ပြည်သူ့နီတိ နှင့် နိုင်ငံသားတို့၏ ဝဲဘက်ရင်အုံ – ဇော်သက်ထွေး

black chawFebruary 19, 20121min30926

ပြည်သူ့နီတိ နှင့် နိုင်ငံသားတို့၏ ဝဲဘက်ရင်အုံ
(ရေးသူ – ဇော်သက်ထွေး)
ဒီနေ့ထုတ် ပေါ်ပြူလာ ဂျာနယ် မှာ ဖေါ်ပြပါရှိသည့် ဆောင်းပါးဖြစ်ပါတယ်။
ရေးသူ ကိုဇော်သက်ထွေး ထံ ခွင့်တောင်းပြီး တင်ပေးလိုက်ခြင်းဖြစ်ပါကြောင်းနှင့်
ခွင့်ပြုပေးသူ ကိုဇော်သက်ထွေးအား ကျွန်ုပ်ဘလက် မှ ကျေးဇူးအထူးတင်ရှိပါကြောင်း…။

မြင်ကွင်း (၁)
တာမွေမှာ ၁၄-၂-၂၀၁၂ နံနက်က တကယ် မီးလောင်နေသည်။ နေရာအတိအကျ ပြောရလျှင် ရွှေဗဟိုရ် ရုပ်ရှင်ရုံအနောက်ဘက် ၁၆၄ လမ်းအဆုံး နေရာတစ်ဝိုက်ဖြစ်သည်။ နံနက် ၈ နာရီ ကျော်ကျော်တွင် မီးခိုးလုံးများ စတင်တက်လာသည်။ လူတွေ အမှတ်တမဲ့မို့ မသိသေး။ မိနစ်အနည်းငယ် ကြာတော့ မီးခိုးတွေက ပိုပြီး မည်းတက်လာသည်။ မီးသတ်ကား ဥဩသံ မကြားရသေး။ လမ်းမပေါ်တွင် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်စပြုနေပြီ။ ကျွန်တော်တို့ စိတ်ပူလာသည်။

မြင်ကွင်း (၂)
မီးသတ်ကား ဥဩသံတွေ ကြားလာရပြီ။ တာမွေအဝိုင်းဘက်သို့ တာမွေမီးသတ်မှ ကားသုံးစီး မောင်းလာသည်။ ကျွန်တော်တို့ ဝမ်းသာသွားသည်။ မီးပွိုင့်ရှိ ယဉ်ထိန်းရဲများကလည်း ကားများကို ရပ်တန့်ပေးကာ မီးသတ်ကားများ အမြန်မောင်း၍ ရအောင် စီစဉ်ဆောင်ရွက်ပေးသည်။ ကားသုံးစီး ရွှေဗဟိုရ် ရုပ်ရှင်ရုံဘက် အောင်မြင်စွာ ထွက်ခွာသွားသည်။ မီးလောင်သည့်နေရာမှာတော့ မီးခိုးလုံးကြီးများ အဆက်မပြတ် ဖြစ်ပေါ်နေဆဲ။ ဆောင်းနှောင်းနွေဦးဆိုသော်လည်း ရန်ကုန်က ပူနေပါပြီ။ ထို့ကြောင့်မီးလောင်လွယ်ခြင်း ဖြစ်ပုံရသည်။ လူတွေကတော့ အထိတ်တလန့်ဖြင့် ပြေးလွှားနေကြသည်။ ဘယ်သူတွေကံကောင်း၍ ဘယ်သူတွေကံဆိုးကြမည်နည်း။
မြင်ကွင်း (၃)
မီးက မငြိမ်းသေး။ ရောက်နေသည့်မီးသတ်အင်အားဖြင့် ငြိမ်းနိုင်သေးပုံမပေါ်။ ဟိုမှ သည်မှ မီးသတ်ကား ဥဩသံတွေ ညံစီနေသည်။ ကျွန်တော် တိုက်ဝရံတာမှ ကြည့်နေစဉ် ဦးချစ်မောင်လမ်းအတိုင်း ရေဂါလံ ၈၀၀ဝ ဆန့် မီးသတ်ကားကြီးတစ်စီး ဥဩဆွဲပြီး မောင်းနှင်လာသည်။ သူက တာမွေအဝိုင်းကနေ ရွှေဗဟိုရုပ်ရှင်ရုံဘက်သွားဖို့ Free ကြောအတိုင်း မောင်းနှင်လာခြင်းပါ။ သို့သော် အဝိုင်းထိပ် မရောက်တရောက် တစ်နေရာတွင် တစ်ဖက်ယဉ်ကြောသို့ ခေါင်းထိုးပြီး ဖင်ပိုင်းထွက်နေသော ကားနှစ်စီးရှိနေသည်။ တစ်စီးက လိုင်းကား၊ နောက်တစ်စီးက ပုဂ္ဂလိကကား၊ ထိုကားနှစ်စီး ဖင်နှင့်မလွတ်၍ ဂါလံ ၈၀၀ဝ ဆန့် မီးသတ်ကားကြီးမှာ ရှေ့မတိုးနိုင်ဖြစ်နေရသည်။ တစ်ကယ်တော့ တစ်ဖက်ယဉ်ကြောမှ ကားများကလည်းမီးသတ်ကားကြီးသွားနိုင်ရန် ခေါင်းတိုးဝင်နေသော ကားနှစ်စီးအတွက် နည်းနည်း ရွှေ့ပေး၍ ရပါသည်။ ကန့်လန့်ခံနေသော ကားနှစ်စီးကလည်း ရှေ့သို့ တစ်လက်မခြင်းတိုးပြီး နေရာချဲ့ပေးလို့ ရပါသည်။ သို့သော် တုတ်တုတ် မျှ မလှုပ်။ မီးသတ်ကားကြီးကတော့ ဟွန်းသံမျိုးစုံ၊ ဥဩသံမျိုးစုံ ပေးနေလေသည်။ တစ်ဖက်ကားများပေါ်မှ နိုင်ငံသားများကတော့ သူတို့နှင့် မဆိုင်သလို ခံစားမှုများကင်းမဲ့နေသော မျက်နှာ။ ထိုနေရာတွင် ရေတင်လာသော မီးသတ်ကားကြီးသည် သုံးမိနစ်နှင့် စက္ကန့် နှစ်ဆယ် ကြာမြင့်နေခဲ့သည်။ ထိုအချိန်ကာလလေးမှာ မီးတောက်တွေက အိမ်ဘယ်နှလုံး ဝါးမျိုသွားခဲ့ပြီးပြီလဲ။ ထိုကားများပေါ်မှ နိုင်ငံသားများသည် မြန်မာနိုင်ငံသားများ ဟုတ်ပါရဲ့လား။ ကျွန်တော့်ရင်ထဲတွင် နာကျင်မှုဖြင့် မေးခွန်းများထွက်ပေါ်လာသည်။
မြင်ကွင်း (၄)
နောက်တစ်နေ့တွင် ပြည်ပအခြေစိုက် ရုပ်သံလွှင့်မီဒီယာတစ်ခုက တာမွေမီးလောင်သည့်သတင်းကို ထုတ်လွှင့်သွားခဲ့သည်။ ထိုရပ်ကွက်နေ ပြည်သူတစ်ယောက်က မီးသတ်ကားများလာရောက်ပုံ နောက်ကျ၍ အိမ်ရှစ်လုံး၊ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၇၈ ဦး မီးဘေးသင့် ဒုက္ခရောက်ခဲ့ရကြောင်း အင်တာဗျူးသည်။
ကျွန်တော်ကတော့ မကြာသေးခင်က ပုသိမ်ညွန့် စက်ဆန်း မီးလောင်မှုတွင် အသက်ပေးလှူခဲ့သော မီးသတ်ဝန်ထမ်းငါးဦး၏ မျက်နှာကို ပြန်လည်မြင်ယောင်လာမိသည်။
ဒင်္ဂါး ၏ ခေါင်းရော ပန်းရော မြင်လိုက်ရသူ ကျွန်တော့်မှာတော့ဖြင့်….။

ဇော်သက်ထွေး

26 comments

  • blackchaw

    February 19, 2012 at 5:39 pm

    မီးလောင်တဲ့နေရာကို မီးသတ်ကား အချိန်မီရောက်ဖို့
    မီးသတ်တပ်ဖွဲ့ တစ်ခုတည်းမှာ တာဝန်ရှိသလား။
    သူတို့ လောင်နေတဲ့ မီးကို အချိန်မီ ငြှိမ်းသတ်ဖို့
    ကျွန်တော်တို့ ဘာတွေ ကူညီပေးဖို့ လိုအပ်ပါသလဲ။
    မီးသတ်ကား အရောက်နောက်ကျတာ မီးသတ် တပ်ဖွဲ့တစ်ခုတည်းမှာ
    တာဝန်ရှိပါသလာ။
    အဲဒါလေး … စဉ်းစားသင့်တယ်ထင်ပါတယ်ဗျာ။

  • ““တစ်ကယ်တော့ တစ်ဖက်ယဉ်ကြောမှ ကားများကလည်းမီးသတ်ကားကြီးသွားနိုင်ရန် ခေါင်းတိုးဝင်နေသော
    ကားနှစ်စီးအတွက် နည်းနည်း ရွှေ့ပေး၍ ရပါသည်။ ကန့်လန့်ခံနေသော ကားနှစ်စီးကလည်း ရှေ့သို့ တစ်လက်မ
    ခြင်းတိုးပြီး နေရာချဲ့ပေးလို့ ရပါသည်။ သို့သော် တုတ်တုတ် မျှ မလှုပ်။ မီးသတ်ကားကြီးကတော့ ဟွန်းသံမျိုးစုံ၊
    ဥဩသံမျိုးစုံ ပေးနေလေသည်။ တစ်ဖက်ကားများပေါ်မှ နိုင်ငံသားများကတော့ သူတို့နှင့် မဆိုင်သလို ခံစားမှုများ
    ကင်းမဲ့နေသော မျက်နှာ။ ထိုနေရာတွင် ရေတင်လာသော မီးသတ်ကားကြီးသည် သုံးမိနစ်နှင့် စက္ကန့် နှစ်ဆယ်
    ကြာမြင့်နေခဲ့သည်။ ထိုအချိန်ကာလလေးမှာ မီးတောက်တွေက အိမ်ဘယ်နှလုံး ဝါးမျိုသွားခဲ့ပြီးပြီလဲ။ ထိုကားများပေါ်မှ
    နိုင်ငံသားများသည် မြန်မာနိုင်ငံသားများ ဟုတ်ပါရဲ့လား။ ကျွန်တော့်ရင်ထဲတွင် နာကျင်မှုဖြင့် မေးခွန်းများထွက်ပေါ်လာသည်။””

    ကိုဘလက်ချောရေ …..
    သံတွဲဈေးကြီး မီးလောင်တုန်းကတော့ မီးသတ်ဌာနက ဈေးနဲ ့နှစ်ဖာလုံဘဲဝေးပါတယ်၊ဖုန်းဆက်ခေါ်၊ပြေးခေါ်၊ဆိုင်ကယ်တွေနဲ ့ခေါ်၊
    ဘယ်လိုခေါ်ခေါ် ခေါ်သူသာပြန်ရောက်လာတယ်။မီးသတ်ကားရောက်မလာခဲ့ပါဘူး။ရောက်လာတော့လဲ တွန်းနှိုးပြီးမှ ရေလဲမပါလာပါဘူး။
    ဒီမှာလဲ ကျနော်ပြန်ကူးယူပြီးမန် ့ထားတဲ ့အပိုင်းလေးလို လူစိတ်မရှိတဲ့ ဘေးထိုင်ဘုပြောတွေ၊မီးလောင်နေပါတယ် ဆိုမှ ပျော်ကြီးကျနေကြ
    တာတွေ၊အပြောနဲ ့ဘဲရှိတယ် ဘာမှကူမပေးသူတွေ တွေ ့လိုက်ရတော့ စိတ်မကောင်းဘူးဗျာ။

    • Foreign Resident

      February 20, 2012 at 6:42 am

      ကို သန်းထွဋ်ဦး ရဲ့
      စိတ်မကောင်းပါဘူးကွယ် ။

      အဲလိုပါပဲ ။
      ဆင်းရဲတဲ့ နိုင်ငံ နှင့် နိုင်ငံသားတွေအတွက် ၊
      အခွန် နဲနဲပဲပေးတဲ့ အခွန်ရှောင်တဲ့ အခွန်မပေးတဲ့ နိုင်ငံသားတွေအတွက် ၊
      ဒီလို တွန်းနှိုးရတဲ့ ၊ ဆီမရှိတဲ့ မီးသတ်ကား အစုတ်တွေ အပြင်
      ဘာများ မျှော်လင့်လို့ ရအုန်းမလဲဗျာ ။

      • htoosan

        February 20, 2012 at 10:27 am

        ဘဖောရေ .. သံတွဲ မီးလောင်ပြီးတော့ .ပြည်နယ်က ..
        ဟိုတယ်များမှ မီးသတ်ကားတစ်စီးလူပေးရန် . …
        ခရီးသည် ပို့ဆောင်ရေးအသင်းမှ တစ်စီးလှုရန် ..
        ရေလုပ်ငန်းကုမ္မဏီများမှ တစ်စီးလှုရန် .
        ကိုယ်တိုင် ထိန်းသိ်မ်းစောင့်ရှောက်ထားပေးရန် ။။ ညွှန်ကြားခဲ့ ကြောင်းပါခင်ဗျ။

  • စိန်ပေါက်ပေါက်

    February 19, 2012 at 6:11 pm

    ခုလို နှစ်ဘက်လုံးကို မြင်နိုင်တဲ့လူအတွက် ဘာပြောရမှန်းမသိဘူး..ပေါ့…
    သူ ့ဟာနဲ ့သူကတော့ မှန်နေကြတာပဲ..
    မှားနေတာက…ဒေါ်စိန်ပေါက်ရဲ့ အမျိုး

  • windtalker

    February 19, 2012 at 7:12 pm

    ဖြစ်ရပ်ကိုမျက်မြင်တွေ ့လိုက်ရတဲ့အခါ ခံစားမိသော မချင့်မရဲ ဖြစ်မှုများပေါ့နော် ။
    ကျုပ်သာ မီးသတ်ကားမောင်းတဲ့သူဆို ဝင်တိုက်ပစ်မှာ အသေအချာဘဲဗျို ့။

  • Thel Nu Aye

    February 19, 2012 at 7:33 pm

    နဲနဲလေးဖယ်ပေးရမယ်ဆိုတဲ့အသိတောင်မရှိဘူးဆိုတော့ ဒီလူတွေလူကောဟုတ်ရဲ့လားမသိဘူး။ မပြောလဲအဆင်ပြေအောင်လုပ်ပေးရမယ်ဆိုတဲ့အခြေခံအသိတောင်မရှိဘူးဆိုတော့လူတွေကြားထဲဘယ် လိုများရပ်တည်နေပါလိမ့်။

  • ဦးဦးပါလေရာ

    February 19, 2012 at 10:46 pm

    အများနဲ့ဆိုင်တဲ့ကိစ္စတွေ
    အများအကျိုးစီးပွားနဲ့ဆိုင်တဲ့ကိစ္စတွေ
    အထူးသဖြင့် အများဘေးအန္တရယ်ကျရောက်မှု့နဲ့ ဆိုင်တဲ့ကိစ္စတွေမှာ
    လူတွေရဲ့အသိတရားတွေ ဆင်ခြင်တုံတရားတွေ စိတ်ထားစေတနာတွေကို အားကိုးလို့မဖြစ်ပါဘူး။
    အဲဒါတွေက ရှိချင်လဲရှိမယ်-ရှိချင်မှလဲရှိမယ် လေ..
    ဒါကြောင့် အများအကျိုးနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ဆီလျှော်တဲ့စည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေ စံနစ်တကျ ချမှတ်ရပါတယ်
    အဲဒီစည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာစေပြီး
    မလိုက်နာရင် သင့်တော်ထိရောက်အောင် အရေးယူရပါတယ်။
    အဲဒါကိုပဲ အုပ်ချုပ်မှု့ လို့ခေါ်တာပါ…..။

    ဒီကိစ္စမှာ မီးသတ်ကား/အရေးပေါ်ကား(လူနာတင်)လာရင် အခြားကားတွေ ရှောင်ပေး ဖယ်ပေး ရပ်တန့်ပေး ရပါမယ်။ အဲဒါစည်းကမ်းပါ။ မလိုက်နာရင် မလိုက်နာသူအားလုံးကို သင့်လျှော်ထိရောက်တဲ့ ပြစ်ဒါဏ်ပေးရပါမယ်။

    တခုတော့ရှိတာပေါ့ဗျာ………
    စည်းကမ်းချမှတ်တဲ့သူ စည်းကမ်းကို စောင့်ရှောက်တဲ့သူဟာ
    သူကိုယ်တိုင်လဲ စည်းကမ်းရှိဘို့ လိုတာပေါ့ …………..။။

  • padonmar

    February 20, 2012 at 1:19 am

    http://myanmargazette.net/40042/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
    ကျွန်မ ရွာထဲ ရောက်စက ရေးတဲ့ Ambulance နဲ့ အသိစိတ်လေးရှိစေချင် ထဲက ကွန်မန့်လေးတွေ ပြန်မန့်ချင်ပါတယ်။

    kai says:

    ယူအက်စ်မှာ ကားလိုင်စင်သွားဖြေရင်..
    ရဲကား၊ မီးသတ်ကား၊ လူနာတင်ယဉ် အရေးပေါ်မီးဖွင့်လာတာကို မြင်တာနဲ့ လမ်းဘေးဆွဲချရပ်ပေးရမယ်/တယ်။
    မရပ်ရင် .. လိုင်စင်ထုတ်မပေးဘူး..။

    အပြင်လောကမှာလည်း ..အဲဒီ အရေးပေါ်အခြေအနေကားတွေမြင်တာနဲ့ ကားထိုးမရပ်ရင်.. တစ်ကက်(ဒဏ်လက်မှတ်)ရတယ်..။
    ရဲကား၊ မီးသတ်ကား၊ လူနာတင်ယဉ်တွေဟာ ..အရေးပေါ်နေရင်မီးနီလည်းဖြတ်လို့ရတယ်.။ လမ်းပြောင်းပြန်လည်းမောင်းလို့ရတယ်..။
    လမ်းကို ပိတ်ရပ်ထားတာရှိရင် .. ဘန်ဘာနဲ့.. တွန်းတိုးသွားလို့လည်းရတယ်..။

    ဦးနေဝင်းတန်ခိုးထွားစဉ်ကာလက ..လှည်းတန်းလမ်းဆုံ အဲဒီပုဂ္ဂိုလ်ဖြတ်မယ်ဆိုရင် ကားတွေအကုန် မိနစ်တော်တော်ကြာကြာ စောင့်ပေးရတယ်..။
    သူမလာခင် တော်တော်ကြာကြာ ကတည်းက လမ်းပိတ်တာပေါ့..။
    အဲဒီအချိန် .. ဥဩဆွဲလာတဲ့ မီးသတ်ကားကြီးလည်း .. ဥဩရပ်ပြီး ရပ်စောင့်နေရတာ မြင်ဖူးတယ်.။ 🙁

    Myanmar says:

    In Malaysia, cars have to be pulled aside when you hear the siren or see the ambulance coming otherwise you will be booked. What is more important, our ego or human life? We have to change our attitude. Maybe we need a system to give a harsh punishment for those who do not give priority to ambulance or fire engine.

  • padonmar

    February 20, 2012 at 1:24 am

    ကျွန်မရွာထဲရောက်စက တင်တဲ့ Ambulance နဲ့ အသိစိတ်လေးရှိစေချင် မှာမန့်ကြတာလေးတွေ ပြန်မန့်ချင်ပါတယ်။

    kai says:

    ယူအက်စ်မှာ ကားလိုင်စင်သွားဖြေရင်..
    ရဲကား၊ မီးသတ်ကား၊ လူနာတင်ယဉ် အရေးပေါ်မီးဖွင့်လာတာကို မြင်တာနဲ့ လမ်းဘေးဆွဲချရပ်ပေးရမယ်/တယ်။
    မရပ်ရင် .. လိုင်စင်ထုတ်မပေးဘူး..။

    အပြင်လောကမှာလည်း ..အဲဒီ အရေးပေါ်အခြေအနေကားတွေမြင်တာနဲ့ ကားထိုးမရပ်ရင်.. တစ်ကက်(ဒဏ်လက်မှတ်)ရတယ်..။
    ရဲကား၊ မီးသတ်ကား၊ လူနာတင်ယဉ်တွေဟာ ..အရေးပေါ်နေရင်မီးနီလည်းဖြတ်လို့ရတယ်.။ လမ်းပြောင်းပြန်လည်းမောင်းလို့ရတယ်..။
    လမ်းကို ပိတ်ရပ်ထားတာရှိရင် .. ဘန်ဘာနဲ့.. တွန်းတိုးသွားလို့လည်းရတယ်..။

    ဦးနေဝင်းတန်ခိုးထွားစဉ်ကာလက ..လှည်းတန်းလမ်းဆုံ အဲဒီပုဂ္ဂိုလ်ဖြတ်မယ်ဆိုရင် ကားတွေအကုန် မိနစ်တော်တော်ကြာကြာ စောင့်ပေးရတယ်..။
    သူမလာခင် တော်တော်ကြာကြာ ကတည်းက လမ်းပိတ်တာပေါ့..။
    အဲဒီအချိန် .. ဥဩဆွဲလာတဲ့ မီးသတ်ကားကြီးလည်း .. ဥဩရပ်ပြီး ရပ်စောင့်နေရတာ မြင်ဖူးတယ်.။ 🙁

    Myanmar says:

    In Malaysia, cars have to be pulled aside when you hear the siren or see the ambulance coming otherwise you will be booked. What is more important, our ego or human life? We have to change our attitude. Maybe we need a system to give a harsh punishment for those who do not give priority to ambulance or fire engine.

  • K@oru

    February 20, 2012 at 9:04 am

    ကြယ်ငါးတကောင် ကောက်ပစ်လိုက်ပြန်ဘီပေါ့ …ကိုဘလက်..

    ဒီကြယ်ငါးကနည်းနည်းကြီးတယ် ….
    အားလုံးဝိုင်းကူပစ်ဖို့လိုတယ်ဗျာ …

    တာဝန်ကိုယ်စီ ရှိ တာ ကို နားလည်ကြဖို့
    တာဝန်ကိုယ်စီ သိကြပါစေဗျာ ….

    ခင်တဲ့

  • kyeemite

    February 20, 2012 at 9:10 am

    windtalker says:

    ဖြစ်ရပ်ကိုမျက်မြင်တွေ ့လိုက်ရတဲ့အခါ ခံစားမိသော မချင့်မရဲ ဖြစ်မှုများပေါ့နော် ။
    ကျုပ်သာ မီးသတ်ကားမောင်းတဲ့သူဆို ဝင်တိုက်ပစ်မှာ အသေအချာဘဲဗျို ့။

    ကိုပေပြောတာမှန်တယ်ဗျို့..တိုးတိုက်ပီးဝင်သွားရမှာ..သူ့ဟာသူဘာဖြစ်ကျန်ခဲ့ကျန်ခဲ့…
    ပီးတော့ နံပါတ်မှတ်ပီးတရားစွဲလို့လဲရတယ်လို့ကြားဘူးတယ်…

    • zarlay

      February 22, 2012 at 2:27 pm

      အဲဒါကြောင့်လူတိုင်းမှာ ကိုယ်ပိုင်ကောင်းမွန်တဲ့အသိတရားလေးတွေရှိစေချင်တယ်

  • ba gyi

    February 20, 2012 at 9:37 am

    အဲသည်ဖြစ်ရပ်တွေဟာ၊မီးလောင်တဲ့အချိန်တိုင်းမြင်တွေ့ရတဲ့မြင်ကွင်းပါပဲ၊
    သည်တော့ အရေးပေါ်မီးလောင်ပြင်သွားမီးသတ်ကားတွေ၊ကြက်ခြေနီကားတွေကားတွေကို၊အဲသည်အချိန်မျိုးမှာ အစိုးရ ဗွီအိုင်ပီ ကားသွားသလိုမျိုးသတ်မှတ်ပေးပြီး၊လမ်းပိတ်ရင်ဝတ္တရားနှာက်ယှက်မှုလို့ ပုဒ်မ ထုတ်ပြန်လိုက်ရင်၊ ဒါအစဉ်ပြေသွားမှာပါဗျား။
    ကဲ လွှတ်တော်တင်သဗျား— ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးဥပဒေပုဒ်မပေါ့။

  • blackchaw

    February 20, 2012 at 9:47 am

    မောင်သန်းထွဋ်ဦး –
    ညီလေးရေ။
    မီးသတ်ကား စက်နှိုးလို့ မရတာ၊ ရေ အဆင်သင့်မရှိတာတွေက
    မီးမလောင်ခင်က ပြင်ဆင်ထားသင့်တဲ့အရာပါ။
    အဲဒါမျိုးကိစ္စတွေကိုလည်း ကြိုအော်ထားကြဖို့ လိုပါတယ်။
    အော်မှ သိပြီး သိမှ ပြင်ဆင်ထားလို့ ရမှာပါ။
    ဆိုတော့ ဝန်ထမ်းတွေ ဘယ်နေရာမှာ ဘယ်လောက်စားနေပါပြီလို့ အော်ကြသလို
    မီးသတ်ကားကြီး ပျက်နေတာတို့၊ ရေ အဆင်သင့် မရှိတာတို့ကိုလည်း
    အော်တတ်ကြဖို့ လိုပါတယ်။
    ဝန်ထမ်းတွေ ခိုးတာက မီးလောင်တာလောက် အကုန်အကျ မများဘူးဆိုတာလေး
    သိရင် အဲဒီ ပြင်ဆင်မှု အပိုင်းတွေကိုလည်း အော်သင့်ရင် အော်ကြဖို့ ဖြစ်ပါကြောင်း။

  • blackchaw

    February 20, 2012 at 9:51 am

    Foreign Resident –
    ကို FR ရေ။
    ကွန်းမန့်လေး အတွက် ကျေးဇူးပါခင်ဗျာ။
    တည့်တည့်ကြီး ပစ်ချတတ်တဲ့
    ကို FR ရဲ့ ပြောချက်တွေကို လက်ခုတ်တီးပေးလိုက်ပါတယ်ဗျာ။

  • blackchaw

    February 20, 2012 at 10:20 am

    ပေါက်ဖေါ် ၊ မောင်ပေ ၊ သည်းနုအေး ၊
    ကိုပါလေရာ ၊ ဘကြီး ၊ ကိုကြီးမိုက် နဲ့ ဂီဂီ တို့ရဲ့
    ကွန်းမန့်လေးတွေအတွက် ကျေးဇူးပါဗျို့။

  • nigimi77

    February 20, 2012 at 11:33 am

    ပြည်သူတွေရဲ ့ အသက်အိုးအိမ် စည်းစိမ် တည်မြဲ စေတဲ့

    မီးသတ်ကားကောင်းတွေ ၊ ရဲရင့်တဲ့ အရည်အချင်းပြည့်ဝတဲ့

    မီးသတ်သမားကောင်းတွေရှိလာဖို ့

    ဒို ့ပြည်သူတွေ အခွန်ဆောင် ကြစို ့

  • water-melon

    February 20, 2012 at 1:32 pm

    အခွန်ကတော့ ဆောင်ပါတယ်ဗျာ
    ရေခွန်မီးခွန်လမ်းခွန်
    ဟိုနေ့ကတောင်လာသွားသေးတယ် အိမ်ခွန်တဲ့ 😀

  • blackchaw

    February 20, 2012 at 8:55 pm

    water-melon – ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျ။

    nigimi 77 – နီဂိမိရေ။ မီးသတ်တပ်ဖွဲ့ နဲ့ မီးသတ်ကား အရည်အချင်းကတော့ အစိုးရရဲ့ တာဝန်ပါ။
    ဒီပို့စ်မှာ ဆိုလိုထားတာလေးက ကျွန်တော်တို့ ပြည်သူတွေ ကိုယ်နဲ့မဆိုင်ဘူး ဆိုတဲ့ စိတ်ဓါတ်တွေ၊ တစ်ကိုယ်ကောင်းစိတ်ဓါတ်တွေ ပြင်ကြစေချင်တာလို့ ထင်ပါတယ်။

    bagyi – တစ်ခုခုတော့ လုပ်ရမှာပါ။ အနီးစပ်ဆုံးကတော့ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စိတ်ဓါတ်တွေကို ပြင်ရမှာလို့ မြင်ပါတယ်ဗျာ။

    windtalker, kyeemite –
    တိုးတိုက်ပြီး ဝင်သွားရတဲ့ အဆင့်ကို မရောက်စေချင်လို့ ရေးထားတယ်လို့ ထင်ပါတယ်။
    အဲဒီအဆင့်မျိုး မရောက်အောင် ကျွန်တော်တို့ တစ်ဦးခြင်းမှာလည်း တာဝန်ရှိပါတယ်ဗျာ။

    အင်ဇာဂီ – ညီရေ။ နေ့လယ်က လုံးဝ အချိန်မရလို့ ဘာမှ မဆွေးနွေးလိုက်ရတာ တောင်းပန်ပါတယ်ဗျာ။ ညီပြောသလိုပါပဲ။ ကိုဇော်သက်ထွေးက ကြယ်ငါးလေးတစ်ကောင် ကောက်ပစ်လိုက်တာကို ကိုယ်က ဝိုင်းကူတဲ့ သဘောပါ။ သူ့နေရာနဲ့သူ တာဝန်ကိုယ်စီ ရှိတယ်ဆိုတာလေး မြင် ကြစေချင်ပါတယ်ဗျာ။

    မပဒုမ္မာ – အစ်မရေ။ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။

    ကိုပါလေရာ – ကိုယ့်အသိစိတ်ကလေးတွေ နဲ့ ကိုယ်တိုင် ပြုပြင်တာက ပိုလှတယ်လို့ ထင်မိပါတယ်ဗျာ။
    ကိုယ်ချင်းစာစိတ်ဆိုတာ ကို ဥပဒေနဲ့ မွေးခိုင်းလို့ မရဘူးထင်ပါတယ်။

    မသည်းနုအေး – မသည်းနုအေးရေ။ ကိုယ်တိုင်က အသိစိတ်လေး ရှိတယ်ဆိုရင် အသိစိတ်မရှိသေး သူတွေကို လက်တွဲခေါ်ယူပေးရမှာပါဗျာ။

    ပေါက်ဖေါ်, htoosan – ကွန်းမန့်လေးတွေ အတွက် ကျေးဇူးပါဗျာ။

    • “”ဝန်ထမ်းတွေ ခိုးတာက မီးလောင်တာလောက် အကုန်အကျ မများဘူးဆိုတာလေး
      သိရင် အဲဒီ ပြင်ဆင်မှု အပိုင်းတွေကိုလည်း အော်သင့်ရင် အော်ကြဖို့ ဖြစ်ပါကြောင်း။”
      ကျနော်မြင်ရသလောက်ပေါ့ဗျာ မီးသတ်ဌာနမှာ ရှိတဲ့ဝန်ထမ်းတွေမှာ တခြားဌာနတွေ
      လို ခိုးယူစားသောက်လို ့ရနိုင်မယ့် အခွင့်အရေးမတွေ ့မိဘူးဗျ။ဒါပေမယ့် ဒီကားတွေထဲ
      ကပစ္စည်းတွေ၊ပြုပြင်ရေးစရိတ်တွေ အပေါ်မှာဘဲ တလွဲသုံးနိုင်တယ်ဗျ။
      အဲဒီတော့ ကျနော်တို ့က မီးသတ်ကားတွေ ဝယ်ဖို ့ဆိုတာကို ခုမှပြင်ရအုံးမှာ………

    • Thel Nu Aye

      February 21, 2012 at 10:37 am

      လက်တွဲခေါ်တာကပြသနာမရှိပါဘူးဦးဘလက်ရယ်။ ခေါ်ဆိုခေါ်နိုင်ပါတယ်။ ဒါပေမဲ့အဆဲ ခံလိုက်ရ တာတော်တော်ဂွကျပါတယ်။ ကျွန်မအဖြစ်ပျက်ကလေးတ ခုပေါ့ပြောပြချင်ပါတယ်။ တနေ့ကျွန်မ တက်စီတစီးငှားပါတယ်။ ကားလာလို့ကျွန်မလှမ်းတားလိုက်တယ်။ ကျွန်မငှား တဲ့နေ ရာကလမ်း မကြီးနဲ့လမ်းသွယ်လေး ထိပ်ကဖြစ်နေတယ်။ ကျွန်မစဉ်းစားတယ်လေ။ ငါဒီမှာရပ်စကားပြောရင် လမ်းသွယ်က ထွက်လာတဲ့ကားရော၊ လမ်းသွယ်ထဲဝင်တဲ့ ကားရောပိတ်သွားလိမ့်မယ် လို့တွေး မိပြီးနောက် နဲနဲပြန်ဆုတ်ပြီးလမ်းဆုံထိပ် တည့်တည့် လမ်းမပေါ်မှာခပ်တည်တည်ရပ်နေတဲ့ တက်စီကို ဒီကိုလာဆိုပြီးလမ်းသွယ်လေး ရဲ့ဘေး ဘက်ကိုလှမ်းခေါ်လိုက်တယ်။ သူမောင်းလာ ရအလွန်ဆုံး ကား ဘီး ၄၊ ၅ ပါတ်ပါ။ လွတ်အောင်လမ်းဘေးချခိုင်းလိုက်တဲ့သဘောပါ။ ထင်တဲ့ အတိုင်းနောက်ကကားတွေ ပိတ်ကုန်တာပေါ့။ ကားသွားများတဲ့ခြောက်လမ်းသွားကြီးကိုး။ ကျွန်မကလဲပလက်ဖောင်းပေါ် ကနေဒီကိုလာလို့လှမ်းခေါ်တာပေါ့။ သူကလဲမလာဘူး သူ့ဆီလာတဲ့။ ဒါကိုမြင်တဲ့နောက် ကကားတွေ ကပါစင်ဂျာလောက်တောင်နားမ လည်ဘူးလားဘာလား ဆိုဝိုင်းအော်တော့ သူကစိတ်ဆိုးပြီးကျွန်မကိုပြောဆိုပြီး မလိုက်ဘူးဆိုရန်လုပ်သွားပါတယ်။ ဒီလိုလူတွေကိုဘယ် လိုပညာပေးရမလဲလို့ကျွန်မလေစဉ်းစားမိတယ်။ တော်တော်လဲစိတ်ကုန်ပါတယ်။ ဘာမှအပန်း မကြီးတဲ့ကိတ်စကိုလုပ်လိုက်ဖို့ဘာလို့ဝန်လေးလဲဆိုတာလဲနားမလည်ဘူးဦးဘလက်ရယ်။

  • kai

    February 21, 2012 at 2:12 am

    http://www.dmv.ca.gov/pubs/hdbk/shr_bus_sc_trly_ev.htm

    emergency Vehicles

    You must yield the right-of-way to any police vehicle, fire engine, ambulance, or other emergency vehicle using a siren and red lights. Drive to the right edge of the road and stop until the emergency vehicle(s) have passed. However, never stop in an intersection. If you are in an intersection when you see an emergency vehicle, continue through the intersection and then, drive to the right as soon as it is safe and stop. Emergency vehicles often use the wrong side of the street to continue on their way. They sometimes use a loud speaker to talk to drivers blocking their path.

    Yield to Emergency Vehicles
    Diagram showing how to yeild to an emergecny vehicle.

    You must obey any traffic direction, order, or signal given by a traffic or police officer, or a firefighter even if it conflicts with existing signs, signals, or laws.

    It is against the law to follow within 300 feet behind any fire engine, police vehicle, ambulance, or other emergency vehicle with a siren or flashing lights (CVC §21706).

    If you drive for sight-seeing purposes to the scene of a fire, collision, or other disaster, you may be arrested. Casual observers interfere with the essential services of police, firefighter, ambulance crews, or other rescue or emergency personnel.

  • ကြက်ဖင် ( အကယ်ဒမီ )

    February 21, 2012 at 2:26 am

    ခက်တော့တာဘဲ
    သူများနိုင်ငံက လမ်းတွေက အကျယ်ကြီးဗျ
    ကျုပ်တို့သာကီမျိုးတွေက ဘုရားကျောင်းကန်တွက်မဟုတ်ရင် တယ်မသထာဘူး
    သထာတာကို အပီဝါးတဲ့ကောင်ကရှိသေးတယ်
    မြို့ကြီးပျကြီးတော့သိဘူး
    ကျုပ်တို့ရွာထဲမတော့ ကိုယ့်အိမ်နောက်ဖေးရေတစ်ပီပါစီ မဖြစ်မနေထားကြတာဘဲ
    မီးသတ်ကားဘိုးပိုက်ဆံလည်းတတ်နိုင်ဘူး ပေးရင်လည်းဝါးမှာဘဲ
    မီးသတ်ကားရှိလည်း မီးလောင်ရင်သူ့ကားက ဘယ်ချိန်လာမှန်းမသိ
    ကိုယ့်အိမ်နဲ့ ကိုယ့်ပီပါဆိုတော့ ဥစ္စာရူးလို့လည်းရတယ်
    ရေထည့်ထားရင် လိုသလိုသုံးလို့ရတယ်
    မီးဆိုတာကတော့ လောင်ပြီဟေ့ဆိုတာနဲ့ အနီးဆုံးအိမ်က ကိုယ့်အိမ်နောက်ဖေးကိုယ်ဆင်းပြီး
    ရှိတဲ့ရေနဲ့ပက် ကျန်တဲ့သူတွေက သူ့အိမ်ကရေဆွဲလာ
    အမလေး မီးလောင်တဲ့အိမ်
    ရွှဲဆိုအောင်လောင်းလိုက်တော့လေ ချမ်းပါတယ်တော့ပါဖြစ်သွားမယ်

  • mg mg

    February 21, 2012 at 5:47 pm

    ကိုကြက်ဖင် ပြောမှ သတိရလို့ပြောလိုက်ဦးမယ်၊ ကျနော်တို့ အညာမှာပေါ့၊ (အညာဆိုတော့ သိတဲ့အတိုင်း မီးကခဏခဏလောင်တယ်လေ) မီးလောင်ပြီဆိုရင် အရင်သိတဲ့သူက အိမ်ရှေ့ထွက် ဓါတ်တိုင်ကိုတဒေါင်ဒေါင်နဲ့အဆက်မပြတ်ခေါက်တဲ့သူကခေါက်၊ ရေပုံးဆွဲထွက်တဲ့သူကထွက်၊ (ထွက်တဲ့အထဲ ဘုန်းဘုန်းတွေလဲပါတယ်) အကုန်လုံးမီးလောင်တဲ့ဆီကို ပြေးကြတာပဲ၊ ပြောချင်တာကတော့ သိသိမသိသိ အန်တရယ်ကြုံလာရင် အားလုံးဝိုင်းပြီးတက်ညီလက်ညီရှိကြတာကိုပြောချင်တာပါ။ နိုင်တာမနိုင်တာတော့ တစ်ပိုင်းပေါ့၊ မြို့ကြီးပြကြီး များမှာတော့ ကိုယ်နဲ့မသိရင် မဆိုင်သလိုပဲနေတတ်ကြတယ်။ အဲဒီတော့ အန်တရယ်ကို အားပေးသလိုဖြစ်နေတယ်။ သတိရလို့ဆက်ပြောရအုံးမယ်၊ ကုန်ဈေးနှုံးကျဆင်းရေးလားမသိ၊ ဆနဒပြတဲ့သူတွေကိုလေ ဝိုင်းပြီးတော့ခွေးဆွဲသလိုဆွဲကြတဲ့ သတင်းမှတ်တမ်းဗွီဒီယိုလေ၊ မြို့လယ်ခေါင်ကြီးဗျာ ဘေးနားမှာ လူတွေဝိုင်းအုံပြီးကြည့်နေကြတာ၊ ထားပါတော့ဗျာ ဆနဒပြတဲ့သူတွေကို လာဆွဲတာယူနီဖောင်းဝတ်ထားတဲ့သူတွေဆိုရင်တော့ တစ်မျိုးပေါ့၊ ခုတော့ဗျာ သူတို့လဲ သူလိုငါလိုအရပ်ဝတ်(စွမ်းအားရှင်တွေ) ။ အဲဒီနေရာမှာဗျာ ဘေးကအရပ်သားဝိုင်းဆွမ်းကြီးလောင်းလိုက်ကြရင် ဘာပြောကောင်းမလဲဗျာ။ တော်ပြီဗျာပြောရင်းနဲ့ဒေါသဖြစ်လာတယ်။ ကိုယ်ချင်းစာစိတ်ကို အသိညာဏ်လေးနဲ့ ဆင်ခြင်ပြီးဝိုင်းဝန်းကြမယ်ဆိုရင် ဆုံးရှုံးသင့်သလောက်မဆုံးရှုံးနိုင်တော့ဘူးပေါ့။

  • ကြောင်ကြီး

    February 22, 2012 at 12:15 pm

    မတူတဲ့အတွေးနဲ့တွေးမယ်ဗျာ။ မီးသတ်သမားတွေသာ ကားပေါ်ကဆင်းပြီး လမ်းရှင်းပေးရင် ပိုမမြန်ပေဘူးလား။ အမှန်အမှားထက် အချိန်က အရေးကြီးနေတယ်လေ…။ ကျန်တာ နောက်မှဆက်ရှင်းဂျပေါ့…

Leave a Reply