မော်လမြိုင်၊သံလွင်တံတားကြီးနှင့်၊ ဆိပ်ကမ်းအလှမြင်ကွင်း။

                                                                     မော်လမြိုင်ကန္နားမှ စထရင်း ဟိုတယ်ကြီး။

                                                                    သန့်ရှင်း၊သပ်ရပ်သောမော်လမြိုင်ဆိပ်ကမ်းရှုခင်း။

                                                                   နံက်မိုးလင်းပြီဆိုတာနဲ့ မြစ်သံလွင်ထဲ စုန်ဆန်မြောလို့ နေကြပြီ။

ကျိုက်သာလံ ကိုသက်သေပြုကာ ဆိုတဲ့ ကိုသိန်းတန်ကြီးသီချင်းစာသားလေးလို မုတ္တမ၊ သံလွင်၊ အထ္တရံ၊ဂျိုုင်းမြစ်တို့ဆုံရာ မြစ်ဆုံရှုခင်း

ကိုကြည့်ရင်း၊ဘုရားရင်ပြင်မှာ ငြိမ်းချမ်းနေကြသူနှစ်ဦး။

ညနေနေညိုချိန်ကိုစောင့်မျှော်နေတဲ့ မြစ်သံလွင်။

ကျိုက်သာလံဘုရားကြီးရဲ့ရင်ခွင်ထဲမှာ ကျနော်တို့နည်းတူ။နေညိုချိန်ကိုစောင့်မျှော်နေကြသောနိုင်ငံခြားမှ ရွှေဧည့်သည်များ။

သံလွင်မြစ်ထဲ တစ်ညတာအတွက် ရေသောက်ဆင်းခဲ့တဲ့ နေလုံးကလေးပေါ့။

နေခြည်မှာ ရွှေရည်လွှမ်းတဲ့၊ ဆံတော်ရှင် မြတ်သော ကျိုက်သာလံဆံတော်ရှင်စေတီတော်ကြီးကိုကြည်ညိစွာဖူးမျှော်ခဲ့ရပါတယ်။

ကျိုက်သာလံရင်ပြင်ပေါ်မှာပူဇော်ထားသော၊ယိုးဒယားနှီးဘုရားပါ၊ရှေးနှစ်ပေါင်း(243) နှစ်ရှိပြီတဲ့၊ သမိုင်းကြောင်းတစ်ခုအရ၊ယိုးဒယားတွေသည်နယ်မြေအထိသိမ်းပိုက်ခဲ့ပါသတဲ့၊မြန်မာတွေနဲ့စစ်ဆက်တိုက်ရာမှာ မုတ္တမဘက်ကမ်းဘက်မှာအခိုင်အမာပြုထားတဲ့ မြန်မာတွေကိုဘယ်လိုမှ           အနိုင်မရနိုင်လို့၊ ကျိုက်သာလံစေတီတော်တောင်ကုန်းပေါ်မှာ၊ယိုးဒယားတေါကတပ်စွဲကာ၊စစ်ကြေညာသတဲ့၊သူတိုဘက်ကသည်တောင်ပေါ်ဘုရားတည်၊မြန်မာဘက်ကလည်းမုတ္တမတောင်ကုန်းပေါ်ဘုရားတည်၊

မြန်မာတွေဘက်မျ ညတွင်းချင်းအပြီးတည်နိုင်ခဲ့ရင်သူတို့တပ်ဆုတ်ပြန်မယ်ပေါ့၊ အဲဒါဖြတ်ထိုးဉာဏ်ကောင်တဲပမြန်မာတေါ ဘုရားအရင်တည်ပြီးလို့၊ ယိုးဒယားတွေသူတို့ပြည်ကိုအပြီးပြန်ဆုတ် သွားရပါတယ်လို့ ဘုရားဖူး လူကြီးတစ်ဦးမှရှင်းပြဘူးပါကြောင်း။သညိဘုရားကြီးမှ ရောင်ခြည်တော်တွေမကြာမကြာလွှတ်သည်ကိုလည်းဏါတ်ပုံမှတ်တမ်းများအရတွေ့ရပါသည်။

ကျိုက်မရော၊ဘားအံ၊မော်လမြိုင် လမ်းဆုံရာမွန်ပြည်နယ်၏၊သင်္ကေတ။

ကျိုက်မရောသို့၊ နာရီဝက်လောက်သာကားဖြင့်သွားရပြီး၊ကျိုက်မရောမြို့မှ ထူးထူးဆန်းဆန်းနှင့်ကြည်ညိုဘွယ်ရာဘုရားကြီးကိုလည်းဖူးနိုင်သလို၊အထ္တရံမြစ်အလှကိုလည်းတွေ့ရပါတယ်။

ကျိုက်မရော မြို့ကသာယာလှပေသည် ဆိုတဲ့သီချင်းကလေးကိုသတိယစေပါတယ်၊ မြို့အဝင်ထန်းပင်လမ်းကလေးပေါ့။

ကျိုက်မရောမြို့ကိုပတ်ခွေစီးတဲ့၊ မြစ်အထ္တရံအလှ။

ကျိုက်မရောမြို့လယ်မှ ထိုင်လျှက်အပူဇော်ခံသောဗုဒ္ဓရုပ်ပါွးတော်ကြီး။

ဘုရားကြီးရှေ့တွင် ရှင်စောပုဘုရင်မကြီးလှူခဲ့သော မောင်းကြီးတဲ့ဗျား။

ဘုရားကြီးစံကျောင်းအဝမှ ထူးထူးခြားခြားရုပ်လုံးပုံများ။

ကဲပုံနှင့် စာသာဖတ်ကြည့်ပါတော့ဗျား။ ထူးစမ်းထွေလာပါပဲ။

ဒါကတော့၊ဘုရားကြီးနောက်ဘက်ဆရာတော်ကျောင်းမှာတွေ့ရတဲ့၊အမတေဥတွေပါ။တိုင်းမှုးတွေတောင်လာကြည့်ကြတဲ့ပုံတွေတွေ့ရတယ်။

နေ့စဉ်နွားနို့၊ပေါက်ပေါက်တွေတိုက်ရတယ်တဲ့၊ဖန်ခွက်ထဲထည့်၊ဥတွေကိုအဲသည်အထဲနှစ်လိုက်ရင်ခဏကြာတော့ နွားနို့တွေပြောင်ရောတဲ့ဗျား။

ဒါကတော့ဘုရားကြီးရဲ့ ကျောင်းတော်အဆောင် နံရံမှာကပ်ထားတာလေးသဘောကျလို့ပါဗျာ။

အားလုံးကိုလေးစားစွာဖြင့်၊ ဆက်ပါအုန်းမည်။

 

 

 

 

 

 

 

 

 

 

About ba gyi

ba gyi has written 34 post in this Website..