမယ်နော်၊
    မဖြစ်တော့လဲ၊ ဒါနဆန်များရှင့်ပေါ့။
    မြတ်စွာဘုရားကို ဘယ်သူလဲမသိဘူးလျှောက်ထားတယ်တဲ့(ဆရာကြီးဆိုတော့မေ့တဲ့အခါလဲမေ့ပေါ့)
    သတ်တဝါတွေ သေပြီးနောက်ဘဝဆိုတာရှိလားတဲ့၊
    ဒါမှမဟုတ် မရှိဘူးလားတဲ့၊ အဲသည်လိုမေးတယ်ပြောပါတယ်။
    ဒီလိုမေးခွန်းမျိုးကို အစွန်းထွက်တဲ့အမေးလို့ ရှေးဆရာများသုံးကြပါတယ်။(ရှေ့တိုးထပိုး နောက်ဆုတ်လှည်းတုတ်ဆိုသလိုပေါ့)
    ဆိုပါတော့ နောက်ဘဝရှိတယ်ဆိုရင်၊ သသ်သတဒိတ်ဌိ တဲ့။ မရှိပါဘူးဆိုရင် ဥစ်ဆေဒဒိတ်ဌိတဲ့။
    (မြတ်စွာဘုရား ဘယ်လိုဖြေတော်မူခဲ့တယ်ထင်ပါသလဲ။
    သိချင်ရင်ရှာဖတ် နာလဲသိဘူးရယ်)
    ပြောချင်တာက တစ်ခါတစ်ခါ တချို့ကိတ်စတွေက အထူးသဖြင့်ဘာသာရေးမှာပေါ့ အခန့်မသင့်ရင်
    မသိလိုက်ဘဲနဲ့ အစွန်းဖြစ်သွားတတ်ပါတယ်။ အဲလိုပြောလို့ မတွေး-မပြောရဘူးမဟုတ်ပါ၊
    အစွန်းမထွက်စေချင်တာ၊ အစွဲမဖြစ်စေချင်တာပါ။
    အစွန်းထွက်တော့ငြိတယ်ပေါ့နော၊ အစွဲဖြစ်တော့ ဒိတ်ဌိဖြစ်တယ်ပေါ့နော။
    ဆိုင်လားတော့မသိဘူး ပြောတော့ပြောလိုက်ပြီ(ဆရာကြီးလေသံနဲ့)

  • K@oru

    February 20, 2012 at 9:11 am

    ဘာတွေတုန်း ..
    နားလည်ဝူး ….

    ရေစက်တော့ တိဝူး မိုးစက်ပဲတိဒယ် ….
    ရွာထဲကချာတိတ်….

    ဟိုမင်းသမီးလေး …ယောက်ျားတယောက်ကို
    ရခါတိတိ လက်ထပ်ယူရတာ ရေစက်လားဟင်င်င်….

    ကတောက် …ချဉ်ဘာဒယ်အေ…
    ၇-ခါယူမှ ၁ယောက်ရတာ….(နောက်တနည်း)
    ရခါမှာ ၁ခါလောက် နာ့ကိုယူတော့ ဘာဖစ်မှာကျနေဒါဘဲ…

    စိတ်ထိခယက်တွားဘီ ….

    😀

  • kyeemite

    February 20, 2012 at 2:54 pm

    ကျုပ်သိတဲ့ ရေစက်ကတော့..ရေမလာဒါကြာပီချင့်..

    • စိန်ပေါက်ပေါက်

      February 20, 2012 at 3:14 pm

      ဒါကြောင့် ချဉ်စော်နံနေတာဂိုး
      😀

    • water-melon

      February 20, 2012 at 3:38 pm

      ကြီးမိုက်က တစ်လနေမှ ရေချိုးတာမဟုတ်ဘူး
      အမလေး နံလို်က်တာတော်
      အီးစော်ကို နံဟောင်နေတာဘ

  • Harumoto

    February 20, 2012 at 3:24 pm

    တခါတလေ ဉာဏ်မမှီတဲ့ ကိစ္စ တွေကို
    မစဉ်းစားတာအဆင်ပြေမယ်ထင်တယ်။
    “မာလုကျ ပုတ္တ.. ထိုအကြောင်း ကိုအဘယ့်ကြောင့် ငါမဟောကြား သနည်း။ မာလုကျပုတ္တ..ထိုအကြောင်းသည် အကျိုးစီးပွား နှင့် မစပ်..မြတ်သော သာသနာတော် ၏ အစအနမျှလည်း မဖြစ်..ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှာ မဖြစ်နိုင်..ရာဂကင်းခြင်းငှာ မဖြစ်နိုင်..ရာဂ ချုပ်ခြင်းငှာ မဖြစ်နိုင်..ကိလေသာမီးငြိမ်းအေးခြင်းငှာ မဖြစ်နိုင်..ထူးသောဉာဏ်ဖြင့် သိခြင်း ငှာမဖြစ်နိုင်..သစ္စာလေးပါးကို သိခြင်းငှာ မဖြစ်နိုင်..ချုပ်ငြိမ်းခြင်းငှာမဖြစ်နိုင်..ထို့ကြောင့် ထိုအကြောင်းအရာကို ငါဘုရား မဟောကြား…..”
    မဆိုင်တာတွေ စဉ်းစားရင်း အတွေးတွေ ချော်သွားမှာစိုးတဲ့အတွက် ဘုရားမဟောခဲ့တာကို
    ကျွန်တော်တို့ရဲ့ တထွာ တမိုက် ဉာဏ်နဲ့ မဆင်ခြင် ကြရင် အကောင်းဆုံးပါ။
    သိလို့လဲ အကျိုးရှိမှာမဟုတ်ဘူး။ အငြင်းပွါးရတာဘဲ ရှိမယ်။

  • we R one

    February 21, 2012 at 10:51 am

    သေချာတာ က တော့ အဲလို မျိုးရေစက်ဆုံအောင် တစ်ယောက်ယောက် က ဖန်တီးပေးနေတာတော့ မဟုတ်ဘူး..။ ရေစက်ဆုံအောင်ပဲ ကိုယ်က လုပ်တာ ကိုယ်က လုပ်ခဲ့တာ ကိုယ်ကလုပ်နေခဲ့တာ… ပေါ့..။
    ဒါနဲ.. စကားမစပ်.. ကျွန်မ တို့သိတဲ့ အစ်မကြီးတစ်ယောက် သိတတ်ကတည်းက ထီပေါက်ချင်လို့ ထီထိုးလာခဲ့တာ သေသာသွားတယ် ထီပေါက်မသွား ဘူး အဲဒါဘာကြောင့်လဲ..။ လစဉ်လည်း ထိုးပါရက်နဲ..။ ?????

    • K- Red

      February 21, 2012 at 11:29 am

      ထီမပေါက်တာဟာ… အရှိတရားပေါ်အခြေမခံတဲ့ စိတ်ကူးရင်သက်ဖြစ်တဲ့ အတွက် ဒါတွေဟာ မသေချာပါဘူး… ထီပေါက်ခဲ့ရင် လည်းတိုက်ဆိုင် မှုလို့ဘဲမြင်ပါတယ်… ထန်းသီးကြွေခိုက် ကျီးနား ခိုက်၊ ချိန်းလိုက် ရင်လွှဲ ဦးမယ် ဆိုတာတွေပေါ့…

      ယခုခေတ်မှာ ..အရှိတရားပေါ် အခြေခံတဲ့ .. လူအား၊ငွေအား၊ ပညာအား စသည်စသည် အရင်းနှီးရှိတာ တောင်မှ အမြတ်ရဖို့ မသေချာသေးပါဘူး… အရှိတရားပေါ် အခြေမခံတဲ့ စိတ်ကူးရင် ကံစမ်းမဲတို့၊ ထီထိုးတာတို့ ၊ ဗေဒင်ယတြာ တို့ ဆိုတာတွေဟာ လူ့အသိကို မတိုးပွါးစေတဲ့ အပြင် လူတွေကို အညွှန့်တုံးစေပါတယ်လို့ဘဲ ပွင့်ပွင့် လင်းလင်း ပြန်လည် တင်ပြပါရစေ…..

  • del one

    February 21, 2012 at 1:36 pm

    ဥုုးသုမင်္ဂလ(ဒယ်အိုးဆရာတော်) ပြော
    သွားတာရှင်းရှင်းလေးပါ “အကြောင်းရှိလို့
    အကျိုးဖြစ်တာ” ကံဆိုတာကိုယ်တိုင်စီမံတဲ့
    အရာပါ။

  • etone

    February 21, 2012 at 3:20 pm

    အလကားပါ .. လူတွေ ပါးစပ်ကသာ ရေစက် ရေစက်နဲ့ … အသုံးလှအောင် .. ဘယ်စာရေးစရာထွင်ခဲ့တဲ့စာလုံးမှန်းမသိဘူး … ။ တစ်ဦးနဲ့ တစ်ဦး ပေါင်းသင်းဖို့ အိမ်ထောင်ကျဖို့ဆိုတာ … ပုံသေကားချပ်တော့မဟုတ်ဘူး … ။ မှန်းထားပေမယ့် .. ဖြစ်မလာတာမျိုးလည်း ရှိတယ် .. ဒါဆိုဘာလို့ပြောမလဲ.. ရေစက်မဆုံဘူးလို့ ပြောဦးမလား ….။

    လူ့လောကသဘာဝအရ .. အဆင်ပြေတဲ့ လူနဲ့ ယူကြတာပါပဲ … ၊ အကြောင်းမတိုက်တော့လည်း ကွဲပေါ့ … ။ ဒါကြောင့် … ရေစက်ဆိုတဲ့ ဝေါဟာရကို အယုံကြည်လုံးဝမရှိပါကြောင်း ………….. ။

Leave a Reply