၅၀၀ဝ တန်ဖုန်း ခွင့်ပြုပေးရေး လက်မှတ်များ သမ္မတရုံးသို့ ပေးပို့မည်

မြသဲ ( 17082011 )February 20, 20121min15822

၅၀၀ဝ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည်

ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ငွေကျပ် ၅၀၀ဝ တန်ဖုန်းများ ခွင်ပြုပေးရေးအတွက် ပြည်သူများ၏ လက်မှတ်ပေါင်းတစ်သောင်းကျော် ရရှိ နေပြီ ဖြစ်သည့်အတွက် ယခုလအတွင်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ထံ ပေးပို့သွားမည်ဟု အသင်းဥက္ကဌ စာရေးဆရာ ဗအုပ်ခိုင်ထံမှ သိရှိရသည်။

´´လက်မှတ်တော်တော်များများ ရနေပြီမို့ ပို့တော့မလို့ဘဲ၊ တချို့နယ်က လူတွေက ဖုန်းဆက်ပြီးပြောတယ်။ ဒီလကုန်ထိတော့ စောင့်ပေးပါ ဆိုတာနဲ့၊ ဒီလ ၂ဝရက်နေ ့နောက်ဆုံးထားပြီး လက်မှတ်တွေကိုလက်ခံသွားမယ် ဒီလအတွင်းတော့ပို့ သွားမှာပါ´´ဟု အသင်းဥက္ကဌက  the messenger သို့ ပြောသည်။ယင်းသို့ပေးပို့ရာ တွင် စာတိုက်မှ တစ်ဆင့်မဟုတ်ဘဲ၊ နေပြည်တော်သို့ ကိုယ်တိုင်သွားရောက်ပေးပို့သွားမည်ဖြစ်ကာ၊ သမ္မတရုံးသို့ လက်မှတ်မူရင်းများ ကို ပေးပို့သွားမည်ဖြစ်ပြီး မိတ္တူများကို လက်ခံတစ်စုံထားရှိမည့် အပြင် လွှတ်တော်ကိုယ်စားလှယ်အချို့ထံသို့လည်း ပေးပို့မည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်နှင့် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံဒေသအတော်များများ မှ ပြည်သူများ၏ ထောက်ခံချက်လက်မှတ် များအပြင် အစိုးရဝန်ထမ်းများ၊ စစ်တပ်အဖွဲ့အစည်းများ၊ စာပေနှင့် စာနယ်ဇင်အသိုင်းအဝန်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးတွင် ဆက်သွယ်ရေးသည် အရေးကြီးဆုံးနေရာက ပါဝင်ပြီး အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် လူတန်းစားမရွေး ဖုန်းသုံးစွဲနိုင်သကဲ့ သို့ မြန်မာပြည်သူများလည်း တန်းတူခံစားနိုင်ရန်အတွက် ပြည်သူများ၏ကိုယ်စားတောင်းဆိုခြင်း ဖြစ်သည်ဟု စာရေးဆရာ ဗအုပ်ခိုင်က the messenger သို့ ပြော ခဲ့သည်။
ငွေကျပ် ၅၀၀ဝ တန်ဖုန်းများကို ပြည်သူများကိုင်ဆောင်ခွင့် ရရေးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်သူများအပေါ်ထားရှိသည့် စေတနာသာမူတည်သည်ဟု ၂၀၁၂ ခုနှစ်၊ဇန်နဝါရီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့ပြီး ၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှလည်း ပြည်သူများမျှော်လင့်လျက်ရှိသော ငွေ ၅၀၀ဝ တန်ဖုန်းများမှာ ဆက်သွယ်မှုကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာ လိုအပ်နေခြင်းနှင့် တည်ဆဲဥပဒေများအရ ကိုက်ညီမှုမရှိခြင်းတို့ကြောင့် လတ်တလောတွင် ချထားပေးရန်ဖြစ်နိုင်ခြေမရှိကြောင်း နိုင်ငံပိုင်သတင်းစာများ တွင် တရား ဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ဇင်မာဝင်းဇံ (မက်စင်ဂျာဂျာနယ်)

22 comments

  • ရွှေလက်ချောင်းများအဖွဲ ့ကတော်တော်လေးကြိုးစားထားဆောင်ရွက်နေတော့
    အားပေးဝန်ရံကြရမှာ ကတာဝန်ပေါ့ဗျာ။ရွှေပြည်တံခွန်က သူတာဝန်ယူလုပ်နိုင်
    ပါတယ်ဆိုတာ ကိုခွင့်ပြု မိန် ့လေးပေးရမှာကြောက်နေသလားဘဲဗျ။စောင့်
    ကြည့်ရုံသာ။

  • laypai

    February 20, 2012 at 12:46 pm

    ၅၀၀ဝ တန် ဖုံးက ရ မရ မသေချာ သေးပေမဲ့ ၃ သိန်း ထက် မပို သော GSM ဖုံးက တော့ ၂ သိန်းနဲ့ အတိ အလင်း ရောင်း ဖို့ သေချာ သွားပြီ။
    ဘာပဲ ပြောပြော ငါးထောင် တန်ဖုံး ဂယက် က ၃ သိန်းဖုံးတွေ ရဲ့ ဈေး ကို ၃ ပုံ တပုံ နီး ပါး လျော့ချ နိုင် လိုက်တယ် ထင်တာပဲ။
    အစ ပိုင်း ၃ သိန်း ကနေ ၂ သိန်း ဆို တော့ ၅ ထောင် တန် ကို မစောင့်ပဲ ဝယ်ယူ အားပေးမဲ့ ဈေးကွက် အနေ အထားက လည်း ပို မို လှုပ်ခတ် သွားတယ်။
    ကော်နက်ရှင် က မကောင်းပေမဲ့ အင်တာနက် ပါ ပါပြီးသားဆို ထားတာကိုး။

  • Thel Nu Aye

    February 20, 2012 at 12:54 pm

    ကျွန်မလဲ ၂ သိန်းဖုန်းကိုမဝယ်ပါဘူး။ လိုအပ်ရင်လဲလက်မှတ်ထိုးတဲ့ထဲပါနိုင်အောင်ဆက်သွယ်နေပါတယ်။

  • မမသဲနုအေးရေ……
    ကျနော်တို ့နယိဖက်ကစိတ်ပါဝင်စားသူတွေဆိုရင် ဘယ်လိုလုပ်ပြီးလက်မှတ်ပေးနိုင်မလဲ မေးပေးပါနော်။
    ကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ UIM ကဒ်ကို အလကားပေးမယ့် ကုမ္ပဏီရှိနေတယ်လို ့လဲတွေ ့မိတယ်ဗျ။

    • Thel Nu Aye

      February 20, 2012 at 1:26 pm

      ဟုတ်တယ်။ နိုင်ငံခြားကလာကမ်းလှမ်းထားတယ်လို့ကြားတယ်။ UIM ကဒ်ကို အလကားပေးမယ်။ ဒါပေမဲ့လုပ်ပိုင်ခွင့်အားလုံးပေးရမယ်လို့တောင်းထားတယ်လို့လဲပြောတယ်။ ဆိုလိုတာကတော့ ဖုန်းဘေလ်အားလုံးကိုသူယူမယ်။ အဲဒီထဲကမှဝန်ဆောင်မှု့ပြန်ပေးမယ်ပေါ့။ နိုင်ငံခြားတွေမှာ လိုပေါ့။

  • ဟုတ်တယ်နော်။ကျနော်တို ့နိုင်ငံမှာ လူတန်းစုံကိုင်နိုင်မှ အားလုံးတပြေးညီဖြစ်သွားမှာ။ခုက ဖုန်းကိုင်နိုင်တာကိုက
    ဟန်ရေးတပြပြနဲ ့။အမလေးဗျ ဟန်းဆက်ချင်းက ပြိုင်သေးသဗျ။ဟွင်း………..ညစ်တယ်ဗျာ။

  • manawphyulay

    February 20, 2012 at 1:50 pm

    ကဲ အားလုံးဝိုင်းပြီး လက်မှတ်ထိုးမယ်ဆိုရင် ခုချက်ချင်း ၅ ကျပ်တန် ကိုင်ရမှာလားဟင်….

    • water-melon

      February 20, 2012 at 2:05 pm

      ငါးပြားတန်ဖုန်းတော့ရှိတယ် အစ်မမနော
      အိမ်ကသားစိန်ပေါက် ဘုရားပွဲကဝယ်လာတာ
      အခုတောင်ဖုန်းလာနေပြီတဲ့ တော် တီး တီ တော် may i help you

    • Thel Nu Aye

      February 20, 2012 at 2:08 pm

      အင်းမြစ်ဆုံ ဥပမာအရဆိုရင်တော့နိုင်ငံသားတွေညီရင်တော့ဖြစ်နိုင်ခြေများတာပဲနော်။

  • laypai

    February 20, 2012 at 2:18 pm

    Thel Nu Aye က ၅၀၀ဝ တန် ဆိုရင် ဝယ် မယ် ပေါ့။
    Laypai လည်း ၂ သိန်းတန် တောင် ကိုင်နိုင် တဲ့ business မရှိသေးပါ ဘူး။ ( ရှက်ပါဘူး )

    Business ဆို လို့ သားသမီး အရေး ကျောင်းထား ဖို့ ရောက်တတ်ရာရာ ခေါင်းစဉ်နဲ့ ပို့ ကို ဖတ်မိတော့
    မရှိမဲ့ ရှိ မဲ့ မူကြို တက်နေတဲ့ သားလေး ရဲ့ ေ့ရှပညာရေး ကို တွေး ပြီး လုပ်လက်စ အလုပ်တွေ တောင် ၅ မိနစ်လောက် ရပ်သွားတယ်။

    တော်သေးတယ် ကွန်မန့် တခု က

    ဗက ပင် မတက်နိုင် ၊
    နေပူမှာထိုင်၊ လေးခွကိုင် နွားကို ကျောင်း၊
    ပီနံ အိတ် စလွယ်သိုင်း
    အမှိုက်ပုံ စုံ အောင် ဖွ တယ်။ ဆို လား ကဗျာလေး က လူတန်းစား တရပ် ရဲ့ ကလေးတွေ အနေအထား ကို ပြ လိုက် ပြန်တော့ ပြန် အသက်ဝင်သွားတယ်။
    ဘယ်ရောက် သွားပါလိမ့်၊ခွင့် လွတ် ပါ ခမျာ၊ ပို့ နဲ့ မဆိုင် တာ ရေးမိ လို့။

    ရွာသူ ရွာသား အားလုံး နီး ပါး က ဖုန်း ကိုယ် စီ ရှိတယ် နော်။
    ပြည်ထောင်စု နေ့ တို့ ရွာ အလှူ မှာ တွေ့ တယ် အား လုံးနီးပါး ဖုံး လေးတွေ နဲ့။
    ငါတို့ ရွာသူ၊သားတွေ က လူတန်းစေ့ နေ နိုင် ကြ တယ် လို့ သာဓု ခေါ် ရင်း မုဒိတာ ပွား ခဲ့ သေးတယ်။

    အဲဒီတုံး က လဲ တတ်နိုင်သလောက် လှူ ဖို့ တကယ် ရည် ရွယ်ထားတာပါ။ အလုပ်တွေ နဲ့ မေ့ နေ လိုက်တာ သူများတွေ လှူ ပြီး လို့ ပို့ အဖြစ် ဖတ်ရတော့ မှ ပြန်သတိယ တယ်။

    ဒါကြောင့် မို့ လား ပဲ သူများတွေ ဖုန်းကိုင်နိုင်တာတောင် ကို က ၅၀၀ဝ တန် မျှော်နေရတာ။

  • စိန်ပေါက်ပေါက်

    February 20, 2012 at 2:33 pm

    ဪ.
    ရရင်တော့ ကိုင်ချင်သားဗျာ

    ပုံ
    ငဆင်းရဲလေး ငစိန်ပေါက်

    • KoNyeinChan

      February 20, 2012 at 4:31 pm

      ကိုဘုန်းကျော်နဲ ့ဆက်သွယ်ပါ 🙂 🙂 🙂

  • Shwe Tike Soe

    February 20, 2012 at 3:39 pm

    ၅၀၀ဝ တန်တောင် ရုးံက အင်စတောမန်.နဲ.ပေးတာစောင့်အုံးမှာ ဟိဟိ

    • Thel Nu Aye

      February 20, 2012 at 4:00 pm

      ကိုရွှေ ပေခေါက်နေသည်။ စုနေပြီလို့သတင်းရတယ်။ ဟဲဟဲ။ သများတို့ကောစားရမှာရားဟင်င်င်င်င်င်။

  • etone

    February 20, 2012 at 4:47 pm

    အဲ့ဒီငါးထောင်တန်ထုတ်မယ့်လူကရော .. အာမခံချက်ရှိရဲ့လားဆိုတာလည်း စိတ်ပူတယ် .. ။
    ငါးထောင်လည်း ကိုယ့်ပိုက်ဆံမို့ … သမာအာဇီဝနဲ့ ရထားတာ … သူများ လိမ်သွားလျှင်တော့.. ဒေါကွီးမိမှာပဲ 🙄

    • Thel Nu Aye

      February 20, 2012 at 5:20 pm

      မရှိဘူးတဲ့။ နောက်ဆုံးရတဲ့သတင်း။

  • kyaw kyiko

    February 20, 2012 at 4:51 pm

    အော် မရှိလို့ မွဲ
    မွဲလို့ အနိုင်ကျင့်
    အနိုင်ကျင့်လို့
    ပိုမွဲ

    စဉ်းသာစားကြည့်ကြပါဗျာ
    ကျွန်တော်တို့
    မြန်မာငမွဲ တွေ ဘဝကို

  • K@oru

    February 21, 2012 at 9:02 am

    ကား ဟေ့ ကား … ကား ….
    သွင်းမယ်ဟေ့ … ဆင်ခေါင်းဟ မျောက်ခေါင်းဟ ခွေးခေါင်းကွ …

    ဖုန်း ဟေ့ ဖုန်း .. .ဖုန်း …
    ၅ထောင်ကွ ..၂သိန်းကွ …. ကွ.. ကွ. …

    မှောထှာ …ဂျာ …

    ဘဂျီးစိန် က လက်မှတ်တွေ စု တာ အတော် ဝါသနာပါတယ်ထင်တယ်နော် … 😀
    တို့ဘဂျီး အကျိုးပေးကောင်းပုံများ ပြောပါတယ် ..သူများ ပေါ်လစ်တင်ရှန်တွေ …
    ဆယ်လစ်ဗျစ်တီတွေ ဆို သူတို့ကချည်း အော်တို ထိုးထိုးပေးနေရတာ …

    တို့ဘဂျီးများ ဘုန်းကံမြင့်လေတော့ သူ့ချည်း ဝိုင်းထိုးပေးနေကြတာ …

    အာဟိ…

    ခင်လို့ ဝင်နောက်သွားတဲ့
    ဂီ

  • Uncle Lay

    February 28, 2012 at 5:53 pm

    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် sim card များ ပေါ်ထွက်လာရန် အဆို တစ်ရပ်တင်သွင်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည် ။

    ယခုအခါ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အဆိုတင်သွင်းနိုင်ရေးအတွက် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်များရယူကာ သတင်းအချက်အလက်များ စုဆောင်းနေဆဲဖြစ်ကြောင်း သိရှိရပါသည် ။

    မြန်မာပြည်တစ်လွှားတွင် ၅၀၀ဝ ကျပ်တန် ဆင်းမ်ကဒ် ပေါ်ပေါက်လာရေး အတွက် ပြည်သူအများက ဆန္ဒရှိနေကြောင်း ပြည်တွင်းသတင်းဌာနများ တွင် ဆက်တိုက်ဆိုသလိုဖေါ်ပြနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီက ယခုကဲ့သို့ အဆိုတင်သွင်းရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည် ။

    သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီက ယခုကဲ့သို့ ပြည်သူ့ဆန္ဒကို အကောင်အထည်ပေါ်ရေး ဆောင်ရွက်လာသော အခါတွင်မူ ယခင် ၅၀၀ဝတန် ဆင်းကဒ်ပေါ်ပေါက်ရေး အဆက်မပြတ် ရေးခဲ့ကြသော ပြည်တွင်း သတင်းဌာနအချို့ကပင် ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီ မဲရရှိရေးအတွက် မဲဆွယ်လို၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်သံများ ထွက်ပေါ်လာပြန်ကြောင်း သိရှိရပါသည် ။

    VOM
    Posted by ဒေါက်တာဆိတ်ဖွား

  • ခပ် KING ကင်း

    February 28, 2012 at 6:52 pm

    မတ်လ (၅)ရက်နေ့ကစပြီး GSM တည်းဖိုးနည်းဖုန်း (သတင်းများပါစာအတိုင်း တသွေမတိမ်းကူးရေးလိုက်သည်) 1 သိန်း 8 သောင်းနဲ့ ရောင်းမယ်လို့ ကြားနေရတယ် ………..
    ဖုန်းပြောခ ဈေးကြီးရင် ဘယ်ဟာမှ ဝယ်မကိုင်ဘူးကွာ
    လေလည်းကုန်သေး ပိုက်ဆံလည်းပေးရမယ်ဆိုရင် မကိုက်ဘူး (အမှန်က ဆက်စရာ မိန်းကလေးမရှိ၍) … 😛

  • Thel Nu Aye

    February 28, 2012 at 9:44 pm

    အောင်မယ်လေးရဲရဲတောက်ဒို့ဗမာတွေ။

  • ba gyi

    February 29, 2012 at 9:39 am

    တစ်သိန်းရှစ်သောင်းလည်းသူတို့လူတွေအကျိုးစီးပါွး။
    ငါးထောင်တန်လည်း၊သူတို့လူတွေအကျိုးစီးပါွး၊
    တို့ပြည်သူတွေက အဲသည်အထဲကမှ ကိုယ့်အတွက်ဘယ်လေက်သက်သာမှာလည်းဆိုတွေးကြရ၊
    ဆူညံပူညံလုပ်ကြရ၊အရင်းပေးဆပ်ကြရ၊
    သည်နိုင်ငံမှာ တို့ပြည်သူတွေရဲ့ဘဝ၊ အဲသည်စံနစ်ဆိုးပျောက်မှအေးချမ်းမှာပဲ။
    ရွှေညဝါ ဆရာတော်ကြီးအတွက်၊ကျုပ်တို့လိုက်ထိုးခိုင်း ခဲ့လိုက်ရတဲ့ပြည်သူ့လက်မှတ်တွေ၊ ထိုးပေးခဲ့တဲ့လက်မှတ်တွေတစ်ပုံကြီးပါဗျာ။
    သူတို့ ပေးချင်ရင်ပေးတယ်၊မပေးချင်မပေးဘူးပဲ။
    ဒါသူတို့အချင်းချက်းကစားကွက်ပေါ်မူတည်တာပဲ၊ပြည်သူတွေကတော့ ရရမရရတောင်းနေရတဲ့ဘဝပါပဲ။
    ပြည်သူဆိုတာမြေဇာပင်လို့သတ်မှတ်ထားသလားဗျာ။
    ညွှန်မှုးကပြောတော့ အလကားပေးမည့်ကုမ္ပဏီတောင်ရှိဆိုတော့၊ပေးမည့်ပေး၊တောင်မည့်တောင်းအဲဒါပဲ
    တောင်ရင်မကောင်းလားလို့ဗျား။

Leave a Reply