ကျွန်ုပ်၏ ထက်သန်လှသော ကဗျာ လက်စောင်းကြောင့် အမည်မသိ ကမ္ဘာကျော်၊ မြန်မာကျော်၊ အကုန်ကျော် မဂ္ဂဇင်းကြီး၏ မျက်နှာဖုံး စာမျက်နှာတွင် ဖော်ပြခံခဲ့ရသော ကဗျာတစ်ပုဒ်အား ဤနေရာမှာ ရွာသူားအပေါင်း သိစိမ့်သောငှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ၏ (အမှန်ကား ရေးမိရေးရာ ရေးသားထားသော ကဗျာသာ ဖြစ်၏ ) ။ ကျွန်ုပ်၏ ချစ်တတ်လှသော နှလုံးသားကြီး ပေါက်ကွဲပြီးနောက် ပေါက်ဖွားလာခဲ့တဲ့ အဆိုပါ ကဗျာငယ်အတွက် ကျွန်ုပ်အား ရက်စက် သွားခဲ့သော ချစ်သူအား ကျေးဇူးအထူး တင်ရှိပါကြောင်း … (အမှန်ကား သူငယ်ချင်းရဲ့ အသဲကွဲဖီလင်ကို ဘာသာပြန်ဆိုခြင်းသာ ဖြစ်၏ ) ။

ဖတ်ချင်သလိုဖတ်၍ မန့်ချင်သလို မန့်သွားကြပါကုန် ….

ပုံ
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး

_______________________________________________

သူမ

ကဝေမ
ငါ့အသည်းကို ခြွေချ
ကြေမွအောင် နင်းချေခဲ့
အပျင်းပြေ …… တဲ့ ။

မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)

_______________________________________________

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။