ကျားမေမေ၊ မိဘအုပ်ထိန်းမှု နဲ့ ဟိုမရောက်ဒီမရောက် အတွေးများ

မြစပဲရိုးFebruary 20, 20122min76046

ကျွန်မ ဒီရက်တွေမှာ စာအုပ်လေး  တစ်အုပ် ကို စိတ်ဝင်စားခဲ့ပါတယ်။

စာအုပ်အမည်က “Battle Hymn of the Tiger Mother”

စာရေးသူ က အမေရိကား ရဲ့ နာမည်ကြီး တက္ကသိုလ် Yale Law School က ပရော်ဖက်ဆာ အမျိုးသမီး။ အမည်က အေမီချွား။

သူရဲ့ မိဘ တွေက ဖိလစ်ပိုင်က နေ အမေရိကား ကို ပြောင်းလာတဲ့ တရုတ်လူမျိုး။

သူ့အဖေကလဲ အီလက်ထရောနစ် အင်ဂျင်နီယာ ပရော်ဖက်ဆာ။

အမေရိကား မှာ ကျောင်းတက်ဖို့ စကော်လာရှစ် ရပြီး ရောက်စမှာ ဆင်းဆင်းရဲရဲ နဲ့ အတော် လေးရုန်းကန်ပြီး ဘဝ ကို ထူထောင်ခဲ့ရတဲ့သူ။

သူ့သမီး ၄စလုံးကို သူ့ရဲ့ ယဉ်ကျေးမှုထုံးစံ အတိုင်း တင်းကြပ်တဲ့ စည်းကမ်းဘောင် တွေ နဲ့ စာတော်အောင်၊ အပြင်းအထန် ကြိုးစား တတ် အောင် ကျင့်ပေးခဲ့သူ။

သမီး၄ယောက်ထဲမှာ Down syndrome ဖြစ်ခဲ့တဲ့ အငယ်ဆုံးတစ်ယောက် ကိုတောင် ဘဝမှာ အောင်မြင်တဲ့သူ အဖြစ်နေရာရအောင် ပျိုးထောင်ပေးခဲ့သူ။

သမီး၄ယောက်ထဲမှာ ၂ယောက်က အမေရိကား ရဲ့ နာမည်ကြီးကျောင်းမှာ ပရော်ဖက်ဆာ တွေဖြစ်ခဲ့ ပြီး အဲဒီထဲက တစ်ယောက် က  အေမီချွားပါ။

 

ဒီတော့ အေမီချွား ကလဲ သူ့ရဲ့ မျိုးဆက် သမီး ၂ယောက်ကို  သူ့အဖေ သူ့ကို ပျိုးထောင် သလို ပျိုးထောင်ခဲ့ပါတယ်။

အေမီချွား ရဲ့ ခင်ပွန်းက ဂျူးဖြစ်တော့ သမီးလေးတွေက လူမျိုးစပ်လေးတွေပေါ့။

သူ့ရဲ့ စာအုပ်မှာ ရေးထား တဲ့ – သူ့ကလေးတွေ အတွက် သူမရဲ့ တစ်ချို့သော စည်းကမ်း များ ကတော့-

သူများဆီမှာ ညအိပ်ခြင်း Sleep Over မလုပ်ရ။

သူများဆီမှာ ချိန်းပြီး ကစားပွဲ Play Date မလုပ်ရ။

ကျောင်းကပွဲ School Play ထဲမှာမပါရ။

အဲဒါကို complaintမလုပ်ရ။

Gym နဲ့ Drama က လွဲလို့ အခြား ဘာသာစုံ အမှတ်ပြည့်ရရမယ်။

ပီရာနို (သို့) ဗွိုင်အိုလင် ကလွဲလို့ တစ်ခြားတူရိယာ များ မတီးရ။

ပီရာနို (သို့) ဗွိုင်အိုလင် မတီးနေတီးရမယ်။

 

သူ့ရဲ့ စည်းမျဉ်း အရ သမီး ၂ယောက်စလုံး (Sophia & Lu Lu) ဟာ ကျောင်းပြီးချိန်မှာ ပီယာနိုကို ၂နာရီ ကနေ ၃နာရီ အထိ လေ့ကျင့်ရပါတယ်။

စနေ၊ တနင်္ဂနွေ တွေမှာ အချိန် ၂ဆ အပြင် တရုတ်စာလဲ သင်ရပါတယ်။ ဒီတော့ ခလေးနှစ်ယောက်လုံးမှာ အပို အလုပ်တွေ စဉ်းစားစရာကို အချိန် မရှိခဲ့ပါဘူး။ သူ့ စကားနားမထောင် ရင် အရုပ်တွေ ကို မီးရှို့ပစ်မယ် လဲ ခြိမ်းခြောက် တတ် ပါတယ်။

အေမီချွား ဟာ သူ့ ကလေးတွေကို အရှေ့တိုင်းထုံးစံ အတိုင်း စည်းကမ်း တင်းကြပ်စွာ အုပ်ချုပ် ခဲ့တဲ့ အပြင် သူ့အမြင်မှာ အနောက်တိုင်း မိဘ တွေ ရဲ့ ခလေးတွေ ကို လုပ်ချင်ရာလုပ် ဆိုပြီး ခွင့်ပေးတာ ဟာ မကောင်းဘူးလို့ မြင်ပါတယ်။

 

အေမီ ဟာ ဒီစာအုပ် ကို ရေးခဲ့တာ အကြောင်းရှိခဲ့ပါတယ်။

စာအုပ်ရဲ့ အစမှာ ဒီလို ဖွင့်ခဲ့ပါတယ်။

“ဒီ ဇာတ်လမ်းအကြောင်းဟာ အမေရယ်၊ သူ့သမီးနှစ်ယောက်ရယ်၊ သူတို့ ခွေးနှစ်ကောင် ရယ်ပါ။ ဒီဇာတ်လမ်း ထဲမှာ ပီရာနို နဲ့ ဗွိုင်အိုလင် လဲပါတယ်။ Carnegie Hall ထဲမှာ တို့တွေ အစွမ်းပြ ခဲ့ တာရောပေါ့။

တကယ်တော့ ဒီဇာတ်လမ်း က တရုတ်မိဘ တွေဟာ သားသမီးကို ပျိုးထောင်ရာမှာ အနောက်တိုင်းမိဘ တွေထက် သာလွန်ကောင်းမွန် တယ်လို့ ဖြစ်ရမှာပါ။

ဒါပေမဲ့ ခါးသီးဖွယ် ယဉ်ကျေးမှု တိုက်ပွဲ နဲ့ ၁၃နှစ် အရွယ် သမီး ငယ် ရဲ့ ဘယ်လို တန်ပြန်ခဲ့ တယ် ဆိုတဲ့ အကြောင်း ဖြစ်သွားခဲ့တယ်။”

 

အေမီ ရဲ့  ဒီစာအုပ်ဟာ ကျွန်မ ထင်ခဲ့သလို “မိဘက သားသမီးကို ပျိုးထောင်ရေး နည်းလမ်း” စာအုပ်မဟုတ်ပါဘူး။ သူ့ရဲ့ နည်းလမ်း နဲ့ သူ့သမီးတွေ ကို ပြုစုပျိုးထောင် ပုံ အကြောင်း ကို ဟာသလေးတွေ နှောပြီး သူတို့ ဘဝ ဇာတ်လမ်း တစ်စိတ်တစ်ပိုင်းကို ရေး ထားတာပါ။ ဒီစာအုပ်လဲ ထွက်ပြီးရော အဲဒီ အကြောင်းဟာ အမေရိကားမှာ အတော်လေး ဂယက်ရိုက် ခဲ့ပါတယ်။ ထုံးစံအတိုင်း ဝေဖန် အပြစ်ပြောသူ အပြည့်ပါဘဲ။

အေမီချွား ဟာ သူ့ခလေး တွေရဲ့ လွတ်လပ်ခွင့် ကိုပိတ်တယ်။ ဒါဟာ နှိပ်စက်တာ။ မတရား ပုံသွင်းတာ။ …….. စသဖြင့်ပေါ့။

 

အဲဒီ အခါမှာ အေမီချွား ရဲ့ တုန့်ပြန်တဲ့ အသံက ဒီလိုပါ။

“ကျွန်မကိုယ်ကျွန်မ မေးခွန်း မေးကြည့်တယ်။

ဒီလိုလုပ်တာ တကဲ့ ကို ခလေးတွေ အတွက်လား? သူ့အတွက်လား? လို့။

ကျွန်မမှာ မှာ ရှင်းလင်းတဲ့ အဖြေ ရှိပါတယ်။ဒါဟာ ခလေးတွေ အတွက်ပါ။

ကျွန်မ သူငယ်ချင်း တွေ အမြဲပြောလေ့ တယ် – “ခလေးတွေ ကို လွတ်လွတ်လပ်လပ် သူတို့ လုပ်ချင်ရာ ခွင့်ပေးပါ။ ကိုယ်က ဝင်မစွက်ပါနဲ့။ ဒါမှ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည် နိုင်မှာ၊ နောက်ခလေးက အဲလို တွန်းလွန်းရင် ကိုယ့်ကို မုန်းသွားမယ် ” တဲ့။

ပြီးတာနဲ့ အဲဒီ သူငယ်ချင်း ခလေးမိခင် တွေ က သူတို့ ရဲ့ Gym နဲ့ Club တွေဆီကို ထွက် သွားကြတယ်။ ကျွန်မကတော့ အိမ်ကိုပြန်လာပြီး သမီးတွေ ရဲ့ အမုန်းခံကာ အော်ဟစ် လို့ ကျောင်းစာလုပ်ဖို့ နဲ့ မြူးဇစ် လေ့ကျင့်ခန်း တွေ လုပ်ဖို့သူတို့ ကို တွန်းနေပါတယ်”

 

အေမီချွား ပြောတာလေးကို ဖတ်ရင်း ကျွန်မ ပြုံးမိ ပါတယ်။ သူ့ကိုယ်စားတောင် မေးခွန်း လေး တစ်ခု မေး ကြည့်လိုက်ပါသေးတယ်။

အဲဒီလို ခလေးတွေ ကို သူတို့ မိဘတွေက လွတ်လွတ်လပ်လပ် လုပ်ချင်ရာ ခွင့်ပေး တာဟာ “ခလေးတွေ အတွက်လား? မိဘတွေ က သူတို့ လွတ်လပ်မှုအတွက်လား?”

လို့။

 

အမှန်တော့ ကျွန်မ လဲ ဒီစာအုပ်အကြောင်း ကို ကြားစက အေမီချွား ကို ဝေဖန်လိုက် မိပါသေးတယ်။

” ဒီအမေဟာ အတော်ဆိုးတာဘဲ။ ခလေးတွေ ကို စက်ရုပ်လို မောင်း တယ်။” ပေါ့။

ဒါပေမဲ့ တကယ်တော့ ဒီစာအုပ်မှာ အလှည့်လေး ရှိခဲ့ ပြီး အဲဒီ အလှည့်လေး ဟာ အေမီ ရဲ့ ဆိုလို ချင်ခဲ့တဲ့ လိုရင်း လို့ ကျွန်မ မသိခဲ့သေးပါဘူး။

 

အဲဒီ အလှည့်လေးက –

“သူ့သမီး အကြီးလေးက အမေဘာခိုင်းခိုင်း ကြုံးလုပ်ခဲ့ပေမဲ့ အငယ်မလေး ကတော့ ၃နှစ်သမီး ထဲ က အမေ ကို တန်ပြန် ပါတယ်။

၃နှစ်သမီး လေးကို ပီရာနို စသင်တို့ လက်ချောင်းလေးတွေ တစ်ချောင်းခြင်း သုံးပြီး တီးစေခဲ့ပါတယ်။

ဒါကို အာဂမမလေး က လက်၁ဝချောင်း သုံးပြီး တဗြန်းဗြန်းတီး ပါသတဲ့။

အဲဒါဘယ်လိုမှ ချော့ခိုင်း လို့ မရတော့ ချောက်ပြီး “နင် ငါခိုင်းသလို မလုပ်ရင် အပြင်ထွက်နေ” ဆိုပြီး အေးနေတဲ့ နှင်းတွေထဲ ထုတ်လိုက်သတဲ့။

သမီးကလဲ အေးအေးဆေးဆေး ဘဲ ခေါင်းမာမာ နဲ့ နေနေသတဲ့။

နောက်ဆုံး အမေက အရှုံးပေးခဲ့တာလေးကို စာအုပ် အစမှာ ပျိုးထားခဲ့တာပါ။

ဒီလိုနဲ့ သားအမိ နှစ်ယောက် အော်လိုက် ဟစ်လိုက် နဲ့ အေမီ က ကလေးကို ကြိုးကိုင်လာခဲ့တာ သမီးငယ်လေး ၁၃နှစ် အရွယ်ရောက်သည့်တိုင်ပါဘဲ။

သမီးငယ်လေး ၁၃နှစ် အရွယ် မှာ အေမီတို့ မိသားစု ရုရှားကို အလည်သွားခဲ့တယ်။

အဲဒီမှာ နေ့လည်စာစားတော့ ဈေးကြီးတဲ့ ကာဗီးယား ငါးဥ ကို မှာစားတယ်။

သမီးလေးက ကြည့်ရတာ ရွံစရာကြီး၊ ချွဲကျိကျိ နဲ့ ဆိုပြီး မစားဘူး။

ဒါကို သူက အတင်းစား ခိုင်းတယ်။ ဟိုကလဲ မစားဘူး။

အဲဒါကို တစ်ဥ တော့ စားဆိုပြီး အတင်းကျွေးချိန် မှာ သမီးလေးက “အမေ တော်တော် လေးကို လွန်လာပြီ နော်” လို့ ဆိုပြီး တကဲ့ကို နာနာကျင်ကျင် အော်လိုက်တာ ကို ကြား အပြီး  အေမီ ဟာ စားသောက်ဆိုင် အရင်ကို ပြေးထွက်ခဲ့မိလိုက်တယ်။ အဲဒီနောက် ရင်ပြင်နီထဲမှာ ထိုင်ပြီး ငိုနေတဲ့ အချိန် သူ့နောက်က ဘယ်သူမှ လိုက်မလာခဲ့ဘူး။

အဲဒီ အချိန်ကျမှ သူ နဲ့ သမီးကြားမှာ ပြဿနာ ကြီး နေပြီဆိုတာကို သတိပြုမိခဲ့တယ်။

အဲဒါကို အသေအချာ စဉ်းစားမိပြီးတဲ့ နောက်မှာ ဆိုင်ထဲ ကိုပြန်ဝင်ခဲ့တယ်။ ပြီးတော့ သူ့သမီးလေး ကို “အခုက စပြီး သမီး မကြိုက်တာကို အတင်းလုပ်ဖို့ မတွန်း တော့ဘူး။ ကြိုက်တာ လုပ်ခွင့်ပြုတော့မယ်။ ဂတိပေးတယ်။” လို့ပြောလိုက်တယ်။

သူ့သမီးကတော့ သိတ်ပြီး မယုံသလို သူ့ကို ကြည့်နေခဲ့တယ်။

နောက်ပိုင်း ဗွိုင်အိုလင် အတီးကျင့်ချိန်ကိုလဲ နာရီဝက် ထိလျော့ခဲ့တယ်။

သူ့သမီးငယ် လုပ်ချင်တဲ့ တင်းနစ်ကစား ခွင့် ပေးခဲ့တယ်။

သူ့သမီးလေးကလဲ တင်းနစ် ကစားတာ ကို တကဲ့ကို အပြင်းအထန် လေ့ကျင့်တယ်၊ လေ့ကျင့်ပေးတဲ့ ဆရာကလဲ ကလေး က အရမ်းကို ကြိုးစားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အမေဖြစ်သူ ဒေါ်အေမီ ကတော့ သမီး မသိအောင် တင်းနစ် ဆရာဆီ ကို Text Message တွေ ပို့ပို့ပြီး ဘယ်လိုလေးတော့ ကျင့်ပေးပါ ဆိုတာမျိုး လုပ်သေးတယ်တဲ့။”

 

သူ့ စာအုပ် အဆုံးသတ်လေးကတော့

“တစ်နေ့မှာ နဲနဲ ပိုခက်တဲ့ Tchaikovsky Violin ကိုများ တစ်ဆင့်တိုး သင် ရမှာ။ သမီးကြိုက်တာမဟုတ်လား။” ဆိုပြီး အေမီက သူ့သမီး အငယ်လေးကို ပြော လိုက်တယ်။ ဒီမှာတင် သမီး က မျက်လုံးပြူး ကြီးနဲ့ ပြန်ကြည့်ပြီး

“OMG, SHE’S BACK!!!” လို့ အော်လိုက်ပြီး ထပ် ပြောလိုက်တာက

“ဝမ်းနည်းပါတယ် မေမေ။ ကျွန်မ အဲဒီ Violin ကို အခု အပျော်ဘဲ တီးတော့တာ။ အမေ့ခေါင်းထဲ ကနေ အဲဒီ ကြောင်တောင်တောင် အကြံကြီး ကို ထုတ်လိုက်တာ ကောင်းမယ်။” တဲ့။

ဒါပေမဲ့ အေမီက တော့ သူ့စိတ်ထဲမှာ ကြိတ်ပြီး ပြောနေပါသေးတယ်။

“ဒီတစ်ခါတော့ ဘယ်သူ နိုင်မလဲ ကြည့်သေးတာပေါ့” တဲ့။ 🙂

သူ လက်မလျော့ သေးဘူး ဆိုတဲ့ သဘောပေါ့။

 

အခု သူ့စာအုပ်အကြောင်း ကို ရေရေရာရာ သိလိုက်တော့မှ အေမီဟာ ကျွန်မ အတွက် တော့ ချစ်စရာ၊ လေးစားစရာ အမေ အဖြစ် ပုံပြောင်းသွားပါတယ်။

တကယ်တော့ သူဟာ နောက်ဆုံးမှာ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံ နဲ့ သမီးတွေ လုပ်ချင်တဲ့ ပုံစံ အကြား မှာဟန်ချက် ညီ အောင် ထိန်း ပေးလိုက်နိုင် ခဲ့တဲ့ အမေ လို့ ဆိုချင်တာပါဘဲ။

 

သူ့စာအုပ် အကြောင်း နဲ့ သူ့ကို လူတွေ က ပြင်းပြင်းထန်ထန် ဝေဖန်ချိန် အေမီရဲ့ သမီး တွေက သူတို့ အမေဖက် က မားမားရပ်ပြီး အမေ့ ကို ထောက်ခံ ခဲ့ကြပါတယ်။ အကြီးမလေးက သတင်းစာရှင်းလင်းပွဲ မှာတောင်

“If I die tomorrow, I would die feeling I’ve lived with my whole life at 110%. And for that, Tiger Mom, thank you.”

တဲ့။

 

အခု Post မှာ သမီး အကြီးလေး Carnegie Hall မှာ ပီရာနို တီးနေပုံ၊ သူတို့ မိသားစုပုံ နဲ့ Facebook ဆရာကြီး Mark Zuckerberg နဲ့ ပုံတွေကို တင်ပေးထား ပါတယ်၊

အဲဒီလို ဟော ကြီး ထဲ မှာ ပီရာနို တီးပြခွင့် ရဖို့ တော်ရုံအဆင့် နဲ့ မရပါဘူး။ သူ့အမေရဲ့ ပံ့ပိုးမှု က အများကြီး ဆိုတာ သူတို့ နားလည်ကြပါတယ် တဲ့။

 

တစ်ချိန်လုံး ကျားမေမေ အကြောင်း ပြောလာပြီး မှ…….

ကျွန်မ ဆွေးနွေး ချင်တာ အခု မှရောက်ပါတယ်။ 😉

အဲဒီ စာအုပ် နောက်က မှတ်ချက် တွေကို ဖတ်ရင်း US Business သတင်းစာ တစ်စောင် မှာ မေးထားတဲ့ မေးခွန်း ကို တွေ့လိုက်ရင်း ဖြစ်သွား မိတဲ့ အတွေးပါ။

အဲဒီမေးခွန်းတွေက

(1) Have we just gotten fat and lazy and un-disciplined?

(2) Are America’s best days behind it?

(3) Are we an empire in decline?

 

ဒီမေးခွန်း တွေကို ကျွန်မသာ ဖြေရမယ် ဆိုရင်တော့

မေးခွန်းနံပါတ်(၁) ကတော့ အမေရိကန် အများစု ကသာ ကလေးတွေ ကို ဒီအတိုင်း စားချင်သလိုကြိုက်တာစားခွင့်ပေး၊ နေချင်သလိုနေ ဆိုပြီး စည်းကမ်းမဲ့ လွှတ် ထားလို့ ကတော့ တစ်နေ့မှာ အဲဒီလို အိုဗာဝိတ်ဖြစ်ပြီး အပျင်းထူ တဲ့  စည်းကမ်းမဲ့ အမေရိကန် နိုင်ငံသား တွေ ဖြစ်လာမှာပါ။

 

ဒါပေမဲ့ မေးခွန်း နံပါတ်(၂) နဲ့ (၃) ကတော့ တော်ရုံ ဖြစ်လာမယ် မဟုတ်ပါဘူး။

ဘာလို့ လဲ ဆိုတော့ အမေရိကား ဆိုတာ ကမ္ဘာအနှံ့က လူတော်တွေ ကို ပုံစံစုံနဲ့ မက်လုံး ပေးပြီး ခေါ်ရုံမက အသစ်အဆန်း ဆိုတာမှန်သမျှ လွတ်လွတ်လပ်လပ် ကို တီထွင် နိုင် အောင် အခွင့်အရေးပေး၊ ပံ့ပိုးမှုတွေပေး၊ ဈေးကွက် ဖန်တီး မှုတွေ ပေး နေတာကြောင့် ပါဘဲ။ ဒါကြောင့် အမေရိကားက ထိပ်တန်းတက္ကသိုလ် တွေမှာ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ တွေ စုနေတာ မဟုတ်ပါလား။ ဒါကြောင့် တကဲ့ နာမည်ကြီး နည်းပညာ တွေ ထွက်တာ အမေရိကား က ဖြစ်နေတာ ဆန်းတော့ မဆန်းပါဘူး။

ကြားဘူးတာတော့ အိုင်းစတိုင်းတောင် ဂျာမန်က နေ အမေရိကား ကိုရောက်ပြီး အဲဒီမှာ ပျော်သွားခဲ့ပြီး အမေရိကန်နိုင်ငံသား ဖြစ်ခဲ့တာဘဲလေ။

ဒီတော့ အမေရိကား ဆိုတာက ကြိုးစားရင်ကြိုးစားသလို “နေရာ နဲ့ အခွင့်အလမ်း” ရနေမှ တော့ အဲဒီ နိုင်ငံမှာ လူတော် တွေ စု စုပြီး ရှိနေမြဲ ဖြစ်နေ မှာကြောင့် သူများ နောက်ကို ဘယ်လိုမှ ရောက်ဖို့ အခြေအနေ မရှိ လို့ထင်ပါကြောင်း။

 

ဒီမှာ ဘာမဆိုင်ညာမဆိုင် …….

ဘာကြောင့်မို့ စက်ရုံတွေ များလှတဲ့ တရုတ်ပြည်က အသစ် အဆန်း ကို စပြီး မထုတ်နိုင် တာလဲ ဆိုတာ ……..

တရုတ်မှာ ပစ္စည်းတွေ ထုတ်တာ ဟာ သူတို့ ရဲ့ ကိုယ်ပိုင် စိတ်ကူး နဲ့ ထိုးထွင်း တီထွင်တာ မဟုတ်ဘဲ ကမ္ဘာ့ အကောင်းဆုံး ပစ္စည်းတွေ ကို ကော်ပီ ကူးပြီး တူအောင် အတုတီထွင် နိုင်တာ ကတော့ ဆလံသ နိုင်ပါကြောင်း ဆိုတာ ……………

တရုတ်ပြည်မှာ သူတို့ လူမျိုး တွေ အသေအလဲ ကြိုးစားတဲ့ ပုံစံကို ဝေဖန်ကြည့် ရရင် သူတို့ဟာ ရှေးရိုးစွဲ သူများခိုင်းတာကို အသေအကျေ လုပ် တတ် တဲ့ စိတ် မျိုးက ဘဲ များနေလို့ သူတို့မှာ အသစ်အဆန်း ထိုးဖောက် တီထွင်နိုင်စွမ်းရည် မရှိ တာ လား ဆိုတာ …………………….

အဲဒီ … ဆိုတာ … တွေကို  “အတု ကိုတောင် လိုက်မလုပ်နိုင်တဲ့ စွမ်းရည် မရှိတဲ့” ကျွန်မ မှ ဟိုမရောက် ဒီမရောက် အတွေး တွေကို တွေးမိရင်း ………….. 😀

 

ရွှင်လန်းချမ်းမြေ့ကြပါစေ။

 

မှီငြမ်း –
Battle Hymn of the Tiger Mother by Amy Chua

http://amychua.com/

Sophia at Carnegie Hall.

 

Amy's family, 2010

 

The girls and Amy with Mark Zuckerberg at Facebook.

46 comments

  • K@oru

    February 20, 2012 at 8:15 am

    အင်း …..
    တီလုပ်မဂျီး အကြောင်းဘဲ…..။
    ဘာတဲ့ ပီယာနိုနဲ့ ဗိုင်အိုလင် ကလွဲရင် တခြား ဟာမတီးရ
    အနှီ ၂ခု ကိုတော့ မတီးမနေရ …….

    အဲ့ဒါလေးဘဲ ဖြတ်ပီး မန့်တော့မယ် ….။
    ဘယ့်နှယ့် …. ကွန်မြူနစ်စနစ် အရိပ်အာဝသအောက်မှာလူဖြစ်လာတဲ့
    ကျားမေမေ … အမြင်ကျဉ်းတာများပြောဘာဒယ်…။
    အမေဒစ်ကန် ရောက်ပီး ဂျူးယူထားတာတောင် အတွေးအခေါ်ကတိမ်တုန်း …

    အဲ့ … ကိုယ့်အကြောင်းကို် ရေးပီး စာအုပ်ထုတ်ရောင်း
    (ကိုယ့်ပေါင်ကိုယ်လှန်ထောင်း) ဝိုင်းလက်ခုတ်တီးကြ …မီးဒုတ်ရှို့ကြနဲ့ …
    ဟုတ်တော့ ဟုတ်နေဘာဘီ ….။

    ချိုင်းနီ့စ် မာမားဒွေ ဘာကြောင့် စူပီးရီးယားဖြစ်ပါတယ်ဆိုတဲ့ လှိုင်းလုံးနဲ့ …လုပ်စားသွားတယ်ပဲ
    ထင်တော့တယ် … ဟိုဇူဇကာပေါက် ဆိုတဲ့ ငတုံးလေးကလည်း တီလုပ်မ ကြိုက်ထားတာ ကိုး …..
    ဟွန်း …..သမနော သမနော ကြတာ ……

    မြူးဇိမှာ ဗိုင်အိုလင်က ကင်းဂ် ၊ ပီယာနိုက ကွင်းန် တဲ့ …ဘာဖြစ်တုန်းဗျာ …
    ဒရမ်ထုတော့ရော … ဂိုက်တာတီးတော့ရော ……။

    သမီး ကျားမလေးဒွေက ပိုကောင်းတဲ့ ဂိုက်တာရစ်စ် တွေ ပိုကောင်းတဲ့ ဒလမ်မာ
    ဒွေဖြစ်ချင်ဖြစ်လာမှာပေါ့ ကျားမေမေရယ် …..
    ဘတ်ထ် …ယူဝယ်လ်နဲဗား နိုး အဘောက်သစ်စ် …

    သနားထှာ …
    တီလုပ်မေမေဒွေများ …ချဉ်ဘာဒယ်အေ….

    ဥပဒေသ-၁။ မျိုးဆက်သစ်တို့၏ ယုံကြည်မျှော်လင့် ခံစားသည့် အိပ်မက်များကို
    ဘောင်ကွပ်ခြင်းသည် လောကဓမ္မကို ဖီဆန်ခြင်း ၊ လူ့သမိုင်း ကို သစ္စာဖောက်ခြင်းမည်၏။

    အရီးလတ်ရေ….
    မတူတဲ့အမြင်နဲ့ တခြား ရှုထောင့်တခုကနေ
    မထော်မနန်း ဝင်မန့် သွားပါကြောင်း…

    ပုံ
    ချယ်လို တီးသော တခါက တီလုပ်မလေး တယောက်၏ ကျားမေမေကို
    ရေလည် ၆မြင်ကပ်နေသည့် ..မထင်မရှား ဘေ့စ်ဂိုက်တာ သမားလေး
    ဂီ

  • water-melon

    February 20, 2012 at 8:17 am

    ကျွန်တော့်အထင်ပြောရရင်တရုတ်တွေက ပညာရေးပိုင်းကို တော်တော်ဦးစားပေးတယ်
    သူများပစ္စည်းကို အတုထွင်ရာမှာလည်း နှစ်ယောက်မရှိဘူးဗျ

    အစ်မကြီးခင်လတ် ဇာတ်ကြောင်းက တိုလို့လားမသိသိပ်နားမလည်ဘူး
    ကျွန်တော်ကဘဲညံလို့ထင်တယ်
    အကြီးမက ပီယာနို
    အငယ်မကရော ဘာဖြစ်သွားတာလဲ အစ်မ ပြောပြပါအုန်း။

  • htoosan

    February 20, 2012 at 8:48 am

    ဦးဦးပါလေရာ ရဲ့ ဘယ်ကျောင်းထားရမလဲ ရဲ့ အထောက်အကူ အဖြစ် လည်း ပေးထားတယ် ထင်ပါတယ် ။
    တရုတ် ကတော့ စု တု ပြု ရဲ့ ဒုတိယ ဆင့် မှာလို့ထင်ပါတယ် . တစ်ချိန်ကျရင် သူတို့လည်း ပြုသူတွေ ဖြစ်လာမှာပါ ။ ဂျပန် လည်း တစ်ချိန်က တုခဲ့ ရတာပါဘဲ။

  • FattyCat

    February 20, 2012 at 9:28 am

    ပြောရရင်တော့ ကလေးတွေရဲ့ ပင်ကိုယ်အရည်အသွေးကို လစ်လျူရှုပြီး လိုချင်တဲ့အဓမ္မအရည်အသွေးတွေ ရအောင် အတင်းပုံသွင်းယူတင်လို့ မြင်ပါတယ် အရီးရယ်…
    ဒီစာအုပ်ကို ကျွန်တော်ရှာပြီး အစအဆုံးဖတ်ပါဦးမယ်…
    လောလောဆယ် အမြင်ကို ဆွေးနွေးမိချင်းဖြစ်ပါသည်….

    ခင်တဲ့-
    ကြောင်ဝတုတ်

  • blackchaw

    February 20, 2012 at 10:17 am

    အစ်မရေ
    ဒီပို့စ်လေးကိုဖတ်မိတော့
    ကျွန်တော်တို့ ဆီက အနုပညာသမားတွေရဲ့
    အင်တာဗျူးမှာ ဖြေနေကြတာတွေ သွားသတိရမိပါတယ်။
    (ဟုတ်မဟုတ်တော့ မမြင်ရလို့ မသိပါ။)
    မေးတဲ့ လူက မေးပါတယ်။
    သားလေး သို့မဟုတ် သမီးလေးကို ဘာဖြစ်စေချင်ပါသလဲ တဲ့။
    ဖြေတဲ့လူက ဖြေပါတယ်။
    ဘာဖြစ်စေချင်တယ် ဆိုတာထက်
    ကလေး ဘာကို အားသန်သလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာပေါ်မူတည်ပြီး
    အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားမှာပါတဲ့။
    ဖတ်ရတာ မိုက်တော့ မိုက်တယ်ဗျ။
    တကယ်ပဲ ကလေး အပေါ်မူတည်ပြီး ပံ့ပိုးသလားဆိုတာကတော့
    ဖြေတဲ့လူပဲ သိမှာပါဗျာ။ မိဘတွေရဲ့ အတ္တ လုံးဝမပါပဲ ပံ့ပိုးပေးတယ်ဆိုရင်လည်း
    အစွန်းရောက်တယ်လို့ ထင်ပါတယ်။
    အစ်မပို့စ်ထဲက ကျားမေမေ ကျတော့လည်း နည်းနည်း အစွန်းရောက်တယ်ထင်မိပါတယ်။
    လက်မတစ်ချောင်းထောင်ပြီး
    အားပေးသွားပါတယ်ဗျာ
    ခင်တဲ့ –
    ဘလက်ချော…

  • kyeemite

    February 20, 2012 at 10:34 am

    သားသမီးတွေပေါ်မှာထားတဲ့ စေတနာပေါ်လွင်ပေမဲ့ တစ်ဖက်စွန်းရောက်လွန်းသွားတယ်လို့
    မြင်မိပါတယ်…ရည်ရွယ်ချက်ဘယ်လောက်ကောင်းကောင်း…အစွန်းရောက်လွန်းတာတော့
    မကောင်းပါချင့်…များအမြင်ကိုများတင်ပြခြင်းသာဖစ်ပါဂျောင်း..ဦးခင်လတ်ချင့်..

  • memeseku

    February 20, 2012 at 10:45 am

    အကြီးမလေးကဇူဇကာပေါက်နဲ.ဆင်သလိုပဲ…. တို.မြန်မာတွေကိုတော.တုတုတု…တွေ.. ဟေဟေ.
    ဟိုတုန်းကလဲတု..အခုလဲတု..နောက်လဲတုရင်းနဲ. တုတာတောင်…ပညာမဆုံသေးဘူး.. 🙂
    ဒါနဲ.ယောက်ျားရကုန်ကြပီလားဟင်… သိတဲ့အူးလေး. အဒေါ်..တို … မ ..များ မစပါ…

  • memeseku

    February 20, 2012 at 10:52 am

    ဟင်စိန်ပေါက်ပေါက်မူးပီးဒီပိုစ့်ကိုလာမမန်.ပါလား …ခါတိုင်းဆိုသူကထိပ်ဆုံးက…

  • လင်းဝေ

    February 20, 2012 at 11:08 am

    ဒီနေ့မနက် မနက်စာစားပွဲမှာတင် ပြောဖြစ်သေးတယ်။
    အမေလုပ်သူနဲ့ ကလေးတွေ အငြင်းပွားနေတာကြည့်ပြီး ဒီလိုတွေ အလုပ်ရှုပ်ပြီး ဒဏ်မခံနိုင်လို့ တစ်ချို့မိဘတွေ ဘော်ဒါပို့လိုက်တာဖြစ်မယ်လို့။
    ဘော်ဒါ ကောင်းလား၊ အင်း..။ ကောင်းရင် ပို့ထားလိုက်တော့ မိဘလည်းအေးတာပဲ။
    သူလုပ်ချင်တာလုပ်ပေါ့။ ဟိုမှာတော့ ဂျမ်တို့ကလပ်တို့သွားပေါ့။
    ဒီအေမီချွားလုပ်တာကလည်း နည်းနည်းတော့ လွန်ပါတယ်။
    တစ်ခါတစ်ခါ မိဘတွေက ကိုယ်မဖြစ်ခဲ့ရတာ၊ ကိုယ်မလုပ်နိုင်ခဲ့တာတွေ လုပ်ဖို့ ကလေးတွေကို ဖိအားပေးတတ်တယ်။ တကယ်တော့ ကိုယ့်ကလေးတွေက ကိုယ့်အစား လူ့ဘဝ ကိုပြန်စပေးနေတာမှ မဟုတ်တာ၊ အဲသလိုမျိုး ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာအတွက် ကလေးတွေကို ပြန်တာဝန်မပေးသင့်ဘူး။
    ကိုယ်မရခဲ့တဲ့ ပထမဆု ကို ကိုယ့်ကလေးကျမှ ရအောင်ပြန်ကြိုးစားခိုင်းတာမျိုး မြင်လွယ်အောင်ပြောရရင်။

  • အမလေး ထွက်ပြေးချင်စရာကြီးပါလား မမခင်လတ်ရေ။
    အဲလောက်တင်းကျပ်ထားတဲ့ ကလေးတွေစိတ်ထဲမှာ ပေါက်ထွက်
    သွားပါမယ်ဗျာ။လျှော့ပေါ့သင့်ပါ၏။

  • maungmoenyo

    February 20, 2012 at 11:35 am

    Battle Hymn of Tiger Mother ့ မကြာခင်စာအုပ်စင်တွေပေါ်ရောက်အုံးတော့မှာမို့ အာရှမိခင်တွေရဲ့လက်သံပြောင်တဲ့ သားသမီးအုပ်ထိမ်းမှုစနစ်ကို ဝေဖန်တိုက်ခိုက်မှုတွေ တိုးတက်များပြားလာဘွယ်လက္ခဏာတွေ တွေ့နေရပြီပေါ့နော်။ တိုးတက်ထွန်းကားပြီး (၁၈) နှစ်ကျော်ရင် ကိုယ့်ကြမ္မာကိုဦးဆောင်ခွင့်ကို တရားဝင်ခွင့်ပြုတဲ့နိုင်ငံမှာ Amy ရဲ့ သွန်သင်မှုဟာ ထူးဆန်းပြီး လက်မခံနိုင်စရာစနစ်ကြီးလို့ဆိုပေမဲ့ မြန်မာ အပါအဝင်၊ အာရှသားတွေအတွက် မထူးဆန်းတဲ့မိဘအုပ်ထိန်းမှုစနစ်ဆိုတာကိုတော့ မျက်ချေပြတ်လို့မရပါဘူး။ ဒီဆောင်းပါးကိုတင်ပြပေးယုံမက ဝေဖန်ချက်တွေ ချက်ကျလက်ကျဆွေးနွေးပေးသွားတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ မောင်မိုညို ကိုယ်တိုင် မနှစ်က ထုတ်ဝေဖြန့်ချိတဲ့ MG ပုံနှိပ်သတင်းစာမှာ ဝေဖန်မှုတွေလုပ်ပြထားပါတယ်။ ဆိုလိုတာက ကိုယ်လမ်းကြောင်းတည့်ပေးချင်တဲ့ စနစ်နဲ့ ပြောင်းလဲနေတဲ့ခေတ်အခြေအနေကို ဟန်ချက်ညီညီ ကြည့်တတ်မြင်တတ်ဖို့ပါ။အတိုင်းတိုင်းအပြည်ပြည်ရောက်မြန်မာမိဘတွေရဲ့ မသိမသာဘဝကနေ သိသိသာသာဘဝအထိရောက်လာတဲ့ သားသမီးနဲ့မိဘကြား လွန်ဆွဲမှုအဖြစ်တွေ ကနားမဆံ့နိုင်အောင်ပါ။ ရှေးရိုးဆန်တယ်ဘဲပြောပြော conservative မိရိုးဖလာစနစ်ကို ခဝါမချနိုင်သူမိဘတွေနဲ့ debatable education စနစ်ကြားမှာကြီးပြင်းလာတဲ့ သားသမီးကြား တနေ့တခြားကွာဟလာတဲ့ သားသမီးနဲ့ မိဘကြား ဆက်ဆံရေးဟာ မဖုံးနိုင်မဖိနိုင်တဲ့ ကိစ္စကြီးဖြစ်နေပါပြီ။ boy friend/girl friend date လုပ်တာကအစ၊ အိမ်ထောင်မကျခင် အတူနေကြတဲ့ living togetherness တွေအပါအဝင် ပြောမနိုင်ဆိုမရလို့ ကြိတ်ပြီးမျက်ရေဒူးနဲ့သုတ်ကြရတဲ့ မိဘတွေ လက်ချိုးရေလို့မရတော့ပါဘူး။ နိုင်ငံသစ်ရဲ့စနစ်ကိုကောင်းစွာနားမလည်မှု၊ နားလည်အောင်ကြိုးစားချင်စိတ်မရှိမှု၊ ပြောင်းလဲနေတဲ့ ယဉ်ကျေးမှုအဟုန်ကိုလိုက်ပါလေ့လာခြင်းအလျင်းမပြုမှုတွေ၊ ခိုင်မာတဲ့အကြောင်းရင်းခံတွေကိုသားသမီးတွေ လက်ခံလာအောင် ပြန်မရှင်းပြနိုင်တဲ့အတွက်ကြောင့်လဲ၊ သားသမီးတွေ ရှေ့ခေတ်ပြေးနေချိန်မှာ၊ မိဘတွေက ခေတ်နောက်မှာကျန်မှန်းမသိကျန်နေခဲ့ရပါတယ်။
    Amy ရဲ့ ထူးခြားတဲ့အရည်အသွေးကတော့ အမေရိကမှာ ထိပ်တန်းတက္ကသိုလ်က ဘွဲ့လွန်ပညာတွေသင်ကြားဘွဲ့ယူခဲ့ယုံမက၊ ခေတ်နဲ့ရင်ဘောင်တန်းတဲ့ပညာသင်လောကစနစ်မှာ ပါမောက္ခတစ်ဦးဖြစ်နေခြင်းက သူ့အတွက်အင်မတန်သာလွန်တဲ့ အရည်အသွေးတွေဖြစ်နေပါတယ်။ မြန်မာလူမျိုးတွေထဲကသူ့လိုတန်းတူပညာတတ်တွေရှကြမယ်ဆိုတာယုံကြည့်ပြီးသားပါ။ အဲ့ဒီအတွက် ကိုယ့်သားသမီးကိုဘယ်လိုပုံစုံသွင်းသင့်လဲဆိုတာ သာမာန်လူတွေထက် များစွာသာလွန်သောအနေအထားမှာရှိနေတယ်ဆိုတာကိုမြင်အောင်ကြည့်တတ်ကြဘို့လိုပါတယ်။ မရိုးနိုင်တဲ့ ပညတ်ချက်တခုကတော့ မိဘ ဟာ မိဘပါဘဲ။ ကိုယ့်သားသမီးဆင်စီးမြင်းရံတာကိုသာကြည့်ချင် မြင်ချင်၊ ကြွားဝါချင်ကြပါတယ်။ Amy ဟာ မိဘထဲကမိဘတစ်ဦးမို့ သူ့သမီးများကို ဘယ်လိုသွန်သင်ရမလဲဆိုတာကိုစတင်စဉ်းစားစဉ်ကတည်း က၊ သူကြီးပြင်းခဲ့တဲ့ဘဝကို ပြန်ပုံတူကူးပြီး အဲ့ဒီရှေးရိုးစနစ်ဖြစ်တဲ့၊ “ငါပြောတာ အာမခံနဲ့ ပြောတဲ့အတိုင်းလုပ်” ဆိုတဲ့ ဒီမိုကရေစီကြိမ်လုံးနဲ့ သမီးသုံးယောက်စလုံးကိုသွန်သင်ခဲ့ပါတယ်။ သူမှားတဲ့အချက်တွေကိုရိုးရိုးသားသားဘဲဝန်ခံခဲ့သလို၊ သူ့ရဲ့ Asian mother’s philosophy ဟာ မှန်ကန်ကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။ အခုသူရဲ့သမီးအကြီးဆုံးဖြစ်တဲ့ Sophia ကသူအိမ်ထောင်ကျလို့ကလေးတွေရလာရင်လဲ ဒီအတိုင်းပဲ ပုံသွင်းသွားမဲ့အကြောင်းဝန်ခံလိုက်တာကိုကြည့်ကြပါ။
    လူမျိုးရေး ဝါဒစွဲဖြစ်မှာကိုမလိုလားပေမဲ့ ဆောင်းပါးရှင်ခင်လတ်ရဲ့ နိမိတ်ဖတ်တွက်ချက်မှုဖြစ်တဲ့ နောင်အခါအမေရိကသားတွေ အပြင်းထူတဲ့လူတန်းစားထဲ ဝင်တော့မဲ့အရေး ဟာနောင်မှ မဟုတ်ဘဲ ခုကတည်းကမြင်နေရပါပြီဆိုတာပြောချင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေမှာ CEO (၅) ဥိးတိုင်းမှာ (၁) ဦးဟာ immigrant တွေဆိုတဲ့ သန်းခေါင်စာရင်းထွက်ဆိုချက်ထဲမှာ၊ အဲ့ဒီ(၁)ဦးဟာ အာရှသားများ ထိပ်ဆုံးနေရာယူထားတယ်ဆိုတာ ပြေးမကြည့်ဘဲ တွေးကြည့်ယုံနဲ့သိနေရပါပြီ။
    ပြီးခဲ့တဲ့အပါတ်က ကာလီဖိုးနီးယားပြည်နယ် လိမ္မော်ခရိုင်ရဲ့ အတော်ဆုံး/အမှတ်အများဆုံး SAT/ACT ရရှိသူကျောင်းသား/သူ (၁၉)ဦးစားရင်းထွက်လာတော့ မောင်မိုးညိုတယောက် ဝမ်းသာလွန်းလို့ လက်ခမောင်းခတ်မိပါတယ်။ အဲ့ဒီအထဲက (၁၅)ဦးဟာ အာရှသားစစ်စစ်များဖြစ်ရုံမက တစ်ဦးက မြန်မာနိုင်ငံသားဖြစ်နေလို့ပါဘဲ…ဆိုတာ။

    • pooch

      February 20, 2012 at 5:07 pm

      ဦးမိုးညိုပြောသလို မိဘဟာ မိဘဖြစ်ပြီး Asian mother’s philosophy ဟာ မှန်ကန်ကြောင်းသက်သေထူနိုင်တာကိုလည်း ဝမ်းသာပါတယ်။ သို့သော် တခါတရံမှာ တချို့တချို့သော အကြောင်းအရာများပေါ်မှာ အစွန်းရောက်လွန်းတာကိုတော့ အလွန်မုန်းပါတယ်။ ဒါလေးတွေကိုသာ မိဘများဆင်ခြင်တတ်ရင်တော့ ကလေးတွေ ဒီထက်ပိုပြီး ပျော်ရွှင်ရမှာပါ။

      အရီးရေ စာဖတ်ပြီး အတွေးတွေ အများကြီးရသွားပါတယ်။

  • K@oru

    February 20, 2012 at 11:39 am

    အိုက်ဒါ အိုက်ဒါ …
    မပြောတတ်လို့ စကားလုံးချို့တဲ့နေလို့ အ.အ မုဒိန်းအကျင့်ခံရသလို
    ဖြစ်နေတာ ၁ဝနှစ်ရှိဘီ …
    ကျေးဇူးကြီးလှ မိနှင့်ဖ ကို ဒီပိုစ့် ဖတ်ဖူးစေချင်လိုက်တာ …အဟုတ်…

    အင်း …
    သများ အသိ အပေအတေ တစ်ကောင်များ ပြောပါဒယ် …
    ဘာတဲ့ နာမည်က အင်ဂုလိ ဆိုလား ဘာဆိုလား …….ငတုံးကောင်လေ…
    မိဘ က ကောင်းစေဂျင်လို့ ဆေးကျောင်းထားတာ ..ထွက်ပီး ပေါက်ပန်း၄ဝလုပ်စားတယ်လေ..

    မွေးမယ်တော်ဂျီးမှာ အသက် ၆ဝပြည့်ခါနီးမှ မိန်းတက္ကသိုလ်ထဲ ပါဠိဘွဲ့ ယူပီး ဗုဒ္ဓဂါယာ သွားသွားပီး
    ထေရဝါဒ ကို မားကတ္တင်း လုပ်နေတဲ့အချိန် အနှီ ရှမ်းကုလားရုပ်နဲ့ အကုသိုလ်တုံးမှာ အရက်-လောင်းကစားနဲ့
    အညှီအဟောက် ပေါတဲ့အရပ်မှာ အီဇာဂါယာ သွားသွားပီး အဝီဇိ ဆင်းလမ်း ရှာနေတယ်
    ဆိုလား ….ဇိမ်ဖုံးဂျီး ဝတ်တယ်ဆိုလား …
    😀

    တားတားမှားဘာဘီ မာမား …
    တားတား လိမ်လိမ်မာမာနဲ့ မာမားအိမ်မှာနေ
    မာမား ကျွေးတာစား ..မာမား သင်ခိုင်းတာသင်
    မာမားပေးစားတဲ့မိန်းမယူ ပီး မာမားကိုခြေဆုပ်လက်နယ် ပြုနေရမှာ …

    ဂုဒေါ့ဂုဒေါ့ …
    (…………ရှိုက်သံများ …………………)
    ပိတ်သတ်ကြီး ။ ဟဲ့ အင်ဇာဂု နင့်ဟာနင်လည်း ပြန်ကြည့်ဦး ကျပ်သာမပြည့်တယ် မိန်းမကျ လိုချင်သေး..။
    😛

    • Khin Latt

      February 21, 2012 at 6:19 am

      အဲဒီ လုလု ကလဲ မင်းလို ဂျစ်တူး ဘဲ နေမှာ။ 😉

      • Foreign Resident

        February 21, 2012 at 7:25 am

        မ Khin Latt ရဲ့
        အဲဒါ ဂီဂီ က သူ့ ဘဝ ဇတ်ကြောင်း သူပြန်ပြောနေတာ ။

        ဂီဂီ ဆေးကျောင်း မပြီးခင်မှာ ထွက်ခဲ့တာလား ???
        ဆေးကျောင်း မပြီးခင်မှာ ထွက်ခဲ့တာ ဆိုရင်တော့
        တော်တော် သတ္တိရှိတဲ့ အံဩလေးစားလောက်တဲ့ ဆုံးဖြတ်မှုပဲ ။

  • စိန်ပေါက်ပေါက်

    February 20, 2012 at 11:59 am

    အင်း
    ကိုလဲ ခလေးမွေးလာရင် ဘယ်လိုပြုစုပျိုးထောင်ရပါ့.. 🙄
    တစ်ကယ် ကြုံလာတဲ့အခါ..နားလည်မှုတွေ လွဲလာတဲ့အခါ ဒေါ်အေမီ့လို ဖြစ်လာတဲ့အခါ အင်း..
    မလွယ်ပါဘူး.
    လူပြိုဂျီးပဲ လုပ်တော့မယ်..
    တလုတ်တွေလဲ ကိုခင်လတ်ပြောသလို…အသစ်အဆန်းဆို မထွင်တတ်
    အတုကတော့ လူတောင် တူအောင် ထုတ်နိုင်မလားမသိ.
    ကွိ..ကွိ

    • windtalker

      February 23, 2012 at 8:01 pm

      ဒီမယ် ငပေါက်ဖော်
      ဘာမှ မပူနဲ ့။ ဒီခေတ်က လယ်ဒီမိတ်ခေတ် ။
      ရှာပေးပါ့မယ်ကွယ် ။
      အန်တီခင်လတ်ရေ
      လက်ဆယ်ချောင်းထောင်ပြီး အားပေးသွားပါတယ်ခင်ဗျ ။
      သားသမီး မရှိသဖြင့် ၊ မစဉ်းစားဖြစ်သေးကြောင်းရယ်ပါလေ ။

  • ကိုရင်စည်သူ

    February 20, 2012 at 1:11 pm

    အင်း… ကလေးတစ်ယောက် လူလားများမြောက်အောင် မွေးရဒါ
    တော်တော်ခက်ဒလယ်… ကိုရင်က လူပျိုဂျီး လုပ်ပြီး ကလေးသာ
    မလိုချင်တယ်… မိန်းမတော့ ယူချင်သား.. အာဟိ… 😛
    ထူးတော့ပါဘူး.. စိန်ပေါက်ပေါက်လို… ရယ်ဒီမိတ်လေးတွေပဲလိုက်ရှာရင်ကောင်းမရား..
    တခါတည်း ပါဆယ်ပါပြီးသားလေ….. ခွိခွိ… 😀 😀

  • Harumoto

    February 20, 2012 at 4:25 pm

    ဗမာတွေ အတွက်က သားသမီးအတွက် ကျင့်ဝတ်တွေရှိတယ်လေ။
    မကောင်းမြစ်တာ ကောင်းရာညွှန်လတ်၊
    အတတ်သင်စေ ပေးဝေနှီးရင်း၊
    ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်….ဆိုပြီးရှိတယ်မလား။
    ကိုယ်တိုင်က ရှေ့က ကောင်းအောင်နေပြ လုပ်ပြ ရင်းနဲ့
    သားသမီးကို ထိမ်းနိုင် လမ်းပြနိုင်မှာ
    ကြည့်ပါလား ဟိုလူမိုက်တွေရဲ့သားသမီးတွေ မိုက်ရိုင်းရမ်းကားနေတာ…

  • MaMa

    February 20, 2012 at 11:50 pm

    မလတ်ရေ- ကျားမေမေလို ပုံစံမျိုးက တရုတ်ရှေးဟောင်းမိသားစုပုံစံဖြစ်လိမ့်မယ်ထင်တယ်။
    ခုခေတ်တော့ ရလိမ့်မယ် မထင်မိဘူး။
    ဒါပေမယ့် တရုတ်စကားပုံတစ်ခု ကြားဖူးတာက သစ်ပင်ကို နုစဉ်မှာ လိုချင်တဲ့ပုံစံ ချိုးရတယ်တဲ့။ အပင်ကြီးလာမှ အကိုင်းအခက်ရင့်လာမှ ချိုးရင် လိုချင်တဲ့ ပုံစံမရပဲ ကိုင်းကျိုးတာပဲ အဖတ်တင်မယ်တဲ့။
    ကလေးတွေကိုလည်း ငယ်စဉ်ကတည်းက လိုချင်တဲ့ ပုံစံရအောင် ပြုပြင်ထိန်းသိမ်းမှ ရတယ်တဲ့လေ။
    ကျမတို့တုန်းက မိဘတွေက ပြုစုထိန်းသိမ်းတဲ့ ပုံစံနဲ့ ခုခေတ်ကလေးတွေကို ပုံစံချဖို့ ကြိုးစားကြည့်တာ မရတော့ဘူး။
    အန်ကယ်ကြီး မန့်သလိုပါပဲ ခုခေတ်ရဲ့ မိသားစုစတိုင်ကိုက ပြောင်းလဲနေပြီဆိုတော့…..

  • Khin Latt

    February 21, 2012 at 6:18 am

    ရေမွှေးနံ့ပေး တူတော်လေး ဂီဂီရေ –
    ကျားမေမေ ရဲ့ ပါပါကြီး ကလဲ သူ့ ရှေးရိုးစွဲ မိဘ တွေ က ခိုင်းတာ မလုပ်ဘဲ သူလုပ်ချင်ရာ ဇွတ်လုပ်ခဲ့တာပါရှင့်။
    သူ့ကျတော့ သမီးတွေကို စာတော်အောင် တွန်းတော့တာပါဘဲ။
    ဒါပေသည့် သမီး အိမ်ထောင်ရေးကို ဝင်မစွက်ပါလေ။ ဒါကြောင့် ဒေါ်အေမီ့ သမီးလေးတွေ က ဂျူးစပ် တဲ့ အချောလေးတွေ ဖြစ်နေတာပေါ့။
    ဂီဂီ့ ကျလျင် လဲ အဲဒီ ပါပါကြီး လိုဖြစ်မဖြစ် ကြည့်ချင်သား။

    မောင်ဖရဲလေး
    ဂျစ်တူးမလေး ကို စိတ်ဝင်စားတယ်လား။
    ဒါလေးကတော့ အခုထိ Boy Friend ရှိတယ် မကြားသေး။ အကြီးလေးကတော့ ရှိနေပြီတဲ့။
    အခုတော့ သူ့အမေ ဒေါ်အေမီ က လုလု ကြိုက်တာလုပ်ဖို့ ခွင့်ပြုထားပါပြီ။
    အဲဒီ အငယ်မလေး လုလု က သူဝါသနာပါရာ တင်းနစ်ချန်ပီယံ ဖြစ်ဖို့ အကြိတ်အနယ် အသေအလဲ ကြိုးစားနေ လေရဲ့။
    ဘယ် တက္ကသိုလ်ဝင်မလဲ ဆိုတာ တော့ စောင့်ကြည့် ကြတာပေါ့။

    ကိုထူးဆန်းရေ
    ဒီမှာ Top Gear ဆိုတဲ့ ပေါ်သမျှ ကားအကြောင်း တွေ ပြောတဲ့ အစီအစဉ် ရှိတယ်။
    အဲဒီမှာ ပြတာ။ တရုတ်က ကမ္ဘာ့ရဲ့ အကောင်းဆုံး ကား တွေ ကို တူအောင်ကို လုပ်ပြီး ပြည်တွင်းသုံး ဆိုဘဲ။ နာမည်ကြီး ဘရန်း မျိုးစုံ ကို အတုလုပ်ထား တာတွေကိုလဲ ပြတာ။
    တစ်ချို့ ဟာတွေ ဆိုရင် သိပ်တောင်မှ မခွဲနိုင်ဘူး တဲ့။
    အဲဒါဟာ လွန်ခဲ့တဲ့ ၅နှစ် အတွင်းမှာဖြစ်လာတာ ဆိုတော့ နောက် ၅နှစ် လောက် ဆိုရင် ပြု အဆင့်ဖြစ်လာနိုင်ပါတယ် မှန်းရတာဘဲ။
    ဒါလဲ စောင့်ကြည့်ကြတာပေါ့။

    ကြောင်ဝလေး
    တကယ်က စာအုပ် ကိုဖတ်လိုက် ရင် အေမီ့ သဘောကို ပိုပြီး သဘောပေါက်မှာပါ။
    လွန်ခဲ့တဲ့ တစ်နှစ် လောက် ၂၀၁၁ ထဲက ထွက်တဲ့ စာအုပ်ပါ။
    IT လေးတွေ တင်ပါဦး။

    ကိုဘချော ရေ
    မြန်မာပြည်က အင်တာဗျူးလေးနဲ့ အားဖြည့်ပေးလို့ ကျေးဇူးပါ။
    တကယ်တော့ ကလေး က အရည်အချင်း ရှိရင် အများကြီးတောင် လုပ်ပေးစရာမလိုပါဘူး။
    သူတို့ မှန်အောင် သွားရမဲ့ လမ်းကြောင်း ကိုတော့ ကိုယ်က ကြိုမြင်ထားနိုင်ဖို့တော့ လိုမယ် ထင်ရဲ့။
    ကျားမေမေ အတွက် အောက်မှာ အယူခံဝင်ပေးထားတယ်။
    ဖတ်ကြည့်ပေးပါဦး။
    ကျွန်မလာရင် ချိုပေါ့ကျ ဖြစ်အောင် ကျ မယ်။

    ကြီးမိုက် ရေ
    ဦးကြီးလတ် က ဒေါ်အေမီ အတွက် အောက်မှာ အယူခံဝင်ပေးထားတယ်။
    ဖတ်ကြည့်ပေးပါဦး။
    အထင်မလွဲပါနဲ့ ကွယ်။

    Meemeeseku ရေ
    အကြီးမလေးကတော့ ရှိပြီ။ အငယ်လေးကတော့ သတင်းမကြားသေး။
    စိတ်ဝင်စားရင် တင်းနစ် သာ အပြင်းရိုက် ကျင့်ပေတော့။

    လိုလင်းဝေရေ
    အမေနဲ့ ကလေးတွေ အငြင်းပွါးတာကတော့ သဘာဝ ဘဲ ထင်ပါရဲ့။
    ကလေးက မိဘ ကို အဲလိုပြန်ငြင်းရဲ တာဘဲ ဟုတ်လှပါပြီ။
    ကိုယ်ကတော့ သူပြန်ငြင်းချိန် အကျိုးနဲ့အကြောင်းကို ပြန်ပြောပြနိုင်ရမယ်ထင်ရဲ့။
    တစ်ခါတစ်ခါ ကိုယ်လဲ မှားရင် မှားမှာပေါ့။
    သူမှန်တဲ့ အခါလဲ ချီးကျူးပေးလိုက်ပေါ့။
    ဒါဆို ငြင်းပွဲကနေ ပိုကောင်းတဲ့ အကြောင်းတွေ ရလာမှာပေါ့။
    အေမီ နဲ့ သူ့သမီးတွေ ဆက်ဆံရေးကလဲ တကယ်မှာ မဆိုးပါဘူး။
    အမေကို ချစ်ခင်လေးစားကြပါတယ်။
    သူအစွန်း က Happy Ending မှာ ဆုံးသွားတဲ့အကြောင်း အောက်မှာ ကျွန်မ နဲနဲ ရှာရှည် ထားတာ အားပေးပါဦး။
    ငြင်းချင်လဲ ဆက်ငြင်း ပေးပါဦးလား။

    မောင်နာဂရေ
    ကြည့်ရတာ အပြင်မှာတော့ သိပ်ဆိုးပုံမရပါဘူး။
    အောက်မှာ အယူခံဝင်ပေးထားတာလေး ဖတ်ကြည့်ပေးပါဦး။

    ဆရာဦးမိုးညိုရှင့်
    သူကြီး ပေးလိုက်တဲ့ Link ကနေ ဆရာ အဲဒီအကြောင်း လေးရေးပြီး ဝေဖန်ထားတာ ဖတ်ရပါတယ်။ ကျွန်မ Post ထဲ မှာလဲ အဲဒီ ဆရာ့ Link လေးထည့်ဖို့ ဟာ မနေ့က ပြန်ရှာ မရ၊ အချိန်ကလဲ သန်းခေါင်ကျော် နေတော့ အိပ်ဖို့လိုပြီ မို့ မညွှန်းနိုင်ဘဲ ဒီအတိုင်း တင် လိုက်တာပါ။
    အခု ပြန်ရှာလို့ ရလို့ မဖတ်ဘူး သူတွေဖတ်လို့ရအောင်၊ ဖတ်ဘူး ရင်လဲ ပြန်ဖတ်နိုင် အောင် အောက်မှာ Link ပေးထားပါတယ်။
    ဆရာ့အာဘော်လေး တွေ က တကဲ့ကို ထိမိပါတယ်။
    ဆရာ့ အတွေးအခေါ်တွေကို လေးစားပါတယ်။
    အချိန်လေးများ ရခဲ့ရင် မကြာမကြာ ဝင်ဆွေးနွေး ပေးစေလိုပါတယ် ဆရာရှင့်။

    Pooch ရေ
    သမီး ထောက်ပြတာ အတော်လေး မှန်ပါတယ်။
    အေမီ ကလဲ သူ့စာအုပ်မှာ သူအစွန်းရောက်ခဲ့တာ ဝန်ခံပါတယ်။
    အဲဒါကို သိလိုက်ချိန်မှာဘဲ သူချက်ချင်း ပြင်လိုက်တာပါ။ တကယ်တော့ သူဟာ တကယ်ချစ်စရာ ကောင်းတဲ့ အမေပါ။
    ဒီစာအုပ်ကို ဖတ်ရင် သမီးလဲ သဘောကျမှာ သေချာတယ်။
    အခုဆို တစ်ချို့ စာလေးတွေ ဖတ်ရင် သမီး ကိုတောင် သတိရနေတတ်ပြီ။

    စိန်မျောက် (အဲ) စိန်ပေါက် နဲ့ ကိုရင်စည် ရေ
    တကယ်က ဒေါ်အေမီ လို မိန်းမ ကို ရှာယူရမှာတော့။ အဲ။ ဗျ။
    ဒါမှ ခင်ဗျားတို့ ဝင်ပါစရာမလို ဘဲ အသာထိုင်နေရမှာ။
    အောင်မယ် ဒေါ်အေမီ သမီး အကြီး ကလဲ သူ့ အမေလို ဘဲ သူ့ ကလေးတွေ ကို ပျိုးထောင်မှာတဲ့ ဗျား။
    ပြဿနာက ဒီခေတ်ကြီးမှာ အဲဒီလို ကလေးကို ဂရုစိုက်ဖို့ စိတ်ရှိတဲ့ သူ ဆိုရင်ဘဲ အတော်လေးကို စံပေဖြစ်မှာ။
    စိတ်ကူးမလွဲနဲ့ အမောင်တို့။ 😉

    ဟာရုမိုတို ရေ
    မှန်တာပေါ့။ မိဘ က စံပြလို နေနိုင်မှသာ သားသမီး ကလဲ သူ့စကား ကို အလေးထားမှာပါ။ တကယ် က သားသမီးတွေ အကျင့်ပျက်တာ မိဘ အုပ်ထိန်းမှု မကောင်းတာကြောင့် များကြပါတယ်။
    တစ်ချို့ ဆို သားသမီး ကို ရှေ့ဆောင်လမ်းပြ ဖို့ကို စိတ်ကူးမရှိကြတာ ထင်ရဲ့။

    မမ ရေ
    အဲဒီ စကားပုံလေး က တကယ်မှန်ပါတယ်။
    အမှန်တော့ ကျားမေမေက အဲဒါကို ပြောခဲ့တာပါ။
    သူ့ကလေးတွေ ကို ငယ်စဉ်မှာ ပြင်းပြင်းထန်ထန် ကြိုးစားတတ်တဲ့ စိတ်သွင်းပေးခဲ့ပြီး အရွယ် နဲနဲ ရောက်လာတော့ လွှတ် ပေးလိုက်တာပါဘဲ။
    သူ့ရဲ့ ဒီစာအုပ်လေးက သူ့ရဲ့ သမီးတွေကို ပုံသွင်းခြင်း ကို နဲ့ ရပ်လိုက် တာကို ပြခဲ့တာပါ။
    သူပြောသလို ဘဲ ဒါဟာ လိုက်နာဖို့ နည်းမဟုတ်ပါဘူး။
    အဲဒီက နေ ကောင်းတာတစ်ချို့ကို ယူသင့်လဲ ယူ ဆိုတဲ့ သဘောပါဘဲ။
    အောက်မှာ နဲနဲ လျှာရှည် ထားသေးတယ်။
    ထပ်ဖတ်ကြည့်ပါဦး။
    တကယ်တော့ စာတစ်ပုဒ် ကို အသေအချာ လေးအချိန်ယူ ရေးချင်တာ။
    အချိန်နဲ့ အမြဲ ရန်ဖြစ်ရင်း ရေးနေတော့ လိုရင်းမရောက်ဘူး။
    နောက် စာရိုက်ကလဲ နှေးတော့ အလုပ်သိပ်မဖြစ်ဘူး။

    အချိန်ပေးပြီး ဖတ်ခဲ့ကြလို့ အားလုံးကို တကယ်ကြီးကို ကျေးဇူးပါဘဲ။

    ပိတ်သတ်ကြီး ကို နဲနဲ ထပ် လေရှည် ရရင်တော့ …….

    မစို့မပို့ နဲ့ ဇာတ်လမ်းကို ပြောလိုက်မိလို့ရယ်၊ အရေးအသား မပီပြင် မှုရယ် နဲ့ ကျွန်မ ရဲ့ မင်းသမီးလေး ဒေါ်အေမီ တော့ လူကြမ်း ဖြစ် နေရပါပြီ။ 😀
    တကယ်မှာတော့ အဲဒီစာအုပ်ရေးသူ အေမီ ကိုယ်တိုင် က သူ့ကိုယ်သူ လူကြမ်းပုံစံ ထားထား တာပါ။

    ဒါပေမဲ့ သူပြောချင်တဲ့ အဓိက အချက်ကတော့ –
    သူဟာ ကလေးတွေ ကို ပညာရေး မှာ ထိပ်တန်း မှာ ရှိစေချင်လို့ အတင်းတွန်း မိ တာ ကို သူမငြင်း ပါဘူး။
    ဒါပေမဲ့ စာတော်ဖို့ရယ်၊ ဂီတ မှာထူးချွန်ဖို့ရယ် ကို အလေးထားပြီး အတင်း တွန်း တာက လွဲလို့ သူဟာ သမီးတွေ နဲ့ တစ်ချိန်လုံး ပူးပူးကပ်ကပ် တစ်ရင်းတစ်နှီး ပါဘဲတဲ့။
    သူက အတင်းForce လုပ်ချိန် သမီးတွေ နဲ့ (အဓိက အငယ်မလေး) အော်ကာ ဟစ်ကာဖြစ်ပြီး အဲဒီ အချိန်ပြီးသွားတာ နဲ့ သားအမိတစ်တွေ လုံးထွေး ပြီး ဆော့ကြပြန် ပါရော တဲ့။
    သူတို့ ဘယ်လောက် ရင်းနှီး ကြသလဲ ဆိုတော့ ဒီ စာအုပ်ကို ရေးချိန် အခန်း တစ်ခန်း ပြီးတိုင်း သူ့သမီး တွေ ကို ပြပါတယ်တဲ့။
    အဲဒီမှာ လဲ ငြင်းကြ ခုံကြ ဖြစ်ကြတာပါတဲ့။
    သမီး နှစ်ယောက် က “သူ့ကို ပို ဦးစားပေး ရေးတယ်၊ သူ့ကို် ကျ သိပ်ပေါ်လွင်အောင် မရေးဘူး” လို့ လဲ အမေ ကို complaint လုပ်ကြပါသတဲ့။
    အရမ်းအာဏာရှင် ဆန်လွန်းရင် ဘယ်သမီး က သူ့ကို ပြန်ပြောရဲပါ့မလဲ။

    ကျွန်မယုံပါတယ်။
    သူဟာ တစ်ဖက်ကနေ ကလေးတွေ ကိုအတင်းဖိအားပေးရင်း တစ်ဖက်ကနေ ကလေးတွေ ရဲ့ သူငယ်ချင်းလို နေခဲ့ပုံရပါတယ်။
    သမီးကြီးလေး ဆိုဖီယာ က အသက် ၁၄နှစ် နဲ့တင် နယူးယောက် မှာရှိတဲ့ Carnegie Hall ကပွဲရုံကြီး ထဲ မှာ ပီယာနို တီးပြီး ဖျော်ဖြေ ခွင့် ရတာ တော်ရုံ ကြိုးစားမှု နဲ့ ဒီလို အခွင့် မရနိုင်ပါဘူး။ နောက် အဲဒီ အကြီးလေး က Harvard တက္ကသိုလ် နဲ့ Yale တက္ကသိုလ် ၂ခုလုံးကို ဝင်ခွင့် ရပါတယ်။ ဘယ် တက္ကသိုလ် သွားမလဲ သူ့ဟာသူ ဆုံးဖြတ်နိုင်ပါတယ်။
    ဒီကလေးမ လေးမှာ Boy Friend က အထက်တန်းကျောင်းမှာ ထဲက ရှိတာပါ။
    အခု တက္ကသိုလ်တက်တော့ လဲ အဲဒီကောင်လေး နဲ့ ဘဲ တွဲနေတုန်းပါ။
    ဒါကို ကြည့်ရင်ဘဲ သူ့အမေ ဒေါ်အေမီ ဟာ နေရာ အားလုံးမှာ တစ်သွေး တစ်သံ တစ်မိန့် တော့ ဟုတ်ပုံ မရပါဘူး။

    အေမီဟာ သမီးအကြီးလေး ၁၅နှစ်၊ အငယ်လေး ၁၃နှစ် မှာ သူ့ရဲ့ အာဏာရှင်ပုံစံ တွန်း အားပေးမှုကို ဒီစာအုပ် ရေးရင်း အဆုံးသတ်ခဲ့ပါတယ်။ တကယ်တော့ သူ့ရဲ့ အဆုံးသတ်က Happy Ending ပါ။

    ဒီစာအုပ်ကို ဖတ်ရင်း ကျွန်မတို့ အေမီကို “အစွန်းရောက်သူ” လို့ ဝေဖန် နိုင်ပါတယ်။
    ဒါပေမဲ့ သူကလေးတွေ ရဲ့ အောင်မြင်မှု ကိုတော့ ကျွန်မတို့ အငြင်းမပွါးနိုင်တော့ပါဘူး။
    ဒီလို အောင်မြင်တာဟာ သူ့ အမေကြောင့် ဆိုတာ သူတို့ လိုလိုလားလက်ခံကြတယ်။
    အမေဟာ သူတို့ ရဲ့ Sweetheart ဖြစ်ပြီး သူ့အမေ စာအုပ်ကို လူတွေ ဘာလို့ ဒီလောက်တောင် ဝေဖန် လဲ မသိဘူးလို့ အင်တာဗျူးတွေမှာ ပြောခဲ့တယ်။
    အဲဒီ အင်တာဗျူးတွေမှာ နောက်မှာတော့ အေမီ ဟာ Tiger Mom ကနေပြီး Pussycat ဘဝကို ပြောင်းခဲ့ပြီလို့ ဆိုကြပါသေးတယ်။
    (သတိချပ်ရန် – ရွာထဲ မှ ကြောင် ကို မဆိုလိုပါ)

    သေသေချာချာ စဉ်းစားကြည့်ရင် ကလေး တွေဟာ တစ်ယောက် နဲ့ တစ်ယောက် ပုံစံမတူပါဘူး။ မျိုးရိုးဗီဇ ကြောင့် ပင်ကိုယ်ဉာဏ်ကောင်းသူ ရှိမယ်။ မကောင်းသူရှိမယ်။
    နဂို စိတ်အခံက သိချင်တတ်ချင်စိတ် ရှိမယ်၊ ကြိုးစားလိုစိတ်ရှိမယ်။ တစ်ချို့ ဆို အမြဲ ထိပ်မှာ နေနေချင်တယ်။ တကယ်တော့ အများစု က ဉာဏ်ရည် သင့်တင့် ကြပါတယ်။ ဒါပေမဲ့ အတွန်း မရှိရင် အီလေးဆွဲ ပျင်း တတ်ကြတာ မဟုတ်ပါလား။
    ဒါကြောင့် ကလေး ဆိုတာ ဓားလိုဘဲ သွေးပေးမှ ထက်မှာ လို့ တွေးရင် ပညာရေးဖက် မှာတော့ အလျှော့မပေးဘဲ တွန်းသင့်တယ်ထင်တာပါဘဲ။

    တွန်းနည်းတော့ မှန်စေပေါ့။
    တစ်ခုခု ကို ခက်ခက်ခဲခဲ ကျားကုတ်ကျားခဲ ကြိုးစားပြီးမှ ရလာတဲ့ အောင်မြင်မှု ရဲ့ အရသာဟာ ဘာ နဲ့မှနှိုင်းလို့ မရတာ ခံစားဘူးသူတိုင်း သိပါတယ်။
    အဲဒါကို သိလိုက်ရင် အဲဒီအရသာ ကို ရဖို့ ကြိုးစား ပျော် သွားတာပါဘဲ။
    ဒီလို ရအောင် မိဘ တွေက ပံ့ပိုးဖို့ တာဝန်ရှိပါတယ်။
    မြန်မာပြည်မှာ ဆရာမ က ပေးတဲ့ မေးခွန်းကို ဘဲ ကျက်၊ သက်သက်သာသာ နဲ့ ထိပ်မှာရောက် နေတဲ့ ကလေး ဟာ တကယ်တမ်း သူကိုယ့်သူ ယုံကြည်မှု ရှိရဲ့လား။
    ဒီလိုကလေးဟာ ဘဝမှာ တကဲ့ အခက်အခဲ တွေ နဲ့ ရင်ဆိုင်လာရင် တကယ် ခံနိုင်ရည် ရှိပါ့မလား။
    သူ့ရဲ့ နံပါတ်(၁) ဆိုတာကို သူတကယ် လှိုက်လှိုက်လှဲလှဲ တန်ဖိုး ထားရဲ့လား။
    ကျွန်မတော့ သိတ်မထင်ပါဘူး။ ဒါကို မိဘတွေ သတိပြုရမဲ့ အရေးကြီးဆုံး အချက်ပါ။

    ဒါကြောင့် မိဘ တွေ ကိုယ်တိုင် စာတွေ များများ ဖတ်ဖို့လိုပါတယ်။
    အဲဒီစာတွေ ပေါ်မှာ လဲ အသေအချာ စဉ်းစားကြည့်ဖို့ လိုပါတယ်။
    အဲဒါတွေ အားလုံးကို လိုက်ပြီး လုပ် ဖို့ မဟုတ်ပါဘူး။
    ကိုယ့်သားသမီး ရဲ့ အခြေအနေမှန် နဲ့ ကိုက်တာကို ပံ့ပိုး ပေးဖို့ နည်းလမ်းကို ကိုယ်က ရွေးချယ်နိုင်စွမ်း ရှိ ဖို့ တော့ လိုပါတယ်။

    အမှန် တော့ ဒီကျားမေမေ စာအုပ်လေးဟာ အဲဒါလေးကို သိဖို့ မိဘ များကို တိုက်တွန်း ထားတဲ့ အကြောင်းလေးပါ။ ဒေါ်အေမီ ဟာ မိခင်ကောင်း တစ်ယောက်ပါဘဲ။ အထင်မလွဲ ကြပါနဲ့။ 🙂

    အခုချိန်မှာ ကျွန်မ ကိုသာ ဒီလို တွန်းပေးလို့ အဲဒီလို အောင်မြင်မယ် ဆိုရင် တကယ်ဘဲ အတွန်းခံချင် စမ်းပါဘိတော့။ ဘာလို့ လဲ ဆို ရရင် ဒီဂေဇက် ထဲ မှာ သူကြီး တင်ထားတဲ့ အင်တာဗျူး တွေ “သူများ အရပ်မှာကို ဒိတ်ဒိတ်ကြဲ အောင်မြင်နေဆဲ အမျိုးသမီးကြီး နှစ်ယောက် (ဒေါက်တာရင်ရင်နွယ် နဲ့ ဒေါ်မီမီဝင်း)” ကို ကြည့်ပြီး အရမ်းကို အားကျ နေမိလို့ ပါဘဲ။

    သို့သော် အတိတ်ကိုပြန် သွားပြီး တော့ ပြန်ကြိုးစား ချင်လို့တော့ မရတော့တာ သေချာပါတယ်။ ဒါပေမဲ့ အခုချိန် မှာ သူတို့ ကို အားကျစိတ် ဟာ ကိုယ့်ကိုယ် ကို လက်ရှိ ကိုယ့်အခြေအနေ ကိုယ့်နေရာ မှာ ဘဲ ပိုကြိုးစားဖို့ကို အင်အားဖြစ်စေ ပါကြောင်း ပြောရင်း နိဂုံးချုပ်ပါ၏။

    ပြီးတော့ ဒီမှာ ဆရာဦးမိုးညို ရဲ့ အရင်ရေးထား တဲ့ ကျားမေမေ အကြောင်း တစ်ခြား version လေးကို ဖတ်ကြည့်ကြပါဦး။
    http://myanmargazette.net/41793/mandalay-gazette-2/contributor-columnist

    ဖတ်ရှု အားပေးသူ အားလုံး ကို ကျေးဇူးတင်ပါတယ်။ 🙂

    • maungmoenyo

      February 22, 2012 at 10:54 am

      လူတိုင်းကို နံမယ်အဖျားဆွတ်ခေါ်ပြီခါမှ…ဘယ့်နှယ်ဘယ့်နှယ် ..”ဆရာဦးမိုးညို” ဖြစ်သွားပါလိမ့်…။ နောင်..ဘဘ မိုးညို များ ဖြစ်သွားမလားဘဲ။ ရေးပုံကြည့်ပြီးအသက်ကိုခန့်မှန်းကြတယ်ထင်ပ…။
      နဲနဲ hot အုံးမှ…
      သားသမီးဆိုတာ ရွှံ့ရုပ်ကလေးတွေလိုပါဘဲ။ ငယ်တုံး ကိုယ်လိုချင်တဲ့ပုံစံ ဝင်နိုင်သမျှဝင်နိုင်အောင် ကြိုးစားကြဘို့လိုပါတယ်။ သားသမီးလုပ်တဲ့သူက နေ့တဓူဝအတွင်း ကိုယ်ကို စကားတလုံးတောင်မပြောဘူးဆိုရင်တော့ တွေးစရာကိစ္စဖြစ်လာပါတယ်။ အရေးကြီးတာက ခေတ်ရဲ့ရေစီးကြောင်းကိုမျက်ချေမပြတ်ကြဘို့လိုပါတယ်။ ဒီနေရာမှာ ပြည်ပရောက်တွေအနေနဲ့ ကွာခြားတဲ့ ယဉ်ကျေးမှုစံနစ်ကို ကောင်းကောင်းကြီးလေ့လာကြဘို့လိုပါတယ်။
      (၁) ဘာသာရေးနဲ့ပါတ်သက်ပြီး၊ အကြောင်းပြရှင်းလင်းမပြတတ်ဘဲ ခေါင်းထဲမရိုက်သွင်းကြပါနဲ့။
      (၂) ငါဟာဗမာဘဲ တခြားနို်င်ငံကကိစ္စ လေ့လာစရာ၊ သိစရာမလိုဘူးလို့ မထင်လိုက်ပါနဲ့။
      (၃) ကိစ္စတခုကို ဆွေးနွေးရင် ချောင်ပိတ်ဆွေးနွေးတာမျိုးမလုပ်ပါနဲ့။ အပြန်အလှန်ဆွေးနွေးတာမျိုးဖြစ်ပါစေ။
      (၄) ကိုယ်သိတာကအမှန်ဆုံး၊ ကိုယ်သာအတတ်ဆုံးဆိုတဲ့ အာဃာတစိတ်ကို ဖျောက်ကြရပါမယ်။
      ဒါတွေအားလုံးဟာ မိဘတိုင်းက ရှိသင့် သားသမီးပေါ်ဆက်ဆံပုံမျိုးပါ။

      • Khin Latt

        February 22, 2012 at 7:47 pm

        အီ ….. စောဒီး …
        “ကမိုးညို”
        မောင်မိုးညို လို့ဖြစ်စေချင်ရင် မှတ်ပုံတင် ပြပါ။:D

        ပြောရရင်တော့ –
        ကျွန်မ သူငယ်ချင်း တစ်ယောက် ပြောဘူးတယ်။ သူ့သူငယ်ချင်း အကြောင်း။
        အဲဒီ လူက သူ့ ကလေး ကို မြန်မာပြည် ဘိုကျောင်း မှာ ထားတယ်။
        တစ်နေ့ ကလေးက သူ့ကို အိတ်ကလေး ကူဆွဲပေးတယ်။
        ပြီးတော့ “အဖေ က Thank You လို့ လဲ မပြောဘူး” လို့ ပြောတယ်တဲ့။
        ကြည့်ရတာ ကလေး ရဲ့ ကျောင်းက နေ “ကိုယ်ကတစ်ယောက်ယောက် ဆီက တစ်ခုခု ရခဲ့ရင် ဖြစ်ဖြစ် ၊ သူများ က ကိုယ့် ကို ကူညီ လိုက်ရင် ဖြစ်ဖြစ် Thank You ပြောပါ” လို့ သင်ပေး ထားပုံ ရပါတယ်။
        ဒီတော့ သူ့ဖခမည်းတော် ကြီး က ဘယ်လို ပြောခဲ့တယ် ထင်လဲ။
        “ဟေ့ ငါက မင်းကို မွေးထားတဲ့ အဖေ၊ ဘာမှ ကျေးဇူးတင်ကြောင်း ပြောစရာမလိုဘူး” တဲ့။

        ကျွန်မ ရဲ့ သူငယ်ချင်း ကို သူက “ယနေ့ ကလေးတွေ ဟာ မိဘတွေ ကို အလွန် ဆရာ လုပ်ချင် တယ်” ဆိုပြီး စိတ်ပျက် လက်ပျက် ညည်းပြနေတာပါ တဲ့။
        ဆိုတော့ – မြန်မာပြည်မှာ ဒီနေ့ ခေတ် ကလေးတွေ စရိုက် မှား နေပြီ ဆိုတာ ကို ဂျေမောင်မောင် သီချင်း လို ဘဲ ……………….
        “ဘယ်သူ့ကြောင့် မင်း ထင်သလဲ ၊ ဘယ်သူ့ကြောင့် မင်း ထင်သလဲ ” ဆိုပြီး မေးဖို့သာ ကောင်းပါတယ်။

        ကမိုးညို ……. အားဖြည့် ဖြည့်စွက်ချက် လေးတွေ ကို ကျေးဇူးပါဘဲရှင့်။
        ခေါင်လုံ ဖို့ ကို အရင် စစ်ရမှာဘဲ။ အသေအချာပါ။

  • ဆူး

    February 21, 2012 at 8:41 am

    ကိုယ့်အကြောင်း ကိုတော့ သိပ်မပြောလိုတော့ပါဘူး။
    အသက် ၃ဝ နားနီးမှ ဘဝမှာ မိဘ မပါပဲ ပထမဆုံး အကြိမ် သူငယ်ချင်းတွေ နဲ့ ခရီးသွားဖူးတယ်။
    အများကြီး ပြောမိရင် ကိုယ့်ပေါင် ကိုယ်လှန် ထောင်းသလို ဖြစ်မှာ စိုးလို့ မပြောတော့ဘူး။

    ဇတ်လမ်း ကို ဖတ်ပြီး ငယ်ဘဝ ကို သေချာ ပြန်မြင်လာမိတယ်။

    • K@oru

      February 21, 2012 at 8:50 am

      တိလိုက်ပါဘီ….
      အဲ့လာကြောင့် ဟိုတလောတုန်းက ကိုဆူး ပျော်ထှာ ပျော်ထှာ အော်နေတာကိုး ..
      😀

      အတွေးစလေး တခု လက်ကနဲ တွေ့လိုက်ရဲ့ …..
      မိဘ ဝင်အပါမခံတော့တာပြောပါတယ်..
      ဟိုမှာ က ၁၅နှစ်သမီး
      ဒီမှာက ၃ဝနှစ်သမီး ….

      အင်း ….
      အင်း ….
      အင်း….
      ခေါ …. ခလူး …

  • Foreign Resident

    February 21, 2012 at 8:45 am

    အဓိက ပြောချင်တာ ၂ ချက်လောက်ပဲ ရှိပါတယ် ။
    အားသာချက် အားနည်းချက် တွေလည်း ရှိကြပါတယ် ။

    ( ၁ )
    ကလေးတွေဟာ ဗီဇ ( Genes ) ကဘယ်သို့ပင် ဖြစ်စေကာမူ ၊
    Exceptional ချွင်းချက် လူတချို့ ကလွဲလို့ပေါ့ ၊
    စံနစ်တကျ ၊ မှန်မှန်ကန်ကန် ၊ ပြင်းပြင်းထန်ထန် နှင့် မနားမနေ ပုံသွင်းရင် ၊
    ကိုယ်လိုချင်တဲ့ ပုံစံ ကို ကွက်တိ ကြီးမဟုတ်တောင် ၊
    အနီးစပ်ဆုံး ပုံစံကို ဝင်ကို ဝင်ပါတယ် ။

    အဘ တို့ မိသားစု လည်း တရုတ်တွေပါ ၊
    အဘ တို့ ညီအစ်ကို တွေကိုလည်း မိဘ တွေက
    ငယ်စဉ်က မညှာမတာ ပုံသွင်း / မေါင်း ခဲ့တာပါ ။

    အားနည်းချက် ( ၁ ) ။
    အဘ အသည်း အရမ်းမာသွားပါတယ် ။
    အဘ မိဘတွေကို သံယောဇဉ် နည်းပါတယ် ။
    တအိမ်ထဲမှာ တနေ့လုံးနေလို့ စကားတခွန်း ပြောခဲပါတယ် ။

    အားနည်းချက် ( ၂ ) ။
    မိဘ ကိုယ်တိုင် ကလည်း တကယ့်ကို စာရိတ္တ မှာ စံပြ နေရပါတယ် ။
    အရက် လောင်းကစား မိန်းမ လာဘ်ပေး လာဘ်ယူ ကအစ ကင်းရပါတယ် ။
    အဘ အဖေ ဟာ ဆေးလိပ်တောင် မသောက် ၊ ကွမ်းတောင် မစားပါဘူး ။

    မိဘ ကိုယ်တိုင်က ပြင်းပြင်း ထန်ထန် ကြိုးစား အားထုတ် ပြရပါတယ် ။
    အဖေဟာ နံနက် ရ နာရီကနေ ည ၁ဝ နာရီ အထိ နေ့စဉ် ( နေ့စဉ် ) အလုပ်လုပ်ပါတယ် ။
    အမေဟာ နံနက် ရ နာရီကနေ ည ၈ နာရီ အထိ နေ့စဉ် ( နေ့စဉ် ) အလုပ်လုပ်ပါတယ် ။

    အားသာချက် ။
    အဘတို့ ညီအကိုတွေ အားလုံးဟာ သူတို့နှင့် သက်ဆိုင်တဲ့ Profession တွေမှာ
    ထိပ်ထိပ်ကြဲတွေ ဖြစ်လာပါတယ် ။ အားလုံး အောင်မြင် ကြပါတယ် ။

    စကားမစပ်ပါ ။ ဝန်ခံတာပါ ။
    အဘဟာ အရင်တုန်းက မြန်မာပြည်မှာတုန်းက ၉၅ % ထက်သာတယ် ၊
    Logical Thinking ဉာဏ်ထက်တယ် လို့ ကိုယ့်ဖာသာကိုယ် ယူဆခဲ့မိပါတယ် ။
    ဒါပေမယ့် ဩဇီရောက်တော့ အဲဒီက သင်တန်းတွေကို
    ( အားနေတာနှင့် ၊ ဈေးကလည်းတန်တာနှင့် ) တက်ကြည့်လိုက်တော့ ၊
    သူတို့ နိုင်ငံ ရဲ့ စာသင်ကြားမှု စံနစ်ကို အထင်ကြီးသွားပါတယ် ။
    ကိုယ့်ဖာသာကိုယ်လည်း ၉၅ % ထက်သာတယ် လို့ မထင်ရဲတော့ပါဘူး ။
    ( ၇ဝ % လောက်ပဲ ထင်ရဲတော့တယ် ။ ဆဲကြတော့မှာပဲ ။ ဟီဟိ )

    သူတို့ နိုင်ငံရဲ့ စာသင်ကြားမှု စံနစ်က သာမာန်အောက် ဉာဏ်ရည် ရှိသူကိုတောင်
    တဖြေးဖြေးချင်း ဆွဲခေါ်ယူပြီး ၊ ပိုင်းခြား ခွဲဖြာနိုင်တဲ့ ၊
    တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်တဲ့ ၊ လူတော် တစ်ယောက် ဖြစ်တဲ့အထိ ၊
    မပါမချင်း ( မပါမချင်း ) နှဲ့နှဲ့ပြီး ဆွဲခေါ်နိုင်တဲ့ စနစ်ပါ ။

    သူတို့နိုင်ငံသားတွေဟာ မြန်မာနိုင်ငံသားတွေလိုပါပဲ ။
    အများစုက IQ မြင့် ၊ ဉာဏ်ရည် အကောင်းလှကြီး မဟုတ်ပါဘူး ။
    ဒါပေမယ် ဆွဲခေါ်တဲ့ ပညာရေးစံနစ် ( တနည်း ) Training
    ( တနည်း ) ပုံသွင်းမှု သိပ်ကောင်းတဲ့ အတွက် ၊
    စဉ်းစားတွေးခေါ်နိုင်တဲ့ လူတော် လူကောင်း တွေ ၊
    အနဲဆုံး နိုင်ငံ့သားကောင်းတွေ ဖြစ်လာကြတာပါ ။

    အဲဒါဟာလည်း ပုံသွင်းမှု Training မှန်ရင်
    လူတော်များကို မွေးထုတ်နိုင်တဲ့ အကြောင်း
    သက်သေ တစ်ခုပါပဲ ။ စနစ် ပါပဲ ။

    In conclusion, အဘ မှာ သားသမီး ရှိရင်လည်း ၊
    အဘ လည်း သားသမီးကို အဲဒီလိုပဲ ကြမ်းကြမ်းတမ်းတမ်း
    တင်းတင်းကြပ်ကြပ် အုပ်ချုပ် သွားမှာပါ ။

    အဘ သားသမီး က အဘ ကို ချစ်စရာ မလိုပါဘူး ။
    အဘတို့ မိသားစု ဘဝ နွေးထွေးစရာ မလိုပါဘူး ။
    သူတို့ ဘဝရဲ့ အောင်မြင်မှု ၊ အဘတို့ မျိုးရိုးစဉ်ဆက်ရဲ့ အောင်မြင်မှု ကိုပဲ လိုချင်လို့ပါ ။

    အဓိက လိုရင်းကတော့ လိုအင်ဆန္ဒ သိပ်မများပါဘူး ။
    လောဘ လည်းသိပ်မကြီးပါဘူး ။
    Generation by Generation တက်စေဖို့ပါပဲ ။
    လွယ်လွယ်ပြောရရင် ၊
    အဘ အဖေထက် ၊ အဘ ပိုချမ်းသာရမယ် ။
    အဘ ထက် ၊ အဘ သား ပိုချမ်းသာရမယ် ။

    တကယ်လုပ်ပါ ၊ အဟုတ် အောင်မြင်ပါသည် ။

    ( ၂ )
    နာမည်ကြီး အဆို အမိန့် တစ်ခုပါ ။ ချဲ့ထွင် စဉ်းစားကြဖို့ပါ ။
    ” တရုတ် လူမျိုးတွေ ( တနည်း ) အာရှသားတွေ ဟာ အမေရိကန် စာသင်ခန်းတွေမှာတော့
    စာကြိုးစား စာတော်တဲ့ ဒိတ်ဒိတ်ကြဲ လူတော် တွေပေါ့ ။
    ဒါပေမယ့် သူတို့တွေဟာ ပြင်ပ ဘဝမှာတော့ အမေရိကန်တွေလို
    ပစ်မလွဲ ဒုံးပျံတွေ မထွင်နိုင်ပါဘူး ၊ ဘီလ်ဂိတ် ( Microsoft ) မတ်ဇူကာဘတ် ( Face Book )
    တို့လို ဒိတ်ဒိတ်ကြဲ စွန့်ဦးတည်ထွင်သူတွေလဲ မထွက်ကြပါဘူး ” တဲ့ ။

    အဲဒီတော့ ကလေးကို ချုပ်ပိတ်ထားတဲ့ ကျားမေမေ ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ
    Limit ရှိနေတာ ၊ Limit တစ်ခုမှာ ရပ်သွားတာကိုတော့ တွေ့နေရပါတယ် ။
    နိုင်ငံ ဆိုတဲ့ အမြင် နှင့် ကြည့်ရင်တော့ အားနည်းချက် ရှိတာကို တွေ့နေရပါတယ် ။
    ချဲ့ထွင် စဉ်းစားကြဖို့ပါ ။

  • htoosan

    February 21, 2012 at 9:17 am

    အရီးလတ်လည်း မေမေကျားလတ် ဖြစ်မယ်ထင်တယ် …
    အရီးလတ်က သားနှစ်ယောက်ရှိတယ် ရေးဘူးလားလို့……………… 😀 😀

  • weiwei

    February 21, 2012 at 9:52 am

    ကျားမေမေလို အမေမျိုးကို လေးစားချီးကျူးပါတယ် …
    ကျွန်မသာ အမေဖြစ်ခဲ့မယ်ဆိုရင် သူလိုမျိုး လုပ်ပေးနိုင်မှာမဟုတ်ပါဘူး … ဘာလို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင်က အဲဒီလိုအမေမျိုး မရခဲ့လို့ပါပဲ … မေမေက ကျွန်မကို အလွတ်လပ်ဆုံးထားခဲ့ပြီး ပညာရေးမှာ ဘာတစ်ခုမှ ဝင်မစွက်ခဲ့ပါဘူး … ကိုယ့်ဟာကိုယ် စိတ်ပါရင်လုပ် မပါရင်လဲနေဆိုတော့ ကျွန်မတော်တော်စိတ်ချမ်းသာခဲ့တယ် … စာအရမ်းမတော်ခဲ့ပေမယ့် .. ဒိတ်ဒိတ်ကျဲမအောင်မြင်ခဲ့ပေမယ့် အရမ်းစိတ်ချမ်းသာစွာနဲ့ မေမေ့ကိုလဲတစ်ခါမှ မမုန်းခဲ့ရပဲ ပျော်ရွှင်တဲ့ဘဝတစ်ခုကို ရခဲ့ပါတယ် …

    ဒါပေမယ့်ပေါ့နော် … မိခင်တွေဆိုတာ သူတို့သားသမီးအထာကို သိသင့်ပါတယ် … ဘယ်လိုပုံသွင်းရမလဲဆိုတာကိုလဲ နားလည်နိုင်လောက်တဲ့ အသိဉာဏ်လောက်တော့ ရှိကြမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းတွေနဲ့ သားသမီးကို လိုသလိုပုံသွင်းနိုင်ကြမှာပါ …

    ဒုတ်မကိုင်ရင် ဘယ်လိုမှမရတဲ့ကလေးကို ဒုတ်ကိုင်ရပေမယ့် ချော့ပြောလို့ရတဲ့ကလေးကို ချော့ပြောရတာပါပဲ … မိခင်တိုင်းမှာ method တစ်မျိုးစီရှိမယ်ထင်ပါကြောင်း …

  • blackchaw

    February 21, 2012 at 9:54 am

    အစ်မလတ်ရေ။
    ကြယ်နှစ်ပွင့်ပိုင်ရှင်ဖြစ်နေတဲ့ အစ်မအတွက် ဂုဏ်ယူပါတယ်ခင်ဗျ။
    ကျွန်တော် ရွာထဲရောက်ပြီးမှ
    ကြယ်နှစ်ပွင့် ရဖူးတာ အစ်မလတ်နဲ့ ကိုသစ်မင်း နှစ်ယောက်ပဲ ရှိပါတယ်ခင်ဗျ။
    ရွာ အကယ်ဒမီ (ဟောလီးဝုဒ်မှာတော့ အော်စကာပေါ့) သဘောပါခင်ဗျာ။
    အဲဒီတော့ ကျွန်တော်တို့ ကို အကယ်ဒမီ ဧည့်ခံပွဲလေးလုပ်ပြီး
    တစ်ခုခု ကျွေးဖို့ စီစဉ်ပေးပါခင်ဗျ။ 😀 😀 😀 😀

  • Shwe Ei

    February 21, 2012 at 4:55 pm

    ဒိပို့စ်ထဲက အမေလို ကိုယ့်သားသမီးကို ကောင်းကောင်း training ပေးနိုင်တဲ့ မိဘမျိုးကို လေးစားပါတယ်။ ဒါပေမဲ ့ကလေးတွေရဲ့ သဘောထားကိုတခါမှမမေးဘဲ ခိုင်းတာကတော့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုပိုင်းကို အားနည်းစေတယ်လို့မြင်တယ်။ တော်ကြာ အမေမရှိရင် ဘာဆက်လုပ်ရမလဲမသိတော့ဘူး ဖြစ်သွားမှအခက်။ ကျမတော့ ကိုယ်သဘောနဲ့ကို ထင်ရာမြင်ရာ လုပ်ခွင့်ရပြီး ကြီးပြင်းလာရတဲ့ဘဝ ၊ တနည်းပြောရရင် အထိန်းအကွပ်မတင်းကျပ်တဲ့ဘဝ မှာအသားကျလို့လားမသိဘူး ချုပ်ချယ်တယ်ထင်ရင် ဘယ်သူဘဲ ဖြစ်ဖြစ်သဘောမကျတော့ဘူး။ ဒါကြောင့်လဲ ဒီလောက်တော်နေ တတ်နေ အဲလေ ပရမ်းပတာဖြစ်နေတာ နေမယ် ခွိခွိ။

  • Phaung Phaung

    February 21, 2012 at 5:52 pm

    ကိုယ်တိုင်လည်း မိဘကသိပ်တင်းကျပ်ရင်မကြိုက်ဘူး…ဘယ်အရာမဆို control အောက်မှာမနေချင်ဘူး… ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲလုပ်ချင်ခဲ့တယ်…ဒါပေမယ့်လည်း မိဘနဲ့တစ်ခါမှ ပဋိပက္ခသိပ်မဖြစ်ခဲ့သလိုပဲ….
    ကိုယ့်စိတ်နဲ့ကိုယ်ချင်းစာပြီး သားသမီးကိုထိန်းကျောင်းပြီး အကောင်းဆုံး/အတော်ဆုံးဖြစ်အောင်နဲ့ သားသမီးနားလည်လာအောင်၊လက်ခံလာအောင်ပြောပြနိုင်တာတော့ ပိုကောင်းမယ်လို့ထင်ပါတယ်။

  • unclegyi1974

    February 21, 2012 at 10:08 pm

    ကလေးတွေကိုဘယ်လိုပင်ဆုံးမသွန်သင်မှုပြုသည်ဖြစ်စေ
    မိဘများရဲ့စိတ်မှာအဓိကရှိတာကကိုယ့်ကလေးကောင်းစားရေး
    လူတောမှာပွဲလည်တင့်ရေးပါ

  • Khin Latt

    February 22, 2012 at 5:17 am

    တူတော်လေး ဂီဂီ
    ကိုအဘဖော ပြောတာ တကယ်ကြီးလား။
    ဆေးကျောင်း က မပြီးခင်ထွက် တာ ???????
    ဝါသနာမပါဘဲ သွားတက်တာ ဆိုရင်တော့ အချိန်မဖြုန်းတာကောင်းပါတယ်။
    ပြီးမှ ဆရာဝန်လုပ်မစားသူတွေအများကြီး တွေ့ဘူးတယ်။
    ဆရာဝန် နဲ့ ကျောင်းဆရာ အလုပ်ဆိုတာ Passion မပါဘဲ လုပ်လို့ ကတော့ ဘယ်သူမှ အကျိုးရမှာမဟုတ်ဘူး။
    ဆိုတော့ – အခု လုပ်နေတဲ့ ကံကောင်းခြင်း/ ကံဆိုးခြင်း တွေ ကရော
    တကယ် ကိုယ်တိုင် ဝါသနာပါ ပြီး လုပ်နေတာလား။
    (အလုပ်ကိုသာ ဆိုလိုပါသည်။ စိုင်လေး တွေကို ဖယ်ထားပါ)
    မိဘ ကို ဆန့်ကျင်ပြီး ကိုယ်ကြိုက်ရာ လုပ်ခဲ့/နေ တာပေါ့။
    Woww… ဒီလိုသာဆို ဆလုရိုက်ပါတယ်ဟယ်။ တော်လိုက်တာ။ 😉

    ဆူးရေ –
    ငယ်ဘဝ သောင်းကျန်းပုံ လေးတွေ ကို ပုံဖော်ပြပါဦး။
    အတော်ဖတ်လို့ ကောင်းမှာဘဲ။ သရုပ်မှန် အဖြစ်မှန် တွေမို့လေ။
    ကြည့်ရတာ ဆူးမှာလဲ ကျားမေမေ နဲ့ထင်တယ်။ 🙄

    ကိုအဘဖော ရေ –
    ကျွန်မ တို့မြန်မာပြည်မှာလဲ ကျွန်မတို့ တုန်းက ၁ဝ တန်း the whole Burma First ဆိုရင်၊ ဆေးကျောင်း ကို ရှေ့တန်း ကဝင်သူတွေ ဆိုရင် တရုတ်လူမျိုးတွေ အများစု ချည်းပါဘဲ။
    တစ်ချို့ FRC မို့ ဆေးကျောင်းပြုတ် ပြီး ရူပဗေဒ ယူတယ်။
    အခုမှာတော့ သူတို့တွေ အမေရိကား မှာ ဆရာ့ ဆရာကြီး တွေ ဖြစ်နေကြပါပြီ။
    တကဲ့ကိုလဲ ဉာဏ်ကောင်းတဲ့ အပြင် မိဘက အသေတွန်းတာကိုး။
    ဒီတော့ ကိုဖော လဲ ဉာဏ်ကောင်းမယ်၊ ကြိုးစားတဲ့ စိတ် ရှိမယ် ဆိုတာ ချွင်းချက်မရှိ ယုံပါ၏။
    ကိုဖော ပြောသလို မိသားစု မှာ ခပ်စိမ်းစိမ်းနေတဲ့ သူတွေ ရှိသလို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေတဲ့ သူတွေလဲ ရှိတော့ရှိပါတယ်။ ကိုဖော တို့ က ကျားတွေ ချည်းမို့လဲ ဖြစ်ချင်ဖြစ်မှာပါ။
    နောက် ကိုဖော ဆွေးနွေးတဲ့ တရုတ်တွေ မှာ တီထွင်စိတ်အားနည်း တာလဲ လွတ်လွတ် လပ်လပ် တွေးခေါ် နိုင်တဲ့ စွမ်းရည် နဲ သွားတာလဲ ပါနိုင်ပါတယ်။
    ဒါမှ မဟုတ် အနောက်တိုင်း က လူတွေ ရဲ့ မျိုးဗီဇ ကိုက တီထွင်နိုင်တဲ့ အစွမ်းပါနေသလား???
    (ဖွကြည့်တာ)
    ဝင်ဆွေးနွေး ပေးတာ ကျေးဇူးပါဘဲ။

    ကိုထူးဆန်း –
    ရှူး … တိုးတိုး…. ၊
    ဘယ်က သတင်းပေါက်ကြားသွားတာလဲ။
    တော်ကြာ သူကြီး ကြားသွားလို့ ခမည်းခမက် အတင်း လာတော်နေဦးမယ်။ 😀

    ဝေဝေ ရေ –
    စက်မှုကျောင်းကြီးမှာ မဟာနိုင် ခဲ့တဲ့ သူ တစ်ယောက် ရဲ့ အောင်မြင်မှုက တော်တော်လေး ထိပ်တန်း မှာရှိပါတယ်ကွယ်။
    ဝေဝေ က အခုလဲ ရပ်နေတာမှ မဟုတ်တာ။
    တစ်ချိန် ကမ္ဘာ မကျော်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
    ဒါပေမဲ့ လူ့ဘဝ အချိန်တို လေးမှာ ကိုယ်က စိတ်အေးအေး နဲ့ ပျော်ချင်တာလား။ အတင်းရုန်းကန်ပြီး ရတဲ့ အောင်မြင်မှုကို အရသာယူချင်တာလား။
    တစ်ချို့ နေရာတွေမှာ တွေ အများကြီးဘဲ မဟုတ်လား။
    မိဘ တိုင်းကတော့ သားသမီး တွေကို ချစ်တာပါ။
    ဒါပေမဲ့ ချစ်နည်း မမှန်တော့ မိဘကို ရန်သူ လိုမြင်သွားတဲ့ သားသမီးတွေ လဲ အများကြီးပေါ့။
    စကားစပ်- အာလူးဆနွင်းမကင်း လုပ်ခဲ့တာ ကောင်းမှကောင်း ဝေဝေရေ။ တကဲ့ကို ဘဲ။
    တစ်ခါမှ အဲဒီလို မုန့်ကောင်းကောင်း မလုပ်နိုင်ခဲ့ဖူးဘူး။
    လိုတိုရှင်း နည်းလေးအတွက် ကျေးဇူးပါဟေ့။

    ကိုဘချော ရေ
    ရှင့် Post မှာ ကျွန်မကို Best Comment ပေးဘူးတယ်။
    နောက် တီချာကြီးပေးတယ်။ ကိုသစ်ပေးတယ်။ နောက် ရွာစားကျော် ပေးတယ်။
    အဲဒီနောက် ကြယ် နှစ်ပွင့် ဖြစ်သွားတယ် ထင်တယ်။
    ကြည့်ရတာ Program မှာ Best Comment ဘယ်လောက် ရရင် ပွင့်ရေတိုး ဆိုတာ ရေးထားတယ် ထင်တယ်။
    ဟုတ်မဟုတ် သေချာအောင် တစ်ယောက်ယောက် နဲ့ ထပ်စမ်းကြည့်ရအောင်။
    ဘယ်သူ ဗော်လန်တီယာ လုပ်မလဲ။?????? သူကြီး ခွင့်ပြုမလား?????
    ကျွန်မ အခုတလော အနီဆုတွေရရ နေတော့ သိတ်တော့မြဲ မယ် မထင်ဘူး။ အဟိ … 😉
    ပြန်ပြုတ်လဲ ပြဿနာ မရှိပါဘူး။
    ကျွန်မကို Best Comment ချီးမြှင့်ခြင်း အတွက် မြန်မာပြည် ရောက်ရင် ကျွေးကို ကျွေးမှာ။ စိတ်ချ။
    မချော ပါပါရမှာနော်။

    ရွှေအိ နဲ့ ဖောင်းဖောင်း ရေ
    သမီးတို့ နှစ်ယောက်လုံးရဲ့ မမှီခို တတ်တဲ့ စိတ်ကိုချီးကျူးပါတယ်။
    မိန်းကလေးပေမဲ့ ကိုယ့်ဒူးကိုယ်ချွန် ရှိတဲ့ စိတ်ကတော့ အကောင်းဆုံးဘဲ။
    တစ်ချို့ မိန်းကလေးတွေ ဆို အမေမပါရင် ဘာမှကို မလုပ်တတ်၊ မသွားတတ်ဖြစ်ကြတယ်။
    တစ်ချို့လဲ မိဘက အကျင့်ဖျက်ထားလို့။
    တစ်ချို့လဲ တကဲ့ကို မွေးရာပါကြောက်တတ်တာ။ ပြင်ပေးလို့ ရချင်ရပေမဲ့ ပြင်ပေးမဲ့ သူမရှိတော့ တစ်သက်လုံး သူများကိုမှီ နေရတော့တာပေါ့။
    ဘယ်နေရာမဆို အစွန်းလွတ်လွတ် နေနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။
    မှတ်ချက်လေးတွေ အတွက် ကျေးဇူးနော်။

    အန်ကယ်ကြီးရေ –
    မှန်ပါတယ်။ ကိုယ့်သားသမီး ကို မကောင်းစားစေချင်တဲ့ မိဘ မရှိပါဘူး။
    အားလုံးက စေတနာ အပြည့်နဲ့ ပါ။
    ဒါပေမဲ့ တစ်ခါတစ်ခါ သားသမီးတွေ က အမြင်လွဲလို့ စေတနာ ကနေ ဝေဒနာ မဖြစ် ရအောင် လဲ နည်းလမ်းမှန်ကို သုံးတတ်ရမယ် ထင်တာပါဘဲ။
    မှတ်ချက်လေးအတွက် ကျေးဇူးပါရှင်။ 🙂

    • နှူးဘာဂိုဏ်းချုပ်

      February 22, 2012 at 9:55 am

      အင်း ….ကျပ်တဲ့လူက ကျပ်ပေးပြီး
      မြှောက်တဲ့လူက မြှောက်နေပြန်ပါပြီ ….
      😛

      ဟုတ်တယ်ဗျ …ဆေးစားမှားပြီး သေမလိုတခါဖြစ်ဖူးပြီး
      နောက်ပိုင်း မသေခင် လုပ်ချင်တာလေးတွေ မလုပ်ရမှာစိုးလို့ထွက်ခဲ့တာ ….

      😀
      ဥပဒေသ။ လောကမှာ ဘက်စ် ဆိုတာ မရှိ ဘက်စ်-ဖစ် ပဲရှိ၏။

      အင်း ဆေးသောက်ဦးမှ ….
      ဒက်ဂလောက် …ဒက်ဂလောက်..

  • ဆူး

    February 22, 2012 at 9:39 am

    ဆူး မှာ ကျားမေမေ မဟုတ်ဘူး ကျားဖန်မလီ ပါ အန်တီ။
    ဇ က ပါလာတော့ အလိုကြီးတဲ့ လူတွေ အရနည်းအောင် အရွဲ့တိုက်ခဲ့တာတွေ ကြောင့် အရှေ့အကြီးတွေ တော်သလောက် မတော် ထက်သလောက် မထက် ဖြစ်ခဲ့တာလည်း ပါမပေါ့ အရီးရေ…

  • ကြောင်ကြီး

    February 22, 2012 at 10:07 am

    ကိုယ်တိုင်မိဘ မဟုတ်တော့ သိပ်မခံစားတတ်ဘူး။ သို့သော် အနောက်တိုင်းစတိုင် လွပ်လပ်ခွင့်ကို အရှေ့တိုင်းပုံစံ မိဘစကားကို လိုက်နာရမှု၊ နှစ်ဖက်အပြန်အလှန် နားလည်ပေးမှုသည် အကောင်းဆုံးလို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်သမီး ဆယ်ကျော်သက်အပျို ဖြစ်တဲ့အခါ သူငယ်ချင်းအိမ်ဆိုပြီး ညအိပ်ညနေသွားတာ၊ ညဉ့်နက်သန်းခေါင်ကြမှ ပါတီပွဲက ယမကာနံ့လေးတသင်းသင်းနဲ့ ပြန်လာတာ၊ ယောက်ျားလေးသူငယ်ချင်း အခန်းထဲခေါ်သွင်းတာတော့ လက်ခံဖို့ မဖြစ်နိုင်သေးဘူးဗျို့..။ ကျုပ်မိန်းမယူဖြစ်လို့ သမီးမွေးမယ်ဆိုရင် ၁၆နှစ်ကျော်မှ ရီးစားထားခွင့်ပေးမယ်။ ၂ဝပြည့်မှ လိင်ဆက်ဆံဖို့ ဆုံးမထားမယ်။ မိဘအိမ်မှာနေရင် ပြောတာပေါ့လေ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရင်တော့ ၁၈နှစ်ပြည့်ရင် တားလို့ဘယ်ရနိုင်မလည်းနော်။ အကောင်းဆုံးက ဆုပေးတဲ့စနစ် ကျင့်သုံးရမယ်။ ဥပမာ – ၁၆နှစ်ပြည့်လို့ မိဘစကားကို ထိုက်သင့်အားလျော်စွာ လိုက်နာမယ်ဆိုရင် သူ့ဘဏ်အကောင့်ထဲမှာ နှစ်စဉ် မက်လောက်တဲ့ ငွေပမာဏ ထည့်ပေးမယ် အသက်နှစ်ဆယ်ပြည့်တဲ့အထိ…ဒါမှမဟုတ် ဘွဲ့ရတဲ့အထိ…။ ပြောသာပြောရတာ ကိုယ်တိုင်လည်း အဲဒီအရွယ်ဆိုရင် စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး။ မရရအောင် ကြံမှာပဲ…။ သို့သော်ပေါ့လေ…ကိုယ့်ခလေးဆိုရင်တော့ အတတ်နိုင်ဆုံး ထိန်းသိမ်းရမှာ အဖေကြောင်ကြီးတာဝန်ဖြစ်၏…

  • Khin Latt

    February 22, 2012 at 7:55 pm

    ကကြောင်ကြီး ရယ်- မှန်ပါတယ်။
    တကယ်က အနောက်တိုင်းမှာလဲ အရှေ့တိုင်းယဉ်ကျေးမှု ကို ချစ်တဲ့၊ ကျင့်ကြံ နေတဲ့ သူတွေ လဲ မနဲပါဘူး။
    အလွန်အကျွံ ဆိုတာကတော့ ဘယ်မှာမှ မကောင်းပါဘူး။
    ကကြောင်ကြီး ကတော့ ကျားဖေဖေ မဟုတ်။ ကြောင်ဖေဖေ ဖြစ်မှာပါ လို့ ယုံကြည်ပါတယ်။
    (အမြီးနင်း ရင်တော့ ကုတ်ပစ်မှာဘဲ လို့ ဆိုလိုတာ မဟုတ်ပါ)
    ပူးပေါင်းပါဝင် အားဖြည့်ပေးလို့ ကျေးဇူးအကြီးကြီး ကို ၅ကျော် နဲ့ တင်ပါတယ်ရှင့်။ 😆

  • surmi

    February 23, 2012 at 10:35 pm

    သူဖြစ်ချင်တဲ.အတိုင်းလိုက်လုပ်ပေးဖို.တော. တော်တော်ခက်တယ် ။ ကိုယ်ဖြစ်စေချင်တဲ.အတိုင်း
    မြောင်းဖေါ်ပေးတာတော.ကောင်းမယ်ထင်တာဘဲ ..။ခက်တာက ….အနတ္တ တဲ. ။။။

  • padonmar

    February 24, 2012 at 12:18 am

    မလတ်ရေ
    ကွန်မကောင်းလို့ မလတ်စာကို မြင်သာမြင် မကြင်ရဖြစ်နေတယ်။
    ကျွန်မက ကိုယ်ပိုင်အတွေးအခေါ်တော့ မရှိဘူး။
    ဖတ်ဖူးတာလေးတွေ ပြန်မျှချင်တယ်။
    ဆရာမကြီး ခင်နှင်းယုက သူ့ရဲ့ ဝတ္ထုတို တစ်ပုဒ်(ပန်းများကိုပွင့်စေသူလို့ထင်တယ်)ထဲမှာ တရုတ်ပြည်ကို ဦးနုနဲ့အတူ သွားတဲ့ အခါ တရုတ်အိမ်တွေရှေ့မှာ ဂန္ဓမာပန်းပင်နဲ့ အပွင့်တွေကို ဝါးတွေကပ်ပြီး ကြယ်ပုံစသည် ပုံစံအမျိုးမျိုး ဖော်အလှပြထားကြတာတွေတွေ့ပါတယ်တဲ့။
    လှလည်းလှကြပါတယ်တဲ့။ဒါပေမယ့် သူ့စိတ်မှာတော့ ဒီပန်းလေးတွေ သူ့သဘာဝအတိုင်း ပွင့်ရင် ပိုများကြည့်ကောင်းလေမလားလို့ မရဲတရဲတွေးမိပါတယ်တဲ့(၁၉၆ဝ ပတ်ဝန်းကျင်ကရေးတဲ့စာပါ။ကိုယ့်ထက် အသက်ကြီးတဲ့ စာထဲက အတွေးအခေါ်ပါ)

    နောက်တစ်ခု
    ဆရာဝန်တွေစုရေးတဲ့ နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ ဝတ္ထုတိုပေါင်းချုပ်လား
    မန်းလေးသားတွေ စုရေးတဲ့ ၁၂ မျက်နှာနာရီစင်မှာလား မမှတ်မိတော့ဘူး။(သဂျီးကတော်ကို မေးရမယ်)
    စာရေးဆရာမ စုထားရဲ့ ဝတ္ထုလတ်ကလေး၊
    ဆေးကျောင်းတက်ကာစမှာ အမေကအစစအရာရာ လိုက်လုပ်ပေးခံရတဲ့ သူဌေးသမီးလေးနဲ့
    နယ်ကနေ ကျောင်းလာတက် ကဗျာတွေစာတွေရေးတဲ့ ခပ်ပေပေ ကျောင်းသူလေး ၂ယောက် ၊
    ကျောင်းပြီးလို့ ပြန်တွေ့ကြတဲ့အခါ
    သူဌေးသမီးက သူ့ကလေးတွေကို သူမရခဲ့တဲ့ အခွင့်အရေးပေးပြီး လွတ်လွတ်လပ်လပ် ကြီးပြင်းစေတယ်။
    ကဗျာတိုစာတိုလေးက သူဌေးနဲ့ယူပြီး ငါ့ကလေးတွေကို နင့်မာမီနင့်ကို ထိန်းသလိုပဲလိုက် ထိန်းနေတယ်လို့ ပြောသွားတဲ့ ဇာတ်လမ်းလေးပါ။
    ပြောချင်တာကတော့ မလတ်ရယ်၊လူတွေက ဟိုဖက်ခြံက မြက်ကို ပိုစိမ်းတယ်လို့ထင်တတ်ကြပါတယ်။
    အသက်ကလေးရလာရင် ကိုယ်မဖြစ်ခဲ့တာတွေ ဖြစ်လာဖို့၊ကိုယ် အောင်မြင်ခဲ့တာတွေ ထပ်ဖြစ်ဖို့ ကိုယ့်သားသမီးကို ပုံသွင်းကြတော့တာပါပဲ။
    ကျွန်မတို့ မိဘတွေကလည်း သူတို့လိုချင်တာတွေတော့ ပုံသွင်းခဲ့တာပါပဲ။အေမီ့လောက် အတင်းအကြပ် မလုပ်ခဲ့ကြတာတော်သေးတာပေါ့။ ဘာမဆို တန်ဆေးလွန်ဘေးပါလို့ပဲ ပြောချင်ပါတယ်။

  • Khin Latt

    February 24, 2012 at 5:46 am

    ကိုဆွာမိရေ
    မှတ်ချက်လေး အတွက် ကျေးဇူးပါ။
    အနတ္တ ဆိုတာတကယ်မှန်ပါတယ်။
    ပြဿနာက အနတ္တ ခင် အချိန်လေးမှာ လောဘတွေ ဝင်ဝင်လာတာခက်တာ။ 😀

    အစ်မပဒုမ္မာ
    ကိုးနက်ရှင် နှိပ်စက် နေတဲ့ ကြားက ဝင်လာ အားပေးလို့ ကျေးဇူးပါဘဲနော်။
    အစ်မ မှတ်ချက်လေးထဲမှာ ကျွန်မ အတွက် ထပ်ဆင့်တွေးစရာ တွေပါခဲ့တယ်။
    တကယ်တော့ သားသမီး နဲ့ မိဘ ကြား ဆက်သွယ်ရေး လမ်းကြောင်း ကောင်းနေရင် တွန်းတွန်း မတွန်းတွန်း အဆင်ပြေနိုင်မယ် ထင်တာပါဘဲ။
    အစွန်းလွတ် ဆက်ဆံရေးပေါ့။
    ဒါနဲ့ စကားအတင်းစပ် – အစ်မလဲ ဆေးကျောင်း က ကလောင်တစ်ချောင်း များဖြစ်နေမလား လို့။ 😉

  • padonmar

    February 24, 2012 at 9:00 pm

    မလတ်ေ၇
    အစ်မက ဆေးကျောင်းတုူံက ဘောပင်ပဲရှိပါတယ်။ 😀

  • Khin Latt

    February 25, 2012 at 10:09 pm

    စက်ရပ်သတင်း လို့ ဘဲ ဆိုပါစို့။

    ဖေဖော်ဝါရီလ ၁၃ ရက်ထုတ် တိုင်း မဂ္ဂဇင်း မျက်နှာဖုံး ဟာ အိန္ဒိယ လူမျိုး နယူးယောက် တောင်ပိုင်းရဲ့ နာမယ်ကြီး အစိုးရရှေ့နေ “ပရိ ဘာရရာ” (Preet Bharara)ရဲ့ မျက်နှာ နဲ့ ဖြစ်ပြီး အတွင်းမှာ သူ့ အကြောင်း (The Street Fighter) ဆိုတာ ပါခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၂ဝ ရက်ထုတ် တိုင်း မဂ္ဂဇင်း ပေးစာခန်းမှာတော့ အိန္ဒိယ လူမျိုး ဒေါက်တာ (ဘာဒေါက်တာ လဲတော့မသိ) တစ်ယောက် ထံမှ စာတစ်စောင် ပါလာတယ်။
    “ပရိ ဘာရရာ” ကို လှမ်းကာ ကျေးဇူးတင် ကြောင်း စာဖွဲ့ထားခြင်းပါ။

    အကြောင်းကတော့ ပရိ ဘာရဟာ ရဲ့ အဖေဟာလဲ အမေရိကား မှာ ဆရာဝန်ဖြစ်ပါတယ်။
    သူတို့ ရဲ့ လူမျိုး အဲဒီ ဆရာဝန် အသိုင်းအဝိုင်း တွေကြားမှာ “ပရိ ဘာရရာ” ဟာ ငယ်က ထဲ က နာမည်ကြီးပါ။ ဘာလို့လဲ ဆိုတော့ “ပရိ ဘာရရာ” ကျောင်းမှာ တစ်ခုခု မှာ အောင်မြင်တာ၊ ထူးချွန်တာ၊ ဆုရတာ ဘာဘဲ ဖြစ်ဖြစ် သူ့မိဘ များမှ တစ်ခြားမိဘများကို အသိပေး ( ကြွားစ်) ပါတယ်။
    အဲဒီအခါမှာ သူတို့ ရဲ့ မိဘများမှ သူတို့ကို
    “ဟေ့ ပရိ ဘာရဟာ တော့ ဘာဖြစ် ပြန်ပြီ၊ မင်းတို့လဲ ကြိုးစားစမ်း (Work Harder)”
    ဆိုပြီး အမြဲ အပြောခံရ ပါသတဲ့။
    ဒီတစ်ခါ မှာလဲ “ပရိ ဘာရရာ” ရဲ့ တိုင်းမဂ္ဂဇင်း ပေါ်က မျက်နှာကို သူတို့ မိဘများ တွေ့ ရင်ဖြင့် သူတို့ ကို လှမ်းပြီး
    “ဟေ့ “ပရိ ဘာရရာ” တော့ တိုင်း မျက်နှာဖုံး မှာပါလာပြီ …… ကြိုးစားစမ်း”
    လို့ ဆိုလာမှာကို ကြိုတင်တွေးမိနေ လို့ပါဘဲ။ ….. တဲ့။

    ဆိုတော့ကာ ……….. (ဘယ်သူ့လေသံလဲ အများသိမှာပါ)
    တရုပ်မိဘ များ ကတင် သူတို့ သားသမီး တွေ ကို တွန်းတာမဟုတ်ပါ။
    ကျွန်မတို့ မြန်မာ ရဲ့ နောက် အိမ်နီးချင်းနိုင်ငံကြီး အိန္ဒိယ မှ လူမျိုးများသည်လည်း တစ်နည်းတစ်ဖုံ သူတို့ သားသမီးများကို တွန်းပါတယ်……. ဗျို့။

    လို့ ပြောကာ နိချုံးဂုပ် လိုက်ပါတယ်။

    ဝင်လာဖတ်ကာအားလုံးကို ကျေးဇူးတင်ပါတယ်။
    ရွှင်လန်းချမ်းမြေ့ကြပါစေ။ 🙂

    • Prince of Pennsylvania (PoP)

      February 28, 2012 at 8:15 am

      ဟိုလေ….
      အိုးဘားမား ကြီးရဲ့
      CIO – Vivek Kundra နဲ့
      CTO – Annesh Chopra တို့ဟာလည်း
      ကီယား ဂျီးဒွေ ဆိုတာ အားဖြည့် ပါရစေခည ….။

      ဘီလိုဒွေဖစ်လို့ အိုက်ဒလောက် တော်တီးတီးတော်ကြသလဲ တိဘာဘူးဂျာ…..
      😀

  • maungmoenyo

    February 27, 2012 at 5:01 am

    သားသမီး ကိုအတင်းတွန်းရာမှာ ပြိုင်စံရှားကြတဲ့ အာရှသားများရဲ့ ဓလေ့ ကို ဒီနေ့အထိနားမလည်နိုင်သေးတဲ့ အနောက်အုပ်စုက မြေလှန်သုတေသနပြုမှုတွေ မျိုးစုံလုပ်နေကြပါပေမဲ့ မျုးိရိုစဉ်ဆက် အမြစ်တွယ်ခဲ့တဲ့ ဒီဓလေ့ထုံးတမ်းကို မှားတယ်လို့စောဒကတက်နိုင်တဲ့ အနေအထားမတွေ့ရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အာရှသားတွေရဲအောင်မြင်မှုက မဖုံးနိုင်မဖိနိုင်အောင်လို့ပါ။
    မနေ့က Alhambra မြို့မှာပြုလုပ်ခဲ့တဲ့ Professor Irwin Hla Shwe ရဲ့ ကွယ်လွန်ခြင်းအောက်မေ့ဘွယ်အခမ်းအနား မှာ သူ့ရဲ့ပြောင်မြောက်တဲ့အောင်မြင်မှုတွေကို အားကျလွန်းလို့ချီးမွန်းကြသွားကြတဲ့ ဒေါက်တာဘွဲ့ခံ ပုဂ္ဂိုလ်ကြီး(၂)ဦးကို မောင်မိုးညို တယောက်သွားမေးကြည့်ကြပါတယ်။ USC လိုတက္ကသိုလ်က PhD ဘွဲ့ရခဲ့တဲ့ မြန်မာတွေဖြစ်ကြောင်း အံ့ဩဂုဏ်ယူဘွယ်သိလိုက်ရပါတယ်။ အဲ့ဒီကွယ်လွန်သူရဲ့ မိတ်ဆွေ နဲ့ရင်းနှီးတဲ့ အခန်းအနားကိုတက်လာတဲ့ တက္ကသိုလ်တခုက အကြီးအကဲ (ထင်ရသလောက်) ကမောင်မိုးညို ကို တိုးတိုးလေး မှတ်ချက်ပြုပါတယ် – ဘာတဲ့- “ခင်ဗျားတို့မြန်မာတွေ ဒီလောက်တော်နေကြတာကို လက်မခံနေရာမပေးတဲ့ အစိုးရကို နားမလည်နိုင်လောက်အောင်ပါဘဲ။”…ဆိုတာ။

  • koaung

    February 28, 2012 at 2:18 am

    ဖြစ်တတ်ပါတယ်ဗျာ သားသမီဆိုတာငယ်တုံးစကားမပြောတတ်ပြောတတ် အချိန်သာအရမ်းချစ်ဖို့ကောင်းတာ အရွယ်ရောက်လာလေလေ
    မိဘနဲ့ကင်းဝေးလာတတ်ပါတယ် အထူးသဖြင့်အလယ်တန်းကျောင်းသားဘဝဆို ပြောရဆိုရအခက်ဆုံးအချိန်ပေါ့ (ကိုယ်တိုင် ငယ်စဉ်ကလဲ
    ဘာကိုမှလေးလေးနက်နက် မထားမိခဲ့ပါ) ကိုယ်ကိုတိုင် မိဘနေရာကိုရောက်လာတော့ လည်းဘာမဆိုကိုယ့်ရဲ့ သားသမီးကိုတော်စေ တတ်စေ ချင်ကြတာ မိဘတိုင်းပါ ဒီစာကိုဖတ်မိပြီးကိုယ်ချင်းစာမိပါတယ်ဗျာ

  • snow white

    February 28, 2012 at 10:43 am

    အမရေညီမစာစဖတ်ထဲက ညီမအမေကိုစိတ်သွင်းပြီးတော့ကိုဖတ်မိတယ်အမ ညိမအမေကလည်းညီမတို့ကို အရမ်းတင်ကျပ်တယ် ဟိုဟာမလုပ်နဲ့ဟိုလူနဲံမခင်နဲ့ အစစအရာရာပါဘဲ8တန်းထိကျောင်းလိုက်ပို့ တာသာအမစဉ်းစားကြည်ေ့တာ့ဘယ်လောက်ထိသားသမီး ကိုတင်းကျပ်သလဲဆို
    ညီမတို့ကညီမ၂ယောက်ထဲလေ အမေကမမဆို ပိုစိုးတယ်ပိုပြီးတော့တင်းကျပ်တဲ့ပုံစံနဲ့ထားတာလေ ညီမကတော့အဲလိုတင်းကျပ်မှုနေတွေနဲ့ မနေချင်ဘူးလေ ညီမကတော့ညီမဖြစ်ချင်တာကို လုပ်တယ် အမြဲတမ်းလည်းအမှားတွေ့တယ်အမ ခုနောက်ပိုင်းတော့မိဘရဲ့စေတနာ သားသမီးအပေါ်ထားတဲ့မေတ္တာတွေကို ညီမနားလည်လာနေပြီလေအမ အမေပြောတဲ့အတိုင်းနေတယ် အမေကသွားသင့်တယ်လုပ်သင့်တယ်ဆိုမှလုပ်တဲ့အရာတွေမှန်သမျှကညီမအမှားတခုမှမဖြစ်သေးပါဘူးအမ
    မိဘပြောတာတွေကလည်းတင်းကျပ်စွာစည်းကမ်းထားတာတွေကလည်းညီမတို့သားသမီးတွေအတွက်ဘဲမဟုတ်ပါလားအမ
    အမနောက်လည်းသားသမီးနဲ့မိဘတွေစာအုပ်လေးတွေဖတ်ပြီးတို်င်းရေးသားတင်ပြနိုင်ပါစေ

Leave a Reply