ဆရာတော် ဦးသုမင်္ဂလဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေများ ရပ်ဆိုင်းလိုက်ပီ

ပညာသင်ကြားနေကြတဲ့ ယနေ ့တက္ကသိုလ်ကျောင်းသားတွေရဲ ့ကုန်ကျစရိတ်ဟာ မလွယ်လှတာ မိဘတွေတိုင်း သိကြုံနေရတဲ့

ပြသနာပါ။တချို ့တွေကတတ်နိုင်ပေမယ့်၊ တချို ့မိဘတွေမှာ အားကိုးရာရှာကြရပါတော့တယ်။ပညာရေးအတွက် လက်မနှေးတဲ့

ဖောင်ဒေးရှင်းတွေ မနည်းပေမယ့်၊သူတို ့ပေးနိုင်တာကလုံလောက်တဲ့ ထောက်ပံ့မှုမဟုတ်ပေမယ့်အတိုင်းအတာတစ်ခုထိတော့

ဖြေရှင်းပေးနိုင်တာမို ့အားကိုးစရာပါ။ဒီအဖွ ဲ့အစည်းတွေထဲမှာ မှော်ဘီ မင်္ဂလာတိုက်ဆရာတော်ဦးသုမင်္ဂလ ဖောင်ဒေးရှင်းလဲ အပါအဝင်ပါ။

ဆရာတော်ဟာ မင်းကောင်းမင်းမြတ်၊ခွေးကို အဖေခေါ် စတဲ့တရားတော်တွေနဲ ့မြစ်ဆုံဆည်ကြီးကိစ္စတွေကြောင့် ငြိုငြင်ခံနေ

ရသူဖြစ်ပါတယ်။သံတွဲမြို ့မှာ ၂ ရက်တာ သီတင်းသုံးနေထိုင်သွားတဲ့ဆရာတော်နဲ ့တွေ ့ဆုံခွင့်မရခဲ့ပေမယ့်၊ ဆရာတော်ရဲ ့ ညီ

တော်စပ်သူ  ဦးပဇင်းနဲ ့တွေ ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။

ဆရာတော် ဦးသုမင်္ဂလဖောင်ဒေးရှင်းကနေ ရရှိလာတဲ့ ဓမ္မပူဇာငွေတွေကို ကျန်းမာရေး၊ပညာရေး၊ဘုန်းတော်ကြီးကျောင်းသင်

ပညာရေးအပါအဝင် ရေတွင်း၊ရေကန်၊တံတားတည်ဆောက်ရာနေရာများအပါအဝင် နိုင်ငံနဲ ့အဝန်းပြန်လည်လှူဒါန်းနေတာ

အားလုံးသိပြီးဖြစ်မှာပါ။

ယခုအခါ တရားပွဲချီးမြှင့်ခွင့်ပိတ်ပင်ခံထားရတဲ့ ဆရာတော်အနေနဲ ့ဆက်လက်လှူဒါန်းမယ့် နေရာမှာ အခက်အခဲတွေ ့နေရပီ

ဖြစ်ပါတယ်။ဆရာတော်ထောက်ပံ့ပေးသော မူလရှိပြီးသား ကျောင်းသား ၈ဝ အပါအဝင်၊ယခုနှစ်လျှောက်ထားသူ အယောက်

၅၀၊စုစုပေါင်း ကျောင်းသူား ၁၃ဝ အခက်အခဲနဲ ့ရင်ဆိုင်နေရပါပီ။ဆရာတော်ဆီမှ ထောက်ပံ့ကြေးနဲ ့ကျောင်းတက်နေရသူများ

ဟာ အများအားဖြင့် ဆေးတက္ကသိုလ်အပြင် အခြားသက်မွေးကျောင်းများက ဖြစ်ပါတယ်။ယခုလို ဆက်လက် ထောက်ပံ့ပေးဖို ့

မဖြစ်နိုင်တော့တဲ့ အပြင် ဆရာတော်ယခု လုပ်ဆောင်နေသော အခြားလူမှုရေး၊သာသနာရေးကိစ္စရပ်များမှာ နှောင့်နှေးကြန် ့

ကြာသွားခဲ့ပါပီ။

ယခုလို တရားပွဲများမှ ရရှိလာသော အလှူငွေများကို ပြည်သူ၊ပြည်သားများအတွက်ထိရောက်အောင် အကျိုးပြု အသုံးချနေ

သော ဆရာတော်အပေါ် မဟန မှအမြန်ဆုံးနားလည်မှုပြုဖို ့လိုမည်ထင်ပါတယ်။ရဲ ့ပို ့စ်ဖြစ်တဲ့https://myanmargazette.net/102608/uncategorized-other/copypaste မှာအရှင်ဂမ္ဘီရ

ကိုအရေးယူတော့မယ်လို ့ဖတ်ရတော့ ကျနော်တို ့နိုင်ငံဟာ မေးခွန်းထုတ်စရာတွေတပုံကြီးနဲ ့သိက္ခာကျနေပါပီ။တခြားဘာသာ

ခြားတွေ  အပြစ်ပြောစရာဖြစ်ပါတော့မယ်။မဟန ရေကြည့် စီစဉ်ပါအုံးလို ့မေတ္တာရပ်ခံပါရစေ။

7 comments

  • water-melon

    February 19, 2012 at 3:22 pm

    ငရဲကမနေပါဘူး အစ်ကိုရယ်
    ထောက်ပံငွေရပ်ဆိုင်းလိုက်တော့ အခက်အခဲတော့တွေ့မယ်ထင်တာဘဲ
    ကောင်းတာတွေကျတော့ ပိတ်ပြီး
    မကောင်းတာတွေကျတော့ ဖွင့်တယ်
    လုပ်ချင်ရာလုပ်ကြပါ စစ်အစိုးရရေ။

    • ကိုဘုန်းကျော်ပို့စ်က ဒေါသက ဒီအထိ ပါလာတာလား ဖရဲရဲ့ ….။
      ဒီလူကို ဒီလိုလုပ်လိုက်ရင် ဘယ်လို အကျိုးရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ သေချာ မစဉ်းစားဘဲ ဆုံးဖြတ်ချက် ချခဲ့ကြတယ်ထင်ပါ့။
      ကို ကတော့ အတော် ခက်ကြပါလား အရပ်ကတို့ရယ် လို့သာ အော်လိုက်ချင်တော့တယ် …။

    • kai

      February 19, 2012 at 5:29 pm

      ဘာလို့ငရဲကမနေရမှာလည်း..
      ငရဲက.. နေ့နေလွန့်လွန်လွန်းလို့.. နှစ်ပဲ.. ၁၀ဝလောက်ကျိုးနေပြီ..။

      အဲဒီလို..
      .. ဝဋ်ခံရမှာပါ..။ ငရဲကမနေပါဘူး..ပြောပြောနေလို့..
      ခံစားနေကြရတာ.. ။

      . ငရဲနဲ့ခြောက်…ဘုံနဲ့မြှောက်တာတွေ..ဘေးချိတ်.. လက်တွေ့ကျကျလေး. အလုပ်လုပ်ကြရင်..ကောင်းမှာ…။

  • ကိုဖရဲ နဲ ့ကိုအံစာတုံးရေ။ကျနော်တော့ မိသားစုတွေကိုယ်စား စိတ်ပျက်မိပါတယ်။ဆရာတော်ရဲ ့ထောက်ပံ့ပေးထားနိုင်မှုကြောင့်
    မပူမပင် ကျောင်းတက်နေကြ၊ပညာရှာနေကြတဲ့ ကျောင်းသားလေးတွေ တော်တော်အခက်တွေ ့ကြတော့မှာဗျ။ကျနော်လဲ တတ်နိုင်
    သလောက်တော့ ကိုယ့်မြို ့ကကျောင်းသားလေးတွေကို ကူပါတယ်။အများကြီးတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ဆရာတော်တို ့ပေးလှူ
    နေတာက ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးကို တစ်လကို(၁)သိန်းနှုန်းထောက်ပံ့ထားနိုင်တော့ မိဘတွေအနေနဲ ့တော်တော်
    လေးအဆင်ပြေတယ်။ခုဆို သူတို ့အတွက် ငွေတစ်သိန်းရှာဖို ့အခက်ကြုံနေရပီ။ပညာရေးအတွက်လဲ အဟန် ့တစ်ခုပေါ့ဗျာ။တနိုင်ငံ
    လုံးမှာ နစ်နာသွားကြမယ့် လူငယ်တွေကိုယ်စား စိတ်မကောင်းဖြစ်လို ့ရေးတင်လိုက်ရတာပါ။

  • Lwin Aung

    February 19, 2012 at 7:43 pm

    Mahana is better to become a independent organization.

  • sealion

    February 20, 2012 at 5:47 pm

    အစိုးရရဲ ့ အောက်ဆွဲ တွေ ဟာ ရှိတဲ ့အာဏာ လက်တသစ်နဲ ့ အစိုးရ ကလစ်လှူရှုထားတဲ ့ လူမှုရေး လုပ်ငန်းတွေ ကို ကိုယ်အသိစိတ်ဓါတ်နဲ ့ကူနေတဲ ့ အဖွဲ ့အစည်းတွေ လူပုတ်ကိတွေ ဘုန်းဘုန်ုး တွေကို မျက်မုန်းကျိူးပြီး အနိုင်ကျင့်နေတယ်လို ့ပဲထင်တယ် ကိုယ်လဲ မလုပ်ချင် သူများက လုပ်တော့လဲ အပြစ်မြင် …စိတ်ဓါတ်တွေ ကတော့ အောက်ဆုံးမှာ သူ ့နောက်မှာအဝီစိပဲ ရှိတော့တယ်

  • ဆရာတော်ရဲ ့ညီတော်လဲ ဖြစ်တဲ့ ဦးဝိစာရချီးမြှင့်တဲ့ တရားပွဲကို(၂)ရက်တိုင်တိုင် သံတွဲမြို ့မှာကျင်းပရင်းနဲ ့
    ဆရာတော် ပေးလှူနေတဲ့ အစီအစဉ်တွေရပ်ဆိုင်းတော့မယ်လို ့ပြောလို ့ခွင့်ပြုချက်ယူပြီး ဒီပို ့စ်ကိုရေးဖြစ်သွား
    တာပါ။ကျနော်သိရသလောက်တော့ (၄၇)ပါးစုံညီဆုံးဖြတ်ချက်မှာ ဆရာတော်(၃)ပါးကအလိုမကျလို ့ခုလိုမျိုး
    တရားပွဲပေးခွင့် ပိတ်ပင်ခံထားရတယ်လို ့ကြားရပါတယ်။

Leave a Reply