ဘယ်သူကများ

unclegyi1974February 20, 20121min885

၁၉၇ဝကျော်နှစ်မှာမန်းလေးရောက်တော့
မန်းလေးဆိုတာစက်ဘီးမြို့ဆိုတာလက်ခံလိုက်ရပါပြီ
တမြို့လုံးဘယ်သွားသွားစက်ဘီးနဲ့
ရန်ကုန်လိုလိုင်းကားကလည်းမပေါ
ရာလေး ဟမ်းမား မောင်ဗမာ ခေတ်
နောက်ယိုးဒယား ဖီးဆင့် မိကျောင်း စတန်းဒတ် ခေတ်
နောက်တရုပ်ကစက်ဘီးတွေ ခေတ်

၁၉၈ဝကျော်လာတော့ဂျပန်ဆု်ိင်ကယ်တွေတဖြည်းဖြည်းနေရာယူလာပြီ
လူတိုင်းမသုံးနိုင်ကြသေးဖူး
ရွှေရောင် ခေတ် ဘဲခေါင်းစိမ်းခေတ် စီဂျိီ၁၂၅ ခေတ်
၂၀၀ဝခုနှစ်ကျော်လာတော့တရုပ်ဆိုင်ကယ်တွေဝင်လာပြီ
ဝင်လာသမှတနေ့တနေ့ဘယ်နှစ်စီးဝင်နေတယ်ကိုပြောလို့မရအောင်ဝင်လာတာ
လူတော်တော်များများလည်းဆိုင်ကယ်ဝယ်စီးနိုင်ကြပြီ

ကားတွေလည်းတဖြည်းဖြည်းများလာ ဘီးတွေဆိုင်ကယ်တွေလည်းတဖြည်းဖြည်းများလာ
လမ်းတွေလည်းတဖြည်းဖြည်းကြပ်လာ
တာဝန်ရှိတဲ့မြို့တော်စည်ပင်ကလည်းမန်းလေးကိုကမ္ဘာ့အဆင့်မှီအောင်ယာဉ်အန္တရာယ်
လည်းကင်းအောင်၂၀၁၁ခုနှစ်ရောက်တော့မန်းလေးမြို့ယာဉ်အသွားအလာများတဲ့
နေရာတွေမှာစက်ဘီးလမ်းစဖောက်ပေးခဲ့ပါတယ်

တလမ်းကမန်းလေးရန်ကုန်လမ်းမကြီးတလျှောက်
ရန်ကုန်ဘက်မှမန်းလေးမြို့ထဲအဝင်လမ်း
လမ်းစတာကကျွဲဆည်ကန်ဈေးအဆုံးမေမြို့သံလမ်းအနေစလို့
သိပ္ပံလမ်းအထိ

နောက်တလမ်းက၆၂လမ်းပေါ်မှာ
၃၅လမ်းကနေစလို့သိပ္ပံလမ်းအထိကတလမ်း
ကွန်ကရစ်လမ်းတွေခင်းပေးထားပါတယ်

ဆိုင်ကယ်စက်ဘီးတွေဘီးလမ်းရှိရင်ဘီးလမ်းကစီးကြ
ဘီးလမ်းဆုံးရင်ကားလမ်းပေါ်ပြန်စီးခွင့်ရှိပါတယ်
ဘီးတွေဆိုင်ကယ်တွေလည်းယာဉ်ကြောရှုပ်တဲ့နေရာတွေမှာကိုယ့်လမ်းနဲ့ကိုယ်သွားရတော့
သူတို့လည်းအန္တရာယ်ကင်း ကားသမားတွေလည်းအိပ်ရာအောက်ရေမဝင်အားလုံးကောင်း
ပါသည်ခင်ဗျာပေါ့

ဒါပေမဲ့ဗျာခက်တာကဆို်င်ကယ်ကလည်းဆို်င်ကယ်လမ်းထဲဝင်စီးဖို့ကိုမြွေကိုက်မှာလို
မစီးချင်ကြဖူးဖမ်းမယ်ဆီးမယ်နဲ့ယာဉ်ထိန်နဲ့ကြပ်မတ်မှဆို်င်ကယ်လမ်းကိုဝင်စီးကြတယ်
ဆို်င်ကယ်တွေကဆို်င်ကယ်လမ်းပေါ်သွားကြတော့တခါမော်တော်ယာဉ်တွေကဆို်င်ကယ်
လမ်းတွေပေါ်တက်မောင်ကြတက်ရပ်ကြနဲ့
ယာဉ်ထိန်းတွေကလည်းမော်တော်ကားဆိုတော့ကောင်ကြီးကြီးအမြီးရှည်ရှည်တွေပါမှာ
စိုးလို့ထင်ပါတယ်ဆို်င်ကယ်လမ်းပေါ်တက်ရပ်တက်မောင်တဲ့ကားတွေကြဘာမှမပြော
မဖမ်းနဲ့

စည်းကမ်းထိမ်းတယ်ဆို်လည်းသူ့လမ်းကို်ယ့်လမ်းမဝင်စေနဲ့ပေါ့ဗျာ
အခုတော့စည်းဖောက်တယ်ဆိုပြီးမျက်နှာမွဲဆို်င်ကယ်ကိုတော့ဖမ်းတယ်
စည်းဖောက်တာချင်းအတူတူမော်တော်ကားကျတော့မဖမ်းပဲကြည့်နေတယ်ဆိုတော့
ဘယ်သူကများ..

5 comments

  • water-melon

    February 21, 2012 at 8:00 am

    အဲဒီလမ်းပေါ်ကားတက်မောင်းတာဆိုလို့
    ILBC ရှေ့မှာတော့တက်မောင်းနေကြတာဘဲ
    ညပိုင်းတော့ ဆိုင်ကယ်သမားတွေက ကားလမ်းပေါ်တက်မောင်းကြတယ်
    အားမငယ်နဲ့ပါနဲ့ ဟိုတစ်လောက မော်တော်ပီကယ်ပေါက်စလေးတွေသင်တန်းဆင်းနေတယ်ထင်တာဘဲ
    အများကြီးတွေ့လိုက်တယ်။

  • kyeemite

    February 21, 2012 at 10:01 am

    အင်း..မန်းလေးလည်းမရောက်တာကြာပီ..ခုလက်ရှိအနေအထားကို..မြင်ကြည့်လို့မရဘူးဖြစ်နေတယ်
    များနောက်ဆုံးရောက်တာ ၂၀၀၆လောက်က…အဲဒီကတည်းက မန်းလေးမှာဆိုင်ကယ်တွေအရမ်းပေါနေပီ..ကားတောင်မနဲကြီးသတိထားမောင်းရတယ်…

  • etone

    February 21, 2012 at 11:08 am

    ကားအရေတွက်ထက် .. ဆိုက်ကယ်အရေတွက်က များတော့ ..ပိုပြီးတွက်ခြေကိုက်လို့ ဖမ်းတာဖြစ်မယ် အန်ကယ်ကြီးရ … ။ ကိုထူးဆန်းပြောသလို … ဝက်ဖ်ဆိုက်ဖြစ်ဖြစ် .. ကဏ္ဍတစ်ခုဖြစ်ဖြစ် လုပ်ပြီး .. ဓါတ်ပုံနဲ့ … စည်းပျက် ကမ်းပျက်တွေကို .. ရိုက်တင်ကြလျှင်မကောင်းဘူးလား … ဟီး .. 🙄

  • MaMa

    February 21, 2012 at 4:02 pm

    မန်းလေးနဲ့ စက်ဘီး ဆိုင်ကယ်က ခွဲခြားလို့ မရဘူး။ လန်းဒ်မာက်ခ် လိုတောင် ဖြစ်နေသေးတော့တယ်။
    ရန်ကုန်ကလူ မန်းလေးသွားရင် တောသား မြို့ရောက်သလို မျက်စေ့လည် လမ်းမှား၊
    စက်ဘီး မရှောင်တတ်၊ မစီးတတ်နဲ့ ဒုက္ခက အများသား။

  • unclegyi1974

    February 21, 2012 at 10:48 pm

    သူကြီးရေတင်တုန်းကပုံတွေနဲ့တင်တာပဲ
    ပုံမပေါ်ပဲစာတွေပဲပေါ်နေတာကိုယ်ကလည်းဘာမှမတတ်
    ပုံတွေလည်းဘယ်ရောက်ကုန်တယ်မသိ

Leave a Reply