“ဆင်စီးလို့မြင်းရံ လှည်းယဉ်ပျံနဲ့ကျင်းပတဲ့အလှူတော်”

1 မင်းကွန်းက အလှူတော် ရွှေထီးဆောင်းတဲ့မောင်ရင်လောင်း
2 ပုထိုးတော်ကြီး အဝင် အုတ်ခုံပေါ်ကနေရိုက်ထားတာ
3 ဆင်ကြီးအရှေ့ကဖြတ်ပြေးရင်းရိုက်ထားတာပါ
4 ပုထိုးတော်ကြီးကို နောက်ခံထားပြီး ဆော်ထားတာလေ
5 စေတီအပြည့် နောက်ခံထားတဲ့ပုံ
6 ဆင်ပေါ်က မောင်ရင်လောင်းရွှေထီးဆောင်းမထားပြန်ဘူး
7 မင်းညီမင်းသားအသွင်နဲ့ဝင်းခင်းလာတာလေ
8 ပုထိုးတော်ကို ဦးခိုက်လာတဲ့ မြင်းနဲ့မောင်ရင်လောင်း
9 ရွှာအလှကွမ်းတောင် ပန်းတောင်ကိုင်တွေလေ
10 ဒါကတော့ အနီးကပ် ရွှိုင်းကြည့်တာ လှမလှ .လှဒယ်နော်
11 လှည်းယဉ်ပျံအဖွဲ့
12 လှည်းယဉ်တော် အနီးကပ်အလှ
13နွားခြူသံလေးတောင် နားထဲကြားလာသလိုလို
14 မြင်းပေါ်ကမောင်ရှင်လောင်းလေး
15 ကလေးဆိုတော့ ဟန်မဆောင်ဘူး သူအိပ်ချင်ရင်အိပ်မှာဘဲနော်
16 မေမေသွားရာနောက် တကောက်ကောက်လိုက်မှာဘဲ ချန်ထားခဲနဲ့နော်

“ဆင်စီးလို့မြင်းရံ လှည်းယဉ်ပျံနဲ့ကျင်းပတဲ့အလှူတော်”

 

ကျနော်က စိန်လုတို့ရောက်နေနှင့်တဲ့မင်းကွန်းကိုလိုက်အလာ

ဧရာဝတီမြစ်အလည်ခေါင်လောက်အရောက် စိန်ကအားရဝမ်းသာနဲ့

ဖုန်းဆက်လာပါတယ်။

နားထောင်ရတာ မကြားတစ်ချက်ကြားတစ်ချက်။

မင်းကွန်းမှာအလှူရှိတယ်။

ဆင်းတွေမြင်းတွေနဲ့ဝင်းခင်းပြီးလှည့်မယ် အကြီးအကျယ်ဘဲ။

သုံးနှစ်မှတစ်ကြိမ်လောက်ဒါမျုးိကြုံတယ်ပြောတော့ ဝမ်းသာတာပေါ့။

ပြီးခဲ့တဲ့နှစ်ပါတ်လောက်က စက်မူ့ကပြန်အလာ 78လမ်းပေါ်မှာ

ဆင်နဲ့ အလှူလှည့်လာတာ မြင်တော့ လက်ဆော့ချင်တယ် လမ်းမအလည်မှာဆိုတော့

ဆို်င်ကယ်ရပ်မရတာနဲ့မရိုက်ခဲ့ရတာ ဒီတစ်ခါ အတိုးချလို့ရိုက်ရတော့မယ်ဆိုပြီးစိတ်ဆုံးဖြတ်ထားပါတယ်။

အလှူလှည့်မှာက ဆယ့်တစ်နာရီ။

ကျနော်တို့စက်လှေမင်းကွန်းဆိပ်ကမ်းကပ်ခါနီးတော့ စိန်လုဆီဖုန်းဆက်တော့မကိုင်။

ဆိပ်ကမ်းက ဆင်းဆင်းခြင်း လူအိုရုံအပြင်ထွက်လိုက်တော့ လူတွေတရုန်းရုန်း။

အလှူလှည့်လာပြီတဲ့။

အဲတာနဲ့ပုထိုးတော်ဘက်အပြေးအလွှားသွား။

နည်းနည်လေးမြင့်တဲ့အုတ်ခုံပေါ်တက်လို့ အမြန်နှက်လိုက်တော့ အလှူလှည့်လာတဲ့ပုံအချို့ရ။

အဲဒါနဲ့နေရာရွှေ့။

ပုထိုးတော်ဘုရားအုတ်တံတိုင်းပေါ်တက်ပြီး ဓါတ်ပုံတွေယူရပါတယ်။

ခဏနေတော့ ဆင်လှည့်လာတာတွေ့ပြန်တော့ အုတ်ခုံပေါ်ကနေဆင်း။

ဆင်ကြီးကိုအနီးကပ်ရိုက်။

အဲဒီအချိန် ကျနော်တို့လိုကင်မရာမင်းများ ဆင်နဲု့ပုံကိုအမိအရယူဘို့ကြိုးစား.။

တစ်ချု့ိကဖင်ဘူးတောင်ထောင်။

တစ်ချို့ကမြေဝပ်။

တစ်ချို့ကတစ်စောင်းလှည်း။

တစ်ချို့ကအမြင့်တက်။

တစ်ချို့ကအနီးကပ်။

တကယ်ကိုအားရပါးရ ဆော်ကြနှက်ကြတာပါ။

အဲဒီအထဲမှာ စိန်ပေါက်လု လဲပါသပေါ့။

နောက်တော့မြင်းသည်တော်။

ဝင်းခင်းတဲ့အပျိုတော်။

မြင်းနဲ့လှည့်တဲ့ မောင်ရင်လောင်း။

ပျော်နေတဲ့မောင်ရင်လောင်း။

ထီးတခြားလူတခြားဖြစ်နေတဲ့မောင်ရင်လောင်း။

အိပ်ငိုက်နေတဲ့မောင်ရင်လောင်း။

ထူးခြားတာက အမေမြင်းမကြီးနောက်လိုက်လာတဲ့မြင်းပေါက်စန။

သူ့နောက်မှာလှည်းယဉ်တွေနဲ့ နားသမယ့်ကလေးမတွေ၊

တပျော်တပါးကြီး။

မင်းကွန်းပုထိုးတော်နောက်ခံနဲ့ပုံတွေအများကြီးရလိုက်ပါတယ်။

တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်။

ကိုယ်ဘာသာကိုယ်သာဒါမျိုးရိုက်ချင်ရင်ဘယ်လွယ်ပါမလဲနော်။

အလှူရှင်အလှူအမ တကယ့်ကိုကျေးဇူးတင်မိပါတယ်။.

အလှူလှည့်တာလည်းပြီးရော လူတွေလည်းမောကျန်ရစ်ပါတယ်။.

ဖုတ်တွေသဲတွေပေပွ.။

ပြေးလိုက်လွှားလိုက်ဆိုတော့ချွေးတွေကရွှဲ။

လုလင်မျက်နှာမှာတော့ ဆူးခြစ်ရာနီရဲရဲ။

ကျနော်တို့တကယ့်ကိုသဲသဲမဲမဲရိုက်ခဲ့ကြတာလေ။

ဒီလိုမျုးိဆုံဘို့ကတော့ တစ်သက်တစ်ခါ သေချာလှပါတယ်။

အမှတ်တရ…………………………………………..

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ရလာတဲ့အတွေးပါးပါးလေး။

(21-2-2012)

 

 

25 comments

  • water-melon

    February 23, 2012 at 8:19 am

    ယောက်ျားမှန်ရင် ရှင်ပြုတစ်ခါတော့ပြုဖူးရမယ်လို့ ကြားဖူးတယ်
    ကိုရင်ထပ်ဝတ်ချင်လိုက်တာ
    တော်ပြီ ဒီနှစ်သင်္ကြန်မကဲတော့ဘူး ကိုရင်ဘဲဝတ်တော့မယ်
    လေးပေါက်ရေ
    တစ်ခါတစ်လေတော့လဲ ကလေးဘဝလေးကို ပြန်တမ်းတမိတယ်
    တစ်ခါတစ်လေတော့လဲ စိတ်ထဲမွမ်းကြပ်တဲ့ခါ ဒီလိုပုံလေးတွေမြင်မိတော့ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။
    ကိုယ်တစ်နေ့မိဘဖြစ်တဲ့အခါမှာ ကိုယ့်သားသမီးကို ရှင်ပြုပေးနိုင်အောင် ကြိုးစားရမယ်။

  • Diamond Key

    February 23, 2012 at 9:07 am

    ကိုပေါက်ပုံတွေက ပျော်စရာ မင်းကွန်း ခရီးလေးကို ပြန်တမ်းတမိအောင် လုပ်နေပြန်ပါပြီ။ 😛
    ကဲ … လာလေ့ ၊ သွားလိုက်အုံးမယ် နောက်တစ်ခေါက်။ 😀

  • မိုးမြင့်သူ

    February 23, 2012 at 9:14 am

    ပုံလေးတွေကို ကြည့်လိုက်တော့ ငယ်ငယ်က အကြောင်းလေးတွေ ပေါ်ပေါ်လာပါတယ်
    ရင်ထဲမှာ တစ်မျိုးလေးပဲနော်
    ————————————————————————————————————-
    ကို စိန်သော့လဲ ခုတစ်လော ဘယ်တွေပျောက်နေတာလဲ မသိ
    ပုံတွေ တင်ဦးလေ
    အားပေးနေတယ်နော်…..
    အော် ချစ်ရင်ထူးက ကိုစိန်သော့ကို တွေ့ချင်နေတာ
    mandalaygazettemembers@im.partych.at ကို Google Talk မှာ Add လိုက်ပါနော်…..

    • Diamond Key

      February 23, 2012 at 2:09 pm

      ရွာထဲမှာပဲ ရှိနေပါတယ်ဂျာ။ Add ထားပြီနော်။ 😀

  • FattyCat

    February 23, 2012 at 9:16 am

    ဖရဲက ရှင်ပြုချင်လို့လား ကိုရွှေတိုက်စိုးရှိတယ်…

    • water-melon

      February 23, 2012 at 9:41 am

      အမလေးတော်ပါပြီတော့
      သားသားကြောက်ကြောက်

  • Tin Tin

    February 23, 2012 at 9:56 am

    ပျော်စရာကောင်းတဲ့ ရှင်ပြုပွဲလေးနော်..
    ပုံလေးတွေကြည့်ရလို့ ကျေးှဇူးပဲနော်

  • စိန်ပေါက်ပေါက်

    February 23, 2012 at 11:16 am

    ပေါက်ကြီးရဲ့ ရိုက်ချက်ကွ 😆
    ဗဲဒီးဂွတ်..
    ရန်ကုန်မှာတော့ အဲလိုမြင်ကွင်း သိပ်မမြင်ရတော့ဘူးဗျာ..
    ကားတွေနဲ ့လှည့်တာပဲ တွေ ့တယ်..

    စကားမစပ်..
    ရှင်ပြုချင်တဲ့လူတွေ မောင်ပေနဲ ့ ဆက်သွယ်ပါ

  • မဟာရာဇာ အံစာတုံး

    February 23, 2012 at 12:10 pm

    အနော်တို့ရွာက ရှင်ပြုနဲ့ တူတူပဲ။
    ဟို ဆင်ကြီးနဲ့ မင်းညီမင်းသား ဝတ်စုံတွေ မပါတာဘဲ ရှိတယ် .. ။
    ပြောရင်းနဲ့ ငယ်ငယ်က ရှင်ပြုခဲ့ရတာကို ပြန်ပြီး လွမ်းနေမိပြီ … ။
    ဟော .. အနော့် မျက်လုံးတွေ အဝေးကို ငေးနေမိပြီ … ။
    ရှင်လူထွက်ရင် အဖြေပေးပါ့မယ် ဆိုတဲ့ ကောင်မလေးရေ ……….
    မင်း ဘယ်ဆီမှာ နေနေပါလိမ့်မယ် ….
    ငါ့မှာ အခု အရမ်း မင်းကို လွမ်းနေမိတယ် …………
    အဲဒါ လေးပေါက်ကြောင့် … လေးပေါက်ကြောင့် ………….
    😀 😀

  • မဖြေအားသေးဘူး ကြီးမင်းလေးထောင့်ရေ
    ကောင်မလေး က ခလေးနို့တိုက်နေတုန်းတဲ့………………

  • ကိုပေါက်ရေ ဒီနေ ့ခေတ်မှာ ကျနော်တို ့ဖက်မှာ သိပ်မတွေ ့ရတော့ဘူးဗျာ။
    ကားတွေနဲ ့ဘဲစီတန်ူလှည့်နေတော့တာ။ခုလိုမြင်ရတော့ ကြည်နူးမိတယ်

  • စပ်ဖြဲ

    February 23, 2012 at 1:59 pm

    facebook မှာ တင်မလို. ယူသွားတယ်နော် … 😀 စိတ်ဆိုးနဲ. ….

  • မိုးမြင့်သူ
    သင်ဘယ်သူလဲ ငါဘယ်သူလဲ………………………..
    ယူစေဗျာ
    ကိုစပ်ဖြဲ တစ်ချို့ကတော့ ဖေစ်ဘုတ်မှာတင်ထားပြိးသားနော်
    ုုkopauk mandalay စတော်ဘယ်ရီသီးလေးနဲ့

  • pooch

    February 23, 2012 at 3:49 pm

    ဒီဓာတ်ပုံတွေ မြင်ရင်လေးပေါက်လူလည်လုပ်ပြီး ပုံတွေ လှည့်သွားတာကို သတိရတယ် 👿

  • မယ်ပုရေ
    လူလည်မလုပ်ပါဘူး။
    မျက်စေ့လည် အတွေးလည်အောင်ဘဲလုပ်တာပါဟယ်။
    ရက်ရက်စက်စက်ပြောချက်ကတော့
    တကတဲတော်………………………….

  • mandalarthu

    February 23, 2012 at 10:26 pm

    ဦးပေါက်ေ၇..
    တောအလှူကို မကြာခဏမြင်ဖူးပေမယ် ့အခုလို ဆင်စီးပြီး လှည် ့တာမျိုးကျ ခပ်ရှားရှားဘဲနော်။
    သိပ်မတွေ ့ဘူးလို ့ပါ။ပြီးတော ့ပို ထူးခြားတာက အခု လို မင်းကွန်းပုထိုးတော်ကြီးရှေ ့မှာ ဆိုတော ့..
    မြင်ရတာ သိပ်ကို ကြည်နူးဖို ့ကောင်းတဲ ့တွေ ့ရခဲတဲ ့ မြန်မာ ရိုးရာ ယဉ်ကျေးမှု တခုဘဲနော်။
    တွေ့ ့ရခဲတဲ ့ဓာတ်ပုံကို တင်ပေးတဲ ့ ဦးပေါက်ကို အထူးကျေးဇူးပါနော်။
    ဒီလို ရှားပါးတဲ ့ဓာတ်ပုံတွေ စုစည်းပြီး ဦးပေါက်တော ့ပြပွဲလေးတခုတော ့လုပ်သင ့်ပြီနော်။
    နိုင်ငံခြားသားတွေကို မြန်မာမှုုတွေက ဒီလို ရှိတယ်လု ိ့ ပြပြီး ဂုဏ်ယူသင် ့ပါတယ်ါနော်။
    အနှစ်သက်ဆုံးပုံလေးတွေက ပုံ(၄၊၈၊၁ဝ နဲ ့၁၂)ပါ။ မြန်မာဆန်မှုနဲ ့သဘာဝကျလို ့ပါ။

  • မန္တလာသူရေ
    ကျနော်တို့ နဲ့ဒီအလှူက တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ကံကောင်းလွန်းလို့ရလိုက်တာပါ။
    သူတို့ရွာခံပြောတာလဲ ဒီလို ဆင်နဲ့လှည့်တဲ့အလှူက သုံးနှစ်တစ်ကြိမ်လောက်ဘဲရှိပါသတဲ့။
    အဲဒီနေ့မှ မင်းလုလင်ကို ကိုစိန်သော့က မင်းကွန်းဘက်ကို ပို့ဘို့ချိန်းထားလို်က်တာလေ။
    ဒီပုံတွေက ကိုစိန်သော့ မောင်လုလင်နဲ့ကျနော် သုံးယောက်လုံးမှာရှိပါတယ်။
    အမြင်ခြင်းသာ မတူကြမှာ၊
    တကယ့်ကို ကံကောင်းစွာနဲ့ရလိုက်တာပါ။

  • MaMa

    February 23, 2012 at 10:53 pm

    သမိုင်းတင်မယ့် တကယ့်အမှတ်တရ ပုံလေးတွေပါပဲ။
    ပုံလေးတွေကြည့်ပြီး ကိုယ်တိုင်သွားခဲ့ ရိုက်ခဲ့ရသလိုပဲ ခံစားရတယ်။ 🙂

  • ဦးဦးပါလေရာ

    February 24, 2012 at 10:26 am

    ဒီလို ဆင်နဲ့ မြင်းနဲ့ ဝန်းခင်းပြီး လှူတဲ့ အလှူမျိုးက နောင်ကို တော်တော်ရှားသွားတော့မှာပါ။
    ကုန်ကျစားရိတ်အနေနဲ့ သိန်းရာပိုင်းကတော့ အေးဆေးပဲ…..
    ကျုပ်ကတော့ ရှိဆဲ ချစ်စရာ ပျော်စရာ မြန်မာ့ဓလေ့လေး ကျန်နေစေချင်သေးတာပဲ…

    ဒီအလှူမျိုးက ဘယ်လိုအကျိုးရှိသလဲဆိုတော့
    ပျော် စရာကောင်းတယ်။
    အရမ်းပျော်စရာကောင်းတယ်။
    အလှူရယ်လို့ရည်မှန်းပြီးကတည်းက
    အလှူပြီးလို့ နှစ်ပေါင်းများစွာအထိ
    အလှူရှင်မပြောနဲ့
    မြင်ရ ကြားရ ဝင်ပါရသူတွေအားလုံး
    စကားစပ်မိ တွေးမိတိုင်း ရင်ထဲမှာပျော်လာတတ်တာ……။

    ဒီအလှူမျိုးက သေးလွန်ရင်လဲမကောင်း….. သိပ်မပျော်ရ…. အမှတ်တရမဖြစ်…
    ဥပမာအနေနဲ့ ကျုပ်အမျိုးထဲက လွန်ခဲ့တဲ့နှစ်များစွာတုန်းက အညာမှာ အလှူလုပ်တယ်။
    တတ်နိုင်ရဲ့သားနဲ့ ကပ်စီးကုပ်တော့-
    ရှင်ကလဲ နဲနဲ
    ရဟန်းကလဲ နဲနဲ
    နားသ သတို့သမီးကလဲ နဲနဲ
    ငှားဝတ်တဲ့ အဝတ်အစားတွေကလဲ မွဲမွဲ
    အစီအစဉ်ကလဲ ကျဲကျဲ
    အလှူပြီးကတည်းက စကားကြုံတိုင်း မေးငေါ့အတင်းတုတ်ခံလာရတာ နှစ်လေးဆယ်လောက်ရှိပြီ
    (မှတ်ကရော)

    ဒီအလှူမျိုးက ကြီးလွန်ရင်လဲမကောင်း…
    ဥပမာ ရှင်တရာပြုမယ် ရဟန်း တရာဝတ်မယ်ဆိုရင်
    နာမည်ကြီးချင်လို့ နတ်ပြည်ရောက်ချင်လို့သာ စွတ်လုပ်တာ
    သိပ်လဲပင်ပန်းတယ်။
    အခက်အခဲတွေလဲများတယ်။
    ရှင်လောင်းရဟန်းလောင်းတွေ ထားရမယ့်နေရာ…
    ရှင်ပြုရဟန်းပြုပြီးရင် သီတင်းသုံးရမယ့်နေရာ..
    အို.. ယုတ်စွအဆုံး
    တမနက်ခင်းနဲ့ ကတုံးနှစ်ရာရိတ်ဖို့ကအစ..
    လူနှစ်ရာရေချိုးပြီးသားပုဆိုးတွေလှမ်းဘို့အထိ..
    သတိမထားမိ မတွေးမိမဲ့အခက်အခဲတွေ အများကြီး…။

    ဒါကြောင့် ကုသိုလ်တပဲ ငရဲတပိဿာမဖြစ်ချင်ရင်
    အတွေ့အကြုံရှိသူတွေ တတ်ကျွမ်းသူတွေနဲ့ အကြိမ်ကြိမ်တိုင်ပင်ပြီး
    အလှူရဲ့ဆိုက်ကို ချိန်ဆရ(သင့်)ပါတယ်။

    ကျုပ်လဲ နာမည်ပါရင်စိတ်မဆိုးမယ့် ရွာသူရွာသားတွေစုခေါ်ပြီး
    အညာပြန် အလှူလုပ်ချင်မိပေါ့ ………………………..

  • ကြောင်ကြီး

    February 24, 2012 at 11:16 am

    ဦးပေါက် ဟိုတခါက ဓာတ်ပုံပဟေဠိ ဖွက်တမ်းကစားတာ ဒီအထဲက ယူသုံးထားတယ် မဟုတ်လား..။ ကောင်းပါလေ့ဗျာ..မြန်မာမှုဓလေ့ ဓာတ်ပုံများ ရွာထဲမှတ်တမ်းတင် ကျန်ခဲ့တာပေါ့။ ဆင်ငှားခ အတော်ပေးရမယ် ထင်တယ်နော်..။ ဦးပေါက် တူမကို ကျနော်နဲ့ပေးစားရင် သူ့ကို ဆင်စီးမြင်းရံစေမယ်..။ (ဆင်ဝယ်ပြီး ရှင်လောင်းလိုက် ခိုင်းစားမလို့) :mrgreen:

  • ဆင်တင်တဲ့တူမတော့မရှိဘူး။
    လောလောဆယ် စင်တင်က တူမတော့ရှိတယ်မောင်ကြောင်ကြီးစိတ်ဝင်စားရင်ဆက်ပေးလိုက်မယ်လေ။

  • ကိုပါလေရာရေ
    ဟုတ်တယ်ဗျ ။
    လှူတယ်ဆိုတာ ကိုယ့်ပိုက်ပိုက်နဲ့ကိုယ်သူများအပြောလွတ်အောင်လုပ်နိုင်မှ ရယ်။
    ကျနော်တို့ငယ်ငယ် မတ္တရာက ရန်ကင်းဆိုတဲ့ရွာမှာသွားလှူတာမောင်ရင်လောင်းဆယ်ယောက်ကျော်ကျော်။
    ကျနော်တို့ကတော့ပျော်လို့။.
    လူကြီးတွေမှာတော့လူရောငွေရော ဖတ်ဖတ်မောကျန်ခဲ့တာ.

Leave a Reply