ပြည်သူ ့လွှတ်တော်မှာ ဘုန်းကြီးအရေအတွက်နဲ ့စစ်သားအရေအတွက် လျှော့ချဖို ့လုပ်သင့်ပြီ။

phone_kyawFebruary 19, 20121min23017

စာရင်းဇယားမရှိတော့ ဘုန်းကြီးတွေဘယ်နှစ်ပါး ချမ်းသာလဲတော့မသိဘူး။ ခြုံကြည့်ရင် ဘုန်းကြီးအများစုက ကောင်းကောင်းမွန်မွန်နေနိုင်စားနိုင်သောက်နိုင်တယ်။ တချိူ  ့ဘုန်းကြီးတွေဆိုရင် ကားအကောင်းစားကိုစီးပြီး တိုက်ကြီးပေါ်မှာ အစေခံလို ့ပြောလို ့ရတဲ့ တပည့်တပန်းတွေ ကျောင်းသားတွေနဲ ့နေနိုင်ကြတယ်။ ဒေါ်လာတွေကိုင်နိုင်တယ်။ နိုင်ငံခြားကို လမ်းစရိတ်မကုန်ပဲ သွားလာနိုင်တယ်။ တချို  ့ဆိုရင်မိဘတွေကိုတောင်ပြန်ပေးနိုင်တယ်။ လက်ချိူးရေလို ့ရတဲ့ ဘုန်းကြီးတွေလောက်ပဲ သူတို ့ရတဲ့ အလှူငွေတွေနဲ ့ပစ္စည်းတွေကို ဆင်းရဲသားတွေကို ပြန်လည်ဝေငှပေးတယ်။ ကူညီပေးတယ်။ ယေဘုယျပြောရင်တော့ ကျောင်းထိုင်ဘုန်းကြီးရာထူးရရင်၊ နာမည်ကြီးလာရင် ထောပြီ။ အရမ်းကိုနဲတဲ့ဘုန်းကြီးတွေလောက်ပဲ တောထွက်ရဟန်းပြုကြတယ်။

ကျနော့်အမြင်က ဘုန်းကြီးတွေ ဒီလိုချမ်းသာအောင်လုပ်ပေးတဲ့ သူတွေက ပြည်သူတွေပဲ။ ပြည်သူအများစုကတော့ စုတ်ပြတ်သတ်နေအောင် နေ ကြတယ်။ နဖူးကချွေး ခြေမထိကျအောင် ကုန်ရုန်းလုပ်ကြရတယ်။ သူတို ့ရတဲ့ လစာအနည်းအကျင်းလေးတွေထဲကနေ ဖဲ့ပြီး ဘုန်းကြီးတွေကိုလှူတယ်။ နောင်ဘဝ ချမ်းသာအောင်ဆိုပြီးတော့။

ဘုန်းကြီးတွေကတော့ ဘာမှ မပင်ပန်းပဲ တရားလေးဟောတတ်ရင် ငွေက ထောင်သောင်းမကဘူး။ ဝေါကနဲ ဝေါကနဲတောင်နေသေးတယ်။

အားမနာတမ်းပြောကြသေးဆိုရင် ဘုန်းကြီးတွေ ဒီလိုနေနိုင်အောင် ပြည်သူလူထုကပဲ ကျွေးရပါတယ်။ သူတို ့ကတော့ စည်းစိမ်းချမ်းသာအပြည့်နဲ ့ဇိမ်ရှိရှိနေနိုင်တယ်။ ပြီးရင် လူတွေကို အပေါ်စီးကနေ ဆက်ဆံတယ်။ အနည်းစု ဘုန်းကြီးတွေလောက်ပဲ ဆင်းရဲသားတွေကို ပြန်ကြည့်တယ်။ အများစုကတော့ လေ ပဲရှိတယ်။ အဲဒိလေက တိုင်းပြည်ကို ချမ်းသာစေတာမဟုတ်ပါဘူး။

ဘုန်းကြီးတွေအားလုံး မကောင်းဘူးလို ့ပြောနေတာမဟုတ်ဘူး။

ပြည်သူ ့လွှတ်တော်မှာ ဘုန်းကြီးအရေအတွက်နဲ ့စစ်သားအရေအတွက် လျှော့ချဖို ့လုပ်သင့်ပြီ။ ဥပဒေတစ်ရပ်ရေးဆွဲသင့်ပြီ။ ဘာဖြစ်လို ့လဲဆိုတော့ ဘုန်းကြီးနဲ ့စစ်သားများတဲ့အခါကြတော့ ပါးစပ်ပေါက်တွေက များပြီး၊ စပါးစိုက်မဲ့သူကနည်းနေလို ့ပဲ။

 

17 comments

  • water-melon

    February 19, 2012 at 3:15 pm

    အဝီစီကပ်မဲ့ကောင်
    အလကားနေရင်း အကုသိုဟ်ရှာနေတယ်
    စစ်သားလျှော့တယ်ထား
    ရန်သူတွေဝင်လာရင် ခင်ဗျားကြီးက တိုက်မှာမို့လို့လား
    အော်စီနေပြီး ချိန်းဗတီးဦးနှောက်နဲ့
    ကလေးတောင်သိတယ်

    • tunlinaung

      April 20, 2012 at 6:15 pm

      ကုန်းကုန်းအော်နေတဲ့ဘုန်းကျော်………. မင်းတို.ဩဇိမှာ စစ်သားဘယ်လောက်၊ သာသနာပြု ဘယ်လောက်ရှိတယ်ဆိုတာ သိလား၊

  • mgmaung

    February 19, 2012 at 3:40 pm

    ဒါကတော့ ယနေ့ခေတ်ဘုန်းကြီးတွေ ကိုယ်လုပ်ရမယ့် ကမ္မဋ္ဌာန်း(လုပ်ငန်း)လွဲနေလို့ပါ။
    လောကတ္ထစရိယဆိုတဲ့ လောကအကျိုးကို လုပ်ဖို့ ဗုဒ္ဓဟောခဲ့တာဟာ ကျောင်းမှာ မိန့်မိန့်ကြီးထိုင်နေပြီး “စားပြီး၊ အိပ်နေ၊ ဘိက္ခဝေ”လုပ်နေဖို့ မဟုတ်ပါ။
    စာသင်တိုက်တွေထောင်ပြီး စာသင်၊ စာကျက်၊ စာကျက်၊ စာသင်နေတာတွေနဲ့ အချိန်တွေ ကုန်နေဖို့ မဟုတ်ပါ။
    ငုတ်တုတ်ထိုင် ကမ္မဋ္ဌာန်းရိပ်သာတွေဖွင့်ပြီး ဘာအလုပ်မှ မလုပ်ချင်တော့တဲ့ သူတွေကို မွေးထုတ်ပေးဖို့လည်းမဟုတ်ပါ။
    စာသင်ကျောင်းတွေဖွင့်၊ ဆေးရုံတွေဖွင့်ကာ လူအလုပ်တွေလုပ်ပြီး လူလိုနေရမှာမျိုးလည်းမဟုတ်ပါ။
    ပစ္စည်းဥစ္စာတွေစုဆောင်းနေပြီး မိန်းမ မရပဲ အိမ်ထောင်ကျနေသလိုဖြစ်နေတဲ့ အိမ်ထောင်သည်တပိုင်း ကျောင်းထိုင်ပြီး စီပွားရှာနေရမှာလည်း မဟုတ်ပါ။
    တကယ်တော့ ဗုဒ္ဓဘုရားဟာ လူသားတွေငြိမ်းအေးစေဖို့ အတွက် လူတွေငြိမ်းအေးစေသည့် နည်းလမ်းတွေပြသလမ်းညွှန်ပေးတဲ့ အလုပ်ပဲလုပ်ခဲ့တာပါ။
    လူတွေအတွက် ငြိမ်းချမ်းရေးလမ်းပြပေးတဲ့ လောကတ္ထစရိယ အလုပ်ကလွဲလို့ ရဟန်းက ဘာတွေလုပ်နေရဦးမှာလဲ။
    အခုကတော့ ရဟန်းတွေ ကိုယ့်အလုပ်ကိုယ်မလုပ်ကြလို့ လိုင်းကြောင်နေကြပါတယ်လို့ သုံးသပ်ပြလိုက်ပါသည်။

    • water-melon

      February 19, 2012 at 3:56 pm

      ဟဲ့ကောင်ရဲ့
      ဘုန်းကြီးတွေလုပ်နေလို့ ဆေးရုံဆေးခန်းတွေမှာ မရှိဆင်းရဲသူတွေကုလို့ရတယ်
      မင်းအဘ ဆေးရုံဆေးခန်းမှာက ငွေပေးမှကုတာဟဲ့
      အခပေးဆေးခန်းတွေ၊မရှိဆင်းရဲတဲ့သူတွေကို ပေးကမ်းနေတာဘယ်သူတွေလဲ
      ထမင်းစားပြီး လူလိုတွေးစမ်းပါ။

  • ဆူး

    February 19, 2012 at 3:41 pm

    မြင်ဖူးတဲ့ ကွန်မြူနစ်ဆန်တဲ့ တရုတ်ကြီးတွေ လေသံနဲ့ လာပြောနေတာပဲ။
    တကမာ္ဘလုံးကတော့ ကွန်မြူနစ်တွေ ကြီးစိုးလာမှာ ကို ဖိန့်ဖိန့် တုန်ကြောက်ကြပါတယ်။
    လောကကြီးမှာ အဆိုးဆုံးက အစွန်းရောက်တွေပါပဲ။

    ကိုဖုန်းကျော် သာ မြန်မာပြည် မှာ လူကြီး တယောက် ဖြစ်ခဲ့မယ် ဆိုရင် ကမော္ဘဒီးယား ခေါင်းဆောင်ဟောင်း ပိုပေါ့ ခြေရာများ နင်းလေမလား တွေးမိတယ်။

    လောကကြီးမှာ အယူအဆ ဆိုတာ စကားနဲ့ ပြောလို့သာ စကားပြောကောင်းသူက အနိုင်ရချင်ရမယ်။ စိတ်တွေကိုတော့ ဘယ်တော့မှ ပါယ်သတ်နိုင်ကြမှာ မဟုတ်ဘူး။

    ဘာသာရေး ဆိုတာကြီးကလည်း ဒီလိုပဲ.. ဘုန်းကြီး ကို ကြည်ညိုတာ လှူဒါန်းတာ သူဌေးတွေ လှူကြတာ များတယ်။ မရှိဆင်းရဲသားတွေက ကိုယ့်ဟာကိုယ်တောင် နပ်မှန်အောင် မစားနိုင်မှတော့ မရှိတဲ့ အထဲက ခွဲလှူချင် လှူမယ်။ ငတ်သေခံရလောက်အောင် ဘယ်သူမှ မနေဘူး စိတ်ချပါ။
    မရှိရင်တောင် ဘုန်းကြီးကျောင်းကပ်စားတဲ့ သူတွေရှိသေးတယ်။ သိပ်ပြီးတော့ ကပ်မပြောလိုပါဘူး။

    ကိုဖုန်းကျော် ကို ဒီရွာက လူတွေ ဆဲ လိုက် ပြောလိုက်နဲ့ တမျိုးပြီး တမျိုး ဘယ်လို ပြောပြော ကိုဖုန်းကျော် ရဲ့ အတွေးအခေါ် ပြောင်းလဲခဲ့ခြင်း အလျင်းမရှိ ကိုယ့်သဘော ကိုယ်ဆောင်နေသလိုပဲ ပြည်တွင်းက လူတွေလည်း ကိုယ့်စိတ်နဲ့ ကိုယ်တိုင် ကျေနပ်လို့ လှူကြတဲ့ ကိစ္စမှာ အဝေးက ပြောပိုင်ခွင့် မရှိဘူးလို့ ထင်တယ်။

    ကိုဖုန်းကျော် ရဲ့ ကိုယ်ပိုင် အခွင့်အရေးက မလှူချင်ရင် မလှူနဲ့.. အဲဒီ အခွင့် အရေးထက်တော့ မပိုဘူး ထင်တယ်။

    ဒီရွာက လူတွေ ကိုဖုန်းကျော် ရဲ့ စိတ် အတွေးကို (အတွင်းစိတ်) ကို ဘယ်သူမှ မချိုးနိမ်နိုင်သေးသလို အများနဲ့ တူညီတဲ့ ဘက်ကို ဆွဲ မခေါ်နိုင်ဘူး။
    ထိုကဲ့သို့ပဲ အယူအဆ ဆိုတာ လွယ်လွယ်ကူကူ သင်းသတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
    ဆက်ပြောမယ် ဆိုရင်တော့ ဒုတ်ဓါး ထမ်းရုံမှ တပါး တခြား မရှိ ဖြစ်တော့မယ်။

    • nigimi77

      April 17, 2012 at 1:19 am

      သူ ့ စီးပွားပျက်မှာ စိုးတော့ ကက်ကက်လန် အောင် ရန်တွေ ့တော့သကိုး……ဟိုးဟိုး 😀

  • မဟာ ထမိန်ကြီးဝါဒ

    February 19, 2012 at 4:43 pm

    ပြောမနေနဲ. အန်တီ..လောကမှာ လူသုံးမျိုးပဲရှိတယ်။ တမျိိုးက ကောင်းကောင်းမွန်မွန်ပြောဆိုဆွေးနွေးပြီးတော့ အဆင်ပြေမယ့်လူ..နောက်တမျိုးကတော့ ခြိမ်းလိုက်ခြောက်လိုက် ဟိန်းလိုက်ဟောက်လိုက်နဲ.ပြောမှ အဆင်ပြေမယ့်လူ..နောက်ဆုံးတမျိုးကတော့ အရင်က နှစ်နည်းနဲ.ဘယ်လိုမှမရတော့လို. သတ်ကိုပစ်ရမယ့်လူပဲ..ဘုန်းကျော်က နောက်ဆုံးလူမျိုးထဲမှာ ပါတယ်…

  • အော် ကိုဖုန်းကျော် ခင်များရဲ ့ ကဘောက်ချာအတွေးနဲ ့ဘုကန် ့လန် ့အရေးတွေကိုတော့
    စိတ်ဝင်စားမိပါတယ်။ဒါပေမယ့်ဗျာ ခင်များကြည့်ရတာ ဘယ်စစ်ခွေးအိမ်က ခွေးဝဲစားလဲ
    တော့ မသိဘူးဗျာ စစ်သံမပျောက်ဘူး။ခင်များရဲ ့ status messageထဲက လူ ့ဘောင်သစ်
    ပါတီဆိုတာလဲ ဖျက်ပေးပါ။ဘာလို ့လဲဆိုတော့ ခင်များလို လူမျိုးကြောင့် ပါတီသိက္ခာကျတယ်။
    မလောက်လေးမလောက်စား အလုပ်တွေလုပ်၊ပြီး လရောင်မြင်တိုင်းဟောင်ပြမနေနဲ ့တော့
    ဗျာ။

  • uzin

    February 19, 2012 at 7:35 pm

    ဦးဇင်းတို့ မြန်မာနိုင်ငံဗုဒ္ဓဘာသာမှာ အရေအချင်းထက် အရေအတွက်တွေ များလာလို့လည်း ကိုဘုန်းကျော်တွင် မက အခြားသော သူများပါ ဒီလိုအတွေးမျိုး ဝင်ကြမှာပါ။ အခြားသော ဒကာ၊ ဒကာမတို့ အနေနဲ့ ကိုဘုန်းကျော်ပြောသော စကားမျိုးကို ကြားဘူးနားဝမယဉ်သေးလို့ အခုလို တုန့်ပြန်ကြတာပါ။ တကယ်တော့ ဒကာ၊ ဒကာမတို့ရေ တကယ်ပါ ဒီနှုန်းအတိုင်းသာ ရဟန်းဝတ်ကြမယ်ဆိုရင်တော့ နိုင်ငံအတွက် ဝန်ပိစေမှာ အမှန်ပါ။ ဦးဇင်းပြောလိုတာက ရဟန်းတွေကို အရေအချင်းနဲ့ပြည့်စုံသော ရဟန်းတွေပိုများပြီး ဘုရားစကားနဲ့အညီ လောကကို ငြိမ်းချမ်းခြင်းလမ်းဖြင့် စောင့်ရှောက်နိုင်စေဖို့ပါ။ လျော့စရာမလိုပါဘူး။ ရှိနေတဲ့သံဃာတွေ အရေအချင်းရှိအောင် ပြုမူနေထိုင်ကျင့်သုံးကြဖို့ပါ။
    ဒုလ္လဘဆိုတာ ရခဲတယ်လို့ အဓိပ္ပာယ်ရှိပြီး။ ဒီနေ့မှာတော့ ဒုလ္လဘရဟန်းဆိုရင် ခဏဝတ်ပြီး ပြန်ထွက်သလိုဖြစ်နေပါတယ်။ နောက်ပြီး ရတနာများထဲမှ အမြတ်ဆုံးရတနာထဲမှ တစ်ပါးဖြစ်တဲ့ သံဃာရတနာဆိုတာ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်နေတာကတော့ မဟန်သောရဟန်းဝတ်ခြင်း ဖြစ်ပါတယ်။
    ဈေးမှာ ချဉ်ပေါင်၊ ကန်စွန်းဝယ်ရင်တောင် ပိုးကိုက်လောက်ကိုက်စစ်ဆေးဝယ်ယူကြပါတယ်။ အမြတ်ဆုံးရတနာတစ်ပါးအဖြစ် သတ်မှတ်ထားသော သံဃာရတနာကိုလည်း စစ်သင့်ပါတယ်။ ဒကာ၊ ဒကာမတွေကလည်း ဆန်းစစ်ဆည်းကပ်သင့်ပြီး။ သံဃာဝင်ရဟန်းများကလည်း မိမိကိုကိုယ် ရတနာထိုက်အောင် ပြောပြုနေများဖြင့် ကျင့်ကြံနေထိုင်သွားပါက ပစ္စုပ္ပန်တွင်မက၊ အတိတ်မှာပါ ချမ်းသားငြိမ်းချမ်းမှုဖြင့် အေးငြိမ်းရာအမှန် နိဗ္ဗာန်တိုင်အောင် ရောက်မှာပါ။

  • san di

    February 19, 2012 at 7:35 pm

    မြန်မာဗုဒ္ဒဘာသာဝင်များ သံဃာတော်များကိုကိုးကွယ်နေကြခြင်းမှာရှေးအဆက်ဆက်ပွင့်တော်မူခဲ့ပြီးသော
    ဘုရားရှင်များလက်ထက်မှစပြီးယခုထိသံဃာတော်များ၏သံဃာ့ဂုဏ်ရည်(၆)ပါးအားရည်စုူးပြီးကြည်ညိုသော
    စိတ်ဖြင့်ကိုးကွယ်ကြခြင်းဖြစ်ပါတယ်။ပြုမုူနေထိုင်ပုံကိုအစွဲမထားပါ။စစ်သားများကိုလည်း ၎င်းတို့၏ တာဝန်
    နှင်ဝတ္တရားများနှင့်အသက်ကိုပေးအပ်နိုင်စွမ်းများ။၎င်းတို့၏ဘဝကိုနိုင်ငံတော်အစိုးရ၏(မည်သည့်အစိုးရ
    တက်တက်တစ်သွေး၊တစ်သံ၊တစ်မိန့်ဖြင့်အမိန့်နာခံမှုများကိုသာအလေးထားခြင်းဖြစ်ပါသည်။ယောနိသောမနသိကာရ -အတိုင်းစိတ်ကိုကောင်းအောင်ထားရှိဖို့အကြံပေးလိုက်ပါတယ်၊မှားတာပါရင်လည်း နားလည်ခွင့်
    လွတ်ပေးပါ။

  • kyeemite

    February 20, 2012 at 10:59 am

    uzin says: ဈေးမှာ ချဉ်ပေါင်၊ ကန်စွန်းဝယ်ရင်တောင် ပိုးကိုက်လောက်ကိုက်စစ်ဆေးဝယ်ယူကြပါတယ်။ အမြတ်ဆုံးရတနာတစ်ပါးအဖြစ် သတ်မှတ်ထားသော သံဃာရတနာကိုလည်း စစ်သင့်ပါတယ်။ ဒကာ၊ ဒကာမတွေကလည်း ဆန်းစစ်ဆည်းကပ်သင့်ပြီး။
    ဦးဇင်းအမိန့်ရှိတာမှန်ပါတယ် လူတွေကစီစစ်ရွေးချယ်ပီးမှ ဝိနည်းနဲ့အညီနေတော်မူတဲ့ ဆရာတော်တွေကိုမှ
    ဆည်းကပ်မယ်..လှုဒါန်းမယ်ဆိုရင်..တဖြည်းဖြည်းပြုင်လာကြလိမ့်မယ်ဟုမျှော်လင့်ကြောင်းပါ…

  • nigimi77

    February 20, 2012 at 11:20 am

    အပြည့်အဝ ထောက်ခံပါတယ် ။

    တိုင်းပြည်ကို အကျိုးမပြုတဲ့ ပါးစပ် တစ်ပေါက် တိုးလာမှာ စိုးလို ့

    အရွယ်စရောက်တုန်းက တစ်ခေါက် ရဟန်းခံပြီး နောက်မှာ အခုအချိန်အထိ

    ဘယ်သော အခါမှ ရဟန်း မဝတ်တော့ပါ ။ တိုင်းပြည် အတွက် အလုပ်လုပ်ရမည့် အချိန်မှာ

    ယောကျာင်္းဘသား တွေ ရေသာခို နေလို ့မဖြစ်ပါ ။

    စစ်သား ကိစ္စကတော့ အလှည့်ကျ စစ်မှုထမ်းခြင်းနဲ ့ ဖြေရှင်းနိုင်ပါလိမ့်မယ် ။

  • K@oru

    February 20, 2012 at 11:28 am

    ဖယားဖယား ….
    သဂျီးမင်းကိုယ်တော်တိုင်များ ဝင်ရေးထားသလား အောက်မေ့ရတယ်တော့ …
    ဇဂါးမစပ် ဇိမ်ဖုံးဂျီးဒွေရော ပါလားဟင်င်င်င်င်

  • မိုက်ကယ်ဂျော်နီငပွ

    February 20, 2012 at 11:33 am

    ကိုဖုံးကျော်ရဲ့ ပို့စ်များကို စာအုပ်တစ်အုပ်အဖြစ်ထုတ်ဝေဘို့
    သဂျီးမင်းကို အဆိုတင်သွင်းပါတယ်ခင်ဗျ
    စာအုပ်အဖုံးတွက် မော်ဒယ်များကိုသုံးစွဲသင့်ပြီး
    ထုတ်လုပ်မှု့တွက် အစုရှယ်ယာများကို ခေါ်ယူသင့်ပါဒယ် ခည
    ပြေးဘီ
    ဗျစ်ဗျစ်ဗျစ်ဗျစ်

  • myanmarcitizen

    February 20, 2012 at 1:39 pm

    ဘုန်းကျော် ခေတ္တ ဒယ်အိုး။

  • TITAN

    February 20, 2012 at 2:05 pm

    သာသနာတော် အတွက် သာသနာသန့်ရှင်းရေးလိုအပ်နေသလို
    တိုင်းပြည် ကာကွယ်ရေး အတွက် အရည်အချင်းပြည့်ဝတဲ့ စစ်သားကောင်းတွေမွေးထုတ်နိုင်ဖို့လိုပါတယ်
    အရေအတွက်ထက်အရည်အချင်းကပိုအရေးကြီးတယ်လို့ယုံကြည်ပါကြောင်း

Leave a Reply