ကွမ်းခြံကုန်းက လူသတ်၊ဓားပြတိုက်မှု ဖမ်းဆီးရမိ…

lu ta loneJune 5, 20101min630
လူ၃ဦးသေဆုံးခဲ့ရသည့် ကွမ်းခြံကုန်း မြို ့နေ ဒရယ်လူးကျေးရွာ ဒပြမှု အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

U Tin Ye

ကွမ်းခြံကုန်း ဓားပြမှု မှ သိမ်းဆည်းရမိသည့် လက်နက်များ

ဓားပြတိုက်စဉ်က ပါဝင်ခဲ့သော လက်နက်ခဲယဉ်းများပုံ

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ဒရယ်လူးကျေးရွာတွင် လက်ပစ်ဗုံး၊သေနတ်များဖြင့် တိုက်ခိုက်ပြီး ဓားပြမှုကျူးလွန်ခဲ့သူများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအား ရန်ကုန်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဇွန်လ ၄ ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှုးချုပ်ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ သတင်းစာဆရာများ တက်ရောက်ခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲတွင် ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်တွင် ယာဉ်တစ်စီးပေါ်မှ သေနတ်၊ကျည်ကပ်များနှင့်စနိုက်ပါမှန်ပြောင်း ဖမ်းဆီးရမိမှုကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရသည်။သတင်းစာရှင်းလင်းပွဲတွင် ဓားပြမှုနှင့်ပတ်သက်၍ ရဲချုပ်က ရှင်းလင်းပြောကြားခဲ့ရာ ”၂၀၁ဝ ပြည့်နှစ်၊ မေလ ၁၆ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာ၌ လူသုံးဦးသေ ၁၂ ဦး ဒဏ်ရာရရှိပြီး ငွေသား ၁၃ သိန်း ရွှေလက်စွပ်တစ်ကွင်း အပါအဝင် စုစုပေါင်းကျပ် ၁၄ သိန်းဖိုးခန့် ဆုံးရှုံးခဲ့သော လူသတ်ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း ဖြစ်စဉ်ဖြစ်ပွားမှုကို ဒရယ်လူးရွာမှ ပြည်သူများက လက်ခုပ်ကုန်းရဲစခန်းနှင့်ကွမ်းခြံကုန်းရဲစခန်းများသို့ အများသုံးတယ်လီဖုန်း မှတဆင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊အကြောင်းကြားချက် လက်ခံရရှိသည်နှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်အရပ်သို့ သွားရောက်စုံစမ်းခဲ့ကြောင်း ဒရယ်လူးရွာသည် လက်ခုပ်ကုန်းနှင့် ၉ မိုင်ခန့်ဝေးပြီး ကွမ်းခြံကုန်းနှင့် ၁၄ မိုင်ခန့် ဝေးကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် အခင်းဖြစ်အရပ်မှ လက်နက်ကိုင်ဓားပြများ အသုံးပြုပစ်ခတ်သွားခဲ့သော ၇.၆၂ x ၃၉ မမ ကျည်အနှစ်တောင့်၊ ၇.၆၂ x ၃၉ မမ ကျည်ခွံ ၁ရ ခု၊ M-67 လက်ပစ်ဗုံးပင်တစ်ခု၊ လက်ပစ်ဗုံးအစလေးစ၊ မောင်သောင်းတံဆိပ် တောဆောင်းဦးထုပ် စစ်စိမ်းရောင်တစ်လုံး၊ ကျားစီးဖိနပ်တစ်ရံတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သိမ်းဆည်းရမိ ကျည်ဆန်များကို စစ်ဆေးချက်အရ ၇.၆၂ x ၃၉ မမကျည်ဆန်သည် AK-47 သေနတ်အမျိုးအစားဖြင့် ပစ်ခတ်ရသည့် ကျည်ဆံဖြစ်ကြောင်း အခင်းဖြစ်ရပ်မှရရှိသည့် ကျည်အတစ်တောင့်နှင့် ကျည်ခွံ ၉ ခုသည် သေနတ်တစ်လက်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကျန်ကျည်အတစ်တောင့်နှင့်ကျည်ခွံ ၈ ခုသည် အခြားသေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အ သုံးပြုခဲ့သည့် လက်ပစ်ဗုံးသည် M-67 လက်ပစ်ဗုံးဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်ဟု ဆိုသည်။

စုံစမ်းဖော်ထုတ်ချက်များအရ ပြစ်ချက်ဟောင်းရှိသူ မသင်္ကာတရားခံ မောင်ဆန်း(ခ)ငဆန်း ကို မေလ ၁၉ ရက်နေ့တွင် ဖမ်းဆီးရရှိခဲ့ကြောင်း ၎င်းသည် အသက် ၅၉ နှစ်ရှိ ကော့မှူးမြို့နယ်၊ထန်းတပင်ရွာဇာတိဖြစ်ကာ ဇနီး ၅ ဦးရှိကြောင်း လက်ရှိတွင် ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ရွာ၌ နေထိုင်ကြောင်း ၎င်းသည်ဓားပြတိုက်မှုတစ်ခုဖြင့် ထောင် ၉ နှစ်ကျခံခဲ့ဖူးကြောင်း၊ ရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့ပြီး ပြန်လည်ဖမ်းဆီးခံရကာ ထောင်ဒဏ်တိုးမြှင့် ကျခံခဲ့ရသူဖြစ်ကြောင်း၊ ၎င်းသည် ရဲဘက်စခန်း၌ အခြားရဲဘက် တရားခံတစ်ဦးအားသတ်မှုဖြင့် ထောင် ရ နှစ် ထပ်မံကျခံခဲ့ရာမှ ၂၀၀ရ ခုနှစ်၊ အောက်တိုဘာလအတွင်းက သရက်အကျဉ်းထောင်မှ လွတ်မြောက်၍ ရွာ၌ပြန်လည်နေထိုင်သူဖြစ်ကြောင်း၊ ၎င်းသည် အဆို ပါဓားပြမှုတွင် ပါဝင်ခဲ့သူဟု ဝန်ခံထွက်ဆိုခဲ့ကာ ၎င်းထွက်ဆိုချက်အရ စပ်ဆက်ပါဝင်သူ ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ရွာမှ သောင်းလွင်(ခ)ဆေးလုံးဆိုသူကို မေလ ၂၈ ရက်နေ့တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမာကဘန်ကျေးရွာနေ ကျော်နိုင်ဦးဆိုသူ၏ တဲ ၌ လျို့ဝှက်ပုန်းအောင်းတိမ်းရှောင်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ဆေးလုံးသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ညောင်ကုန်းလေးရွာ ဇာတိဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလခန့်က ပင်လယ်ပြင်အတွင်း စက်လှေ ၃ စီးကို ဓားပြတိုက်ခဲ့မှု၊ လုပ်သေနတ်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၂ဝ နှစ် ၊ ၆ လကျခံခဲ့ရကာ ၂၀၀၈ ခုနှစ်အောက်တိုဘာလအတွင်းတွင် သာယာဝတီထောင်မှ လွတ်လာခဲ့သူဖြစ်ကြောင်း သိရသည်။၎င်းသည် သာယာဝတီထောင်အတွင်း ပြစ်ဒဏ်ကျခံနေစဉ် လက်နက်မှုဖြင့် ပြစ်ဒဏ် ၁ဝ နှစ်ကျခံနေသူ အေးသန်း၊ လုယက် မှု၊လူသတ်မှုတို့ဖြင့် ပြစ်ဒဏ် ၁ဝ နှစ်ကျခံနေရသူ အေးလွင်(ခ)မြင့်ကျော် (ခ)ကရင်တို့နှင့် ခင်မင်ရင်းနှီးခဲ့ပြီး ယခုဖြစ်စဉ်၌ ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၅ ရက်နေ့တွင် သောင်းလွင်(ခ)ဆေးလုံး၏ အိမ်သို့ထောင်ထဲ၌ ရင်းနှီးခဲ့သူ အေးလွင် နှင့်အေးသန်းတို့ ရောက်ရှိလာကြပြီး ဓားပြတိုက်ရန် တိုင်ပင်ခဲ့ကြောင်း၊ အေးသန်းက ၎င်းထံတွင် ဓားပြတိုက်ရန်လက်နက်ခဲယမ်းရှိကြောင်းနှင့် ငွေ ကြေးအကျိုးအမြတ်များများရနိုင်မည့် အိမ်ကိုရှာရန် ဆေးလုံးကိုတာဝန်ပေးခဲ့ကြောင်း သိရသည်။

ဆေးလုံးသည် ယောက်ဖတော်စပ်သူ ကွမ်းခြံကုန်းမြို့နယ်၊ ပိုးလောင်းရွာနေ သန်းမောင်(ခ)ညှပ်စိနှင့်မောင်ဆန်း(ခ)ငဆန်းတို့၏ အကူအညီဖြင့် သတင်းရယူထောက်လှမ်းကာ ဒရယ်လူးရွာ၊ဒေါ်သိန်းမြင့်၏ အိမ်အား ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အိမ်သည် ငွေကြေးချမ်းသာကြွယ်ဝခြင်း၊မကြာသေးမီက စပါးသီးနှံရောင်းချထားခြင်းကြောင့် ငွေကျပ် သိန်း ၂၀၀၊ ၃၀ဝ ရနိုင်ချေရှိသည်ဟု ယူဆခြင်း၊ အိမ်သည် ရွာအစွန်တွင်ရှိ၍ ဝင်လမ်းထွက်လမ်းလွယ်ကူခြင်း၊ ဒေါ်သိန်းမြင့်အိမ်တွင် ယောက်ျားသားမရှိခြင်း စသည့်အချက်များကြောင့် ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဧပြီလ ၂ဝ ရက်နေ့တွင် အေးလွင်က အသေးစိတ်အစီအစဉ် ရေးဆွဲဆောင်ရွက်ရန် ဆေးလုံးထံရောက်လာပြီး ၎င်းကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ဇုတ်ကလိရွာနေ ဦးမြင့်ရွှေ၊ဒေါ်မဲတူတို့၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းအိမ်တွင် အေးသန်းနှင့်ဆုံ၍ အသေးစိတ်အစီအစဉ်များ ထပ်မံတိုင်ပင်ခဲ့ကြောင်း သိရသည်။ မေလ ၁၄ ရက်နေ့တွင် အေးသန်း၊ အေးလွင်၊ ဆေးလုံးနှင့်အေးသန်းထံတွင် တဲပြင်ပေးရန်ရောက်နေသူ ခင်မောင်ဝင်း(ခ)မောင်ဝင်း လက်နက်ကိုင်ဓားပြအုပ်စုသည် ဇုတ်ကလိရွာမှနှစ်မိုင်ခန့်ဝေးသော ထန်းပင်ကလိုင်ရွာရေဆိပ်မှ မြင့်စိုးနှင့်စိုးထုံတို့ မောင်းနှင်သည့် စက်လှေဖြင့် မေလ ၁၄ ရက်နေ့နံနက် ၆ နာရီခန့်တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

မေလ ၁၅ ရက်နေ့ ည နေ ၅ နာရီခန့်တွင် ကွမ်းခြံကုန်းမြို့နယ်၊ သောင်ဖြူရွာ မငွေသန်းလျိုသို့ ရောက်ရှိကြသည့်အခါ ဆေးလုံးနှင့် အေးလွင်တို့သည် မေလ ၁၆ ရက်နေ့နံနက် ရ နာရီအချိန်တွင် ဓားပြတိုက်ရမည့်အိမ်ကို ရှာဖွေပေးခဲ့သော သန်းမောင်(ခ)ညှပ်စိအိမ်သို့သွား၍ အိမ်၏နောက်ဆုံးအခြေအနေကို မေးမြန်းကာ အိမ်နှင့်ပတ်ဝန်းကျင်အခြေအနေကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ထို့နောက် အေးသန်း၊ ခင်မောင်ဝင်းနှင့်အေးလွင်တို့သုံးဦး က ပါလာသော စစ်စိမ်းရောင်ဝတ်စုံကို ဝတ်ဆင်၍ အေးသန်းက သေနတ်တစ်လက်နှင့်လက်ပစ်ဗုံးတစ်လုံးယူကာ ခင်မောင်ဝင်းက ကျန်သေနတ်တစ်လက်ကို ကိုင်တွယ်ခဲ့ကြောင်း ၎င်းတို့စက်လှေဖြင့် ထွက်ခွာခဲ့ပြီး ချိန်းဆိုခဲ့သည့်နေရာ၌ မောင်ဆန်းနှင့်ဆုံ၍ ည ၉ နာရီ ၁ဝ မိနစ်အချိန်တွင် ဒေါ်သိန်းမြင့်အိမ်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ဒေါ်သိန်းမြင့်ခြံဝရောက်ချိန်၌ အေးသန်းက ‘ဝါးဘလောက်သောက်ရွာက ကွမ်းစားတင်အေးရှိသလား၊ စစ်ဆေးဖို့ရှိတယ်’ဟု ဆိုကာ ခြံတံခါးဖွင့်ခိုင်းခဲ့ကြောင်း သိ ရသည်။မောင်ဆန်းမှာခြံအပြင်၌ စောင့်ကြည့်နေပြီး အေးသန်းနှင့် ၄ ဦးခြံထဲဝင်၍ ကြိုးတုပ်ထားသော စာရင်းငှား သာကျော်နှင့်ဖိုးထူးကို ဆေးလုံးကစောင့်ကြည့်နေခဲ့ကာ ကျန်သုံးဦးက အိမ်ပေါ်တက်သွားကြောင်း  အိမ်ရှင်ဒေါ်သိန်းမြင့်ထံမှ ငွေကျပ် ၁၃ သိန်းရရှိချိန်၌ အိမ်အောက်တွင် ကြိုးတုပ်ခံထားရသူ ဖိုးထူးမှာ လွတ်မြောက်ထွက်ပြေးသွားပြီး ဓားပြဓားပြဟု အော်ဟစ်ခဲ့သောကြောင့် ရွာသား ၃ဝ ခန့် အခင်းဖြစ်အိမ်နားသို့ စုရုံးရောက်ရှိလာပြီး ခဲများ၊ လေးခွများဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြကြောင်း ဓားပြအဖွဲ့ကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူအုပ်ရှဲသွားစဉ် ဓားပြအဖွဲ့သည် ကုတင်ပေါ်ရှိ သိန်း ၃ဝ ပါငွေထုပ်နှစ်ထုပ်ကို ဆွဲယူပြီး အိမ်နှင့်မီးဖိုအကြား ဖြတ်ပြေးခဲ့ရာ ရွာသားတစ်ဦးက အေးသန်း၏ ဦးခေါင်းကိုတုတ်ဖြင့်ဝင်ရိုက်သောကြောင့် အေးသန်းလဲကျသွားခဲ့ကြောင်း အေးလွင်က တုတ်လု၍ပြန်ရိုက်ပြီး အေးသန်းကိုတွဲခေါ်ထွက်ပြေးစဉ် ယူလာသောငွေထုပ်နှစ်ထုပ် ကျကျန်ခဲ့ကြောင်း၊ ဓားပြအဖွဲ့သည် အိမ် နောက်ဖေးခြံစည်းရုံးမှ တဆင့်ဖောက်ထွက်ပြီး ရွာလယ်လမ်းမအရောက် ရွာသားများက ဝိုင်းအုံလိုက်လာရာ အေးသန်းက လူအုပ်ထဲသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ဓားပြအဖွဲ့သည် ဇီးကုန်း ရွာအနောက်ဘက်ဇရပ်အရောက်တွင် မောင်ဆန်းကို ငွေ ၁ သိန်းထုပ်တစ်ထုပ်ပေးကာ လမ်းခွဲခဲ့ကြောင်း၊ ဆေးလုံးအပါအဝင် လေးဦးအဖွဲ့သည် ဇုတ်ကလိရွာသို့ မေလ ၁၈ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။လက်နက်ခဲယမ်းများကို မူလဝှက်ခဲ့သည့် ဦးမြင့်ရွှေ၊ဒေါ်မဲတူတို့အိမ်တွင်ပင် ပြန်လည်ဝှက်ထားခဲ့ပြီး ဓားပြတိုက်၍ရသည့် ငွေ ၁၃ သိန်းအား မောင်ဆန်းသို့တစ်သိန်း၊ မြင့်စိုးနှင့်စိုးထုံသို့ စက်လှေခတစ်သိန်းခွဲ၊ အေးလွင်သို့ငါးသောင်း၊ ခင်မောင်ဝင်းသို့ ၈ သောင်းခွဲနှင့်ကျန်ငွေ ၉ သိန်း ၂ သောင်း၊ ရွှေလက်စွပ်တစ်ကွင်းကို အေးသန်းက ယူသွားခဲ့ပြီး ဇုတ်ကလိရွာမှ အသီးသီးလမ်းခွဲခဲ့ကြောင်း ဆေးလုံးမှာ၎င်း၏ခွဲတမ်းကို မရရှိသေးဟုသိရှိရသည်ဟု ဆိုသည်။

စစ်ကြောဖော်ထုတ်ချက်များအရ ခင်မောင်ဝင်းကို သထုံမြို့နယ်၊ ကတိုက်ကြီးရွာ၊ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ခင်မောင်ဝင်းသည် ဓားပြမှုတွင် စစ်စိမ်းရောင်ဝတ်စုံဝတ်ဆင်ပြီး AK-47 သေနတ်ကိုင်ဆောင်ကာ ရွာသား များကို ပစ်ခတ်ခဲ့သူဖြစ်ကြောင်း၊ စက်လှေသမားစိုးထုံကို မေလ ၂၉ ရက် နေ့တွင် ဘီးလင်းမြို့နယ်၊ မုပင်ရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဓားပြမှုကျူးလွန်စဉ်က စစ်စိမ်းရောင်ဝတ်စုံဝတ်ဆင်ပြီး AK-47 ကိုင်ဆောင်၍ ရွာသားများကို သေနတ်၊လက်ပစ်ဗုံးများ ဖြင့် ပစ်ခတ်သူ အေးသန်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။ဖမ်းဆီးရမိသော ခင်မောင်ဝင်းနှင့်တရားခံပြေးအေးသန်းတို့သည် KNU အကြမ်းဖက်သောင်းကျန်းသူ တပ်မဟာ (၁) လက်အောက်ခံ ဗိုလ်မောင်နီ၏တပ်ခွဲမှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ပြီး ၎င်းတို့သည် ၁၉၉ဝ ပြည်နှစ်က အလင်းဝင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့တွင် အေးလွင်ကို ဘီးလင်းမြို့နယ်၊ ဇုတ်ကလိရွာ ဦးမြင့်ရွှေ၊ဒေါ်မဲတူတို့၏ နေအိမ်တွင် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ကျည်လက်နက်၊ကျည်အိမ်တို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင် ကွမ်းခြံကုန်းဓားပြမှုအပြင် ရွှေကျင်မြို့နယ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။မေလ ၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်မှ လှည့်ကင်းတပ်ဖွဲ့ဝင်များသည်  ပျဉ်းမပင်တံတားထိပ်၌ ၉ခ/– နံပါတ်ပြားတပ်ထားသည့် Tiger Double Cab တစ်စီးကို မသင်္ကာဖွယ်တွေ့ရှိစစ်ဆေးခဲ့ရာ ဆီတိုင်ကီအတွင်း အံဝှက်ပြုလုပ်သယ်ဆောင်လာသော ပွိုင့် ၄၅ ပစ္စတိုတစ်လက် ၊၉ မမ ပစ္စတိုတစ်လက်၊ ပွိုင့် ၃၂ ပစ္စ တိုတစ်လက်၊ M-16 တစ်လက်၊ M-23 တစ်လက်၊ BA-52 စတင်းတစ်လက်၊ M-16 ပြောင်းပိုနှစ်ခု စုစုပေါင်းလက်နက် ရ လက်နှင့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ကားဘော်ဒီကြမ်းခင်းအောက်မှ ကျည်မျိုးစုံ ၄၆၄ တောင့်၊ကျည်ကဒ်မျိုးစုံ ၈ ခု၊ လေဆာတပ်ထားသည့် စနိုက်ပါမှန်ပြောင်းတစ်ခု အပါအဝင် ဆက်စပ်ပစ္စည်း ရ မျိုးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း ညီခိုင်သည် မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာဇာတိဖြစ်ပြီး အသက် ၂၈ နှစ်ရှိသူဖြစ်ကာ မြဝတီမြို့တွင် ဆိုင်ကယ်ကယ်ရီလုပ်ငန်းလုပ်ကိုင်ရင်း ထိုင်းနိုင်ငံ၊မဲဆောက်မြို့သို့ မကြာခဏသွားရောက်ခဲ့ရာမှ တစ်ဖက်နိုင်ငံ ရှိ ဆန့်ကျင်ဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် KNU/KNLA အဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီး KNU/KNLA ရိက္ခာတာဝန်ခံ ဗိုလ်အဆင့်ရှိ ရွှေကျော်ဆိုသူ၏ လက်အောက်၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထိုင်း နိုင်ငံမှတင်သွင်းလာသော မှောင်ခိုပစ္စည်းများ အပေါ်ဂိတ်ကြေးကောက်ခံခြင်း နှင့်လက်နက်မှောင်ခို၊ တရားမဝင်လိုင်စင်မဲ့ ကားရောင်းဝယ်ခြင်းတို့ကိုပါ လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

ညီခိုင်သည် စတုတ္တအကြိမ် အဖြစ်မေလ ၅ ရက်နေ့တွင် လိုင်စင်မဲ့ Double Cab တစ်စီးနှင့် လက်နက်များသယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်တွင် ဆက်စပ်ပါဝင်သည့် တရားခံများအား ဖော်ထုတ်နိုင် ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။