ဖြစ်တတ်သောအကြောင်းလေးများ

moethihaJune 5, 20101min640


ချစ်သောမိတ်ဆွေတို့ရေ
ကျွန်တော်တို့ပြောသောစကားများကိုသူများတွေအကြားမတော်သောစကားဖြစ်အောင်စောင့်ထိန်းပြောဆို်သင့်တယ်နော်။
ကျွန်တော့အဖြစ်အပျက်လေးတစ်ခုလောက်တော့ပြောပြရဦးမယ်။ကျွန်တော်တို့သင်တန်းမှာပေါ့ဗျာ။ဆရာမကပိုက်ဆံအိတ်ပျောက်သွားတယ်
ပိုက်ဆံအိ်တ်ပျောက်တာကပြဿနာမဟုတ်ပေမယ့်။ကျွန်တော့သူငယ်ချင်းနဲ့ကျွန်တော်အပြောအဆိုမတတ်လို့ပေါ့ဗျာပြဿနာက
သင်တန်းကစာမေးပွဲကျတယ်ဆိုရင်ပိုက်ဆံသွင်းပြီးမှပြန်ဖြေခွင့်ရတယ်ပေါ့ဗျာ။ကျွန်တော့သူငယ်ချင်းကစာမေးပွဲဖြေတော့မဖြေနိုင်တော့
ဆရာမတွေကိုလိုက်စတာပေါ့ပိုက်ဆံကိုကြိုယူထားပါ့လားမဟုတ်ရင်ကျွန်တော်ကသုံးဖြစ်မယ်ဆိုပြီးတော့ပေါ့
အဲ့လိုလိုက်စရင်းနဲ့သူကစာမေးပွဲကျရောကျတော့ကောင်တာမှာပိုက်ဆံသွားသွင်းရင်းနဲ့
ကောင်တာကအစ်မနဲ့စကားတွေပြောရင်းနဲ့အဲ့ဒီတုန်းကပေးတာမယူဘူးပေါ့အခုတော့ပိုက်ဆံကိုဘယ်လိုပြန်ရှာခဲ့ရကြောင်းနောက်ရင်းနဲ့ပြောနေသည်။
အဲ့ဒီတော့ကျွန်တော်ကလည်းဆရာမကိုမအပ်ထားတာကောင်းပါတယ်တော်ကြာသူပိုက်ဆံအိပ်ပျောက်တဲ့ထဲကိုယ့်ပိုက်ဆံပါပါသွားရင်ဆုံးနေဦးမှာလို့ပြောလိုက်တယ်
ကျွန်တော်ကတော့ကျွန်တော့စကားရိုးသားတယ်လို့ထင်တာပေါ့နော်။ဆရာမကပိုက်ဆံပျောက်တဲ့အထဲသူများပိုက်ဆံကိုပါလျော်ပေးရရင်ဘယ်စိတ်ကောင်းမှာလဲ။ဘယ်တပည့်ကရောပိုက်ဆံပြန်တောင်းမှာလဲစဉ်းစားကြည့်ပေါ့ဗျာ။
အဲ့ဒါကိုကောင်မလေးတစ်ယောက်ကနားစွန်နားဖျားကြားသွားပြီးတော့ဆရာမကိုသွားပြောတယ်။ဒါပေမယ့်ချက်ခြင်းပြောတာလဲမဟုတ်ဘူးရက်တော်တော်ကြာမှပြောတာ။နောက်တော့ဆရာမကတင်းသွားပြီးကျွန်တော့သူငယ်ချင်းကိုလာဆူတာပေါ့
“နင်ကငါပိုက်ဆံအိတ်ပျောက်တာနဲ့ပဲနင်ပိုက်ဆံကိုမအပ်ရဲတာလား၊ငါကနင်ပေးတဲ့ပိုက်ဆံနဲ့ဘာလုပ်ရမှာလဲ၊နင်အဲ့ဒါသက်သက်မဲ့ငါ့ဂုဏ်သိက္ခာကိုစော်ကားလိုက်တာပဲ”လိုု့ပြောတာပေါ့ဗျာ။
ကျွန်တော်တို့ပြောတာအဲ့လိုအဓိပါ္ပယ်မှမဟုတ်တာအဲ့ဒီတော့ပြန်ပြောတာပေါ့
“ဘယ်သူသက်သေရှိလဲလို့”
အဲ့မှာအဲ့ကောင်မလေးကထပြောပါလေရောသူ့ရှေ့မှာပြောတဲ့အတိုင်းပဲ
တကယ်တမ်းတော့ကျွန်တော်တို့အဲ့လိုပြောတယ်ဆိုရင်တောင်မှဆရာမကိုမပြောသင့်ဘူးကျွန်တော်တို့တစ်ခန်းတည်းကိုမှ A+တတ်တော့သူကပါလာတယ်ကျွန်တော်တို့သူငယ်ချင်းတစ်ဖွဲ့နဲ့သူကတစ်ယောက်တည်းမို့လို့မခေါ်ရင်မကောင်းပါဘူးဆိုပြီးတော့ရင်းရင်းနှီးနှီးဆက်ဆံနေတာကိုသူကအဲ့လိုပြောတော့ဗျာ။
ဘယ်သူကသူ့ကိုမတင်းပဲရှိမလဲ။ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာဘယ်သူမှန်လဲဘယ်သူမှားလဲလို့ပေါ့။