သီလ

aye.kkFebruary 19, 20121min9811

ဘဝအလွမ်း
နွမ်းသည့်ပန်းက
ဆင်မြန်းမမွှေး
ရင်မအေးတည်း
သောကမီးမြိုက်
ရင်ဝယ်ပိုက်မူ
ကြုံကြုက်ဒုက္ခ
တွေ ့ကြရ ၍
မဆွေးအိုလင့်
ကျင့်အပ်ပန်းမြတ်
ဆင်မြန်းတတ်စေ
နေဝင်ဆည်းဆာ
တိမ်ပြာတောက်လည်း
ရင်တည်းအေးမြ
မွှေးထုံလှကါး
နောင်သံသရာ
နိဗ္ဗာန်ထိတိုင် လွန်ကောင်းသည်။

11 comments

  • အလွန်ကောင်းတဲ့ သီလ ကဗျာလေးပါ။
    သီလရှိတဲ့လူဟာ ပူလောင်မနေဘူး၊ သူ့ကြည့်ရတာနဲ့ အေးချမ်းတယ် ဆိုပဲဗျ။
    ပြီးတော့ သီလရှိသူရဲ့ အနံ့ကလည်း မွှေးမြတယ်လို့ နတ်သား တစ်ယောက်က ပြောဖူးကြောင်း ဘုရားဟော တရားထဲမှာ ဖတ်ခဲ့ဖူးတယ်ဗျ … ။

  • aye.kk

    February 19, 2012 at 2:15 pm

    ကျေးဇူးပါ..။
    ကလစ်တာမြန်သွားသဖြင့်
    စာလုံးပေါင်းသတ်ပုံမှားယွင်းသွားပါသည်။
    “ကြုက်”အား ကြိုက်ဟုနားလည်ပေးပါရန်တောင်းပန်အပ်ပါသည်ရှင့်။

  • aye.kk

    February 19, 2012 at 3:23 pm

    ိုမဟာရာဇာ အံစာတုံး,..လို့ပဲခေါ်ပါရစေနော်
    ကိုမဟာရာဇာ အံစာတုံးပြောတာမှန်ပါတယ်။
    ထပ်ဖြည့်ပြောပြချင်တာက…
    အဇရာသုတ်၌…
    နတ်သားမေးလို့မြတ်စွာဘုရားကဖြေကြားရာမှာ…
    သီလသည်မအိုနိုင်၊မဆွေးနိုင်အောင်ကောင်းသောတရားဖြစ်၏
    လူကအိုနိုင်၏၊တရားကမအိုနိုင်ပါ၊မဆွေးပါ၊သီလဟူသည်အလေ့အကျင့်ဖြစ်၏
    လေ့ကျင့်သဖြင့်ကျင့်သားရကါ၊သီလသည်အိုသည့်တိုင်အောင်ကောင်း၏
    ထိုသီလသည်မအိုမဆွေးသဖြင့်လည်းကောင်း၏လို့ဖြေကြားခဲ့ပါတယ်။ ။

    • ကောင်းသဗျာ ..
      ကျုပ်က ကြားရုံသာ ကြားဖူးခဲ့တာ … ။ ဘယ်ထဲက တုန်း မှတ်မိတော့ဘူးရာယ် .. ။
      အခု aye.kk ပြောတဲ့ ဘုရားရဲ့ ဖြေကြားချက်လေးကို မှတ်ထားလိုက်ပြီဗျို့ …။
      ကျေးကျေးပါ … 😀

  • စိန်ပေါက်ပေါက်

    February 19, 2012 at 6:40 pm

    ကောင်းတယ်ဗျာ
    သီလဆိုတဲ့ပန်း…သံသယာထိ မနွမ်းဘူးပေါ့..အန်တီအေးရေ..
    အားပေးလျက်

  • windtalker

    February 19, 2012 at 6:49 pm

    ကျွန်တော် က တော့ ငါးပါးသီလစောင့်ဖို ့အတွက် မဆင်ခြင်နိုင်ပါသဖြင့် ၊ ၂ပါးသီလ တော့ နေ ့စဉ်စောင့်ဖြစ်ကြောင်းပါ ခင်ဗျား

  • အဇရာသုတ်၌…
    နတ်သားမေးလို့မြတ်စွာဘုရားကဖြေကြားရာမှာ…
    သီလသည်မအိုနိုင်၊မဆွေးနိုင်အောင်ကောင်းသောတရားဖြစ်၏
    လူကအိုနိုင်၏၊တရားကမအိုနိုင်ပါ၊မဆွေးပါ၊သီလဟူသည်အလေ့အကျင့်ဖြစ်၏
    လေ့ကျင့်သဖြင့်ကျင့်သားရကါ၊သီလသည်အိုသည့်တိုင်အောင်ကောင်း၏
    ထိုသီလသည်မအိုမဆွေးသဖြင့်လည်းကောင်း၏လို့ဖြေကြားခဲ့ပါတယ်။ ။
    မှတ်သားလိုက်ပါ၏။မမအေး ကျေးဇူးနော်။

  • aye.kk

    February 20, 2012 at 4:11 am

    စိန်ပေါက်ပေါက်,…အားပေးတာဝမ်းသာမိပါတယ်။
    ကိုပေရေ,…သီလဆိုတာအလေ့အကျင့်ပါ…
    တစ်ခုနိုင်ရင်တစ်ခု၊နှစ်ခုနိုင်ရင်နှစ်ခု…
    လုပ်နိုင်သမျှအလေ့အကျင့်ပါ….။
    မောင်လေးနာဂရ…မှတ်သားသွားတာ၊သိရလို ့ဝမ်းသာပါတယ်။

  • koaung

    February 20, 2012 at 7:32 am

    ကဗျာလေးကကောင်းလှပါတယ်ဗျာ သီလဟာအလွယ်ကူဆုံး ယနေ့လူငယ်များကိုသိသင့်သိထိုက်တာလေး ရှင်းလင်းပြောပြရမယ်ဆိုရင်
    လူရယ်လို့ဖြစ်လာရင် ကိုယ်ကျင့်ရမဲ့ကိုယ်ကျင့်တရားတခုပါပဲ အကွပ်မရှိတဲ့ကြမ်းပရမ်းပတာ လိုပဲ လူမှာသီလဆိုတဲ့ကိုယ်ကျင့်တရားက
    အထိမ်းအကွပ်မရှိရင် ငယ်ရွယ်စဉ် ကိုယ်လုဎ်ချင်တာလုဎ်ခဲ့ရင် အရွယ်မရောက်ခင်ဖြစ်ချင်တာတွေမဖြစ်သင့်တာတွေဖြစ်သွားတတ်ပါတယ်
    မြင့်မားကြီးမားတဲ့အဆောက်အဦးများဟာအောက်ခြေခိုင်ဖို့အဓိကကျသလို ရည်ရွယ်ချက်ကြီးမားကြတဲ့လူငယ်လူရွယ်များဟာ ကျန်းမာသန်စွမ်းခြင်း စိတ်ဓတ်ကြံ့ခိုင်ခြင်း တို့ဟာအဓိကကျသလို ကိုယ်ကျင့်တရားကိုထိန်းကွပ်တဲ့ သီလကိုလဲမမေ့ဘဲ ခိုင်ခိုင်မာမာ
    ရှင်သန်နေထိုင်သွားကြဖို့လိုအပ်ကြောင်း ဝေမျှလိုပါတယ်

  • aye.kk

    February 20, 2012 at 8:09 am

    ကိုအောင်,…ကျေးဇူးပါ။
    အယူအဆလေးက…
    သင့်မြတ်လွန်းလှပါတယ်လို့ပြောလိုက်ပါရစေနော်။။

  • blackchaw

    February 20, 2012 at 10:34 am

    အစ်မရေ။
    အစ်မကိုယ်တိုင်ရေးတဲ့ကဗျာလေးတွေ ဖြစ်တဲ့အတွက်
    copy/paste ဆိုတာကြီး ကို ပြောင်းသင့်ပါကြောင်း။

Leave a Reply