နိုင်ငံတစ်ကာ၏၊မျက်နှာစာပေါ်ရောက်လာသော ငြိမ်းချမ်းရေးရပြီးစ၊တိုင်းရင်းသားနယ်မြေများမှသဘာဝရှုခင်းများ။

ba gyiFebruary 20, 20123min11012

                                                                    မော်လမြိုင်၊သံလွင်တံတားကြီးနှင့်၊ ဆိပ်ကမ်းအလှမြင်ကွင်း။

                                                                     မော်လမြိုင်ကန္နားမှ စထရင်း ဟိုတယ်ကြီး။

                                                                    သန့်ရှင်း၊သပ်ရပ်သောမော်လမြိုင်ဆိပ်ကမ်းရှုခင်း။

                                                                   နံက်မိုးလင်းပြီဆိုတာနဲ့ မြစ်သံလွင်ထဲ စုန်ဆန်မြောလို့ နေကြပြီ။

ကျိုက်သာလံ ကိုသက်သေပြုကာ ဆိုတဲ့ ကိုသိန်းတန်ကြီးသီချင်းစာသားလေးလို မုတ္တမ၊ သံလွင်၊ အထ္တရံ၊ဂျိုုင်းမြစ်တို့ဆုံရာ မြစ်ဆုံရှုခင်း

ကိုကြည့်ရင်း၊ဘုရားရင်ပြင်မှာ ငြိမ်းချမ်းနေကြသူနှစ်ဦး။

ညနေနေညိုချိန်ကိုစောင့်မျှော်နေတဲ့ မြစ်သံလွင်။

ကျိုက်သာလံဘုရားကြီးရဲ့ရင်ခွင်ထဲမှာ ကျနော်တို့နည်းတူ။နေညိုချိန်ကိုစောင့်မျှော်နေကြသောနိုင်ငံခြားမှ ရွှေဧည့်သည်များ။

သံလွင်မြစ်ထဲ တစ်ညတာအတွက် ရေသောက်ဆင်းခဲ့တဲ့ နေလုံးကလေးပေါ့။

နေခြည်မှာ ရွှေရည်လွှမ်းတဲ့၊ ဆံတော်ရှင် မြတ်သော ကျိုက်သာလံဆံတော်ရှင်စေတီတော်ကြီးကိုကြည်ညိစွာဖူးမျှော်ခဲ့ရပါတယ်။

ကျိုက်သာလံရင်ပြင်ပေါ်မှာပူဇော်ထားသော၊ယိုးဒယားနှီးဘုရားပါ၊ရှေးနှစ်ပေါင်း(243) နှစ်ရှိပြီတဲ့၊ သမိုင်းကြောင်းတစ်ခုအရ၊ယိုးဒယားတွေသည်နယ်မြေအထိသိမ်းပိုက်ခဲ့ပါသတဲ့၊မြန်မာတွေနဲ့စစ်ဆက်တိုက်ရာမှာ မုတ္တမဘက်ကမ်းဘက်မှာအခိုင်အမာပြုထားတဲ့ မြန်မာတွေကိုဘယ်လိုမှ           အနိုင်မရနိုင်လို့၊ ကျိုက်သာလံစေတီတော်တောင်ကုန်းပေါ်မှာ၊ယိုးဒယားတေါကတပ်စွဲကာ၊စစ်ကြေညာသတဲ့၊သူတိုဘက်ကသည်တောင်ပေါ်ဘုရားတည်၊မြန်မာဘက်ကလည်းမုတ္တမတောင်ကုန်းပေါ်ဘုရားတည်၊

မြန်မာတွေဘက်မျ ညတွင်းချင်းအပြီးတည်နိုင်ခဲ့ရင်သူတို့တပ်ဆုတ်ပြန်မယ်ပေါ့၊ အဲဒါဖြတ်ထိုးဉာဏ်ကောင်တဲပမြန်မာတေါ ဘုရားအရင်တည်ပြီးလို့၊ ယိုးဒယားတွေသူတို့ပြည်ကိုအပြီးပြန်ဆုတ် သွားရပါတယ်လို့ ဘုရားဖူး လူကြီးတစ်ဦးမှရှင်းပြဘူးပါကြောင်း။သညိဘုရားကြီးမှ ရောင်ခြည်တော်တွေမကြာမကြာလွှတ်သည်ကိုလည်းဏါတ်ပုံမှတ်တမ်းများအရတွေ့ရပါသည်။

ကျိုက်မရော၊ဘားအံ၊မော်လမြိုင် လမ်းဆုံရာမွန်ပြည်နယ်၏၊သင်္ကေတ။

ကျိုက်မရောသို့၊ နာရီဝက်လောက်သာကားဖြင့်သွားရပြီး၊ကျိုက်မရောမြို့မှ ထူးထူးဆန်းဆန်းနှင့်ကြည်ညိုဘွယ်ရာဘုရားကြီးကိုလည်းဖူးနိုင်သလို၊အထ္တရံမြစ်အလှကိုလည်းတွေ့ရပါတယ်။

ကျိုက်မရော မြို့ကသာယာလှပေသည် ဆိုတဲ့သီချင်းကလေးကိုသတိယစေပါတယ်၊ မြို့အဝင်ထန်းပင်လမ်းကလေးပေါ့။

ကျိုက်မရောမြို့ကိုပတ်ခွေစီးတဲ့၊ မြစ်အထ္တရံအလှ။

ကျိုက်မရောမြို့လယ်မှ ထိုင်လျှက်အပူဇော်ခံသောဗုဒ္ဓရုပ်ပါွးတော်ကြီး။

ဘုရားကြီးရှေ့တွင် ရှင်စောပုဘုရင်မကြီးလှူခဲ့သော မောင်းကြီးတဲ့ဗျား။

ဘုရားကြီးစံကျောင်းအဝမှ ထူးထူးခြားခြားရုပ်လုံးပုံများ။

ကဲပုံနှင့် စာသာဖတ်ကြည့်ပါတော့ဗျား။ ထူးစမ်းထွေလာပါပဲ။

ဒါကတော့၊ဘုရားကြီးနောက်ဘက်ဆရာတော်ကျောင်းမှာတွေ့ရတဲ့၊အမတေဥတွေပါ။တိုင်းမှုးတွေတောင်လာကြည့်ကြတဲ့ပုံတွေတွေ့ရတယ်။

နေ့စဉ်နွားနို့၊ပေါက်ပေါက်တွေတိုက်ရတယ်တဲ့၊ဖန်ခွက်ထဲထည့်၊ဥတွေကိုအဲသည်အထဲနှစ်လိုက်ရင်ခဏကြာတော့ နွားနို့တွေပြောင်ရောတဲ့ဗျား။

ဒါကတော့ဘုရားကြီးရဲ့ ကျောင်းတော်အဆောင် နံရံမှာကပ်ထားတာလေးသဘောကျလို့ပါဗျာ။

အားလုံးကိုလေးစားစွာဖြင့်၊ ဆက်ပါအုန်းမည်။

 

 

 

 

 

 

 

 

 

 

12 comments

  • စိန်ပေါက်ပေါက်

    February 20, 2012 at 5:54 pm

    ဘကြီးရေ
    ကြည့်ရတာ အားရပါးရပဲဗျို ့
    အားရပါးရတင်တော့လဲအားရပါးရ ကြည့်ရှုအားပေးရတာပေါ့
    နေဝင်ချိန်ကော..တံတားကော..ထန်းပင်လမ်းကော..အကုန် ဘဲဒီးဂွတ်ဗျာ…
    အားပေးတွားပါတယ်

  • water-melon

    February 20, 2012 at 6:21 pm

    မရောက်ဖူးပါဘူးဆို
    လာချင်အောင်ခေါ်နေသလိုဘဲ
    လာချင်လိုက်တာ မော်လမြိုင်သူတွေလှတယ်ဆိုလို့
    ကမ်းနားက သန့်ရှင်းတယ်နော်
    ဒို့မန်းလေးကမ်းနားကတော့ နေ့ဘက်သွားရင် အရိုက်ခံရလောက်အောင် သပ်ရပ်တာ
    အကုန်လုံးကြိုက်တယ်ဗျို့

  • ကိုရင်မောင်

    February 20, 2012 at 6:31 pm

    ဘကြီးရေ
    ငယ်ငယ်ကရောက်ခဲ့ဘူးတဲ့မော်လမြိုင်ကိုအမှတ်ရမိပါရဲ့
    ဓါတ်ပုံတွေကလဲအရမ်းကောင်း
    အရင်နဲ့မတူး လှပသတ်ရပ်နေပါပေါ့လား
    ကျေးဇူးပါ။။

  • koaung

    February 20, 2012 at 6:45 pm

    ဓတ်ပုံတွေကောင်းတယ်ဗျိုး တံတားကြီးပုံနဲ့ နေဝင်ချိန်ပုံကိုအကြိုက်ဆုံးပါဗျိုး

  • KoNyeinChan

    February 20, 2012 at 6:47 pm

    ဘကြီးရဲ ့မော်လမြိုင်ဓါတ်ပုံကြည့်ပြီး ၁၉၉၆ လောက်က ရောက်ခဲ့တာသတိရသွားတယ်.. နှမဝမ်းကွဲတစ်ယောက်ကျောင်းပြောင်းကိစ္စအတွက် မော်လမြိုင်တက္ကသိုလ်သွားပြီး လုပ်စရာရှိတာတွေလုပ်ပေးလိုက်တာမပြီးသေးလို ့ ကိုယ့်အလုပ်ကို ဖုန်းဆက်အကြောင်းကြားဖို ့ဟာ သူနေတဲ့အဆောင်မှာဖုန်းရှိပေမယ့် မနက် ကိုးနာရီဝန်းကျင်မို ့ဖုန်းအသုံးပြုခွင့်မရလိုက်ဘူး(သူတို ့ပြောပုံက ရန်ကုန် ထီနံပါတ်ကို စောင့်နေတာဖြစ်ပါတယ် တဲ့.. ဪ နှစ်လုံးထီ နှစ်လုံးထီ).. ဒါနဲ ့ဘေးနားက တပ်ထဲသွားအကူအညီတောင်းတော့ ရုံးအုပ်ကြီးက နံပါတ်အပေါက်ကိုသော့ခတ်ထားပါသတဲ့.. သူတို ့ဖုန်းက ဒီဂျစ်တယ် မဟုတ်ဘူး.. ဒိုင်ခွက်နဲ ့လှည့်ရတာ.. ရတယ် ကျနော်စမ်းကြည့်မယ်ဆိုပြီး လက်ကိုင်တင်တဲ့ လီဗာတန်းကို မော့စ်ရိုက်သလို စည်းချက်မှန် စပေ့ခြား ပြီး ခေါ်ခဲ့တာ ရခဲ့ကြောင်းပါ.. 🙂 .. ကိုယ့်ရွာသားတွေလည်း စမ်းကြည့်လို ့ရပါတယ်..

  • kyeemite

    February 21, 2012 at 8:58 am

    ဘကြီးပျောက်ချက်သားကောင်းနေလိုက်တာ..ပေါ်လာတော့လည်းလှလှပပဝေဝေဆာဆာပါလား..
    ပုံတွေအားလုံးဘဲထီးဂွတ်ပါဗျို့…

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 21, 2012 at 10:57 am

    ရမ်းမိုက်တယ်ဗျာ တံတားနားလေးကရှုခင်းအကြိုက်ဆုံးပဲ တောင်ပေါ်သားတွေဆိုတော့
    ရေပြင်ကျယ်ကျယ်မြင်ရင် ပျော်တယ်ဗျ။ လက်ရာကတော့အံ့မခန်းပါပဲ အိုင်ဒီယာကောင်းတယ်။
    ဘကြီးတော်ရေ………….
    ကျွန်တော်တို့လဲ ဘယ်အချိန်လောက်မှာများ လုံးဝစိတ်ချရတဲ့ ငြိမ်းချမ်းရေးကိုရမလဲမသိဘူး။
    လက်နက်ကိုင်အဖွဲ့ငယ်ရှစ်ဖွဲ့တောင်ကျန်သေးသတဲ့ဗျ။ အရပ်ဖက်ကကြားရသတင်းတွေပါ။
    ဒီတစ်နှစ်မှာတော့ သေနတ်သံဗုန်းသံဘာမှမကြားရသေးတော့ တော်သေးတယ်လို့ပြောလို့ရပါတယ်။
    ခါတိုင်းဆိုတစ်နှစ် သုံးခါလောက်တော့ကြားရသဗျာ။
    ဘကြီးတော်တို့ ရာမညသားတွေအားကျတယ်ဗျာ။ အေးအေးချမ်းချမ်းတိုးတိုးတက်တက် သာသာယာယာ။
    ကမော္ဘဇတွေကတော့ကိုယ်ဟာကိုယ်အနိုင်နိုင်ဖြစ်နေတုန်းဗျ ။ ဟိုတလောကတောင်သံတွဲမှာ
    ဝမ်းလျားတွေမှောက်သေးဆိုပဲ အဲဒီလို့လေးစားဖို့ကောင်းတာဗျ။

  • ba gyi

    February 21, 2012 at 12:42 pm

    ကိုပေါက်ဖေါ်ကြီး ဦးဦးဖျားဖျားကိုအားပေးလို့ကျေးဇူးပါခင်ဗျား။
    ကို water -melon နှင့် ကိုရင်မောင် ရေ ဟုတ်ပါသဗျား၊ ကျနော်တွေ့မြင်သမျှ ကန္နားတွေထဲမယ်၊ အသန့် ရှင်း ဆုံးပါပဲ။ဒါပင်မက၊မြို့လည်ခေါင်လမ်းတွေလည်းအလွန်သန့်ရှင်ပါသဗျား။စီမံချက်နှင်လုပ်ထားပုံရပါတယ်။
    နိုင်ငံခြားသားတွေလည်းတစ်ဆတစ်ဆလာလည်ကြပါကြောင်းသတင်းကောင်းပါးပါသဗျို့။
    Koaung ရေ ကျေးဇူးနော်။
    koNyeinChan ခင်ဗျား ယ္ခုတော့ ဖုန်း ဆက်သွယ်ရေးတွေကောင်းနေပါပြီ၊ကမ်းရိုးတမ်း၊စီဒီအမ်အေ ၈၀၀/ ၄၅၀၊ လိုင်းဖုံး၊တွေရနေပါပြီဗျား။ ဂျီ လည်းလိုင်းမိပါကြောင်း။
    ကိုသန်းထဋ်ဦး၊ကို Kyeemite ခင်ဗျား၊အဟောင်းပေမည့်မရိုးနိုင်တဲ့အရာ ဟာ၊သဘာဝရဲပအရသာပါပဲနော့
    ခရီးထွက်ရင်၊ကင်မရာဆောင်တတ်စေရန်၊အားကျစေရန် သင်ပေးတဲ့ ဂဇက်မှ ဓါတ်ပုံဆရာများရဲ့ကျေးဇူး
    ကြီးလှပါတယ်၊ ကျနော် ၆.၀၂.၂၀၁၂ မှ စပြီး၊အလုပ်ကိစ္စနဲ့ ခရီးထွက်ဖြစ်တာ၊၂၀.၀၂.၂၀၁၂ မှပဲရုံးပြန် တက် ပါတယ်ခင်ဗျား။
    ကိုရှမ်းပြည်သားကြီးခင်ဗျား။ အားမငယ်ပါနှင့်နော့် ၊ စိတ်ချရတဲ့ငြိမ်းချမ်းရေးရဘို့အတွက် ကျနော်တို့လည်း ဆုတောင်းနေပါတယ်၊မငြိမ်းချမ်းဘူးလို့သတ်မှတ်ပြီး၊ငြိမ်းချမ်းရေးလုပ်နေသူတွေဟာ၊သူတို့ရင်ထဲမှာ သူတို့
    ပိုင်တယ်ထင်တဲ့အဖွဲ့အစည်းအစွဲ၊လူမျိုးအစွဲဖျောက်တဲ့နေ့၊ ငါတို့လည်းပြည်သူလို့ ပြည်သူ့ရင်ဘတ်နဲ့ သူတို့
    တစ်ထပ်တည်းကျတဲ့နေ့ဟာ ၊ကျနော်တို့အမှန်တစ်ကယ်ငြိမ်းချမ်းတဲ့နေ့ပါပဲ။
    ငြိမ်းချမ်းလာတာနဲ့အမျှ၊ကျနော်တို့ အားလုံးပိုင်ဆိုင်ထားတဲပ ဟောသည်နိုင်ငံကြီးဟာ၊ကဗ္ဘာပေါ်မှာ သဘာ ဝ အလှတွေပြည့်နှက်နေတယ်ဆိုတာ၊ကဗ္ဘာကသိပြီး၊လာလည်ကြမည့်ဖြစ်ခြင်း။နိုင်ငံခြားမှ ဝင်ငွေတွေ ရလိုက်မည့်ဖြစ်ခြင်းပါဗျား။သည့်အတွက်ကျနော်တို့ကြိုတင်ပြီး ရှုခင်းသယံဇာတတွေ ကိုကြော်ငြာနေ တာပါဗျား။
    အားလုံးကိုလေးစားစွာဖြင့်။

  • ရွာစားကျော်

    February 21, 2012 at 2:11 pm

    ကျိုက်သာလံဆံတော်ရှင်စေတီတော်ကြီးကို နေရောင်မှာ ရွှေရောင်လွှမ်းနေပုံရယ်
    မြို့ အဝင် ထန်းပင်လမ်းကလေး ပုံတွေ ကြိုက်တယ်
    အားပေးသွားပါတယ် ဘကြီးရေ

  • MaMa

    February 21, 2012 at 3:16 pm

    ဆန်းသစ်သွက်လက်တဲ့ရေးဟန်နဲ့ စာဖတ်သူ စိတ်ဝင်စားအောင် ရေးပြတာ အင်မတန်လှပပါပေတယ်။
    ထူးထူးဆန်းဆန်း မောင်းကြီး၂လုံး ရွှေတိဂုံစေတီ ရင်ပြင်တော်မှာ တွေ့ခဲ့လို့ ရိုက်လာခဲ့သေးတယ်။
    ခုမှ ကြည့်လိုက်တော့ ရှင်စောပု ဘုရင်မကြီး လှူထားတဲ့ မောင်းနဲ့ ပုံစံတူနေတယ်။
    ကြည့်ချင်ရင် ရွှေတိဂုံစေတီမှာ ရှိဦးမယ်ထင်တယ်။ သွားကြည့်လို့ရတယ်။

  • ba gyi

    February 21, 2012 at 4:32 pm

    ကိုရွာစားကျော်ကြီးခင်မင်ရပါသဗျား။
    Ma Ma ကြီးလည်းအားပေးချီးမြှင့်ပေးလို့ကျေးဇူးပါဗျား၊နောက် အလားတူ မောင်းကြီး တစ်လုံးရွှေတိဂုံဘုရား မှာ ရှိမှန်းမသိခဲ့ပါ၊ ညွှန်ပြပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘုရင်မကြီးရဲ့ပုံစံတူ၊ ထူးခြားထက်သန်တဲ့ ဒါန ကိုမြင်လိုက်မိပါတယ်ခင်ဗျား။
    လေးစားလျှက်။

Leave a Reply