တိုင်းပြည်မတူ၊ သရဲတူမရှား

Diamond KeyFebruary 20, 20121min15623

        ကျွန်တော်တို့ ပတ်ဝန်းကျင်က အင်တာနက်သုံးသူတွေ ဆီကနေ တခါတရံမှာ သရဲ၊ ဘာညာတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေ ကြားကြားနေရပါတယ်။

တစ်လောက ကျွန်တော် Facebook စာမျက်နာမှာ တွေ့လိုက်ရတဲ့ သတင်းလေးက တစ်ခြားနိုင်ငံတစ်ခုမှာ ဘုန်းဘုန်းတွေ တရားနာနေတုန်း သရဲမတစ်ဦးလာတာတွေ ဆိုသဗျ။

ဖေါ်ပြထားတဲ့ပုံက အောက်က ပုံပါ။

အဲဒီမှာ မူရင်းဆိုဒ်ကိုပါ လင့်ပေးထားပါတယ်  http://www.thaighoststory.com/read-ghost-tid-5132-page-e.html . ဒါပေမယ့် ကိုယ်က မဖတ်တတ်တော့ ဘာလေလဲပေါ့။

ဒီနေ့ကျွန်တော်တွေ့လိုက်ရတဲ့ Facebook က သတင်းလေးမှာ ဒီလိုတွေ့ရပါတယ်။

 “၂ရ ရက်နေ့ ညနေက မင်္ဂလာဒုံ ဆေးရုံ မှာ ကလေးလေးတစ်ယောက် ခွဲခန်းဝင်တာ ပုံမှန်အတိုင်း OT record အနေနဲ့ သူနာပြုတွေက ဓါတ်ပုံရိုက်ထားတယ် ။ ခွဲစိတ်တာလည်းပြီးတော့ ဓါတ်ပုံတွေကို ပြန်ကြည့်တဲ့ အခါမှာ နောက်ဆုံး operation ပြီးတော့ ကလေးကို ရိုက်ထားတဲ့ ဓါတ်ပုံမှာ ထူးဆန်းစွာနဲ့ ကလေးရဲ့ဘေးမှာ သရဲမ တစ်ယောက်ရဲ့ပုံကို တွေ့လိုက်ရတာပဲ။ သရဲမက အင်္ကျ ီအဖြူရောင်နဲ့ ဆံပင်ကို ဖားလျားချထားတယ် နဖူးမှာလည်း ဒဏ်ရာနဲ့ ။သေသေချာချာ ကြည့်ရင်တွေ့ရလိမ့်မယ်။ အခုတော့ အဲသည် OT မှာပုရိတ် ရွတ်ဖို့ လုပ်နေတယ်။”

သူကလည်း Link လေးပါလာပါတယ်။

http://www.shwemyotaw.com/forum/topics/5442636:Topic:3755642#ixzz1lMjDd5uH

အဲဒီ နှစ်ပုံ ယှဉ်ကြည့်လိုက်တော့ အမယ်… သရဲမလေးက အမွာပူးပဲလား၊ နှစ်နိုင်ငံကူးခွင့် သရဲအင်မီဂရေးရှင်းပတ်စ် ရထားသလားပဲ အတော်တူ သဗျ။

ဒါနဲ့ မဟုတ်သေးပါဘူး ဆိုပြီး စိတ်ဝင်စားမိမှ သိရတာက Android ဖုန်းတွေမှာ သုံးနေတဲ့ Ghost Picture Effect Function လေးသုံးထားတာပါဗျာ။ စမ်းထားတဲ့ ပုံလေးကြည့်ပါ။

ဪ ………….. တိုင်းပြည်မတူ၊ သရဲတူမရှား လေလားလို့ပါ။

23 comments

  • water-melon

    February 20, 2012 at 2:17 pm

    အတုပါကိုစိန်သော့
    software ရှိတယ်အစ်ကို
    နာမည်က Camera360_Free.apk
    ကိုအံလည်းပြောဖူးတယ်
    ဒီတစ်ခါက newversion ပေ့ါနော်
    http://myanmargazette.net/97683/uncategorized-other

  • manawphyulay

    February 20, 2012 at 2:19 pm

    ဟဟဟ သရဲညီမဖြစ်မှာပေါ့ရှင့်။ မွေးပြီးတော့ နိုင်ငံခြားထွက်သွားတဲ့ဆီ တစ်ယောက်ပါသွားတာနေမှာပေါ့။ ခုမှ ပြန်ဆုံတာကော မဖြစ်နိုင်ဘူးလား။ နည်းပညာတိုးတက်ခေတ်မှာ ဒါတွေ ရှိတယ်ဆိုတော့ စဉ်းစားကြဖို့လိုတာပေါ့။ ဒါနဲ့ သရဲဆိုတာ အဲလိုပုံစံလား။ တစ်ခါမှမမြင်ဖူးလို့ ရုပ်ရှင်တွေ တရုတ်ကားတွေတော့ အဲလိုတွေ မြင်ဖူးတယ်။

  • စိန်ပေါက်ပေါက်

    February 20, 2012 at 2:28 pm

    ကန်တော့ပါရဲ့ဗျာ
    ဘယ်သောက်ရူးက ထဂေါက်သလဲ မသိဘူး
    ဘောက်ချာဘဲ..

  • Khaing Khaing

    February 20, 2012 at 2:43 pm

    စာစဖတ်ဖတ်ချင်းတုန်းကတည်းက စိတ်ထဲမှာမယုံချင်ဘူး ကလေးနားမှာပေါ်တယ်ဆိုတော့လည်း ထပ်မယုံချင် ပြန်ဘူး ရုပ်တွေတူနေတယ်လို့ စိတ်ထဲမှာခံစားမိတယ် တင်ထားတဲ့ကိုစိန်သော့ကိုတောင် စိတ်ထဲကြိတ်အပြစ်တင်မိတယ် အောက်ကိုဆက်ဖတ်လိုက်တော့မှ ကျွန်မရင်ထဲရှင်းသွားတယ် ဘယ်အရာမဆို အကျုးိအကြောင်း အဆိုးအကောင်းဆိုတာရှိပါတယ် သူများပြောတိုင်းမယုံတာကောင်းပါတယ် လူဆိုတာသတ္တဝါတွေထက် ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်သာအစစအရာရာသာလို့ “လူ” လို့သတ်မှတ်တာခံရတာပါ ဒါကြောင့်လူပီသအောင် ဘယ်အရာမဆို ကိုစိန်သော့လို အမှားကို အမှန်ဖြစ်အောင် ရှာတွေ့နိုင်ကြပါစေလို့….

    • Diamond Key

      February 20, 2012 at 2:55 pm

      အရောင်ချယ်ထားတာ အောက်ဆုံးအကြောင်းလေးကြောင့် ဟုတ်ဖူးနော်။ :mrgreen:
      အဲဒီရှေ့က ပြောခဲ့တာလေးတွေ အတွက်ပါ။ 😀

  • ဆူး

    February 20, 2012 at 2:50 pm

    ကလုံး လို့ ခေါ်တယ် ဘဘ စိန်သော့ ရဲ့။
    သရဲမှာလည်း ကလုံး ရှိတယ် ကတုံး ရှိတယ်။
    ကတုံး ဆိုတာ စိန်ပေါက်ပေါက် သများ ဘဝ မရောက်ခင် တုန်းက ဒုလ္လဘ ဝတ်ပြီး ထွက်လာတုန်းက ကတုံး နဲ့လေ.. အဲလိုမျိုးပေါ့..။

    • စိန်ပေါက်ပေါက်

      February 20, 2012 at 3:00 pm

      တွမ်
      ကတုံးသရဲဆိုပါကလား..
      ဒါချို
      အပျိုကြီးသရဲကော ရှိလောက်မယ်ထင်တယ်
      😀

  • Harumoto

    February 20, 2012 at 2:58 pm

    ကြံကြံဖန်ဖန်
    များတို့ ကြောက်ပါတယ်ဆို
    သူတို့က သရဲသရဲ နဲ့
    တကထဲ ပြောချင်တော့ဘူး…..

    • စိန်ပေါက်ပေါက်

      February 20, 2012 at 3:05 pm

      ပြောပြီးပြီ ဟုတ်ဘူးလားဟင် 🙄

  • kai

    February 20, 2012 at 3:03 pm

    ဒီဓါတ်ပုံ၂ပုံကို.. လွန်ခဲ့တဲ့..အနှစ် ၃ဝ ကသာ.. လူတယောက်ယောက်ကိုထုတ်ပြလိုက်ရင်.. ရှော့ခ်ရပြီးလဲကျသွားနိုင်တယ်… 🙂

    • ဆူး

      February 20, 2012 at 3:24 pm

      ဘွားဘွား မျက်စိ မှုန်တယ်။ အခုတောင် ကြည့်လိုက်တာ လန့်သွားလို့.. မိုက်ခနဲ ဖြစ်ပြီ ဝေဝေဝါးဝါး နှလုံးခုန်ရပ် အသက်ရှူတာ မမှန် ဗြောင်းဆန် သွားတယ်။ အဲဒါမျိုး ကိုများ ပြောသလား တွေးမိတယ်။ ရှော့ခ် ဆိုတာ ဘာလဲ မြေးရယ် ဘွားဘွား တို့ ခေတ် မြန်မာ စကားမှာ ဒါမျိုး မရှိတော့ နားထွေး ကုန်ပြီ။ စကားကို ရှင်းအောင် ပြောပါ။

      • kai

        February 20, 2012 at 3:58 pm

        အိမ်မှာလျှပ်စစ်မီးလာနေတယ်မဟုတ်လား..
        အဲဒီနားက နံရံပေါက်.. ကြိုးတွေရဲ့အဆုံးမှာ.. အပေါက်ကလေးသုံးပေါက်တွေ့တယ်ဟုတ်…
        အဲဒီအပေါက်ထဲ… သံချောင်းလေး၂ချောင်းထိုးထည့်…
        လက်နဲ့ကိုင်ထားကြည့်လိုက်လေ…

        အဲဒါ.. ရှော့ခ်…. တဲ့..။
        ( ကလေးသူငယ်များ.. မလုပ်ကြည့်ကြပါနှင့်..
        သက်ကြီးမျက်စိမှုန်အဖွားများသာ…) :mrgreen:

        • ဆူး

          February 20, 2012 at 4:50 pm

          အိမ်ပေါ်ကနေ သံချောင်း ကို ခေါ်တာ ဘယ်လိုမှ တက်မလာဘူး။
          အဘွားအော လို့ မခေါ်တော့ဘူး။ သံချောင်း အပေါ်တက်လာမှ သွားကြားထိုးတံ ၂ချောင်းတောင်းပြီး ကိုင်ကြည့်လိုက်မယ်။
          အဟိ..

  • မိုက်ကယ်ဂျော်နီငပွ

    February 20, 2012 at 4:08 pm

    ဟုတ်ဘူးလေ
    ဒီပုံတွေကို တကယ်မသိကြတာလား ဘာလားဗျ
    သူနောက်လို့ကိုယ်ပြန်နောက်နေတယ်ဘဲမှတ်တာ
    အဲ့ဒါ ဂလက်စီ ဖုံးတွေထည်းမှာပါတဲ့ ကင်မရာဖန်ရှင်တစ်ခုလေဗျာ
    တော်သေးတာပေါ့
    အဲ့သည်ပရိုဂရမ်မာက အဲ့သည်ကောင်မရုပ်ထည့်ထားလို့
    ဘိုးတော်ရုပ်များထည့်ထားရင်ခက်ရခြည်ရဲ့

    • ကြက်ဖင် ( အကယ်ဒမီ )

      February 21, 2012 at 1:51 am

      ဟုတ်တယ်လေ ငခြောက်ရဲ့
      ( Android ဖုန်းတွေမှာ သုံးနေတဲ့ Ghost Picture Effect Function လေးသုံးထားတာပါဗျာ။ စမ်းထားတဲ့ ပုံလေးကြည့်ပါ။ )
      ဆိုပြီးသေခြာရေးပြ ရှင်းပြထားတာကို
      ဘာဂလက်စီလဲ
      စောက်ရူး 👿

      • ကြက်ဖင် ( အကယ်ဒမီ )

        February 21, 2012 at 1:52 am

        တတ်ယောင်ဂါး
        ယောင်ခြောက်ဆယ်
        စမ်းတစ်ဝါးဝါး
        ဝါးတားတား
        အူကြောင်ကြောင် ငခြောက်ကို ဝိုင်းဆော်ကြကွာ

      • Kyaw Soe Win

        March 8, 2012 at 9:34 pm

        ကိုကြက်ဖင် ရေ ဂလက်စီ ဆိုတာလဲ Android အမျိုးအစားပါပဲ။သူများကိုနှိမ်ပြောချင် ကိုယ်ဟာကိုနားလည်အောင် အရင်လေ့လာပါဦး။

  • blackchaw

    February 20, 2012 at 5:56 pm

    ကိုစိန်သော့ရဲ့ သူရဲပုံတွေက
    ကြောက်စရာလည်းမကောင်းဘူးဗျာ။ လူဆိုး။ 😆

  • ဟုတ်ပဗျာ။ဖိုတိုရှော့ခ်ပေါ့ဗျာ။နည်းနည်းတော့ စဉ်းစားသွားသေးသဗျ။ဘယ်နှယ့်
    ပရိတ်နာဖို ့လုပ်နေတယ်။ဘာညာဆိုထားသကိုး။ဟွန် ့….ကြောက်ဖူး…..

  • ကြောင်ကြီး

    February 22, 2012 at 10:54 am

    ဂျပန်ဇာတ်ကား တကားကြည့်ဖူးတာ သေသူဝိညာဉ်တွေက နေရာတကာမှာ ရှိတယ်ဗျ၊ ကျမ်းဂန်အလိုတော့ ပြိတ္တာတစ္ဆေတွေပေါ့ဗျာ။ ဇာတ်လိုက်က နေ့ညမရွေး မြင်နေရတော့ သူ့အဖို့ မထူးဆန်းတော့ဘူး။ ဘေးမှာ သရဲကိုမြင်နေလျက်နဲ့ ထမင်းစားမပျက် ရေချိုးမပျက်ဘူး..။ အပြင်သွားလည်း လမ်းပေါ်မှာ ရထားထဲမှာ တွေ့နေရတယ်။ ကျနော်တို့လည်း မမြင်ရလို့သာ….။
    သဂျီးမယုံရင် လကွယ်ည သန်းကောင်ယံအချိန်မှာ အမဲသားအရိုး တပိဿာကို ဖယောင်းတိုင်မီးထွန်းပြီး သရဲခေါ်ကျွေးကြည့်။ ဗီဒီယိုကင်မရာနဲ့ပါ မှတ်တမ်းတင်ထား..။ ကျနော့်အသိတယောက် သူ့ခြံထဲမှာ အဲသလိုလုပ်ထားတာ သရဲက ခွေးယောင်ဆောင် လာစားတဲ့ ဗီဒီယိုမှတ်တမ်းရှိတယ်….။

    • Diamond Key

      February 22, 2012 at 11:20 am

      အဲ ပြိတ္တာတွေလည်း ပုရွက်ဆိတ်တွေလို၊ အခြား အကောင်ပလောက်တွေယောင်ဆောင်ပြီး လာတာလည်း ပါလိမ့်မယ်နော် ကိုကြောင်ကြီးရေ 😛

  • windtalker

    March 8, 2012 at 9:51 pm

    အလို ၊ စုံထောက်ကြီးဦးစိန်ထွား ရဲ ့ထောက်လှမ်းတွေ ့ရှိမှုများပါပေတကား ။ အသိတိုးရပါ၏ ။

Leave a Reply