၁၉၇ဝကျော်နှစ်မှာမန်းလေးရောက်တော့
မန်းလေးဆိုတာစက်ဘီးမြို့ဆိုတာလက်ခံလိုက်ရပါပြီ
တမြို့လုံးဘယ်သွားသွားစက်ဘီးနဲ့
ရန်ကုန်လိုလိုင်းကားကလည်းမပေါ
ရာလေး ဟမ်းမား မောင်ဗမာ ခေတ်
နောက်ယိုးဒယား ဖီးဆင့် မိကျောင်း စတန်းဒတ် ခေတ်
နောက်တရုပ်ကစက်ဘီးတွေ ခေတ်

၁၉၈ဝကျော်လာတော့ဂျပန်ဆု်ိင်ကယ်တွေတဖြည်းဖြည်းနေရာယူလာပြီ
လူတိုင်းမသုံးနိုင်ကြသေးဖူး
ရွှေရောင် ခေတ် ဘဲခေါင်းစိမ်းခေတ် စီဂျိီ၁၂၅ ခေတ်
၂၀၀ဝခုနှစ်ကျော်လာတော့တရုပ်ဆိုင်ကယ်တွေဝင်လာပြီ
ဝင်လာသမှတနေ့တနေ့ဘယ်နှစ်စီးဝင်နေတယ်ကိုပြောလို့မရအောင်ဝင်လာတာ
လူတော်တော်များများလည်းဆိုင်ကယ်ဝယ်စီးနိုင်ကြပြီ

ကားတွေလည်းတဖြည်းဖြည်းများလာ ဘီးတွေဆိုင်ကယ်တွေလည်းတဖြည်းဖြည်းများလာ
လမ်းတွေလည်းတဖြည်းဖြည်းကြပ်လာ
တာဝန်ရှိတဲ့မြို့တော်စည်ပင်ကလည်းမန်းလေးကိုကမ္ဘာ့အဆင့်မှီအောင်ယာဉ်အန္တရာယ်
လည်းကင်းအောင်၂၀၁၁ခုနှစ်ရောက်တော့မန်းလေးမြို့ယာဉ်အသွားအလာများတဲ့
နေရာတွေမှာစက်ဘီးလမ်းစဖောက်ပေးခဲ့ပါတယ်

တလမ်းကမန်းလေးရန်ကုန်လမ်းမကြီးတလျှောက်
ရန်ကုန်ဘက်မှမန်းလေးမြို့ထဲအဝင်လမ်း
လမ်းစတာကကျွဲဆည်ကန်ဈေးအဆုံးမေမြို့သံလမ်းအနေစလို့
သိပ္ပံလမ်းအထိ

နောက်တလမ်းက၆၂လမ်းပေါ်မှာ
၃၅လမ်းကနေစလို့သိပ္ပံလမ်းအထိကတလမ်း
ကွန်ကရစ်လမ်းတွေခင်းပေးထားပါတယ်

ဆိုင်ကယ်စက်ဘီးတွေဘီးလမ်းရှိရင်ဘီးလမ်းကစီးကြ
ဘီးလမ်းဆုံးရင်ကားလမ်းပေါ်ပြန်စီးခွင့်ရှိပါတယ်
ဘီးတွေဆိုင်ကယ်တွေလည်းယာဉ်ကြောရှုပ်တဲ့နေရာတွေမှာကိုယ့်လမ်းနဲ့ကိုယ်သွားရတော့
သူတို့လည်းအန္တရာယ်ကင်း ကားသမားတွေလည်းအိပ်ရာအောက်ရေမဝင်အားလုံးကောင်း
ပါသည်ခင်ဗျာပေါ့

ဒါပေမဲ့ဗျာခက်တာကဆို်င်ကယ်ကလည်းဆို်င်ကယ်လမ်းထဲဝင်စီးဖို့ကိုမြွေကိုက်မှာလို
မစီးချင်ကြဖူးဖမ်းမယ်ဆီးမယ်နဲ့ယာဉ်ထိန်နဲ့ကြပ်မတ်မှဆို်င်ကယ်လမ်းကိုဝင်စီးကြတယ်
ဆို်င်ကယ်တွေကဆို်င်ကယ်လမ်းပေါ်သွားကြတော့တခါမော်တော်ယာဉ်တွေကဆို်င်ကယ်
လမ်းတွေပေါ်တက်မောင်ကြတက်ရပ်ကြနဲ့
ယာဉ်ထိန်းတွေကလည်းမော်တော်ကားဆိုတော့ကောင်ကြီးကြီးအမြီးရှည်ရှည်တွေပါမှာ
စိုးလို့ထင်ပါတယ်ဆို်င်ကယ်လမ်းပေါ်တက်ရပ်တက်မောင်တဲ့ကားတွေကြဘာမှမပြော
မဖမ်းနဲ့

စည်းကမ်းထိမ်းတယ်ဆို်လည်းသူ့လမ်းကို်ယ့်လမ်းမဝင်စေနဲ့ပေါ့ဗျာ
အခုတော့စည်းဖောက်တယ်ဆိုပြီးမျက်နှာမွဲဆို်င်ကယ်ကိုတော့ဖမ်းတယ်
စည်းဖောက်တာချင်းအတူတူမော်တော်ကားကျတော့မဖမ်းပဲကြည့်နေတယ်ဆိုတော့
ဘယ်သူကများ..

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)