သာသနာ့အန္တရာယ် ဒို့ကာကွယ်

ပုိင္ေလးFebruary 20, 20122min725

သာသနာ့အန္တရာယ် ဒို့ကာကွယ်

ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဓ

မူလသုံးဖြာ သာသနာမှာ

အခြေမူလ ပရိယတ္တိဟာ ပဓာနမို့

မူလခံတပ် မပျက်ရလေအောင်

နွေရာသီမှာ ယမိုက် ပဋ္ဌာန်း

အဆင့်မြင့် ဓမ္မာစရိယတန်းရယ်

ပြီးတော့ ကမ္ဘာကို သာသနာပြန့်ပွါးစေဖို့

ဗုဒ္ဓတက္ကသိုလ်ပညာရပ် အဖက်ဖက်က တက်ကျွမ်းကြရလေအောင်

သင်ကြားပို့ချ ပေးဝေငှရာဌာန

 အခုတော့ ခေတ်သစ် ဒေဝဒတ်တို့ရဲ့လက်ချက်နဲ့ ပျက်ရတော့မယ်

ဆရာတော် နောက်ဆုံးနှုတ်ဆက် ဆွမ်းခံထွက်စဉ်

လှူဒါန်းကြသူ ဒါယကာ ဒါယိကာမတို့ရဲ့

သောကမျက်ရည်တွေ ပင်လယ်ဝေနေကြရပြီလေ…

ဒို့နိုင်ငံ ဒို့သာသနာ……

အင်္ဂလိပ်နဲ့ ဂျပန် တိုင်းတစ်ပါးသားရဲ့လက်ထက်

ဒီလောက် ရက်စက်မခံခဲ့ကြရ

အခုတော့ တိပိဋကဓရ၊

ဘိဝံသ၊ ဓမ္မကထိက၊ ပဓာနနာယက

 သံဃာတော်တွေ အားလုံးလည်း ထောင်နန်းတွေစံခဲ့ကြရ

ကျောင်းတိုက်တွေလည်း ဖျက်ဆီးချိတ်ပိတ်ခံရ

သံဃာတော်သွေးတွေလဲ

ရွှေတိဂုံဘုရား ခြေတော်ရင်းမှာ မြေခခဲ့ကြရပေါ့..

မြန်မာမှာ ဥဒါန်းတွင်မဲ့နေ့

၁၉ ရက် ၂ လ ၂၀၁၂ နေ့ပေါ့..

သာသနာကိုချစ်သူ၊ သာသနာပြုသူ

သာသနာတော်ကို ပြန့်ပွါးစေသူရဲ့ရလာဒ်

ကျောင်းတိုက်က ထွက်ရမယ်တဲ့…

သာသနာကို ဖျက်ဖို့ကြံကြတဲ့

ဒင်းတို့ရဲ့ ခြေလှမ်းအစ ဒို့တတွေ ငုံ့ခံကြရင်..

ဒို့ဗုဒ္ဓရဲ့သာသနာ ဒို့ရဲ့အမိမြေမှာ

မြန်မကြာ ခွဲခွါရတော့မှာမို့

အားလုံးသတိ အစဉ်အမြဲရှိဖို့

သာသနာအရေး ဒို့အရေး…..

သာသနာ့တာဝန် ဒို့တာဝန်….

သာသနာ့အလုပ် ဒို့အလုပ်….

သာသနာ့အန္တရာယ် ဒို့ကာကွယ်ဖို့

ဒို့တစ်တွေ စည်လုံးညီညွတ်စွာဖြင့်

တွန်းလှန် တိုက်ပွဲဝင်ကြပါစို့…….

                                                                          မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

မှတ်ချက်။       ။သာဓုပရိယတ္တိ စာသင်တိုက်၊ ဗုဒ္ဓတက္ကသိုလ်ကြီး၏ ပဓနနာယကဆရာတော် ဦးပညာသီဟ (ရွေညဝါဆရာတော်)၁၉.၂.၂၀၁၂နေ့ ကျောင်းတိုက်က ထွက်ပေးရမည်ကို မချိတင်ကဲရေးစပ် သီကုံးထားခြင်း ဖြစ်ပါသည်။မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

ဒီမိုဝေယံ  မှ…………………

5 comments

  • uzin

    February 20, 2012 at 2:39 pm

    ရွှေညဝါဆရာတော်၊ ဦးဂမ္ဘီရ၊ ဦးသုမင်္ဂလ စသည့်သံဃာအဖွဲ့ဝင် ရဟန်းတော်များအပေါ် မဟန၏ ကျင့်သုံးဆက်ဆံမှုများကို လေ့လာလျှင် ယနေ့ထေရဝါဒသံဃာထုအတွင်း ဗုဒ္ဓအဆုံးအမဖြစ်သော ဝိနည်းတော်၊ ဓမ္မတို့အတိုင်း မကျင့်သုံးသည်ကို တွေ့ရပါသည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကလည်း သံဃာထု အတွင်းအငြင်းပွားမှု၊ ပဋိပက္ခများ ဖြစ်ပွားဖူးခဲ့တာကို စာပေသမိုင်းအရသိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဒေဝဒတ်၏ လုပ်ဆောင်ချက်များကိုလည်း သံဃာထုအတွင်း ကြုံတွေ့ခဲ့ရပါတယ်။ သို့ပေမယ့် မြတ်စွာဘုရားရှင်သည် ဘယ်အာဏာစက်အကူအညီမှမတောင်းခံခဲ့ပါဘူး။ ဝိနည်းတော်အတိုင်း၊ ဓမ္မနည်းလမ်း တို့အတိုင်းသာ ဆုံးဖြတ်ကျင့်သုံးခဲ့တာပါ။ သံဃာအချင်းချင်းလည်း “သံဃာ ပဝါရနာ” ဖြစ်တဲ့ သံဃံ ဘန္တေ အာယသမန္တေ ပဝါရေမိ၊ ဒိဋ္ဌေနဝါ သုတေနဝါ ပရိသင်္ကာရဝါ ဝဒန္တု မံ သံဃော အနုကမ္ပံ ဥပါဒါယ ပဿံတော ပဋိကရိဿာမိ”လို့ ဆုံးမလမ်းညွှန်ခဲ့ပါတယ်။ အဓိပ္ပာယ်က “ဘန္တေ အရှင်ဘုရားတို့၊ အာယသမန္တေ အရှင်ဘုရားတို့ကို အဟံ တပည့်တော်သည် ပဝါရေမိ ဖိတ်ကြားပါ၏ဘုရား။ ဒိဋ္ဌေနဝါ မြင်သဖြင့် သော်လည်းကောင်း၊ သုတေနဝါ ကြားသဖြင့်သော်လည်းကောင်း၊ ပရိသင်္ကာယဝါ ယုံမှားသံသယ ဖြစ်ခြင်းရှိသောကြောင့်လည်းကောင်း သံဃော သံဃာတော်အရှင်မြတ်တို့သည် မံ တပည့်တော်ကို အနုကမ္ပံ အစဉ်သနားခြင်းကို ဥပါဒါယ အကြောင်းပြု၍ ဝဒန္တု မည်သို့မှားသည်၊ မည်သို့ ချွတ်ချော် တိမ်းပါးနေသည်ကို ပြောဆိုညွှန်ပြ ဆုံးမတော်မူပါကုန်ဘုရား။

    ဒီလိုအဓိပ္ပါယ် အနှစ်သာရနှင့်ပြည့်စုံသော ပဝါရနာကို ရွတ်ရုံလောက်သာ အသက်ဝင်ပြီး လက်တွေ့မှာတော့ တစ်ပါးအမှားကို တစ်ပါးက နားလည်ခွင့်လွှတ်ခြင်းမရှိ၊ တောင်းပန်သည့်ကြားမှပင် ကျောင်းမှနှင်ထုတ်ခြင်းအမှုကို ပြုသော ထေရဝါဒ၏အကြီးဆုံးအဖွဲ့၏ လုပ်ရပ်ကတော့ ဗုဒ္ဓ၏ တပည့်သားများ လုပ်ရပ်နှင့် တူသလော၊ ဒေဝဒတ်၏ တပည့်သားများ လုပ်ရပ်နှင့်တူသလော။

    သံဃာဝင်အပေါင်းစဉ်းစားကြပါကုန်၊ နည်းလမ်းများရှာကြပါကုန်။

  • Phaung Phaung

    February 20, 2012 at 4:17 pm

    သာသနာအရေး ဒို့အရေး…..

    “သာသနာ့တာဝန် ဒို့တာဝန်….

    သာသနာ့အလုပ် ဒို့အလုပ်….

    သာသနာ့အန္တရာယ် ဒို့ကာကွယ်ဖို့

    ဒို့တစ်တွေ စည်လုံးညီညွတ်စွာဖြင့်

    တွန်းလှန် တိုက်ပွဲဝင်ကြပါစို့…….”
    တစ်ခုခုတော့လုပ်သင့်နေပါပြီ…ဒီလိုသာဆက်သွားနေရင် တဖြည်းဖြည်းနဲ့မဟနအဖွဲ့အစည်းကြီးလည်း လူမိုက်အဖွဲ့အစည်းကြီးနဲ့တူလာပြီး…. မှန်ကန်စွာပြောဆိုနိုင်တဲ့၊လွတ်လပ်စွာဟောပြောနိုင်တဲ့ သံဃာတော်များတိမ်မြုပ်လာတော့မည်ဖြစ်ပါသည်။

  • ဒီနေရာမှာ ကျနော်တော့ ဉာဏ်မီသလောက်ပြောကြည့်ပေါ့မယ်။
    ၂၀၀ရ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရဟန်း၊
    သံဃာတွေကို အတုအယောင်တွေပါဆိုပြီး လက်ခံနေသူတွေထဲမှာ
    ဗုဒ္ဓဘာသာဝင်တွေပါနေတာ အံ့ဩဖွယ်ပါဘဲ။ကျနော်တော်တော်လေး
    စိတ်မကောင်းဖြစ်မိတယ်။ဒီလူတွေမှာ လူစိတ်ရောရှိကြသေးရဲ ့လားပေါ့။

  • ရွှေဘိုသား

    February 20, 2012 at 7:14 pm

    ကိုယ့်ဘာသာ ကိုယ့်ဖျက်ဆီးတဲ့အကောင်တွေ
    လူငယ်တွေကို ဖျက်ဆီးတဲ့ ဟိုတလောကလုပ်သွားတဲ့ ပွဲမျိုးကျတော့ မတားကြဘူး တရားပွဲတော့ တားကြတယ် ဗုဒ္ဓဘာသာမှ ဟုတ်ကြသေးရဲ့လားဗျာ

  • စောဝေတင့် (ပုဂံ)

    March 1, 2012 at 12:21 pm

    တစ်နေ့တော့ သိလာမှာပါ
    ဘုရားရှင်က မေတ္တာ ထားတယ်
    ဘုရားရှင်ရဲ့ မေတ္တာ ကို သူတို့ သိမှာပါ

Leave a Reply