အရှင်ဂမ္ဘီရအား အရေးယူတော့မည်

ပုိင္ေလးFebruary 19, 20121min33722

အရှင်ဂမ္ဘီရအား အရေးယူတော့မည်

(ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၃ တွင်ပါရှိသော သတင်း)

အရှင်ဂမီ္ဘရအား ဓမ္မစက်ဖြင့် မဆောာင်ရွက်တော့ဘဲ အာဏာစက်ဖြင့် ဆောင်ရွက်တော့မည့်

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဦးဂမီ္ဘရသည် ပြစ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းကိုပါ ထိပါးစော်ကားမှုများ ကျုးလွန်ခဲ့ကြောင်း၊ ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည် ဟူသော သတင်းခေါင်းစဉ်ဖြင့် ယနေ့ထုတ်အစိုးရပိုင်သတင်းစာတွင် ပါရှိခဲ့ခြင်းဖြစ်သည်။ ဦးဂမီ္ဘရအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

22 comments

  • kotun winlatt

    February 19, 2012 at 2:54 pm

    အင်းးးးးးဘယ်လိုတွေဖြစ်ရပြန်တာလည်းးးနော်……

  • lulu3

    February 19, 2012 at 2:55 pm

    စိတ်မကောင်းစရာ ပါဘဲ

  • ဆူး

    February 19, 2012 at 3:06 pm

    သတင်းစာထဲမှာတော့ တွေ့တယ်။
    အဲဒီ ဦဂမ္ဘီရ စကားပြောတော့ တော်တော် ရင့်တယ်။ ဒေါသထွက်တာ ကတော့ ထွက်တာပေါ့လေ.. အင်ဒါဗျူးတွေမှာ သိမ်မွေ့ခဲ့ ရင် သိပ်ကောင်းမယ်။

  • mgmaung

    February 19, 2012 at 3:22 pm

    ဒီနေရာမှာ ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ ဆောင်ရွက်ရမယ်ဆိုတာဟာ အစိုးရအာဏာကိုဆိုလိုတယ်လို့ ယူလို့မသင့်ပါ။
    ဓမ္မစက်ဆိုတဲ့ တရားတွေဟောပြဆုံးမလို့မှ မရရင်
    အာဏာစက်ဆိုတဲ့ (ဗုဒ္ဓရဲ့ဝိနည်းဒေသနာတော်) အာဏာဒေသနာအတိုင်းပဲ အရေးယူရမှာပါ။
    အာဏာစက်ဆိုတာ အစိုးရအာဏာကို ပြောတာမျိုးမဖြစ်သင့်ပါ။

    ဗုဒ္ဓရဲ့အာဏာဒေသနာဖြစ်သည့် ဝိနည်းဒေသနာအတိုင်းသာ အရေးယူဆောင်ရွက်သင့်တာပါ။
    ဗုဒ္ဓရဲ့ဝိနည်းဒေသနာမှာ ရဟန်းတစ်ပါးကို အရေးယူဖို့အတွက် အုပ်ချုပ်သူအစိုးရကို အပူကပ်ပြီး ဖမ်းခိုင်ဖို့တို့၊ လူဝတ်လဲခိုင်ဖို့တို့၊ ထောင်ချဖို့တို့ မပါပါ။
    ရဟန်းဝိနည်းကြောင်းလျော်စွာ
    ပကာသနိယကံပြုတာတို့၊
    ဲဗြဟ္မဒါဏ်ပေးတာတို့၊
    ဒါဏ်ပေးပြီး ဒါဏ်ထမ်းခိုင်းတာတို့၊
    ပရာဇိကကျနေရင် ရဟန်းဘောင်မှအနားယူဖို့ စစ်ဆေးတာတို့စသည့် ပုံစံမျိုးတွေနဲ့ပဲ
    အရေးယူဖို့ပဲလုပ်ဆောင်ရမှာပါ။
    ထောင်ချဖို့၊ အတင်းလူဝတ်လဲခိုင်းဖို့၊ တရားပွဲတွေပိတ်ဖို့စသည်တို့ မပါပါ။

    အခုက ဗုဒ္ဓသတ်မှတ်ခဲ့တဲ့ဝိနည်းဒေသနာတော်နဲ့ အရေးယူရမည့်အစား လူအစိုးရရဲ့အာဏာနဲ့ အရေးယူခိုင်နေခြင်းမျိုးသည် ဗုဒ္ဖ္ဓသာသာနာအတွက်ကော အုပ်ချုပ်သူ အစိုးရများအတွက်ပါ မကောင်းနိုင်ပါ။
    ရဟန်းတွေကိစ္စကို သမာသမတ်ကျတဲ့၊ ဩဇာညောင်းတဲ့ရဟန်းတွေမှ ဦးဆောင်ပြီး ရဟန်းရဟန်းချင်းသာ ငြိမ်းချမ်းအောင်ဖြေရှင်းသင့်တာပါ။

    အခုက ရဟန်းချင်း ကိုယ်ဩဇာမညောင်းလို့၊ ကိုယ်က ဩဇာညောင်းအောင်မနေလို့ အငယ်ရဟန်းတွေကို ပြောမရ၊ ဆိုမရဖြစ်နေတာတွေကို ကိုယ်အားနည်းချက်ကိုယ်မရှာကြပဲနဲ့ ပြောဆိုမရတဲ့ ရဟန်းငယ်တွေကို အစိုးရအာဏာကို အပူကပ်ပြီး ဖမ်းဆီးခိုင်း၊ အရေးယူခိုင်းနေတာဟာ အလွန်ရှက်ဖို့ကောင်းလှပါတယ်။
    အုပ်ချုပ်နေခွင့်ရနေသူ ဘုန်းကြီးတွေက အာဏာရှင်ဆန်သလိုဖြစ်နေပါတယ်။
    ဒါေ့ကြာင့် ရဟန်းတွေအပေါ်မှာ အမှန်တကယ် ကျင့်သုံးရမယ့် အာဏာစက်က ဗုဒ္ဓရဲ့ ဝိနည်းဒေသနာတော်အတိုင်းသာ ဖြစ်သင့်ပါတယ်လို့ ဘယ်ဘက်မှမပါပဲ သာသနာအရေးရင်လေးမိလို့ ဝင်ရေးလိုက်ရပါသည်။

  • three colors

    February 19, 2012 at 4:45 pm

    အားလုံးတော့မဟုတ်ပေမဲ့ အချို့ဦးပဇင်းများ ညစာစားတာ၊ချဲတွက်တာ၊သင်္ကန်းဝတ်လိုက်၊ချွတ်လိုက်လုပ်တာတွေ့ဘူးတယ်။
    ဝိနည်းအတိုင်းမနေနိုင်ရင်တော့ လူထွက်တာ ကောင်းပါတယ်၊

  • kai

    February 19, 2012 at 5:25 pm

    ၂၀၁ဝတုံးက.. ဖလော်ရီဒါက.. ခရစ်ယန်ပါစတာတပါးက… အစ္စလမ်သာသနာအထွတ်အမြတ်..ကိုရမ်ကျမ်းတော်ကို.. မီးရှို့မယ့် ကန်င်ပိန်းလုပ်တယ်..။

    ခရစ်ယန်တွေ.. ပြသနာတွေဖြစ်ကုန်တာပေါ့..
    သူ့ခံယူချက်နဲ့သူ… လုပ်တာပါ..။ ဒါဟာ..ခရစ်ယန်အားလုံးလိုလိုကသဘောမတူတာဖြစ်ပြီး.. နိုင်ငံရေးအရလည်း.. အကြီးအကျယ်ပြသနာတက်နိုင်တာပေါ့…။

    အကုန်ဝိုင်းတောင်းပန်..ဖြောင်းဖျတာပဲ..။
    ခရစ်ယန်သာသနာကလည်း.. ထုတ်လို့မရပါဘူး..။ ထောင်ချလို့မရဘူး..။ သာသနာပိုင်တွေက.. စကားနားမထောင်လို့ဆိုပြိး.. အရေးယူတာမျိုးလည်း.. လုပ်လို့မရဘူး..
    အဲဒီလို…

    ဆိုတော့…
    မြန်မာပြည်မှာ…
    ဘာလုပ်သင့်သလည်း…
    တခုပဲ..
    ဥပဒေအထက်မှာ.. မည်သူမှမရှိစေရ…။ 😆

    http://en.wikipedia.org/wiki/Dove_World_Quran-burning_controversy
    Dove World Quran-burning controversy
    From Wikipedia, the free encyclopedia

    The Dove World Quran-burning controversy arose in July 2010, when Terry Jones, the pastor of the Christian Dove World Outreach Center in Gainesville, Florida, U.S., announced he would burn 200 Qurans on the 2010 anniversary of the September 11 attacks. He gained media coverage, resulting in international outrage over his plans and pleas from world leaders to cancel the event. In early September 2010, Jones cancelled and pledged never to burn a Quran.[1] Jones’s threat sparked protests in the Middle East and Asia, in which a total of 20 people were killed.

    Jones held a “trial of the Quran” on March 20, 2011 in his Gainesville church. Finding the scriptures guilty of “crimes against humanity,” he burned it in the church sanctuary.[2] Protesters in the northern Afghanistan city of Mazar-i-Sharif and elsewhere attacked the United Nations Assistance Mission, killing at least 30 people, including at least seven U.N. workers, and injuring at least 150 people.[3][4][5] Jones disclaimed any responsibility. Norwegian, Swedish, Nepalese and Romanian nationals were among the UN workers killed.[6]

    American news analysts criticized and blamed Hamid Karzai, president of Afghanistan, for drawing attention to the Quran burning.[7] On March 31, Karzai publicly denounced the burning and asked for Terry Jones’s arrest.[8]
    ..

  • K- Red

    February 19, 2012 at 5:49 pm

    ဒို့မြန်မာနိုင်ငံမှာ တရားဆောင် ပုဂိုလ်တွေဆိုတာ.. NGO အဖွဲ့ဘဲဖြစ်သင့်တယ်… Thirdperson ဘဲဖြစ်ရမယ်.. မတရား သဖြင့်တြွေ့မင်နေရပါလျှက် ….ဘယ်သူမှ မပြောပေးကြတော့ဘူးလား… ဦးနေဝင်း လက်ထက်တုံးကလည်း ပြည်သူပိုင် သိမ်းလိုက်တော့ ပြောပေးတဲ့လူ တစ်ယောက်မှ မရှိသလို..(……) အရေးခင်းတုံးကလည်း (…..) ပြောပေးတဲ့လူမရှိခဲ့ပါဘူး… ဒါဟာတရားဆောင်တဲ့ (….) ဆိုတာ မရှိတော့ တဲ့ သဘောဘဲ လို့ မြင်မိပါတယ်…ဘုရားရဲ့ သားတပည့် သာသနာ့ အာဇာနည်ဆိုတာ ဘယ်မှာလည်း….

  • Lwin Aung

    February 19, 2012 at 7:34 pm

    it need independent Buddha Society not related to the government. So it can decide any decision independently
    because information source is from anywhere.

  • ဟုတ်ပါတယ်ဗျာ သူကြီးပြောသလိုပါဘဲ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရပေါ့။ခုကိစ္စမှာ အရှင်ဂမ္ဘီရ
    အပေါ် အာဏာစက်နဲ ့ကိုင်တွယ်မယ်ဆိုတော့ ဒီကနေ ့ မဟန ရဲ့ ဆရာတော်တွေအနေနဲ ့အတိုင်းအတာ
    တစ်ခုထိရုပ်ပျက်သွားပီ၊စိတ်ပျက်မိပါတယ်လို ့ကွန်မန် ့လေးပေးမိပါတယ် အနီ နှစ်ချက်ထိနေပါလားဗျာ။

  • maungmoenyo

    February 20, 2012 at 11:46 am

    အတွေ့အကြုံအရပြောရရင် အာဏာစက်ဆိုတာ ရဲ နဲ့ စစ်တပ်ကိုဆိုလိုတာပါ။ ဒီကိစ္စဘယ်လိုဖြေရှင်းမလဲစောင့်ကြည့်ရမှာပေါ့။ ခက်တာက (၄၇) ပါး မဟန ကို လူထုကယုံကြည့်မှုဆိုတဲ့ trust မရှိနိုင်သေးသရွေ့ မဟန ရဲ့အမိန့်ဟာ အစိုးရရဲ့အမိန့်လို့ လူထုကမြင်နေအုံးမှာပါဘဲ။ သာဿနာရေးကိစ္စ အစိုးရကဝင်စွက်ဖက်နေသေးသမျှ၊ မောင်ပိုင်သိမ်းနေသေးသမျှ၊ သဃာန်းဝတ်ဆိုပြီးအပုတ်ချနေသေးသရွေ့၊ သံဃာတွေကိုလက်နက်နဲ့အနိုင်ကျင့်တဲ့ ဖြစ်ရပ်တွေရှင်သန်နေသေးသရွေ့၊ မဟန ရဲ့ အခန်းကဏ္ဍကိုလူထုက သံသယကြီးနေကြအုံမှာပါဘဲ။
    စိတ်ဝင်စားဘို့ကောင်းမှာပါ။

  • နွယ်ပင်

    February 20, 2012 at 12:19 pm

    လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရအား ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရမည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။
    လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ယင်းနေ့တွင်ပင် သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုပါရန် လျှောက်ထားတောင်းပန်မှုမရှိဘဲ ရဟန်းပြန်ဝတ်ခဲ့သည့် ဦးဂမ္ဘီရာသည် နိုင်ငံတော်က တရားဥပဒေနှင့်အညီ ယခင်က ချိတ်ပိတ်ထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားတိုက်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တို့၏ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်၍ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
    ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒခံယူရန် ဦးဂမ္ဘီရအား သုံးကြိမ်တိုင်ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁ဝ ရက်တွင် မရန်းကုန်းမြို့နယ် ကမ္ဘာကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမသို့ ခေါ်ယူခဲ့ရကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆရာတော်ကြီးများ၏ ဩဝါဒခံယူရန်မိန့်ကြားခဲ့ကြောင်းနှင့် လမ်းညွှန်ဆုံးမဩဝါဒများအတိုင်း လိုက်နာသီတင်းသုံးနေထိုင်ရန်နှင့် ဝန်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေများအရလည်းကောင်း အရေးယူခံရမည်ဖြစ်သည်ကို ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဦးဂမ္ဘီရသည် ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့သော်လည်း သံဃာထုတစ်ရပ်လုံး၏ကိုယ်စား အချက် ၁ဝ ချက်ပါစာကို လျှောက်ထားခွင့်ပြုပါရန် ဆရာတော်ကြီးများအား တင်ပြခဲ့ကြောင်း၊ ဆရာတော်ကြီးများက ခွင့်ပြုခဲ့သည့်အတွက် လျှောက်ထားခဲ့ရာ ဦးဂမ္ဘီရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၎င်းအားပေးပို့သော အကြောင်းကြားစာပါ ”ခွင့်ပြုချက်မရှိဘဲ ပြစ်မှုကျုးလွန်နေသော” ဟုသည့် စကားရပ်ကို ကန့်ကွက်ကြောင်း၊ ရွှေညဝါဘုန်းကြီး ဦးပညာသီဟအား သာဓုဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား ၄၁၅ ဦးတွင်ပါဝင်သော ရဟန်း ၄၃ ပါးအား အကျဉ်းထောင်မှ လွတ်မြောက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးအနက် ရှုံ့ချကြောင်း စသည်တို့ ပါဝင်သည်။
    ထို့ပြင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝိနည်းတော်နှင့်အညီ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန် လျှောက်ထားလွှာတင်သွင်း ရေးမိန့်ကြားခဲ့သော်လည်း ဦးဂမ္ဘီရက ”၎င်းကိစ္စမှာ မိမိလို သံဃာတစ်ပါးအတွက် လိုအပ်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း” ပြန်လည်ပြောကြားခဲ့သည်။
    ဦးဂမ္ဘီရ၏ လျှောက်ထားချက်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ထိပါးစော်ကားမှုပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
    ဦးဂမ္ဘီရ၏ ဆောင်ရွက်မှုများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဂုဏ်များကိုပါ ထိပါးစေရုံသာမက သံဃာထုအား ဝိနည်းစည်းမျည်းစည်းကမ်း၊ ဝိနည်းဓမ္မကံ၊ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းသိမ်းရန် အခက်အခဲ ရှိလာစေမည်ဖြစ်သည်။ ထိုမျှမက သက်တော်၊ ဝါတော်၊ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့ဖြင့် ပြည့်စုံသော ဆရာတော်ကြီး ၄ရ ပါးဖြင့် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ”ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း”ဆိုသည့် သုံးနှုန်းထိပါးစော်ကားမှုများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမိုအတင့်ရဲလာစေနိုင်သည့် အလားအလာရှိကြောင်း တွေ့ရသည်။
    ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအနေဖြင့် စိတ်မချမ်းမသာဖြစ်ကြရပြီး ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်သာဖြစ်ကြောင်း သဘောထားဆန္ဒရှိတော်မူကြသည်။
    သို့ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာမြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေးကို ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ဝိနည်းဓမ္မကံလုပ်ထုံလုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံသူနိုင်ငံသား တိုင်းလိုက်နာရမည့် တရားဥပဒေကို အကြိမ်ကြိမ်ဖောက်ဖျက်ကျူးလွန်သည့်အပြင် ရဟန်းနှင့်မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိပါက ထင်ရာစိုင်းနေသော ဦးဂမ္ဘီရ(ခ)စန္ဒောဘာသ(ခ)ညီညီလွင် (၃၃)နှစ်အား ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ ပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
    EMG
    သစ်ထူးလွင်

    • etone

      February 21, 2012 at 11:45 am

      ဖတ်ပြီး ပြုံးမိတယ် …. ။ ရပ်ကွက်ဘုန်းကြီးကျောင်းတွေမှာတောင် …. သင်္ကန်းစီးချင်လျှင် .. ဘာထောက်ခံချက်မှ မလိုပဲ သင်္ကန်းဝတ်လို့ရတာကို … ဘာလို့များ .. ဆရာတော်ကြီး ထိပ်သီးတွေက … လွယ်နေတာကို ခက်အောင် လုပ်ရတာလဲနော် … ။

      ထောင်က ထွက်လာတဲ့ ဘုန်းကြီးတစ်ပါးရဲ့ … စိတ်ဓါတ်နဲ့ .. ဒုက္ခခံခဲ့ရတာတွေကို စာနာပါတယ် … ။ စိတ်မကောင်းလည်း ဖြစ်မိပါတယ် … ။ ဘုန်းကြီးဝတ်နဲ့ကို … သင်္ကန်းချွတ်ပြီးတောင်စိတ်ဒုက္ခတွေ အမျိုးစုံခံစားစေပြီး ထောင်ချရက်ခဲ့တာ … ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း ဆိုတဲ့ စကားလုံးလေးသုံးမိတာ .. အပြစ်ဖြစ်သွားတယ်တဲ့လား … သဘောမတူတာကို ကန့်ကွက်ခြင်းလို့သုံးပြီး … မနှစ်မြို့တဲ့ အပြုမူကို ရှုုံ့ချခြင်း နဲ့ သုံးထားတာ … သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ … ဝေဖန်ရုံနဲ့ .. .အပြစ်မဖြစ်သင့်ဘူး ထင်ပါတယ် … ။ အပေါ်က ကော့မန့် ဖတ်ကြည့်ရုံနဲ့ …. ဘယ်သူတွေက ဆန်းစစ်တစ်ဗ် ပိုဖြစ်လဲဆိုတာ … ပိုပြီး မြင်သာလွန်းနေပါပြီ … ။

      ဦးဂမ္ဘီရ၏ လျှောက်ထားချက်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ထိပါးစော်ကားမှုပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ဒါမျိုးကျတော့ .. ဂုဏ်သိက္ခာကျတယ်တဲ့လား … တော်ပါပြီ .. သိပ်မပြောတော့ပါဘူး .. ဝစီကံထိသွားမှာဆိုလို့ ..ဒီလောက်ပဲ … နားတော့မယ် … ။

      ကမာ္ဘပေါ်မှာ … ရှိတဲ့လူတိုင်း ၊ ဘုန်းကြီးတိုင်း ..ကိုယ်ချင်းစာစိတ်လေး ထားတတ်မယ်ဆို သိပ်ကောင်းမှာပါပဲ … ။

  • abc mgmg

    February 20, 2012 at 8:24 pm

    comment ပေးနေသူတွေထဲက ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်မှု ရှိသူတွေကို နည်းနည်းလောက် ပြောပါရစေ။
    ခင်ဗျားတို့ ကျနော်တို့ဟာ ခုလိုမျိုး ငယ်ရွယ်စဉ်အခါမှာ နိုင်ငံရေး စီးပွားရေး ပညာရေး စတဲ့ လောကီရေးတွေကို စိတ်အားထက်သန်နေကြပေမဲ့ နောက်တစ်ချိန် အသက်အရွယ်ရလာတဲ့ အချိန်မှာ ကိုယ်စိတ်က တရားဓမ္မဘက်ကို လိုက်စားချင်တာမျိုးတွေ ဖြစ်ကောင်း ဖြစ်လာတတ်ပါတယ်။
    အဲဒီလိုမျိုးတရားဓမ္မဘက်ကို လိုက်စားလာမယ်ဆိုရင် ကိုယ်သန္တာန်မှာ သူတော်ကောင်းပုဂ္ဂိုလ်တွေအပေါ် ပြစ်မှားထားတဲ့ အပြစ်မျိုးတွေ မရှိမှ တရားအဆင့် တိုးတက်နိုင်ခွင့် ရှိပါတယ်။
    ပြောလိုတာက ဗန်မော်ဆရာတော်ကြီးနှင့်တကွ မဟနအဖွဲ့ဆရာတော်ကြီးတွေနဲ့ ပတ်သက်လို ဝေဖန်တဲ့ အခါမျိုးမှာ ဒီဆရာတော်ကြီးတွေဟာ တရားအကျင့်နဲ့ ပတ်သက်လို့ ဘယ်လို ကျင့်ကြံအားထုတ်ထားကြတယ်ဆိုတာ ကိုယ်က မသိနိုင်ပါဘူး။ ဒါကြောင့် ပြစ်မှားစော်ကားရာရောက်မယ့် စကားလုံးမျိုးကို မသုံးမိဖို့ သတိပြုစေချင်ပါတယ်။
    ဝေဖန်တာ ဝေဖန်ရပါတယ်။ ဘာသာရေးကိစ္စဖြစ်နေတော့ တခြားကိစ္စတွေမှာလို စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်တာမျိုး ဝေဖန်လိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။
    ကိုယ့်ဘက်က မှားယွင်းသွားရင် နောင်တစ်ချိန်မှာ ကိုယ့်ဘက်ကို ပြန်ပြီး ဦးလှည့်လာမှာ ဖြစ်ပါတယ်။ အားလုံးကို လေးစားပါတယ်။

    • Burmese or Chinese

      February 21, 2012 at 8:14 am

      မြတ်ဗုဒ္ဓလက်ထက်တော်ကလည်း သံဃာထု အတွင်းအငြင်းပွားမှု၊ ပဋိပက္ခများ ဖြစ်ပွားဖူးခဲ့တာကို စာပေသမိုင်းအရသိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဒေဝဒတ်၏ လုပ်ဆောင်ချက်များကိုလည်း သံဃာထုအတွင်း ကြုံတွေ့ခဲ့ရပါတယ်။ သို့ပေမယ့် မြတ်စွာဘုရားရှင်သည် ဘယ်အာဏာစက်အကူအညီမှမတောင်းခ​ံခဲ့ပါဘူး။ ဝိနည်းတော်အတိုင်း၊ ဓမ္မနည်းလမ်း တို့အတိုင်းသာ ဆုံးဖြတ်ကျင့်သုံးခဲ့တာပါ။

  • အော်ဟုတ်ကဲ့ပါ abc stout …အဲလေ…abc mgmg ရေ။

    “ထို့ပြင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝိနည်းတော်နှင့်အညီ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန် လျှောက်ထားလွှာတင်သွင်း ရေးမိန့်ကြားခဲ့သော်လည်း ဦးဂမ္ဘီရက ”၎င်းကိစ္စမှာ မိမိလို သံဃာတစ်ပါးအတွက် လိုအပ်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း” ပြန်လည်ပြောကြားခဲ့သည်။”
    အပြည့်အဝထောက်ခံပါကြောင်း။

  • nature

    February 21, 2012 at 1:37 am

    အာဏာစက်နှင့် ဓမ္မစက်အားပြိုင်ရာတွင်မည်သူနိုင်မည်နည်း။

  • ကြက်ဖင် ( အကယ်ဒမီ )

    February 21, 2012 at 1:46 am

    ဘုန်းကြီးတွေဖတ်တဲ့စာထဲမှာပါတာကတော့
    ဘုန်းကြီးဆိုတာ ဘုန်းကြီးတဲ့ဘုန်းကြီးကဆုံးမရင်နာခံရတယ်ဆို
    ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီးပါပြောပြီး ကိုယ့်ထက်ဘုန်းကြီးတဲ့ ဘုန်းကြီးကြီးတွေပြောတာလည်းနားမထောင်
    လက်သီးလက်မောင်းတန်းပြီး ဒို့အရေးဆိုပြီးလုပ်ခြင်သေးတယ်ဆိုတော့
    ဘုန်းသေးတော့မပေါ့
    ကိုယ်လိုသလိုစွတ်မပြောနေကြနှင့်ဦး
    ကိုယ့်ဖက်ပါတယ်ဆိုပြီးထောက်ခံတော့ မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဘယ်သွားထားကြမလဲ

    • မိုက်ကယ်ဂျော်နီငပွ

      February 21, 2012 at 12:36 pm

      ဟေ့ကောင် အကယ်ဒမီရထားတဲ့ ကြက်ဖင်
      တော်သေးတယ် ဒီနှစ် ခင်ဗျား အကယ်ဒမီထပ်မရတာ
      မဟုတ်ရင် ကြက်ဖင် ထက်ဆင့်အကယ်ဒမီဆိုပြီးဖြစ်ရင် ရှည်နေအုန်းမှာ
      ဆရာတော်တွေက တိုင်းပြည်ဆင်းရဲတာ မကြည့်ရက်လို့
      ရဟန်းအလုပ်ကိုပြစ်ပြီး ခင်ဗျားတို့တွက်အလုပ်လုပ်ပေးတာကို
      ဘာဖင်ဂေါင်းလာပွနေတာလဲ 👿
      ဒီ ဖင်ဂေါင်းကျယ်တဲ့ကောင်ကို ဝိုင်းဆော်ကြကွာ

  • Burmese or Chinese

    February 21, 2012 at 8:13 am

    ရွှေညဝါဆရာတော်၊ ဦးဂမ္ဘီရ၊ ဦးသုမင်္ဂလ စသည့်သံဃာအဖွဲ့ဝင် ရဟန်းတော်များအပေါ် မဟန၏ ကျင့်သုံးဆက်ဆံမှုများကို လေ့လာလျှင် ယနေ့ထေရဝါဒသံဃာထုအတွင်း ဗုဒ္ဓအဆုံးအမဖြစ်သော ဝိနည်းတော်၊ ဓမ္မတို့အတိုင်း မကျင့်သုံးသည်ကို တွေ့ရပါသည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကလည်း သံဃာထု အတွင်းအငြင်းပွားမှု၊ ပဋိပက္ခများ ဖြစ်ပွားဖူးခဲ့တာကို စာပေသမိုင်းအရသိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဒေဝဒတ်၏ လုပ်ဆောင်ချက်များကိုလည်း သံဃာထုအတွင်း ကြုံတွေ့ခဲ့ရပါတယ်။ သို့ပေမယ့် မြတ်စွာဘုရားရှင်သည် ဘယ်အာဏာစက်အကူအညီမှမတောင်းခ​ံခဲ့ပါဘူး။ ဝိနည်းတော်အတိုင်း၊ ဓမ္မနည်းလမ်း တို့အတိုင်းသာ ဆုံးဖြတ်ကျင့်သုံးခဲ့တာပါ။ သံဃာအချင်းချင်းလည်း “သံဃာ ပဝါရနာ” ဖြစ်တဲ့ သံဃံ ဘန္တေ အာယသမန္တေ ပဝါရေမိ၊ ဒိဋ္ဌေနဝါ သုတေနဝါ ပရိသင်္ကာရဝါ ဝဒန္တု မံ သံဃော အနုကမ္ပံ ဥပါဒါယ ပဿံတော ပဋိကရိဿာမိ”လို့ ဆုံးမလမ်းညွှန်ခဲ့ပါတယ်။ အဓိပ္ပာယ်က “ဘန္တေ အရှင်ဘုရားတို့၊ အာယသမန္တေ အရှင်ဘုရားတို့ကို အဟံ တပည့်တော်သည် ပဝါရေမိ ဖိတ်ကြားပါ၏ဘုရား။ ဒိဋ္ဌေနဝါ မြင်သဖြင့် သော်လည်းကောင်း၊ သုတေနဝါ ကြားသဖြင့်သော်လည်းကောင်း၊ ပရိသင်္ကာယဝါ ယုံမှားသံသယ ဖြစ်ခြင်းရှိသောကြောင့်လည်း​ကောင်း သံဃော သံဃာတော်အရှင်မြတ်တို့သည် မံ တပည့်တော်ကို အနုကမ္ပံ အစဉ်သနားခြင်းကို ဥပါဒါယ အကြောင်းပြု၍ ဝဒန္တု မည်သို့မှားသည်၊ မည်သို့ ချွတ်ချော် တိမ်းပါးနေသည်ကို ပြောဆိုညွှန်ပြ ဆုံးမတော်မူပါကုန်ဘုရား။
    ဒီလိုအဓိပ္ပါယ် အနှစ်သာရနှင့်ပြည့်စုံသော ပဝါရနာကို ရွတ်ရုံလောက်သာ အသက်ဝင်ပြီး လက်တွေ့မှာတော့ တစ်ပါးအမှားကို တစ်ပါးက နားလည်ခွင့်လွှတ်ခြင်းမရှိ၊ တောင်းပန်သည့်ကြားမှပင် ကျောင်းမှနှင်ထုတ်ခြင်းအမှုက​ို ပြုသော ထေရဝါဒ၏အကြီးဆုံးအဖွဲ့၏ လုပ်ရပ်ကတော့ ဗုဒ္ဓ၏ တပည့်သားများ လုပ်ရပ်နှင့် တူသလော၊ ဒေဝဒတ်၏ တပည့်သားများ လုပ်ရပ်နှင့်တူသလော။
    သံဃာဝင်အပေါင်းစဉ်းစားကြပါက​ုန်၊ နည်းလမ်းများရှာကြပါကုန်။

  • Pearl May

    February 21, 2012 at 12:29 pm

    ဘာသာရေးနဲ့ဆယ်နွယ်တော့ သိပ်မပြောရဲဘူး။ ကျမတစ်ယောက်တည်းအမြင်ပြောရင် အခုဟာက သင်္ကန်းအကာအကွယ်ယူပြီး တမင်ပွဲဆူအောင်လုပ်နေသလိုပဲ။ အစိုးရနဲ့ ပါတီ ၊ အစိုးရနဲ့ဘုန်းကြီး ၊ အစိုးရနဲ့ လက်နက်ကိုင် ၊ ဘာကိစ္စပဲရှိရှိ အစိုးရကို အကောင်းနည်းနည်းလေးမှ မမြင်နိုင်သေးတဲ့အခြေအနေဆိုတော့။

  • htoosan

    February 21, 2012 at 1:44 pm

    ဦးဂမ္ဘီရ ထောင်ကထွက်လာပြီး ကျောင်းတိုက်တွေ သော့သွားဖျက်တော့ မိုက်လို့လုပ်တယ်ကွာ .. ငါ အခုမှ ထောင်ကထွက်လာတာ မင်းတို့ ဖမ်းရဲရင်ဖမ်းကြည့် ငါ့ကိုပြန်ဖမ်းရင် မင်းတို့ ပွဲ ပျက်သွားမယ် ပွဲ ဆူစေရမယ် ဆိုတာ ဖြစ်အောင် လုပ်ခဲ့တယ် လို့ မြင်တဲ့ အတွက် ဒီ သတင်းအပေါ်မှာ ဘယ်လိုမှ မအံ့ဩမိပါဘူးး ။ ဒီလိုဖြစ်အောင် ကိုလုပ်ခဲ့တယ်လိုဘဲ တွေးမိထားလို့ပါ။

Leave a Reply