သူမ (ကဗျာတို)

ကျွန်ုပ်၏ ထက်သန်လှသော ကဗျာ လက်စောင်းကြောင့် အမည်မသိ ကမ္ဘာကျော်၊ မြန်မာကျော်၊ အကုန်ကျော် မဂ္ဂဇင်းကြီး၏ မျက်နှာဖုံး စာမျက်နှာတွင် ဖော်ပြခံခဲ့ရသော ကဗျာတစ်ပုဒ်အား ဤနေရာမှာ ရွာသူားအပေါင်း သိစိမ့်သောငှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ၏ (အမှန်ကား ရေးမိရေးရာ ရေးသားထားသော ကဗျာသာ ဖြစ်၏ ) ။ ကျွန်ုပ်၏ ချစ်တတ်လှသော နှလုံးသားကြီး ပေါက်ကွဲပြီးနောက် ပေါက်ဖွားလာခဲ့တဲ့ အဆိုပါ ကဗျာငယ်အတွက် ကျွန်ုပ်အား ရက်စက် သွားခဲ့သော ချစ်သူအား ကျေးဇူးအထူး တင်ရှိပါကြောင်း … (အမှန်ကား သူငယ်ချင်းရဲ့ အသဲကွဲဖီလင်ကို ဘာသာပြန်ဆိုခြင်းသာ ဖြစ်၏ ) ။

ဖတ်ချင်သလိုဖတ်၍ မန့်ချင်သလို မန့်သွားကြပါကုန် ….

ပုံ
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး

_______________________________________________

သူမ

ကဝေမ
ငါ့အသည်းကို ခြွေချ
ကြေမွအောင် နင်းချေခဲ့
အပျင်းပြေ …… တဲ့ ။

မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)

_______________________________________________

23 comments

    • ဖြေးဖြေးလုပ်ပါ ကိုကင်းရယ် ..
      အခုတော့ လူချ ဆိုတော့ လန့်သွားတာပဲ ….
      တော်သေးတယ် စာကြွင်းလေး ပါလာလို့ … 😀

      ဒါနဲ့ အခုတလော ကိုကင်းတစ်ယောက် ပျောက်နေပါလားဗျ … ။

      • ပျောက်ဆို
        ပထမက
        လိုင်းပျောက်
        အခုတော့
        ရွာရောက်
        (မှတ်ချက်။ ကာရံညီအောင်ပြောခြင်းဖြစ် အမှန်တော့ မြန်နှုန်းမြင့်တဲ့ နေပြည်တော်ရောက်နေပေမယ့် သုံးချိန်မရှိလို့ပါဗျ .. ဒါနဲ့ စကားမစပ် ရွာထဲမှာ လိုက်မမှီအောင် စာတွေကများနေတယ် … ဟူး ဖတ်ဖို့ အချိန်က မလောက်တော့ ခက်ပါ့ဗျာ )

  • aye.kk

    February 19, 2012 at 3:31 pm

    ကဝေဆိုတာ..
    လှည့်စား..
    ငါသူနာမ်ရုပ်..
    အဟုတ်ရှူမှတ်ပြေပါစေ..။

  • water-melon

    February 19, 2012 at 3:35 pm

    အသည်းကွဲနေပါတယ်ဆိုမှ
    ကိုအံကလည်း
    ဖရဲလည်းပေါက်ကွဲလိုက်မယ်

    တောင်မ
    လိုချင်ရင်ယူသွား
    မလိုချင်ပြန်ထား
    ငါ့အချစ်ကိုများ
    ပေါ့ပေါ့တန်တန်ထား။

    • ဟိုက် … အလန်းဇယား ပါလား …။
      သူ့ကဗျာက ပိုတောင် ထိသေး .. ဟေ ဟေး …
      😀
      ပေါက်ဖော် ဘယ်ပျောက်နေတုန်း ဖရဲရဲ့ … ။
      ထိုင်နေတာ ကြာပြီ သူ့တွေ့ရသေးဘူး … ။ သူရှိရင် ပိုမြိုင်မယ် ထင်တယ် … 😀

      • water-melon

        February 19, 2012 at 4:06 pm

        အမလေး ကိုအံရေ
        ကိုစိန်ပေါက်ဖော်က ကောင်မလေးနဲ့လည်နေတာဗျ
        သူကကျွန်တော်တို့ထက်ပိုစွံတယ်ဗျ
        သူမရှိတော့ ပျင်းနေတာ
        အမြန်လာပါ ပေါက်ဖော်ရေ

  • htet way

    February 19, 2012 at 4:33 pm

    တစ္ဆေမ
    ငါ့ကိုကြောက်အောင်နုတ်ခမ်းနီဆိုးပြီး လန့်ပြ
    ငါ့ နှလုံးကို စားဖို့ လက်ကိုဆန့်ထ
    အဆာပြေ တဲ့။
    အော် ကဝေထက်ဆိုးတဲ့ တစ္ဆေ….

  • စိန်ပေါက်ပေါက်

    February 19, 2012 at 5:59 pm

    သူမ
    မူလှ
    ပူလှ
    ငဒူမ
    အူကျ
    ဘူသဟ

  • blackchaw

    February 19, 2012 at 6:04 pm

    အဆိုတော် တာရာ ရဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။
    ကျွန်တော့် ရဲ့ မိုက်မည်းမှုပဲ
    သူမကို ချစ်မိတာ
    တဲ့။
    ခင်ဗျားလည်း မိုက်မည်းတဲ့ လူတစ်ယောက်ပဲ
    ကိုအံစာတုံးရေ။

    • ဟုတ်ပါတယ် ဦးဘလက်ရေ ..
      ကျွန်တော် သူမကို ချစ်ခဲ့မိတာကိုက မိုက်မဲတာပါ ..
      ဒီလောက် မိုက်လှတဲ့ ငမိုက်သား ငမိုးရိပ် သေစမ်း … ဆိုပြီး ကိုယ့်ကိုယ်ကို ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်တယ် ..
      ဖြန်း … ဖြန်း … ဖြန်း …
      😀 😀

  • windtalker

    February 19, 2012 at 6:55 pm

    အကယ်ရွေ ့ ကိုအံဂျီး သည်သာ ၁၈ နှစ်သားဖြစ်ခဲ့ရွေ ့
    သူမ သည်သာ ၁၆နှစ်သမီးအပျိုမ ဖြစ်ခဲ့သော် ။
    “ ၁၆ နှစ်မ….. ၁၆ နှစ်မ ”

  • kyeemite

    February 20, 2012 at 10:46 am

    အံဇာမ
    ခံသာချ
    ကံပါမှ
    ဈာန်ပါရ
    ပြန်ပါမှ
    တန်မှာပ
    ပြန်ပီဂျ…

  • မိုက်ကယ်ဂျော်နီငပွ

    February 20, 2012 at 11:07 am

    ( သုံးသပ်ခြင်းကဗျာ )
    ငါချစ်နိုင်သလောက်
    ငါ့ကိုမုန်းနိုင်တဲ့သူ
    ငါမြတ်နိုးသလောက်
    ငါ့ကို တန်ဘိုးမထားတဲ့သူ
    ငါစွဲလမ်းသလောက်
    ငါ့ကို ဂရုမစိုက်တဲ့သူ
    ……………………
    ( ပေါက်ကွဲခြင်းကဗျာ )
    တောက် !!!!!!!!!!!!!!!!!!!!!!!!!!
    ငါ့အချစ်ကို ကတ်ကတစ်ငါးလို ဟင်းချက်စားတဲ့ကောင်မ
    နေနှင့်ဦးပေါ့
    မင်္ဂလာစုံတွဲ ဆယ့်ရှစ်ခါဆက်တိုက်ပေါက်
    ဘုန်းကြီးကျောင်းအုပ်တံတိုင်းကို ထုံးသုတ်ပေးပြီး
    ဒင်းအဘ ဘုန်းကြီးကျောင်းလာရင် ဆရာတော်ကို နားချခိုင်း
    ဒင်းနဲ့ငါ မင်္ဂလာဆောင်ပြီးတဲ့ညမှာ တောထွက်မယ် 👿

    • စိန်ပေါက်ပေါက်

      February 20, 2012 at 5:02 pm

      သောက်စားခြင်း ကဗျာ
      သောက်နေတုန်းတော့ ခေါင်းမကိုက်ဘူး
      သောက်ပြီး မနက်ကျမှ လာကိုက်တဲ့ အရက်
      တောက်..
      အေဘေးအရက်
      များကြီးသောက်ပြီး ခေါင်းမကိုက်တဲ့အရက်မရှိတာ ဒေါခွီးတယ်

Leave a Reply