တရားတေးဆို၊ ဖအေကို သားဆဲ၊ ဆွေမျိုးထဲက ဓားပြတိုက်၊ မိုက်လျှင် သောတာပန်၊ မကောင်းကြံလျှင် သမာဓိ၊ ရွှေရှိမှ လူလိမ္မာ၊ လိမ်နိုင်မှ သစ္စာရှင်၊ ပညာရှင်ကို ပယ်ထား၊ အချစ်ဆုံးက သစ္စာပျက်၊ ရိုးသားသူကို အရူးဆို၊ အ ပျိုငယ် လင်နေစော၊ အင်္ကျီပါးနဲ့ ဥပုသ်သည်၊ ဇရပ်အလည် ကို့ရို့ကားရား၊ အမျိုးကောင်းသမီး ပိုက်ဆံရှာ၊ အပျိုမဖြစ်ခင် ရည်းစားထား၊ ဆင်းရဲသားက သူဌေးယောင်ဆောင်၊ အဝတ်ပြောင်မှ လူရိုသေ၊ လင်ရှိမယားက အပျိုလုပ်၊ မသာပို့ရင်း အပျိုလှည့်၊ အလှူပေးရင်း ထမင်းရောင်း၊ ဆယ်နှစ်သမီးက အိမ်ထောင်ကျ၊ ပွဲသဘင်ပါမှ အလှူဖြစ်၊ စာမတတ်သူက တရားပြ၊ အသက်မွေးမှု ရဟန်းတု၊ သဒ္ဓါရှားသူက ဒါနပယ်၊ သံသရာရှည်တယ်လို့ အလှူမပေး၊ ငွေရလျှင် မုသားဆို၊ ဘုရားတံတိုင်းအတွင်းမှာ အိမ်ထောင်ကျ၊ မယ်သီလရှင်က အနုဆေးဖော်၊ ကြေးစည်တနောင်နောင်နဲ့ ဘိန်းစားပုန်း၊ စာမတတ်သူက ပရမတ်စကားပြော၊ ကျောင်းကန်ဘုရားနှင့် ကပ်၍လိမ်၊ ပေါ်တော်မူ လည်၍ရောင်း၊ အမှန်ပြောသူ အမုန်းပွား၊ ဇာတ်သမားမှ လူခေါ်ချင်၊ သူတော်စင်ကို ပယ်၍ထား၊ ကြွေးပေးသူက ကျွန်နှင့်တူ၊ ကြွေးယူသူကသခင်ဖြစ်၊ မုန့်ပေးလျှင် ကျမ်းဂန်တတ်၊ ရွှေကပ်သည့် ဘုရားမှ လူရိုသေ၊ အဖေအမေကို ကျွန်လိုထား၊ သားသမီးက သခင်ဖြစ်၊ ခေတ်ကြီးကိုတော့ အပြစ်ဆို၊ ကိုယ့်ကို ကိုယ်တော့ အကောင်းထား၊ အင်္ကျီပါးဝတ်နိုင်မှ ဂုဏ်ထင်ပေါ်၊ သူတော်စင်က အကျင့်ပျက်၊ ဥပုလ်ဇရပ်က ခိုက်ရန်ဖြစ်၊ သီလယူရင်း မျက်စပစ်၊ မေတ္တာပို့ရင်း ဒေါသထွက်၊ သဒ္ဓါကို တဏှာဖြစ်၊ သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။

ဒါကြောင့် ပျက်ကွက်သမျှ ဗြဟ္မစိုရ်တရားလို့ထင်၊ သူခိုးဓားပြက လူလိုအော်၊ မသိသူစကား အဟုတ်ထင်၊ စပါးဆုတ်တော့ အဖျင်းလေ့၊ သင်္ဘောနစ်တော့ တောင်းနဲ့ဆယ်၊ ခလုတ်ထိမှ အမိတ၊ အရောင်းအဝယ်၌ ကတိပျက်၊ အစားမတတ်တော့ သောကဝေ၊ မဒီကညာလေးတွေ လင်နေစော၊ အဖေအမေပြောတော့ နားမထောင်၊ အများယောင်လို့ မှားကြ၊ တရားဟောတော့လည်း နားမထောင်၊ တရားဓမ္မနှင့် သီချင်းဆို၊ သင်္ဂြိုဟ်ကျက်က အနက်ပါဋ္ဌိ၊ စာကြည့်ပြန်တော့ အတိုကောက်၊ ဟိုမရောက်သည်မရောက် လွတ်သွား ကြပြန်ပြီ၊ ပြန်ပြောတော့လည်း မခံချင်၊ ပုဂံခေတ်က မင်းဆက်များ၊ အုံ့ပုန်းသရမ်းတော့ အခတ်သား။

ဒါကြောင့် ဖိုးသူတော် ပိုက်ဆံတောင်း၊ အပျိုပေါက်စက နှစ်လင်ယူ၊ ဆံပင်ဖြူသူက ဆေးဆိုး၊ မဟာနှဖူး ပါးကွက်ခြယ်၊ မက်စရာတော့ တကယ်မရှိပါ၊ လယ်သမားပေါက်စက မင်းစကားပြော၊ ဒင်္ဂါးပေါလို့ ဟန်ကြီးလုပ်၊ မနှစ်ကနဲ့ ဒီနှစ်မတူ၊ ညီဖြစ်သူက အကိုပြန်ပြော၊ သားဖြစ်သူက အဖေပြန်ဆဲ၊ ကိုယ့်မရှိတော့ တစ်ကျပ်တောင် ချေးမရ၊ ရွှေရှိမှ အမျိုးတော်၊ သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။

ဆရာတော်ကြီးက ရနိုင်သလောက်ရှာ၊ ကုန်သရွေ့ မသုံးဘို့၊

တစ်မက်ဖိုးလောက်ရပြီး တစ်ကျပ်ဖိုးလောက်သုံးလျှင်

ကြွေးတင်ကျွန်ဖြစ်ရုံကလွဲလို့ လူဖြစ်ကျိုးမနပ်ဘူးတဲ့။

ဒီတခါတော့ နတ်ဆိုးလေးစကားမဟုတ်ပါဘူး ဗန်းမော် ဆရာတော်ဘုရားကြီးရဲ့ စကားတွေပါ မသိသေးသူများအားဝေမျှခြင်းဖြစ်ပါသည် နတ်ဆိုးလေးကိုလည်း နတ်မင်းကြီးများက ပြန်လည်ပြောပြခြင်းဖြစ်ပါသည် ။သွားပြီဗျို့ နတ်သဘင်လွှတ်တော်ကို……..နောက်ကျရင် ရာထူးပြုတ်မယ်တဲ့……….သ

About နတ်ဆိုးလေး

နတ်ဆိုး လေး has written 16 post in this Website..