မတ်လ ၁၄ ရက်နေ့မှာ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ စည်းရုံးဟောပြောမယ့် NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

နွယ်ပင်February 20, 20121min1867

2012 ဧပြီ (1) ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (17) ပါတီ၏
မူဝါဒသဘောထား လုပ်ငန်းစဉ်များကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ စည်းရုံးဟောပြောရန်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အချိန်ဇယားဖြင့် သတ်မှတ်ထုတ်ပြန်ထားပါသည် ။
မတ်လ ၁၄ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ
မြန်မာ့အသံ ရေဒီယိုနဲ ့ ရုပ်မြင်သံကြားကနေတဆင့် စည်းရုံး ဟောပြောပါမယ် ။

7 comments

  • စိန်ပေါက်ပေါက်

    February 20, 2012 at 6:02 pm

    ကောင်းပါလေ့
    ခုတလော အမှန်အကန်ကို စည်းရုံးရေးဆင်း နေတာ အားရစရာပဲဗျ
    လူထုကလဲ တစ်ခဲနက်ကြိုက်ဆိုထောက်ခံနေတာ
    အဲတာမှ မနိုင်ဘူးဆိုရင်တော့
    တွမ်..!

    • zarlay

      February 22, 2012 at 2:05 pm

      သိပ်တော့မထင်ပါဘူး ဘာလို့လဲဆိုတော့ မဲမပေးခင်ထဲကသူတို့ဘက်မှာတဝက်လောက်ကရောက်နေပြီလေ အစိုးရဝန်ထမ်းတွေကိုအခုထဲကသူတို့ကိုပေးဖို့ ကာယကံရှင်ရဲ့သဘောတူညီချက်မယူပဲ စာရင်းကိုကြိုကောက်ထားပြီးပြီ

  • water-melon

    February 20, 2012 at 6:11 pm

    စောင့်ကြည့်ကြတာပေါ
    ဒီရွေးကောက်ပွဲက အမှန်အကန်ပြီးဆုံးရင် မြန်မာနိုင်ငံလမ်းကြောင်းမှန်ကိုရောက်ပြီလို့ ယူဆမယ်
    မမှန်မကန်အင်တု လင်လုနေရင်တော့ ကရင်ဒုံယမ်းအကနဲ့ နှုတ်ဆက်လိုက်မယ်
    ဟေး တီကောင် တီကောင် ငါးကြိုက်တယ်ဟေ့။

  • ငပွကြီး

    February 20, 2012 at 9:59 pm

    သတ္တိရှိရင် Live (တိုက်ရိုက်) လွင့်လိုက်ပါလား
    အဲဒီအခန်းဖြတ် အဲဒီအခန်းဖြတ် က ပါကိုပါမှာဘဲ..

  • kai

    February 22, 2012 at 3:09 pm

    မတ်လရောက်ရင်.. ပါတီတွေစည်းရုံးဖို့ကဏ္ဍ.. ရွာထဲဖွင့်ပေးဦးမယ်…
    ထုံးစံအတိုင်း.. Pollလည်းတင်မယ်လေ.. :mrgreen:

Leave a Reply