နတ်ဆိုးလေးရဲ့ နှစ်ကျော့ပြန်ဒုက္ခ

နတ္ဆိုးေလးFebruary 19, 20121min19610

တရားတေးဆို၊ ဖအေကို သားဆဲ၊ ဆွေမျိုးထဲက ဓားပြတိုက်၊ မိုက်လျှင် သောတာပန်၊ မကောင်းကြံလျှင် သမာဓိ၊ ရွှေရှိမှ လူလိမ္မာ၊ လိမ်နိုင်မှ သစ္စာရှင်၊ ပညာရှင်ကို ပယ်ထား၊ အချစ်ဆုံးက သစ္စာပျက်၊ ရိုးသားသူကို အရူးဆို၊ အ ပျိုငယ် လင်နေစော၊ အကျင်္ ီပါးနဲ့ ဥပုသ်သည်၊ ဇရပ်အလည် ကို့ရို့ကားရား၊ အမျိုးကောင်းသမီး ပိုက်ဆံရှာ၊ အပျိုမဖြစ်ခင် ရည်းစားထား၊ ဆင်းရဲသားက သူဌေးယောင်ဆောင်၊ အဝတ်ပြောင်မှ လူရိုသေ၊ လင်ရှိမယားက အပျိုလုပ်၊ မသာပို့ရင်း အပျိုလှည့်၊ အလှူပေးရင်း ထမင်းရောင်း၊ ဆယ်နှစ်သမီးက အိမ်ထောင်ကျ၊ ပွဲသဘင်ပါမှ အလှူဖြစ်၊ စာမတတ်သူက တရားပြ၊ အသက်မွေးမှု ရဟန်းတု၊ သဒ္ဓါရှားသူက ဒါနပယ်၊ သံသရာရှည်တယ်လို့ အလှူမပေး၊ ငွေရလျှင် မုသားဆို၊ ဘုရားတံတိုင်းအတွင်းမှာ အိမ်ထောင်ကျ၊ မယ်သီလရှင်က အနုဆေးဖော်၊ ကြေးစည်တနောင်နောင်နဲ့ ဘိန်းစားပုန်း၊ စာမတတ်သူက ပရမတ်စကားပြော၊ ကျောင်းကန်ဘုရားနှင့် ကပ်၍လိမ်၊ ပေါ်တော်မူ လည်၍ရောင်း၊ အမှန်ပြောသူ အမုန်းပွား၊ ဇာတ်သမားမှ လူခေါ်ချင်၊ သူတော်စင်ကို ပယ်၍ထား၊ ကြွေးပေးသူက ကျွန်နှင့်တူ၊ ကြွေးယူသူကသခင်ဖြစ်၊ မုန့်ပေးလျှင် ကျမ်းဂန်တတ်၊ ရွှေကပ်သည့် ဘုရားမှ လူရိုသေ၊ အဖေအမေကို ကျွန်လိုထား၊ သားသမီးက သခင်ဖြစ်၊ ခေတ်ကြီးကိုတော့ အပြစ်ဆို၊ ကိုယ့်ကို ကိုယ်တော့ အကောင်းထား၊ အကျင်္ ီပါးဝတ်နိုင်မှ ဂုဏ်ထင်ပေါ်၊ သူတော်စင်က အကျင့်ပျက်၊ ဥပုလ်ဇရပ်က ခိုက်ရန်ဖြစ်၊ သီလယူရင်း မျက်စပစ်၊ မေတ္တာပို့ရင်း ဒေါသထွက်၊ သဒ္ဓါကို တဏှာဖြစ်၊ သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။

ဒါကြောင့် ပျက်ကွက်သမျှ ဗြဟ္မစိုရ်တရားလို့ထင်၊ သူခိုးဓားပြက လူလိုအော်၊ မသိသူစကား အဟုတ်ထင်၊ စပါးဆုတ်တော့ အဖျင်းလေ့၊ သင်္ဘောနစ်တော့ တောင်းနဲ့ဆယ်၊ ခလုတ်ထိမှ အမိတ၊ အရောင်းအဝယ်၌ ကတိပျက်၊ အစားမတတ်တော့ သောကဝေ၊ မဒီကညာလေးတွေ လင်နေစော၊ အဖေအမေပြောတော့ နားမထောင်၊ အများယောင်လို့ မှားကြ၊ တရားဟောတော့လည်း နားမထောင်၊ တရားဓမ္မနှင့် သီချင်းဆို၊ သင်္ဂြ ိုဟ်ကျက်က အနက်ပါဋ္ဌိ၊ စာကြည့်ပြန်တော့ အတိုကောက်၊ ဟိုမရောက်သည်မရောက် လွတ်သွား ကြပြန်ပြီ၊ ပြန်ပြောတော့လည်း မခံချင်၊ ပုဂံခေတ်က မင်းဆက်များ၊ အုံ့ပုန်းသရမ်းတော့ အခတ်သား။

ဒါကြောင့် ဖိုးသူတော် ပိုက်ဆံတောင်း၊ အပျိုပေါက်စက နှစ်လင်ယူ၊ ဆံပင်ဖြူသူက ဆေးဆိုး၊ မဟာနှဖူး ပါးကွက်ခြယ်၊ မက်စရာတော့ တကယ်မရှိပါ၊ လယ်သမားပေါက်စက မင်းစကားပြော၊ ဒင်္ဂ ါးပေါလို့ ဟန်ကြီးလုပ်၊ မနှစ်ကနဲ့ ဒီနှစ်မတူ၊ ညီဖြစ်သူက အကိုပြန်ပြော၊ သားဖြစ်သူက အဖေပြန်ဆဲ၊ ကိုယ့်မရှိတော့ တစ်ကျပ်တောင် ချေးမရ၊ ရွှေရှိမှ အမျိုးတော်၊ သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။

ဆရာတော်ကြီးက ရနိုင်သလောက်ရှာ၊ ကုန်သရွေ့ မသုံးဘို့၊

တစ်မက်ဖိုးလောက်ရပြီး တစ်ကျပ်ဖို်းလောက်သုံးလျှင်

ကြွေးတင်ကျွန်ဖြစ်ရုံကလွဲလို့ လူဖြစ်ကျိုးမနပ်ဘူးတဲ့။

ဒီတခါတော့ နတ်ဆိုးလေးစကားမဟုတ်ပါဘူး ဗန်းမော် ဆရာတော်ဘုရားကြီးရဲ့ စကားတွေပါ မသိသေးသူများအားဝေမျှခြင်းဖြစ်ပါသည် နတ်ဆိုးလေးကိုလည်း နတ်မင်းကြီးများက ပြန်လည်ပြောပြခြင်းဖြစ်ပါသည် ။သွားပြီဗျို့ နတ်သဘင်လွှတ်တော်ကို……..နောက်ကျရင် ရာထူးပြုတ်မယ်တဲ့……….သ

10 comments

  • နတ်ဆိုးလေး

    February 19, 2012 at 4:40 pm

    နတ်ဆိုးလေး သိသမျှ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ခေတ်နှင့်ညီသော ဆုံးမစာ ပိုစ့် အား ဒုတိယံမိ ပြန်လည်ပုံနှိပ်ထားခြင်းဖြစ်ပါတယ်….ကိုပေါက်ရေ စလိုုက်ကြအုံးစို့…..
    ဒန့်….တန့်…..တန်…..

    • စိန်ပေါက်ပေါက်

      February 19, 2012 at 5:53 pm

      ကိုပေါက်ရေ
      စ ပေးလိုက်ပါဦး…

      ကလူ..ကလူ..ကလူ..

  • aye.kk

    February 19, 2012 at 7:07 pm

    နတ်ဆိုးလေးရေ..
    ရှင်တော်ဘုရားပြောကြားထားတာက..
    ကုသိုလ်ကောင်းမှုကိုခိုးသူတို့မယူဆောင်နိုင်ကုန်တဲ့..
    ကိုယ့်ကိုယ်ကိုကိုယ်သာအချစ်ဆုံးမို့၊ကိုယ့်ကိုသာကုသိုလ်ကောင်းမှုအရင်ပြုရမယ်။(ဒါကအန်တီအမြင်ပါ)

    • နတ်ဆိုးလေး

      February 19, 2012 at 10:31 pm

      မှန်ပါတယ် လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ်ကို လုပ်ဆောင်ကြရပါမယ်။ ဘာသာရေး၊နိုင်ငံရေး၊စီး ပွားရေး အားလုံးမှာ မိမိကိုယ်မိမိ ပြုလုပ်ကြရမှာပါ။ ပါးစပ်က ပြောင်းလဲ၊ ပြုလုပ်နေယုံနဲ့တော့ ကုသိုလ်လည်းရမလာပါဘူး..လိုချင်တာတွေလည်းရမလာပါဘူး။ မန္တလေး ဂေးလ်ဇက် ရဲ့ အလှူကိုဘဲ ကြည့်ပါ။ဒါဟာ ပြောင်းလဲခြင်းရဲ့ အစပါ။ အရင်နှစ်နဲ့မတူဘဲပြောင်းလဲလာပါပြီ။တစ်ဦးခြင်းစီက လုပ်ဆောင်လိုက်နာကြရင် အကုသိုလ်တွေ လည်းအလိုလို ဘေးရောက်သွားပါလိမ့်မယ်။မင်းလည်း မင်းကျင့်တရားနဲ့ အညီ ၊ ဘုန်းကြီးတွေလည်း ဝိနည်းတွေနဲ့ အညီ၊ ကျောင်းသားတွေလည်း မိမိစည်းကမ်းနဲ့ အညီနေထိုင်ကြရင် ထူထွေပြီး ဘာမှလုပ်စရာမလိုပါဘူး။ (အန်တီမြင် သလို အားလုံးလဲမြင်နိုင်ကြပါစေ………) မိမိကို်ယ်တိုင် လုပ်ဆောင်နိုင်ကြပါစေ………(ပွားတာ များးသွားလားမသိဘူးနော် ဆိုင်ဆိုင်မဆိုင်ဆိုင် ပွားမှာဘဲ နတ်ဆိုးလေးလဲ နတ်သဘင်မှာ အပွားခံခဲ့ရတယ် မကျေနပ်ဘူး ဒါဗျဲ………..)

  • “”တရားဟောတော့လည်း နားမထောင်၊ တရားဓမ္မနှင့် သီချင်းဆို၊ သင်္ဂြ ိုဟ်ကျက်က အနက်ပါဋ္ဌိ၊
    စာကြည့်ပြန်တော့ အတိုကောက်၊ ဟိုမရောက်သည်မရောက် လွတ်သွား ကြပြန်ပြီ၊ ပြန်ပြော
    တော့လည်း မခံချင်၊ ပုဂံခေတ်က မင်းဆက်များ၊ အုံ့ပုန်းသရမ်းတော့ အခတ်သား””
    မှတ်သားစရာပေး၍ လွှတ်တော်သွား နတ်ဆိုးလေး မှ….

  • windtalker

    February 19, 2012 at 7:44 pm

    ကဲကဲကဲ ။ သာဓု သာဓု သာဓု ဘာဗျား

  • နေဝန်းနီ

    February 19, 2012 at 9:22 pm

    နတ်ဆိုးရယ် အဲဒဟာ ရှာနေတာကြာပြီ..။ ဒါမူရင်းမဟုတ်လောက်ပါဘူး ဗားရှင်းအသစ်နဲ့တူရဲ့……။

  • နတ်ဆိုးလေး

    February 20, 2012 at 12:58 pm

    ဟုတ်ကဲ့ နတ်ဆိုးလေးလဲ နတ်ဆိုးကြီးတွေပြောတာကြားပြီးတင်လိုက်တာပါ…..ဗားရှင်းအသစ်လားတော့ မသိပါဘူး။ဒါပေမဲ့ မူရင်းနဲ့ အနီးစပ်ဆုံး ဖြစ်နိုင်ပါတယ်။

  • ကိုရင်စည်သူ

    February 20, 2012 at 1:03 pm

    နတ်ဆိုးလေးဆိုတာ အရင်က ဘလော့ခ်ဂါ နတ်ဆိုးလေးများလား…
    အသက် ၂ဝ ဝန်းကျင်ဖြစ်မယ်ထင်တယ်… မန်လေးက ဆိုရင်တော့
    ကျနော်နဲ့ အရင်ကသိဖူးတဲ့ နတ်ဆိုးလေးဖြစ်မယ်ထင်တယ်..
    ဟုတ်လားမသိဘူး… နတ်ဆိုးလေးရေ…
    ဂေဇက်ရွာက ကြိုဆိုပါတယ်နော့…

  • နတ်ဆိုးလေး

    February 20, 2012 at 2:04 pm

    ဟုတ်ကဲ့ ကိုရင် စည်သူ ခင်ဗျာ ကျွန်တော့် အသက်က လာမယ် ၅ လပိုင်းမှာ ၂၁ နှစ်ပြည့်ပါမယ်။ နတ်ဆိုးလေး ဘယ်သူဆိုတာတော့ မပြောချင်လို့ မဟုတ်ပါဘူး။ ရှေ့ကနောင်တော်ကြီးတွေနှင့် စာရင် ဝါနုပါသေးတယ်။ ဒါကြောင့် ဘယ်သူဆိုတာကို မပြောချင်သေးပါဘူး။ အခုလိုကြိုဆိုတဲ့ အတွက် လည်းကျေးဇူး တင်ပါတယ်။ကျွန်တော် ရွာတည်းကို စဝင်တာ ရက်ပိုင်းဘဲရှိပါသေးတယ်။ အားလုံးလဲ ကျွန်တော်မှားတာပါသွား ခဲ့ရင်ဝိုင်းဝန်းဆုံးမပေးကြပါ။ ပြစ်မထားကြပါနဲ့လို့ ဒီနေရာကနေ ပြောချင်ပါတယ်။ရွာသူ၊ ရွာသားများ နှင့်တကွ ရွာကြီးတခုလုံးသာယာအောင် ဝိုင်းဝန်းဆောင်ရွက်ချင်ပါတယ်။ နတ်ဆိုးလေး………………..

Leave a Reply