ကနေ့ကျွန်တော်တို့နေထိုင်ရာ လောကကမာ(world) ကြီးမှာ…သက်ရှိသက်မဲ့တွေ
အားလုံး မွေး၊အို၊သေ ဖြစ်ပြီးလျှင်ပျက်….

ဆိုတာတွေဟာ …သဘာဝဖြစ်စဉ်ပါ…ဒီဖြစ်စဉ်ဟာ ဘယ်တော့ရပ်မလည်း ဒီလို လည်ပတ်နေတာ မပြီးဆုံးနိုင်ပါလားဆိုပြီးတွေးနေမယ်ဆိုရင်… ဒီသံသရာစက်ဝန်းက လွတ်နိုင်မှာ မဟုတ်ပါဘူး…

တလှံမျှသော ခနာကိုယ်ပေါ်မှာဒုက စက်ဝန်းလှည်ပတ်နေတာကိုတွေ့ အောင်ရှာနိုင်မှ ဒုကဆင်းရဲတွင်းကနေလွတ်မှာ….

Buddha ပြောတဲ့ သံသရာက… ဒီလောက သံသရာထဲ လူလည်ပတ်နေတာ မဟုတ်..

သံသရာဆိုတာ လူတွေထဲမှာ ဒုကဆင်းရဲ လည်ပတ်နေတာကိုပြောတာ…

တနည်းအားဖြင့် …ပုဂလိဂက ဋ္ဌာနဖြစ်ပြီး…သံသရာက ဋ္ဌာနီပေါ့….

ဒို့ဟာ သံသရာ စက်ဝန်းထဲမှာ… လည်ပတ်နေတာမဟုတ်ဘဲ..ဒို့ရဲ့ တလှံမျှလောက်သော လူမှာသံသရာ

ကြီးလည်ပတ်နေတာကို ပြောတာ…

Buddha ဟောတဲ့ သံသရာက လူ့သံသရာ မဟုတ်ဘူး… ဆင်းရဲဒုကရဲ့ သံသရာဖြစ်တယ်…

လူလည်ပတ်ပုံ မဟုတ်ဘူး…လူကိုယ်ပေါ်မှာ ဒုကဆင်းရဲ လည်ပတ်ပုံ ကိုဘုရားဟောတာ ဖြစ်တယ်…

ဒါကို ပြောနိုင်ရလောက်အောင် ဘယ်စကား ကသက်သေခံနေလည်းဆိုရင်….

– တလှံမျှလောက်သော မိမိခနာမှာ…တရားရှိတယ်ဆိုတာ ဘုရားဟောထားပါတယ်…

– နောက်တခုဘာနဲ့ပြောလို့ရလည်းဆိုတော့ ..ဈာန်အဘိဥာဏ်ရ ရသေ့တပါးဟာ တန်းခိုးနဲ့ (၃၁) ဘုံလောက အဆုံးကိုသူရှာတာ လောကအဆုံးကိုသူ မတွေ့ဘူးဆိုပြီး..ဘုရားကို ပြန်လျှောက်တော့ …ဘုရားက တလှံမျှသောမိမိ ကိုယ်ပေါ်မှာ သံသရာအဆုံးရှိတယ် လို့ဘုရားဟော ကိုလည်း ဇာတကမှာ…ဖတ်ရဖူးတယ်…..

ဒါကြောင့် သံသရာအဆုံး၊(၃၁) ဘုံဆိုတာလည်းအဝေးကြီး မဟုတ်ပါဘူး…

တလှံမျှသော မိမိခနာမှာသာလျှင် (၃၁) ဘုံရှိပါတယ်….

– Buddha မဟောဘဲ Buddha ရဲ့စာပေထဲမှာ ရောက်နေသော.. ယခုမြင်တွေ့နေရသော နေ၊လ၊ နကတ်(နက်ခတ်)တို့သည်..
ထိုစတုမဟာရာဇ် နတ်ပြည်တွင်ပါ ၀င်သော ဘုံဗိမာန်များဟု ဗုဒဘာသာကျမ်းစာ မှာဆို၏…

– ကနေ့ လောကဓါတ်သိပံ ပညာထွန်းကားတဲ့ ဒီခေတ်ကြီးမှာ… လူတွေလပေါ်ရောက်နေပါပြီ.. သူတို့ နတ်ကို မတွေ့ပါဘူး…. စဉ်းစားလို့ ရအောင်.. ရိုးရာ အစဉ်အလာက ဖေါက်ထွက်ချင်တဲ့ အနာဂါတ်လူငယ်
တွေအတွက် ဝေဌပေးလိုက်ပါတယ်…

About Ko out of...

Ko out of... has written 91 post in this Website..