လူနာခြေထောက်ကိုမှားပြီးဖြတ်တဲ့ ပီရူးမှဆရာဝန်များ

thihayarzarJune 5, 20101min1056

ပီရူးနိုင်ငံမှ ဆရာဝန်များသည် အသက် ၈၆ နှစ်အရွယ်ရှိ လူနာတစ်ဦး၏ အကောင်းအတိုင်းရှိနေသော ခြေထောက်ကိုမှားဖြတ်မိပြီးမှ မှားသွားကြောင်းသိသွားကာ နောက်တစ်ဖက်ကိုထပ်ဖြတ်ခဲ့ရကြောင်း သတင်းဌာနတစ်ခုကဖော်ပြခဲ့သည်။ လူနာ၏သမီးဖြစ်သူသည် ဖခင်၏ခြေထောက်ကိုဖုန်းအုပ်ထားသော စောင်ကိုလှန်ကြည့်လိုက်ရာ ဘယ်ဘက်ခြေထောက်ကို ဖြတ်ထားတာကို တွေ့ကာအံဩတုန်လှုပ်သွားတယ်ဟုဆိုပါသည်။ တကယ်ဖြတ်ရမှာက အနာရှိတဲ့ညာဘက်ခြေထောက်ကိုပါ ညာဘက်ခြေထောက်က အနာကပိုးတွေဆက်လက်မပြန့်ပွားအောင် ဖြတ်ပစ်တာပါ သူတို့ကဘယ်ဘက်ကိုမှားယွင်းပြီးဖြတ်ပစ်တာဖြစ်ကြောင်း ပြောဆိုပါတယ်။ ပီရူးနိုင်ငံမြို့တော် လီမာမြောက်ဘက်တွင်ရှိသော ကောလောင်ကမ်းရိုးတန်းဒေသရှိ အယ်လ်ဘတ်တိုဆာဘိုဂယ် ဆေးရုံမှဆရာဝန်များဖြစ်ပါသည်။  ထိုကိစ္စကိုစုံစမ်းစစ်ဆေးနေပြီး တာဝန်ကျဆရာဝန်များကိုလည်း တာဝန်မှရပ်ဆိုင်းထားပါတယ်။

6 comments

  • Black Ice

    June 5, 2010 at 6:06 am

    တော်သေးတာပေါ့။ မှားဖြတ်တာခြေထောက်ဖြစ်နေလို့။

  • khaizin

    August 30, 2010 at 5:11 pm

    ဆရာဝန်တွေဖြစ်ပြီးအဲ့လောက်ကလေးတောင်မဆင်ခြင်နိုင်တာကိုတော့…….
    တော်တော်လေးအံ့ဩမိပါတယ်…….ဖြတ်ခါနီးမှာ….သူတို့တွေမစစ်ဆေးကြဘူးလားမသိဘူး…..
    ပြီးပြီးရောဆိုပြီးဖြတ်နေကြတာထင်ပါရဲ့နော်……….

  • pan pan

    September 17, 2010 at 9:31 am

    ဒါမျိုး ဟာသထဲမှာပဲ ဖတ်ဖူးတယ်။ အပြင်မှာ တကယ်ဖြစ်လိမ့်မယ်လို့တောင် မထင်မိဘူး။

  • koyinmaung

    November 6, 2011 at 10:05 pm

    တော်တော်ဆိုးတဲ့အမှားဘဲ….

  • နီလေး

    November 7, 2011 at 10:55 am

    တကယ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့အဖြစ်အပျက်ပါလားနော်

  • khinmintatthu

    November 7, 2011 at 2:11 pm

    မှားတာကလည်း ဒီလိုအခြေအနေမျိုးမှာမှ မှားတတ်တဲ့ဆရာဝန်နော်….

Leave a Reply