အိမ်ရှင်များနဲ ့အတူပျော်ရွှင်ပါ

မောင် ပေFebruary 19, 20121min19610

မင်္ဂလာပါ ခင်ဗျာ ။
စနေညအတွက် ကျွန်တော်ခန် ့မှန်းခဲ့တဲ့ ကာတားနီးယား နဲ ့ရေဆင်း ၂ သင်းစလုံး ပြတ်ပြတ်သားသား ရှုံးခဲ့ပါတယ် ။ လာမယ့် အင်္ဂ ါညမှာ ရုရှားမှာ ချန်ပီယံလိဂ်ကန်ရမယ့် ရီးရဲမက်ဒရစ်အသင်း လူချိုမယ် မှတ်ခဲ့တာ ၊ လူစုံထုတ်ကစားခဲ့ပါတယ် ။ ပိုဆိုးတာက ပွဲအစ ၆မိနစ်မှာဘဲ လူကျွံအနေအထားနဲ ့ ရော်နယ်ဒို သွင်းယူခြင်းကို ခွင့်ပြုခဲ့တာပါဘဲ ။ အဆိုးဆုံးကတော့ ပထမပိုင်း၃၉မိနစ်မှာ ရေဆင်းကစားသမား ဒီစစ်မာ နှစ်ဝါတစ်နီ နဲ ့အထုတ်ခံလိုက်ရပါတယ် ။ ရီးရဲမက်ဒရစ် လို အသင်းကြီးမျိုး ရဲ ့အိမ်ကွင်းမှာ ရေဆင်းလို အသင်းလေး ဟာ ၁ဝ ယောက် ၁၁ ယောက် နဲ ့ဆိုတော့ ၊ ပုရွက်ဆိတ် ကို ကလပ်စတာဗုံး ကြဲလိုက်သလိုပါဘဲ ။ ဂျူဗင်တပ် ကာတားနီးယား ပွဲမှာ ဆိုရင်လဲ ကာတားနီးယား က ပွဲစ ၄ မိနစ်မှာဘဲ အဖွင့်ဂိုး ကို ဦးဆောင်သွင်းယူနိုင်ခဲ့ပေမယ့် ၊ ဂျူဗင်တပ် က ၂၂ မိနစ်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ် ။ အဲဒီနောက် နှစ်သင်းလုံး အသဲသန် ကစားနေကြစဉ်မှာဘဲ ၊ ဒုတိယပိုင်း ၆၅ မိနစ်မှာ ကာတားနီးယားကစားသမား မော့တား ဟာ နှစ်ဝါတစ်နီ နဲ ့အထုတ်ခံလိုက်ရပါတယ် ။ ၁ဝယောက် ကာတားနီးယား ခဗျာ ၊ ၁၁ ယောက် ဂျူဗင်တပ် ကို ကြံ ့ကြံ ့မခံ နိုင်ဘဲ အရှုံးပေးလိုက်ရပါတော့တယ် ။ ကျွန်တော် ရွေးခြယ်ခဲ့တဲ့ ၂ သင်းစလုံး ၁ယောက်စီ အထုတ်ခံ လိုက်ရလို ့ရှုံးရတာပါ လို ့ဘဲ ပြောချင်ပါတော့တယ် ခင်ဗျာ ။
ဒီကနေ ့ည ပွဲစဉ်များနဲ ့အချိန်များကတော့
အက်ဖ်အေဖလား
6.30 ခရော်လေ – စတုတ်
8.30 စတီဗင်နော့ – စပါး
11.00 လီဗာပူး – ဘရိုက်တန်
ဂျာမနီ ဘွန်ဒက်လီဂါ
9.00 ရှော်ကေး – ဝုဘတ်
11.00 ဟန်နိုဗာ – စတုဂတ်
အီတလီ စီးရီးအေ
6.00 လက်ချီ – ဆီနာ
8.30 စီစီနာ – အေစီမီလန်
8.30 ဂျီနိုအာ – ချီယေဗို
8.30 နိုဗာရာ – အက်တလန်တာ
8.30 ရိုးမား – ပါးမား
2.15 ပါလာမို – လာဇီယို
2.15 အူဒီးနီး – ကယ်ဂလီယာရီ
စပိန်လာလီဂါ
5.30 ဂရာနာဒါ – ဆိုစီဒက်
9.30 ဘီဘာအို – မာလာဂါ
11.30 ဂီဂျွန် – အက်သလက်တီကို
11.30 မာယော့ကာ – ဗီလာရီးရဲ
1.15 လီဗန်တေး – ဗယ်လကာနို
3.00 ဘာစီလိုနာ – ဗလင်စီယာ
ရိုးမား (၇) – ပါးမား (၁၂)
ရိုးမား ဟာ စီးရီးအေ၂၃ပွဲကန်အပြီး ၁ဝ ပွဲနိုင် ၊ ၅ ပွဲသရေ ၊ ၈ ပွဲရှုံး ၊ ရဂိုး၃၆ ပေးဂိုး၂ရ ၃၅မှတ်
ပါးမား ဟာ စီးရီးအေ၂၂ပွဲကန်အပြီး ရ ပွဲနိုင် ၊ ရ ပွဲသရေ ၊ ၈ ပွဲရှုံး ၊ ရဂိုး၂ရ ပေးဂိုး၃၄ ၂၈မှတ်
ရိုးမား ကန်ခဲ့တဲ့ ရှေ ့ငါးပွဲရလဒ်များမှာ ရှုံး ၊ သရေ ၊ နိုင် ၊ ရှုံး ၊ သရေ
ပါးမား ကန်ခဲ့တဲ့ ရှေ ့ငါးပွဲရလဒ်များမှာ သရေ ၊ နိုင် ၊ သရေ ၊ သရေ ၊ နိုင်
သည်နှစ်သင်း တွေ ့ဆုံခဲ့မှုများမှာ
Sep 25, 2011 Parma 0 – AS Roma 1
Feb 27, 2011 AS Roma 2 – Parma 2
Oct 24, 2010 Parma 0 – AS Roma 0
May 1, 2010 Parma 1 – AS Roma 2
Dec 20, 2009 AS Roma 2 – Parma 0
ဈေးအနေအထားအရ ရိုးမား တစ်ဂိုးသွင်းရင် ၁၀% ဆုံးရှုံးမှာပါ ။
နှစ်သင်းစလုံးမှာ အဓိက ကစားသမားတွေ ဒဏ်ရာကင်းစင်နေပါပြီ ။
ပါးမား ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ညတုန်းက ဂျူဗင်တပ် နဲ ့တစ်ပွဲကန်ထားရလို ့ရိုးမားထက်စာရင် ပွဲပန်းနေမှာပါ ။
သည်ပွဲမှာ ဖွင့်တဲ့ ဈေးက မနေ ့ည က ဆီဗီလာ ပွဲဖွင့်တဲ့ ဈေးနဲ ့တူနေပါတယ် ။
ရိုးမား နဲ ့ဆီဗီလာ အနေအထားကလဲ ၊ ရှုံးပွဲများနေတာချင်း တူနေပါတယ် ။
ရိုးမား ဟာ သည်ပွဲ နိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လမ်းကြောင်းပေါ်ရောက်လာနိုင်ပါတယ် ။
ဆိုတော့က
အိမ်ရှင် ရိုးမား နဲ ့အတူ အကျိုးများကြရအောင်ဗျာ ။
ပါလာမို (၈) – လာဇီယို (၃) = ပါလာမို နိုင်ဖို ့ ၈၀% သေချာပါတယ် ။
စီဆီနာ (၁၉) – အေစီမီလန် (၂) = အေစီမီလန် တစ်ဂိုးအနည်းဆုံးသွင်းနိုင်ပါတယ် ။
ဘီဘာအို (၉) – မာလာဂါ (၇) = နှစ်ပွဲဆက်ရှုံးခဲ့တဲ့ ဘီဘာအို အနိုင်ကန်မှာ ၈၀% ပါ ။
လီဗန်တေး (၅) – ဗယ်လကာနို (၁၁) = ရပွဲဆက်အခြေအနေဆိုးခဲ့တဲ့ လီဗန်တေး ၊ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဒီည အနိုင်ပါဘဲ ။
……………………………………………….
……. အားလုံး အောင်မြင် ပျော်ရွှင်ပါစေ …….

10 comments

  • blackchaw

    February 19, 2012 at 5:49 pm

    ကိုပေ။
    မနေ့က ခင်ဗျား စဉ်းစာပုံလေးက မှန်တယ်လို့ ထောက်ခံပါတယ်။
    ဒီလို အချက်အလက်တွေ ထည့်စဉ်းစားနိုင်မှ ဒီလိုပို့စ်မျိုး ရေးသင့်ပါတယ်။
    မနေ့က ရီးယဲလ် ပွဲမှာ ဘယ်ဘက်ကလောင်းမလဲလို့ မေးရင်
    ရမ်းပစ်တဲ့ ရမ်းပစ်သမားတွေကတော့ ရီးယဲလ် ပဲ ရွေးကြမယ်ဆိုတာ သေချာပါတယ်။
    ဒါပေမယ့် ခင်ဗျား တွေးပေးလိုက်တာက
    ဖွင့်ထားတဲ့ ကြေးရယ်၊
    နောက်ကစားမယ့် ပွဲရဲ့ အရေးကြီးပုံတွေကို ထည့်တွေးပေးလိုက်တော့
    ရီးယဲလ်ကို ဆန့်ကျင်တာ ခင်ဗျား မှန်တယ်လို့ ကျွန်တော် ထောက်ခံပါတယ်။
    မနေ့က ပွဲမှာ ခင်ဗျားလွဲခဲ့ပေမယ့် ခင်ဗျားရဲ့ စဉ်းစားပုံကို
    ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်ဗျာ။

  • စိန်ပေါက်ပေါက်

    February 19, 2012 at 6:02 pm

    ကောင်းပြီ စိန်လွင်ရေ
    အိမ်ရှင်တွေနဲ ့ ဖြတ်သန်းပါ့မယ်..

      • စိန်ပေါက်ပေါက်

        February 19, 2012 at 6:50 pm

        ဟာ
        ကိုစိန်လွင်ကလဲ
        ခင်ဗျားပြောတော့ စိန်လွင်ဆိုတာ ခ်င်ဗျာ့အိမ်ခေါ်နာမည်ဆို
        အင်္ဂ ါသားဆို..ဗျ
        မျိုးမျိုးမလုပ်နဲ ့ဂျာ
        ဟာဗျဲ. ဟာဗျဲ

  • စပ်ဖြဲ

    February 19, 2012 at 6:40 pm

    ကိုပေ…ဘောပွဲ မှန်းတာမှားလို. အပြစ်တင်တဲ့လူရှိရင်
    အဲ့ဒီကောင် ငပိန်းဘဲ … မှားတာ ဘာမှ ခံစားမနေနဲ. … မှန်းတိုင်းသာမှန်ရင် လုပ်စားမနေတော့ဘူး
    ဒီနေ. ကိုပေပြောတဲ့ ပွဲတွေ ကြိုက်တယ်ဗျာ

  • blackchaw

    February 19, 2012 at 6:44 pm

    ပေါက်ဖေါ်က
    အိမ်ရှင်ကို ကာရန်ယူပြီး
    စိန်လွင် လို့ လုပ်ထားတယ်လို့ ထင်တယ်ဗျာ။ 🙂

    • windtalker

      February 19, 2012 at 6:52 pm

      ရွှေဉာဏ်တော် စူးရှလှပါပေတယ် အကိုကြီး ။
      လေးစားပါတယ် ခင်ဗျ ။

  • koaung

    February 19, 2012 at 8:40 pm

    ဒီလိုမျိုးဂဂနန ရေးနိုင်တာလေးစားမိပါတယ်ဗျာ ကိုစိန်လွင်ရေ့

  • mg mg

    February 20, 2012 at 9:15 am

    အိမ်ရှင်မများနှင့်အတူပျော်ရွှင်ပါလို့ဖတ်လိုက်မိလို့ ဘာပါလိမ့်ဆိုပြီး ဝင်ကြည့်တာ၊
    ဆောတီး ဆောတီး၊ 44-လုံးက ပိုကြီးတဲ့တစ်လုံးကို လိုက်လုကြတာကိုး

Leave a Reply