ရောက်ဖူးခဲ့သော အိမ်သာများ (၁)

etoneFebruary 20, 20121min42749

အန်တီပဒုံမ္မာရဲ့ ပဒုံမ္မာဆေးခဲ့သော အိမ်သာများ(၁) ပို့စ်ကို ဖတ်ပြီး ..  ဒီပို့စ်လေးရေးဖို့ အကြံရခဲ့ပါတယ် … ။ ကျွန်မရောက်ဖူးသမျှ အိမ်သာလေးတွေအကြောင်း … တစေ့တစောင်းပြောပြပေးမှာပါ … ။ အရေးကြုံလို့ပဲ ဝင်ရ ဝင်ရ … တမင်သက်သက်ပဲ ဝင်ဝင် .. စိတ်အနှောက်ယှက်မဖြစ်စေဖို့ … သိသမျှလေး .. ပြန်ဖောက်သည်ချပေးလိုက်ပါတယ် … ။

စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ ၊ ကော်ဖီဆိုင်၊ ဘီယာဆိုင်နဲ့ …  ဟိုတယ်တွေကို .. အပေါင်းသင်းတွေနဲ့စားသောက်ရင်းဖြစ်ဖြစ် … ၊ အလုပ်ကိစ္စနဲ့ … စားသောက်ရင်းဖြစ်ဖြစ် ၊ ဧည့်သည်လိုက်ပို့ရတာဖြစ်ဖြစ် … ရောက်သွားခဲ့လျှင် … မစူးစမ်းပဲ မနေနိုင်တာကတော့ .. အိမ်သာပါပဲ .. ။ အဲ့ဒီစပ်စုစိတ်ကြောင့် .. တစ်ခါတစ်လေ ဒုက္ခရောက်ရတာမျိုးလည်း ရှိတယ် … ။

၁) ဓမ္မစေတီလမ်းပေါ်က … coffee circle ဆိုတဲ့ ကော်ဖီဆိုင်လေးကနေ စပြောပါမယ် … ။ ဆိုင်အပြင်ဆင်ကလည်းကောင်းပြီး၊ သောက်စရာအမျိုးမျိုးလည်းရှိကာ ..ကိုယ့်လက်တော့ပ်နဲ့ကိုယ် အင်တာနက်လည်း ဖရီးသုံးလို့ရတဲ့ ဆိုင်လေးပါ … ။ အစာပြေစားဖို့ ..အစားသောက်တွေလည်း … ရနိုင်ပါသေးတယ် .. ဒါပေမယ့်… cold drink လောက်သာ .. အမှာများတဲ့ ဆိုင်လေးပါ ..ဈေးကတော့ … သာမန်ထက်နည်းနည်းများတယ် … ထိုင်ခုံလေးတွေနဲ့ အတွင်းပိုင်းဖွဲ့စည်းပုံက နေရာကြပ်နေပေမယ့် .. မျက်စိပသာဒ ဖြစ်စရာကောင်းအောင် ပြင်ဆင်ထားပါတယ် … ။ season အလိုက် decoration အသုံးဆောင်လေးတွေကို ထူးခြားစွာ ပြင်ဆင်ပြသထားတာ .. မျက်စိပသာဒဖြစ်စရာပါပဲ … ။ ပြောစရာကတော့ .. အိမ်သာပါ … ။ အိမ်သာက တစ်လုံးတည်းရှိပြီး .. စားသောက်ဖို့နေရာနဲ့ နီးကပ်လွန်းနေတာကလည်း စိတ်မနှစ်မြို့ဖွယ်ပါ …. ။ အိမ်သာလေးရဲ့ အပြင်တံခါးကို … ပလတ်စတစ်လိုက်ကာချောင်းတွေနဲ့ လှပစွာပြုလုပ်ထားပြီး .. အတွင်း တံခါးကတော့ … ခိုင်ခံ့တဲ့ပုံစံနဲ့ သပ်သပ်ရပ်ရပ်လေးပါ … တံခါးကိုဖွင့်လိုက်တာနဲ့ … ဘေစင်ကြောက်ပြားပေါ်က … အလှပန်းခြောက်အိုးကြီးကို ခန့်ခန့်ထည်ထည်တွေ့ရမှာပါ … ။ လက်ဆေးဖို့ လုပ်ပေးထားတဲ့ ဘုံဘိုင်လေးက အစ …. သေသေပ်သပ်လေးနဲ့ … သုံးထားတဲ့ အရောင်သွေးနဲ့ ဆပ်ပြာ ၊ ဆပ်ပြာခွက် ဒီဇိုင်လေးတွေကအစ … လှတယ်ပေါ့နော် … ။ မကြိုက်တာက … (ရေပန်းမပါတဲ့ .. ) ဘိုထိုင်ရှိပါလျှက် .. အမျိုးသားများ … မတ်တပ်ပေါက်ဖို့ … ကြွေခွက်လုပ်ထားပေးတာပါ … ။ ကြွေခွက်က အဓိက ပြသနာ မဟုတ်ပေမယ့် … ရေပိုက်တပ်မထားပေးတာက ပြသနာပါ … ကြွေခွက်ထဲကို .. ပရုတ်အခဲတုံးတွေ ရောင်စုံထည့်ထားတယ် … ။ ဘယ်လောက်ပရုတ်သုံးသုံး … သေးနံ့က ရေမလောင်းလျှင် .. ပရုပ်နဲ့နဲ့ပေါင်းတဲ့အခါ .. အန်ထွက်မတတ်အနံ့ပြင်းပါတယ် … ။ တစ်ရှုးတွေတော့ ထားပေးပေမယ့် …. လက်ဆေးဖို့ကလွဲပြီး .. တခြားရေသုံးလို့ မရပါဘူး … ။ လက်ဆေးတဲ့ ရေကလည်း ….  ဒလဟောကျတာမျိုးမဟုတ်ပဲ ..ဘုံဘိုင် အဝက စကာပေါက်လေးတွေကနေ ..ကျလာတဲ့ရေက .. အမြှုပ်လေးတွေလောက်ပါပဲ .. အဲ့ဒီလို ရေကို ချွေတာထားတာ … ။ တစ်ဆိုင်လုံး လုပ်ထားတဲ့ အလှပ ..  ဒီအိမ်သာနဲ့တွေ့မှ … ဂုဏ်နိမ့်သွားသလိုပါပဲ ….. ။

၂) ဦးဝိစာရလမ်းနားက … (M3 ရဲ ့နောက်ဘက်လမ်း )က café jasper ဆိုတဲ့ ဆိုင်လေးအကြောင်းပြောပါမယ် … ဆိုင်လေးကို စဖွင့်ခါစက .. အသိတစ်ယောက်ရှယ်ယာပါတာမို့ ဝန်ထမ်းရရှိရေးတောင် အကူညီပေးခဲ့ဖူးပါတယ် … ။ ဆိုင်လေးစဖွင့်ပြီးနောက်ပိုင်း .. လေးငါးခြောက်ခါ .. ရောက်ခဲ့ဖူးတယ် … ။ အထူးသဖြင့် ဧည့်သည်လိုက်ပို့ရတာ များပါတယ် .. သူငယ်ချင်းတွေနဲ့ တစ်ခါ နှစ်ခါပေါ့ … ။ ကော်ဖီအပြင် ယူရိုပီယမ်အစားသောက်တွေနဲ့ .. ဝိုင် ၊ အရက်မျိုးစုံလည်း ရနိုင်ပါသေးတယ် … အပြင်ဆင်လေးက ခပ်ဆန်းဆန်း .. ခပ်လန်းလန်းလေးပေါ့ … ။ နှစ်ထပ်ဆိုင်လေးပါ .. အောက်ထပ်မှာ … ဂျပန်စတိုင် ခုံလေးတွေလည်း ရှိပြီး … အပေါ်ထပ်မှာတော့ .. ဘော်ဒါ အပေါင်းသင်းတွေနဲ့ ပေါ့ပေါ့ ပါးပါးထိုင်ဖို့ ကြိမ်ထိုးခုံလေးတွေ ချထားပေးပါတယ် .. ကာရာအိုကေခန်း နှစ်ခန်းလည်း ရှိပြီး .. တံခါးနှစ်ထပ်နဲ့ အသံလုံအောင် လုပ်ပေးထားပါတယ် … ။ weekend တွေမှာ စိတ်လွှတ်ကိုယ်လွှတ် … အပမ်းဖြေရင်း … ဝိုင်သောက်လို့ ကောင်းတဲ့ နေရာလေးပါ … ။ အိမ်သာ အပိုင်းကတော့ … အဖြူရောင်ကို ဦးစားပေးထားပြီး .. လင်းလင်းချင်းချင်း ရှိစေပါတယ် … သေသေသပ်သပ် အိမ်သာတစ်ခုဖြစ်ပြီး .. အလှပdecoration ကိုတော့ .. ဦးစားမပေးထားပဲ …. သန့်ရှင်းမှုကိုပဲ ဦးစားပေး ..အလေးထားတာ တွေ့ရပါတယ် …  အနံ့သက်ကင်းစင်ပါတယ် … ။ ဘိုထိုင်အိမ်သာဖြစ်ပြီး …. ရေပန်းတော့ မပေးထားပါဘူး … ။ အိမ်သာရေဆွဲတဲ့ပုံးထဲကို ဆေးအရောင်ခဲ ထည့်ထားတာ …  အဲ့ဒီအိမ်သာထဲမှာ ကျွန်မ သတိစထားမိခဲ့တာပါ …. ။ ဘုံပိုင်က ရေက အဖြူရောင် .. ရေဆွဲလို့ ကျလာတဲ့ရေနဲ့ … ခွက်ထဲမှာ ကျန်ခဲ့တဲ့ရေက ပြာလဲ့လဲ့မို့ .. ဘာကြောင့်များပါလိမ့်လို့ .. အိမ်မှာ ပြန်ပြောမိတော့ .. တုံးလိုက်တာ လွန်ပါရောလို့ … ဝေဖန်ခံရပြန်ရောလေ … ။ ရှောပင်းစင်တာတွေမှာ တွေ့နေကြ .. အရောင်ခဲလေးတွေက … ဘယ်မှာ သုံးသလဲ ဆိုတာ … အခုတော့ .. သိသွားပါပြီ   😀 ခြုံပြောရလျှင် … အိမ်သာက အရမ်းကြီးလှတဲ့ဘက်ဦးမတည်ပေမယ့်… သက်တောင့်သက်သာနဲ့ သပ်ရပ်တယ်လို့ပြောလို့ရပါတယ် … ။

၃) Moon ကော်ဖီဆိုင်လေးတွေ … နေရာအတော်များများတွေ့တတ်ပေမယ့် … သာမန် အိမ်သာ မျိုးပါပဲ … ။ သိပ်ပြီး အထူးဆန်း မပြင်ဆင်ထားသလို … ၊ အနံ့သက်နဲ့ …  သန့်ရှင်းမှုကလည်း သာမန်ပါပဲ … ။ စိတ်ပူရတာကတော့ .. တံခါးတွေပါပဲ …  လက်ကိုင်တွေက … မမြဲတာအပြင် … ၊ တံခါးက .. ဒလက်တွေက … ကိုယ်က အထဲကနေ … အပြင်ကလူကို မြင်နေလို့ … အိမ်သာထဲမှာ ကြာကြာမနေရဲ .. စိတ်မဖြောင့်တဲ့ အဖြစ်မျိုး ကြုံဖူးပါတယ် … ။ တကယ်တမ်းကိုယ်က အပြင်မှာရှိနေလျှင် .. အထဲကို မမြင်နိုင်ပါဘူး …  😛   ထူးထူးခြားခြား အိမ်သာမျိုးတော့မဟုတ်ဘူး …. သို့သော် သူ့လိုဆိုင်နဲ့ … သူ့အိမ်သာနဲ့တော့ .. ဒီလောက်ဆို … မဆိုးဘူးလို့ပြောရမယ် … ။

၄) ဒီတစ်ခါတော့ .. ကန်တော်ကြီးစောင်းက … Signature ဆိုတဲ့ ဆိုင်လေးက အိမ်သာအကြောင်းပြောပါမယ် … ။  ရုပ်ရှင်တွေထဲ ခဏခဏထည့်ရိုက်တဲ့ ဆိုင်လေးပါပဲ … ။ ကော်ဖီအပြင် ၊ အစားသောက်ပါရပါတယ် … ။ ယခုလက်တလော သက်မွန်မြင့် အကယ်ဒမီရတဲ့ အာဒံရယ် ၊ဧဝရယ် ၊ ဒသရယ် ဆိုတဲ့ ကားမှာ .. စိုင်းစိုင်း ဆိုင်ပိုင်ရှင်အနေနဲ့ ရိုက်တဲ့ဆိုင်လေးပါ .. ညနေစောင်း … သွားထိုင်လျှင် ပိုသင့်လျှော်ပါတယ် … ဈေးကတော့ နည်းနည်းကြီးပြီး ..အစားသောက်ဆိုလျှင်လည်း … ကြောင်စာလောက်သာပါပါတယ် .. ကော်ဖီဆိုလည်း …  single ဆိုလျှင် တစ်ငုံစာသာ ရှိပြီး double ဆိုမှ .. နှစ်ငုံစာလောက်သာရှိတယ် ..  အလဘသလာပပြောဖို့တော့ … အေးအေး လူလူရှိတဲ့ နေရာလေးပါ … ။ အိမ်သာကတော့ … လှလှပပ ပြင်စင်ထားပေမယ့် … သန် ့ရှင်းရေး ဝန်ထမ်း အမြဲတစေ စောင့်ကြည့်မနေနိုင်တာကြောင့် .. ရေ အခက်ခဲ တစ်ခါတစ်လေ ရှိတတ်ပါတယ်… အိမ်သာ ထဲ ထွန်းထားတဲ့ မီး မှိန် ပြပြကလည်း … ကျွန်မလို မျက်စိမွဲသူအတွက် .. ခလုတ်တိုက်စရာချည်းပါပဲ … ။ အိမ်သာကတော့ အခန်းအများကြီးမဟုတ်ပဲ … တစ်လုံးစီလုပ်ထားတာပါ … ။ လက်ဆေးတဲ့ ဘေစင်ကိုလှလှပပ လုပ်ထားပေမယ့် … ကော်ဖီ ဆိုင်ကယ်လ်တုန်းကလိုပဲ .. ရေချွေတာသလား မပြောတတ်ဘူး .. လက်ဆေးရတာ အားမရသလိုပါပဲ … ရေဘုံဘိုင်က ကျလာတဲ့ ရေတွေက .. ဒလဟော မဟုတ်ပဲ … ရေပူစီဖောင်း အသွင်နဲ့သာ ကျနေတာမို့ .. စိတ်ထဲ လက်ဆေးရတာ .. မသိုးမသန့် ဖြစ်မိပါတယ် … ။ သန့်ရှင်းရေး ဝန်ထမ်းက ခဏခဏ ဝင်ပြီး .. ရေတွေ ဖိတ်စင်နေတတ်တာကို ဂရုစိုက်ပေးလျှင်တော့ .. သန့်ရှင်းပြီး … လှတပတအိမ်သာလေး ဖြစ်လာမှာပါ … ။ အိမ်သာထဲမှာ .. အပျင်းပြေ … ကြည့်ဖို့ ပန်းချီကားလေးတွေလည်း ချိတ်ပေးထားပါသေးတယ် … ။

၅) ကန်တော်ကြီးစောင်းကပဲ … white rice ဆိုတဲ့ ဆိုင်လေးရဲ့ အိမ်သာ အကြောင်းလေး ဆက်သွားပါဦးမယ် … ။ အဲ့ဒီဆိုင်က တရုတ်စားသောက်ဆိုင်လေးပါ … ဆိုင်ထဲဝင်ရာ လှေခါးလေးတွေကနေ .. အဆင့်ဆင့် တက်ရင်း … အုန်းမုန့်ခွက်လေးတွေနဲ့ ဆီမီးထွန်း … အလှဆင်ထားတဲ့ လှေခါးလေးက စိတ်ကြည်နူးမှုကိုပေးပါတယ် … ။ အပြင်ဆင်ရော .. အစားသောက်ပါကောင်းပြီး .. ညနေစာ စားဖို့ သင့်လျှော်တဲ့ နေရာလေးပါပဲ … ။ အိမ်သာလေးကလည်း .. ဆိုင်နဲ့ လိုက်ဖက်စွာ သေသေသပ်သပ်ပြုလုပ်ပေးထားပြီး …. လက်ကိုင်ပုဝါခြင်းတွေကအစ … မြန်မာမှု အပြင်စင်တွေနဲ့ … ပြုထားတဲ့ အိမ်သာလေးပါပဲ … ။ အနံ့သက်လည်း ကင်းပြီး … သန့်ရှင်း သပ်ရပ်ပါတယ် … ။

၆) ဒီတစ်ခါ ကတော့ … ကန်တော်ကြီးစောင်းကပါပဲ … western park ဆိုင်က အိမ်သာလေးအကြောင်းပြောပါမယ် … ။ ရေကန်ရဲ့ ဘေးမှာ တည်ရှိပြီး … ဆိုင်ရဲ့ ဘေးဘက်အခြမ်းကို မှန် ချပ်ကြီးများနဲ့ အလှဆင်ထားတာမို့ .. မနက်စောစောနဲ့ …. ညနေစောင်းတွေမှာ .. သွားစားသောက်လျှင် .. လန်းဆန်းမှုကိုပေးမယ့် … ပတ်ဝန်းကျင်မျိုးရနိုင်မယ့် ဆိုင်လေးပါပဲ … ။ ဝါးပင်တွေ စိုက်ထားတာကိုလည်း .. တွေ့ရပါတယ် … (ဝါးဆိုတာ .. လူဝင်အောင် အဆောင်လို့လည်း ကြားခဲ့ဖူးတယ် ) 😀 အစားသောက်တွေကလည်း အရသာကောင်းပြီး .. ဈေးသင့်တင့်ပါတယ် … ။ အသုံးဆောင်နဲ့ စားပွဲခင်းတွေက မြင်ရုံနဲ့ သန့်ရှင်းမှုကို ဦးစားပေးထားကြောင်း သိသာ စေပါတယ် … ။ အိမ်သာထဲကိုဝင်ပြီး လေ့လာမယ်ဆိုလျှင်ဖြင့် … မီးမှိန်မှိန်ပြပြနဲ့ ….  အခန်းတွဲတွေ အများကြီးပါတဲ့ အိမ်သာကို မြင်ရမှာပါ … ။ မီးလေး မှိတ်တုတ်တုတ်ဖြစ်နေပေမယ့် … မှန်တွေရဲ့ အလင်းနဲ့ ..ကိုယ့်ရုပ်ကိုယ်ကြည့်လျှင် လှသယောင်ယောင်ထင်ရတဲ့ အိမ်သာမျိုးပါပဲ .. ရေကအစ … ဒလဟော ပေးထားပြီး .. သန့်ရှင်းခြောက်သွေ့တဲ့ ခပ်မှိန်မှိန် အိမ်သာလေးပါပဲ … ။

၇) western park ဆိုလို့ …. ကမ်းနားလမ်းပေါ်က … နံပါတ်တူးဆိုင်က အိမ်သာလေးအကြောင်းပြောပြပေးပါဦးမယ် … ။ အဲ့ဒီဆိုင်က ခန်းမအကြယ်ကြီးရှိပြီး .. ရွှေဝါရောင် တဖြတ်ဖြတ် လက်နေတဲ့ … အတွင်းမျက်နှာကျက် အဝိုင်းကြီးကတော့ ကျွန်မ သဘောအကျဆုံးပေါ့ … ။ အစားသောက်အနေနဲ့ … ဈေးနည်းနည်းကြီးပါတယ် … ဘဲကင်ကတော့ … အဓိက ဟင်းလျာပေါ့ …။ ငါးပေါင်းကို သံပရာသီးနဲ့ဆို .. အရမ်းစားလို့ကောင်းပါတယ် … ။ အိမ်သာအနေနဲ့တော့ .. သိပ်အကောင်းကြီးမဟုတ်ပေမယ့် .. သန့်ရှင်း သပ်ရပ်ပါတယ် … ။ ရေလည်း ပေါပေါများများရှိပေမယ့် .. သုံးထားတဲ့ .. လက်ဆေးဂျယ်လ်တွေကတော့ .. အလှပမပါပဲ ..သာမန် သူလို ကိုယ်လို … အိမ်မျိုးလိုပါပဲ … စားသောက်ဆိုင်နဲ့ … အိမ်သာ နိုင်လျှင်လျှင်တောင် သိပ်မလိုက်ဖက်သလို ခံစားမိပါတယ် … ဒီလို စားသောက်ဆိုင်မျိုးအတွက် … ဒီထက်ပို လှပတဲ့ .. အိမ်သာ ၊ သန့်ရှင်းတဲ့ အိမ်သာမျိုး .. အပြင်ဆင်ကောင်းတဲ့ အိမ်သာမျိုး ရှိသင့်တယ် လို့ ထင်ပါတယ် … ။ သန့်ရှင်းရေး ဝန်ထမ်းကတော့ … အိမ်သာရှေ့မှာ .. တစ်ခါ တစ်ရံတွေ့တတ်ပါတယ် … ။  western park I ကတော့သခင်မြ ပန်းခြံထောင့်မှာ ရှိပါတယ် … ။ မင်္ဂလာဆောင် အနေနဲ့ … ရောက်ခဲ့ဖူးပြီး .. အိမ်သာက … နံပါတ် ၂ထက်တော့ သာပါသေးတယ် … ။

၈) ဒီတစ်ခါ .. နာနတ်တောလမ်းက … ရွှေကောင်း ဟော့ပေါ့ ဆိုင်က အိမ်သာလေးအကြောင်း ပြောပါမယ် .. အသင်းဖွဲ့နဲ့ပဲ ဖြစ်ဖြစ် … မိသားစုနဲ့ပဲ ဖြစ်ဖြစ် ဟော့ပေါ့ .. စားလျှင် …အဆင်ပြေမယ့်နေရာလေးပါ .. အိမ်သာလေးကိုဝင်မယ်ဆို .. ဘေစင်တွေနဲက မှန်ပြားကြီးတစ်ခုကို အရင်မြင်ရမှာပါ . .ပြီးမှ ယောကျာ်းမိန်းမခွဲထားတဲ့ အိမ်သာကို တွေ့ရမှာပါ…. အိမ်သာ အလုံးရေများပြီး … ရေကိုလည်း ဒလဟော ပေးသုံးထားပါတယ် … ။ လက်အခြောက်ခံစက်လေးတွေလည်း တပ်ထားပေးပြီး .. လက်ဆေးဖို့ ဆပ်ပြာဂျယ်လေးတွေကို … အနံ့မွှေးတာလေး ရွေးသုံးပေးပါတယ် … အိမ်သာထဲထက် .. အပြင်မှန်ရှေ့မှာ အလင်း ပိုရပြီး … လွတ်လွတ်လပ်လပ်မှန်ကြည့်လို့တော့မကောင်းပါဘူး ..ယောကျာ်းလေးရော မိန်းကလေးပါ .. လက်ဆေးလျှင် ဒီဘေစင်ကပဲ လာဆေးရမှာ မို့ပါ … ။ တစ်ခုမကောင်းတာက .. သန့်ရှင်းရေးဝန်ထမ်းတွေ … အချိန်အတော်ကြာမှ သန့်ရှင်းရေးဝင်လုပ်ကြတာပါ .. ဟော့ပေါ့လို အစာမျိုးက .. များများ စားတတ်ကြတယ် .. အဲ့ဒီအချိန် အရက်ထပ်သောက်လျှင် .. ဥဩဆွဲရော … ။ တစ်ခါတစ်လေ (တစ်ခါတစ်လေသာ ပြောတာ … အကြိမ်မနည်းတော့ဘူး .. ) ဘေစင်မှာ အန်ဖတ်ပရပွကို .. မဆေးကြောပဲ ဒီတိုင်းမြင်ခဲ့ဖူးပါတယ် … ။ သန့်ရှင်းရေး ဝန်ထမ်းရဲ့ စောင့်ကြည့်မှု အားနည်းလို့ … အန်ဖက်တွေနဲ့ .. .. အိမ်သာတစ်ခု အကျည်းတန်လို့နေပါတယ် … ။

၉ ) ဒီတစ်ခါကတော့ .. ဓမ္မစေတီလမ်းကပဲ   ONYX ဆိုတဲ့ ဆိုင်လေးရဲ့ အိမ်သာ အကြောင်း နည်းနည်း ဖွပါမယ် … ။ ဆိုင်လေးက ဈေးနှုန်းသင့်ပြီး .. .ရိုမန်တစ်ဆန်ပါတယ် … အစားသောက်ကတော့ .. ကျွန်မတို့ပါးစပ်နဲ့ပေါ့တယ်ဆိုရမယ် … ။ နိုင်ငံခြားသားတွေတော့ကြိုက်ကြတယ် … ။ မီးတွေ သိပ်မလင်းပေမယ့် … ထိုင်လို့တော့ကောင်းသား … ။ အိမ်သာကိုပြုလုပ်ပုံဆန်းပါတယ် … ပုလင်း အ ညိုကြီးတွေကို အင်္ဂတေနဲ့ မံပြီး .. အိမ်သာ နံရံပတ်လည် လုပ်ထားလို့ပါပဲ … ။ အိမ်သာ ဂျက်ကလည်း .. သိပ်မကောင်းတဲ့ အပြင် …. မီးကလည်း မှိန်တာကြောင့် … သရဲကားထဲ လမ်းလျှောက်နေရတဲ့ ဖီလင်မျိုးပေးစွမ်းတဲ့အိမ်သာမျိုးပါပဲ .. ဒါ့ပြင် .. ဘိုထိုင်ပေါ် ဘယ်လို စည်းမရှိကမ်းမရှိတွေ .. ရေလောင်းသွားမှန်း မသိပဲ .. အမြဲ ရေစိုနေတတ်တဲ့ .. စိုစွပ်စွပ် မှောင်တောင်တောင် အိမ်သာ အမျိုးစားပါပဲ … ။ တံခါး ပွင့်သွားမှာကိုတော့ .. အရမ်းကြောက်မိတယ် …  တစ်ခါတစ်လေ မှောင်လွန်းလို့ တံခါးဂျက်မရှိတာလား ၊ ပြုတ်နေသလား မသိပဲ … ကြိုးကို အသားကုန်ဆွဲထားပြီး ကိစ္စမြန်မြန်ရှင်းရပါတယ် … ။

 

၁၀) le`planture (စာလုံးပေါင်း မမှတ်မိ) ဆိုတဲ့ ဆိုင်လေးကတော့ … ကမာ္ဘအေးစေတီလမ်း မှာရှိပါတယ် … ။ golden hill တာဝါနားမှာပါ … ။ လိုကယ်တွေသိပ်မသွားပဲ .. နိုင်ငံခြားသားအချို့ တစ်လေ သွားကြတဲ့နေရာလေးပါ … ။ စားသောက်ဆိုင်အပြင် … ဘားလေးကိုလည်း ဆန်းသစ်လှပစွာ ဖွင့်ထားပါတယ် … ။ ရှေးဟောင်းတိုက်လို … အိမ်ကြီးမှာ မြက်ခင်းပြင်အပါဝင် အပေါ်ထပ် အောက်ထပ်ကို … ရှေးဟောင်းလက်ရာတွေနဲ့ရော .. ခေတ်မှီအပြင်ဆင်နဲ့ပါ ပေါင်းစပ်ဖွဲ့စည်းထားပါတယ် … ဈေးကတော့ .. ကြီးပါတယ် … ။ ဘားကို … ဒီဇိုင်းဖော်သူကတော့ … ပြင်သစ်လူမျိုးဖြစ်တယ်လို့လည်း သိရပြီး .. မြန်မာ့လက်ရာအနုပညာပစ္စည်း အချို့ကိုလည်း .. ဝယ်ယူနိုင်ပါသေးတယ် .. အိမ်သာကတော့ … classic ဆန်ဆန် ဖွဲ့စည်းထားပြီး … သန့်ရှင်းနေပါတယ် … ။ စိတ်ထဲမှာတော့ .. သူ့အရောင်နဲ့ သုံးထားတဲ့ အသုံးဆောင်တွေက မြန်မာဆန်နေတာကြောင့် .. သိပ်ပြီး စိတ်ကျေနပ်မှု မရှိတဲ့ အိမ်သာမျိုးပါပဲ .. ခြုံငုံပြောရလျှင်တော့ .. သူ့ဆိုင်နဲ့ သူ့အိမ်သာ စတိုင် လိုက်ဖက်ပါတယ် … ။ လက်သုတ်ပုဝါထည့်ဖို့ ကြိမ်ခြင်းတွေကအစ … မြန်မာ့ဒီဇိုင်းစစ်စစ်ချည်းပါပဲ … ။ ဗဟုသုတအနေနဲ့ … နာဂစ်တုန်းကလဲသွားတဲ့ သစ်ပင်တွေရဲ့ အကိုင်းခတ်ဖြတ်ပိုင်းတွေနဲ့ … decoration အမျိုးမျိုးဖော်ထားတာကတော့ အံ့မခန်းပါပဲ .. ။ အဖြူရောင် စပယ်ရှယ်အခန်းဟာဆိုလျှင်ဖြင့် မွေးနေ့ပွဲတွေ ၊ အထူးပွဲတွေအတွက်သီးသန့်ခန်းဖြစ်ပြီး .. လိုက်ကာ မီးလုုံးကအစ .. အခြား အသုံးဆောင်တွေအားလုံး … အဖြူရောင် ၊ ကမာရောင်တွေနဲ့ ပုလဲရောင်တွေချည်းသုံးထားလို့ .. ကြည့်ရတာ မျက်စိပသာဒခံစားရပါတယ် … ။ ၎င်းတို့ရဲ့ .. မြေအောက်ထပ်… ဝိုင်များ ထားသိုရာ အခန်းကိုလည်း … အပေါက်ဝကနေ .. စပ်စုခဲ့ဖူးပါတယ် … ။ အိမ်သာကတော့.. အရမ်းကို မြန်မာ ဆန်လွန်းနေတာ ..တ စ်ခုတော့ ဘဝင်မကျဘူး … မှိုင်းနေသရောင်ရောင်လေ … ။

 

ဆက်ပါဦးမယ် …..

49 comments

  • စိန်ပေါက်ပေါက်

    February 20, 2012 at 4:35 pm

    ဟောင်မြတ်လေး..
    များကြီး သုတေသန လုပ်ထားတာပါကလား ကိုကိုတုံရဲ့
    ကောင်းပါလေ့ဗျာ…
    ကဲ
    စားသုံးသူများ..အဲလေ..ပါပေါက်သူများခင်ဗျား
    ပရိတ်သတ်ကြီးမြင်တဲ့အတိုင်ပါပဲ..
    ခုဆို…
    မိမိတို ့ရဲ့ အီအီး ရှူရှူးတွေကို ဘယ်ဆိုင်မှာထုတ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သိသွားကြပြီမို ့…
    ပေါက်ပါဆေး ကဏ္ဍကို ခေတ္တရပ်နားခွင့်ပြုပါဦးခင်ဗျား

    မှောင်နောင်းမှောင်းနောင် မှောင်နောင်းမှောင်းနောင် ဂျိန်.ဂျိန်.ဂျိန်

    • etone

      February 20, 2012 at 4:47 pm

      ဒေါ်စိန်ပေါက်ရေ … အပိုင်းနှစ်တေ ွ… သုံးတွေ လာဦးမယ် .. ဖွချင်နေတာ ကြာပေါ့ … တသက်တာ .. အိမ်သာလေ့လာခြင်းအကြောင်းလေးတွေ ….ဟဲဟဲ …

  • pooch

    February 20, 2012 at 4:56 pm

    တုန်တုန်ရေ မျှော်နေမယ် ဆက်ရန်တွေ ။ တော်တော်လေး စုံစုံလင်လင်ကို ရေးထားတာပဲ။ တော်တော်များများ မရောက်ဖူးလို့ ဗဟုသုတပေါ့။

  • kai

    February 20, 2012 at 4:58 pm

    တော်တော်ကို.. ဆန်းပြားတော်မူတဲ့..အတွေးအရေးပါပဲ…
    စတစ်ခ်ပေးထားလိုက်တယ်…
    အင်း…
    အံ့ဖွယ်သုတ….။

  • K@oru

    February 20, 2012 at 5:05 pm

    အိခ်. …..
    အဟောင်းဒွေ အသစ် ဖစ်တွားဘီ ..

    ရင်ထဲမကောင်းတော့ ….

    အော် …..
    အိသဒ္ဒါမိုး ရယ်. …….အာ ..အဲ့ဒါကိုရင်စည့်ရည်းစားဟောင်းဂျီးကို…

    ….., …. , … , …. & ……. ရယ်…

    :'(

  • ငပွကြီး

    February 20, 2012 at 5:09 pm

    နေရာတော်တော်များများရောက်ဖူးပါတယ် အိမ်သာတော်တော်များများလဲတက်ခဲ့ဖူးပါတယ်
    ဒါပေမယ့် ဒီလောက်တော့လေ့လာမူမရှိခဲ့ဘူး ချီးကြူးပါတယ်..
    မှတ်မိတဲ့အိမ်သာလေးတခုတော့ ရှယ်လိုက်ဦးမယ်
    ကျိုက္ခမီရေလယ်ဖုရားပေါ်ကအိမ်သာလေးပါ..
    အိမ်သာကျင်းမလိုဘူး -ျီးတုံးက ထွက်လိုက်တာနဲ့ဟိုးးးးအောက်ကကျောက်ဆောင်ပေါ်ကို ဝှီးးးးးးးးဆိုပြီးတော့ဆင်းသွားလိုက်တာ အောက်လဲရောက်ရော အေးချမ်းမေ ဖြစ်သွားရော..
    အဲဒါကိုစည်ပင်ကလိူင်းလုံးတွေက ဝုံးကနဲလာရိုက်ပြီးသိမ်းသွားတယ် ဘာအနံမှမကျန်စေရဘူး..
    အဲဒီလောက်သန့်တာ..
    သွားရတဲ့လူကလဲ အပေါက်ကတိုက်တဲ့ ပင်လယ်လေ တဟူးဟူးက ဟိုဒင်းကိုလာတိုးနေတာ ဇိမ်ဘဲ…
    ဒါပေမယ့် အိမ်သာမှာရေမရှိဘူး (လောင်းချစရာမှမလိုတာလေ)
    သန့်ရှင်းရေးလုပ်တော့ စက္ကူနဲ့ပေါ့…
    အဲဒီမှာပြဿနာက စက္ကူကအသုံးမဝင်တော့ဘူး အကုန်ခြောက်သွားပြီလေ လေတအားတိုက်တာကိုး သွားရော….ဒီအတိုင်းပြန်ခဲ့ရတယ်…ဟီးးးးး ဘယ်သူသိတာမှတ်လို့….

  • ဆူး

    February 20, 2012 at 5:12 pm

    စားသောက်ဆိုင်တိုင်း အိမ်သာ မဝင်ဖြစ်တာတော့ အမှန်ပဲ..
    လေ့လာအားနည်းတာလည်း ပါမှာပေါ့။
    ဆက်ရေးပါအုန်း အားပေးနေတယ်။

  • blackchaw

    February 20, 2012 at 5:23 pm

    ဒီလောက် မှတ်မိတာ အံ့ဩစရာပဲ အီးတုန်းမရေ။
    ဆက်လာဦးမယ့် အိမ်သာလေးတွေအကြောင်း စောင့်ဖတ်မယ်ဗျာ။

    • etone

      February 21, 2012 at 1:24 pm

      အစ်မပုချ်ရေ ..ဆက်ရန်လေးတွေလည်း ..ကျန်ပါသေးတယ် … အပိုင်း၂ နဲ့ပဲ ဆုံးမလား .. ၃ထိကူးလျှင်ကောင်းမလား ..တွေးနေတုန်းမို့လေ …. ။

      ဗျို ့သဂျီး … ဟီးဟီး …ဆန်းတယ်တဲ့လား … တမင်ဆန်းအောင်ရေးတာတော့မဟုတ်ဘူး … ဆိုင်တွေရောက်တိုင်း မဖြစ်မနေ ဝင်စပ်စုမိတဲ့ အိမ်သာတွေအကြောင်း .. အန်တီပဒုံမ္မာ့ပို့စ်ကနေ ..အကြံရလာလို့ .. ထရေးလိုက်တာ … ညစ်ပတ်တဲ့ ဆိုင်ရောက်သွားလျှင် ..အိမ်သာသွားခြင်းမှ ရှောင်နိုင်အောင်ရယ် .. တချို့အစားသောက်ကောင်းပြီး .. ထိုင်ပွားလို့ကောင်းတဲ့ ဆိုင်လေးတွေအကြောင်းပါ သိစေချင်တာရယ်ကြောင့် .. နည်းနည်းဖွမိပါတယ် … ။

      မဂီ ရဲ့ ..လျှောက်လည်ဖူးတဲ့ နေရာတွေကို အမှတ်ရစေမိတဲ့အတွက် ဆောရီးပါ ..ဟီးဟီး … 😀

      ငပွကြီးရေ …..လေအဲ့လောက်တိုက်တဲ့နေရာကြီး …. အိမ်သာထဲဝင်နေတုန်း …လေဖြတ်သွားမှဖြင့်ကျော်မကောင်း ကြားမကောင်း .. ဟိဟိ … ။ ပြောမယ့်သာပြောတာ.. အိမ်သာတက်ရင်းလေဖြတ်တာတော့ မကြားဖူးပေမယ့်… အိမ်သာထဲမှာ မေ့လဲတာတော့ ခဏခဏပါပဲ … ဒူးခေါင်းအောက်ကွေးထိုင်ရတဲ့အိမ်သာမျိုးမှာ .. ချက်ချင်း မတ်တပ်ထရပ်မယ်ဆိုလျှင် ..သွေးတွေ ဖိထားရာက ဒလဟော ဦးနှောက်ကို စောင့်တက်ပြီး .. မူးမေ့လဲတတ်ပါသတဲ့ .. ဟုတ်မဟုတ်တော့ သေချာမသိဘူး .. နောက်တစ်ခါ အိမ်သာဝင်လို့ ခြေထောက်ချိုးထိုင်ရတဲ့ သာမန်အိမ်သာတွေဆို … ထခါနီးခြေထောက်တစ်ချောင်းဆီရှေ့ဆန့်ပြီး .. ထိုင်လျှက်နဲ့ .. အင်္ဂလိပ်ကြက်ဖ၊ ဘိုကြက်ဖ လုပ်ဆော့လိုက် …ဟီးဟီး … အကြံပေးတာ … အိမ်သာခွက်တွင်းထဲ ဖင်ထိုင်လျှက်လဲလျှင်တော့ …. ကိုယ့်ကံနဲ့ကိုယ်နော် 😆

      အစ်မဆူးရေ…. အိမ်သာ လေ့လာရေးခရီးထွက်ခြင်းပေါ့ ..ဟဲဟဲ … အလကားနောက်တာ .. တကယ်တော့ လေ့လာတယ်ဆိုတာ .. ကြားအောင်အောင်ပြောတာ .. စပ်စုတယ်ဆိုမှ ပိုမှန်တယ် .. 😀

      ဦးချောကလက်ကြီးရေ … အိမ်သာဆိုတာ ..အညစ်ကြေးစွန့်ဖို့လို့သာ အရင်က သိထားပြီး ..မဖြစ်မနေအခြေမျိုးသာ အိမ်သာ ဝင်တတ်ပေမယ့် ..နောက်ပိုင်း … အိမ်သာဝင်ရင်း … အိမ်သာလေးတွေကိုပါ .. decoration တစ်ခုအနေနဲ့ ပြင်ဆင်လာတာလေးတွေ ရှိတာကြောင့် သဘောကျပြီး …..နောက်ပိုင်း ရောက်တဲ့နေရာ… အိမ်သာထဲရောက်ဖူးအောင် ဝင်ကြည့်ဖြစ်တာပါပဲ .. သူများအိမ်သွားလည်လျှင်တော့ … အိမ်သာ မဝင်ပါဘူး .. ဟဲဟဲ .. အိမ်လည်ခေါ်မယ့်သူတွေ ..လန့်သွားမှာ စိုးလို့ .. 😛

  • Uncle Lay

    February 20, 2012 at 5:30 pm

    စောင့်မျှော်နေပါမယ်…။
    တရုတ်ပြည်( ရွှေလီ ) ဘက်က အိမ်သာတွေ အကြောင်းတော့ ပါလောက်ပါဘူးနော်…။

  • koaung

    February 20, 2012 at 5:35 pm

    ္ပအတိအကျ ပါလားဗျိုး*ဆိုင်ရှင်တွေမျက်ခုံးလှုက်ကုန်ပြီ (ပြင်ကြဟေ့ပြင်ကြ မကောင်းတာ)

  • Thel Nu Aye

    February 20, 2012 at 5:37 pm

    ဒီတခါရောက်မှဆိုင်တွေကအိမ်သာတွေသတိထားကြည့်လိုက်အုံးမယ်။ စားသောက်ဆိုင်သွားရင်တခါမှ အိမ်သာမသွားမိဘူး။ ဒီတခါတော့အိတုန်ရယ်၊အန်တီပဒုမ္မာရယ်ကြောင့်မဖြစ်မနေသွားရတော့မယ်။

  • water-melon

    February 20, 2012 at 6:04 pm

    အမလေး အစ်မကြီးက အိမ်သာသုတေသနလုပ်တဲ့ ပါရောဘက်ဇာကြီးပါလား
    အနော်တို့ရွာလည်ခေါင်က သူကြီးအိမ်သာကြီးကိုလည်း ပြင်နည်းဆင်နည်းပြောပြပါအုန်း
    ခင်တဲ့ မဖရဲ(အိမ်သာကော်ပိုရေးရှင်း)

  • မိုက်ကယ်ဂျော်နီငပွ

    February 20, 2012 at 6:36 pm

    ဟုတ်ကဲ့ပါခင်ဗျ
    ဒါကတော့ အိမ်သာရေးရာ ဒေါက်တာဘွဲ့ရရှိထားတဲ့
    ဒေါက်တာအီးတုံး ရဲ့ မြန်မာ့အိမ်သာအကြောင်းတစ်စေ့တစ်စောင်း ဆိုပြီးထွက်ရှိလာမယ့်
    စာမျက်နှာ ခြောက်ရာပါ စာအုပ်ထူကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်ခင်ဗျ

  • kotun winlatt

    February 20, 2012 at 7:00 pm

    ဟိုက်…..သုတေသီမကြီးးပါလားးးနော်…
    ရွာက အိမ်သာတွေအကြောင်းးးး
    သတင်းးပေးးလိုက်ဦးးးမှပဲ….။

  • AYAN KHA

    February 20, 2012 at 7:10 pm

    ဒီပိုစ့်လေး တော်တော်သဘောကျတယ်ဗျာ……
    ကျွန်တော့် ဆရာကြီးတစ်ယောက်ပြောဖူးတာကိုလည်း သွားသတိရမိပါတယ်…..
    Research ဆိုတာ Laboratory အခန်းကြီးထဲမှာ ထိုင်ပြီးလုပ်နေမှာ Research မဟုတ်ဘူးတဲ့ဗျာ…..
    ဒီ အိမ်သာ ပိုစ့်ဟာ ရုတ်တရက်ဆို ဟာသလိုလိုနဲ့ တကယ်တော့ လူတစ်ယောက်ရဲ့ သတိပြုမူ လေ့လာထားခဲ့တာကို အသိအမှတ်ပြုရမယ့်ဟာတစ်ခုလို့ ယူဆမိပါတယ်…..
    ကျွန်တော့်အနေနဲ့ အိမ်သာနဲ့ပတ်သက်ပြီး သတိထားခဲ့မိခဲ့တာတစ်ခုတော့ရှိပါတယ်……
    ပုဂံက “ကျော်” ဆိုတဲ့ စားသောက်ဆိုင်ကပါ…. အဲ့ဒီဆိုင်က အရမ်းကြီးကျယ်ခန်းနားတဲ့ ဆိုင်မျိုးတော့ မဟုတ်ဘူးပေမယ့် အဲ့ဆိုင် တရုတ်ဟင်းလျာချက်က တော်တော်လေးစားကောင်းလို့ နာမည်ကြီးပါတယ်….
    ကျွန်တော်မှတ်မိနေတာက အဲ့ဒီဆိုင်ရဲ့ အိမ်သာထဲက ကဗျာလေးပါ…. “စားတော့ ပြုံးပြုံး၊ ယိုတော့ တုံးတုံး၊ လူတိုင်းမုန်း၍ ရေလောင်းခဲ့ပါဦး” ၁၉၉၉ လောက်က တွေ့ခဲ့တာပါ… ၂၀၀၄ လောက် နောက်တစ်ခေါက်သွားတော့ မရှိတော့ပါဘူး… ဒါပေမယ့် ကဗျာလေးကတော့ မှတ်မိလွယ်နေလို့ပါ…..

  • ဦးဦးပါလေရာ

    February 20, 2012 at 11:05 pm

    အော်… အံ့ဖွယ်ပါတကား
    ဒီလောက်စေ့စေ့စပ်စပ် သတိထားကြည့်မိတာထားတော့..
    အကုန်လုံးဒေါင့်စေ့အောင်မှတ်မိနေတာကတော့ ချီးကျူးပါတယ် အိတုန်ရေ.. 😛

    တော်တော်အခြေအနေဆိုးတဲ့ အိမ်သာတွေအကြောင်းလဲ ပြောပါဦး
    ဥပမာ M3 ကအိမ်သာမျိုး

    အိုင်ဒီယာညံ့လို့ ကသိကအောက်နိုင်တဲ့အိမ်သာမျိုးလဲရှိသေးတယ်
    ဥပမာ အကယ်ဒမီဆေးရုံက အိမ်သာမျိုး
    😀 😀

  • padonmar

    February 20, 2012 at 11:24 pm

    တုံတုံရေ
    သမီးရဲ့ ပတ်ဝန်းကျင်လေ့လာမှု နဲ့ မှတ်မိနိုင်စွမ်းကို ချီးကျူးပါတယ်ကွယ်။
    အန်တီတို့ မရောက်ဖူးတဲ့ စားသောက်ဆိုင်တွေအကြောင်းလေးပါ တို့ထိပေးထားတာ ကျေးကျေးပါ။

  • MaMa

    February 21, 2012 at 12:00 am

    အီတုံးရေ-
    ပတ်ဝန်းကျင်စူးစမ်းလေ့လာမှု အားကောင်းတာ အတုယူစရာပါ။
    ကိုယ်တိုင်ကတော့ အပြင်ရောက်ရင် တတ်နိုင်သလောက် အိမ်သာမသွားဖို့ ကြိုးစားတာ အကျင့်ပါနေလို့ အခုလို အမြင်တွေ အတွေ့အကြုံတွေ မရှိဘူး။
    ဒါပေမယ့် နယ်တွေဘက်သွားတဲ့အခါ တွေ့ရတဲ့ အိမ်သာဒုက္ခကတော့ မသေးဘူး။
    (ကိုအံ့ကြီး (ထင်တယ်) ဆိုထားတဲ့ မင်းကံဘုတ်သူ (စာလုံးပေါင်း မမှန်ရင်လည်း ပြောပါဦး) ဆိုလား အဲဒီ သီချင်းလေးတောင် သတိရမိသေးတယ်။)
    ကိုပေါက်တို့ကို အားကျပြီး ဓာတ်ပုံတွေ လိုက်ရိုက်တဲ့ အကျင့်လုပ်မိသလို..
    နောက်ဆိုရင် အီတုံးကို အားကျပြီး ရောက်လေရာမှာ အိမ်သာရီဆတ်ချ် လုပ်မိတော့မယ် ထင်တယ်။ 😀

  • ကြက်ဖင် ( အကယ်ဒမီ )

    February 21, 2012 at 2:03 am

    ဘယ်သူနဲ့မှ မတူတဲ့ ခရီးသွားမှတ်တမ်းဆိုပြီး
    ဂင်းနစ်စာအုပ်ထဲမှာ ပါဝင်စေဘို့
    သမ္မတကြီးကို အဆိုတင်သွင်းပါတယ်

    • etone

      February 21, 2012 at 2:21 pm

      အန်ကယ်လေးရေ …. ရန်ကုန်မြို့တွင်းက …နေရာတွေလောက်ပဲရေးမှာပါ … ။ တစ်ချို့ဆိုင်တွေက တစ်ခေါက် .. တချို့က .. နှစ်ခေါက်သုံးခေါက် ….တစ်ချို့ဆိုင်တွေကတော့ အကြိမ်ကြိမ်ရောက်ခဲ့ဖူးတယ် …ရွှေလီဘက်တော့ .. တစ်ခါမှ မရောက်ဖူးသေးဘူး .. ဟီး .. 😀

      ကိုအောင်ရေ … စကားမစပ်မိလည်း မရမကအတင်းစပ်ပြီးပြောချင်တာ ပြောရတာ .. နည်းတဲ့ အခွင့်ရေးမဟုတ်ဘူးနော် … ဟဲဟဲ ..ဆိုင်ပိုင်ရှင်တွေ မျက်ခုံးလှုပ်မှာတော့ အသေချာပါပဲ … ။ 😛

      အစ်မသဲနုအေးရေ … ညီမက အိမ်သာလေးတွေ လှတာတို့ .. မီးလုံးသုံးထားတာလေးတွေ လှတာတို့ .. စပ်စုချင်လို့.. ဝင်တာပါ .. ဟီး .. အိမ်သာတော့ တိုက်ပေးဖြစ်မှာ မဟုတ်ဘူး .. တကယ် …. နှလုံးမကောင်းဘူးပဲဆိုမလား .. သူများဟာမပြောနဲ့ .. ကိုယ့်အညစ်ကြေးတောင်ကိုယ် စေ့စေ့မကြည့်ချင်ဘူး … ဟီး :mrgreen:

      ဖြဲသီးလေးရေ … သဂျီးအိမ်သာကြီးကိုတော့ … ဒုတ်စက္ကူအဆင့်ကနေ …. ယင်လုံရေလောင်းအိမ်သာ အဆင့်ထိ မြှင့်တင်သင့်တယ် ..ဒါမှ တရွာလုံး ဝမ်းလျှောရောဂါနဲ့ .. ဝမ်းနဲ့ ပတ်သတ်တဲ့ရောဂါတွေ ဖြစ်ပွားမှုနှုန်းက လျော့ကျ ၊ ကာကွယ်စေမှာပါ … ဒါပေမယ့် .. အိမ်သာကဆင်းလျှင် လက်ဆေးဖို့တော့ မမေ့နဲ့နော် .. ဟဲဟဲ 😛

      အဘပု .. အကြံကောင်းသားပဲ …. စာအုပ်မထုတ်ခင် စာနယ်ဇင်း မိတ်ဆက်ပွဲလုပ်ပေးပြီး … ပွဲလာတဲ့ …ဆြာဂျီး ၊ ဆြာမဂျီးတွေကို … လူပုံအလယ်မှာ .. အိမ်သာထဲဝင်ပြီး … လက်တွေ့အသုံးပြုမှု အတွေ့ကြုံလေးလုပ်ပေး .. အင်တာဗျူးလေး လုပ်ပေးရမယ် ….. ဟီးဟီး …ဖြစ်နိုင်လျှင် … ချန်နယ်လ်ဆဲဗမ်းမှာ … တိုက်ရိုက်လွှင့်ချင်တာ … 😎

      kotun winlattရေ … စားသောက်ဆိုင်မို့ အိမ်သာတွေကို အလှပလုပ်ထားတာ ထင်ပါရဲ့ … ရွာက အိမ်သာတွေကတော့ … အထဲမှာ အပန်းဖြေဖို့မပြောနဲ့ … မဖြစ်မနေဝင်ရလျှင်တောင် … နားမျက်စိ နှာခေါင်း အကုန်ပိတ်ဝင်ရတဲ့ အဖြစ် ဟီး … ။ ခရီးသွားလျှင် ပိုဆိုးတယ် .. တံခါးမရှိဘူး .. ယိုင်နဲ့နဲ့ထန်းရွက် .. အိမ်သာဘယ်အချိန်ပြိုမလဲ ရင်တမမနဲ့ … တံခါးကာပေးတဲ့ …ငွေရေခွံအိတ်ကလည်း … ဟိုနားတပေါက် ..ဒီနားတစ်ပေါက်နဲ့ … ။ 😛
      ရေသုံးတဲ့ အိုးနဲ့ …ရေခွက်တွေကလည်း .. ပိုးလောက်လန်းနဲ့ ရေညိမပါလျှင် … decoration မပါသလိုချည်းပဲ ..ဟဲဟဲ ..

      AYAN KHA ရေ …. research လိုမျိုး လုပ်ခဲ့တာတော့မဟုတ်ပဲ …. သွားနေကြ Doreen ဆိုတဲ့ ဆိုင်လေးကနေ .. တဆင့်ဆင့်ပြောင်းလဲလာတဲ့ အိမ်သာ အလှပဆင်တာကို ..သတိထားမိပြီး .. ဘယ်နေရာရောက်ရောက် စပ်စုမိတယ်ဆိုပါတော့ … ။
      “စားတော့ ပြုံးပြုံး၊ ယိုတော့ တုံးတုံး၊ လူတိုင်းမုန်း၍ ရေလောင်းခဲ့ပါဦး” ဆိုတာလေးဖတ်မိပြီး ပြုံးမိတယ် .. ဘယ်သူ့ အာဘော်လေးလည်းတော့ မသိပေမယ့် … ဒီအတိုင်းရေလောင်းပါလို့ … ပြောတာထက် ..ပိုနားဝင်လွယ်မယ်လို့တော့ထင်ပါရဲ့ … ။

      ဦးဦးပါလေရာရေ … အမ်သရီးက အိမ်သာတွေကို နှစ်ခေါက်လားပဲရောက်ခဲ့ဖူးတယ် … ဘိုထိုင်မှာ ရေတွေစိုနေတာက တကြောင်း .. တစ်ရှုးတွေ … ဆံပင်ချည်တွေ .. ဘုံပိုင်မှာ … ပစ်စလတ်ခတ်ပေပွနေတာက တကြောင်းနဲ့ ….

      အန်တီပဒုံမ္မာရေ … အန်တီရဲ့ ပို့စ်ကို ဖတ်ပြီးမှ ရေးဖို့ အကြံရတဲ့ အတွက် ကျေးဇူးပါနော် … ။ ဆိုင်တွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆို သွားစားဖြစ်မှာ မဟုတ်ဘူး … နိုင်ငံခြားသားလိုက်ပို့ရင်းနဲ့ ရောက်ဖြစ်ခဲ့တာပါ … ။ ကပ်စေးတော့ မနည်းတတ်ပေမယ့် .. အစားသောက်အတွက် .. အဲ့ဒီလောက်ကြီး … အကုန်မခံချင်တာကြောင့်ပါ … ။ ကိုယ့်ဘာသာကိုယ်ရှင်းရမယ် ဆို နှစ်သောင်းခွဲ သုံးသောက်ဖိုးလောက်ပဲ … သုံးပါတယ် .. ဒါကလည်း … စိတ်ညစ်နေလို့၊ စိတ်ဖိစီးမှုများနေလို့.. … အပန်းဖြေတဲ့အခါမျိုး ၊ အထိမ်းမှတ်နေ့လိုအခါမျိုးမှာ … သွားဖြစ်တာပါ … ။ အစားသောက်အတွက်သာ ပိုက်ဆံသိပ်မသုံးဖြစ်ပေမယ့် … မိန်းမဆိုတော့လည်း ဇာတိကပြတယ် … အဝတ်အထည်တွေဝယ်ရတာနဲ့ …. ၊ cosmeticတွေကိုတော့ ..ကောင်းတာလေးတွေပဲ ဝယ်ဖြစ်တယ် … ။ 😉

      အန်တီမမရေ … ဆိုင်ကြီးတွေရောက်မှပဲ .. အိမ်သာဝင်ကြည့်ပါနော် … ။ ရွာအိမ်သာတွေတော့.. မစူးစမ်းပါနဲ့ …. ။ နှလုံးမကောင်းလျှင် ထမင်းခုနှစ်ရက်လောက် စားချင်စိတ်ကုန်သွားနိုင်လို့ပါပဲ … ။ 😛

      ကြက်ဖင်ရေ.. ရှုး တိုးတိုး ကြားသွားလျှင် … အိမ်သာထဲဝယ် လေ့လာမယ်ဆိုတဲ့ အစီစဉ်နဲ့.. ဟိုရှပ်ပြာမလေးတွေ ရိုက်ကုးရေးလိုက်လုပ်နေမှဖြင့် …. ။

  • Khin Latt

    February 21, 2012 at 6:29 am

    တုံတုံရေ – အံဖွယ်သုတကို မှတ်မိ နေတာပါလား။
    အပေါ်က မဟာ့ ဆရာကြီးများ လို တွေးမိနေတာ။
    အိမ်သာ စာတန်း ရေးဖို့လုပ်နေသလား မှတ်ရတယ်။
    ဂုဏ်ယူပါတယ် ဟေ့။ 😀

  • kyeemite

    February 21, 2012 at 8:15 am

    အောင်မငေး…ရွာထဲမှာ အိမ်သာညီလာခံကျင်းပနေကြပါလား…ကိုအီးတုံးကိုတော့လက်ဖြားခါတယ်တော့..
    အင်းလေ..နာမယ်ကိုကအီးတုံးဆိုတော့..အိမ်သာတွေကိုစိတ်ဝင်စားတာအဆန်းတော့ မဟုတ်ပေဘူး…
    အိမ်သာစာတန်းနဲ့ ပီအိပ်ဒီ ယူပါလားချင့်…အကြံပေးကြည့်တာပါ..

  • PEACEMAKER

    February 21, 2012 at 8:18 am

    ဒီကိုမရောက်တာ အတော်ကြာပြီ။ မအားတာနဲ့။ အီတုန်းရဲ့ဒီပို့စ်လေး သဘောကျစရာသိပ်ကောင်းတာပဲ။ ညီမလေးတော်တယ်။ Le Planteurအကြောင်း အစ်မသိသဘောက်နည်းနည်းဖြည့်မယ်နော်။ ပိုင်ရှင်(ကန့်လန့်ကာနောက်ပိုင်ရှင်)က ဆွစ်ပြင်သစ်လူမျိုးပါ။ အခုလက်ရှိဦးစီးနေတာက ဆွစ်ဂျာမန်စုံတွဲပါ။ လင်မယားလားဘာလား သေချာမသိဘူး။ ဆွစ်ဇာလန်မှာက အမျိုးသားဘာသာစကားလေးမျိုးရှိတယ်။ ဂျာမန်စကားပြောတဲ့ဆွစ်ကို ဆွစ်ဂျာမန်၊ ပြင်သစ်စကားပြောတဲ့ဆွစ်ကို ဆွစ်ပြင်သစ် စသဖြင့်သတ်မှတ်ကြတယ်။ ဆွစ်ဇာလန်အကြောင်းသိချင်ရင် ဒီလင့်လေးကြည့်နော်။ ဘလော့ဂ်ပိုင်ရှင်က ချီးကျူးဖို့ကောင်းတယ်။ သူ့အတွေးနဲ့ချရေးထားတဲ့စာလေးတွေဆိုတော့လေ..http://nyilinnthit.blogspot.com/

    • etone

      February 21, 2012 at 2:50 pm

      အစ်မ PEACEMAKER … အဲ့ဒီဆိုင်နဲ့ .. ပ တ်သတ်မယ် ထင်ပါရဲ့ .. ဟီး … ။
      အဲ့ဒီဆိုင်လေးက လုပ်ထားတဲ့ အနေထားလေး ကောင်းတယ် ..ဒါပေမယ့် .. အလွှာစုံက …လိုကယ်စားသုံးသူထက် .. နိုင်ငံခြားသားတွေအတွက်ရယ် … ဟိုက်ဘော့စ်တွေအတွက်ရယ်ကို ရည်ရွယ်ပြီးဖွင့်ထားသလိုပဲ … ။ အဲ့ဒီဆိုင်ရဲ့ ဒီဇိုင်းဆွဲပေးတဲ့.. ပြင်သစ်အမျိုးသားရဲ့ .. အမျိုးသမီးက … အင်းယားလမ်းထဲမှာ ပရိဘောကဆိုင်ဖွင့်ထားတယ် … ။ စကားစပ်မိလို့ပြောရလျှင် … အဲ့ဒီအစ်မဆီကို … ကျွန်မဧည့်သည်ဆိုင်သွားလည်ရင်း … ပစ္စည်းဝယ်ဖို့အကြောင်း … ဖုန်းဆက်ထားခိုင်းတော့ … နိမ်းကဒ်မှာ .. နာမည်က လေးလုံးမို့ .. မိန်းမလို့ မထင်ဘူး … ။ ကို xxx ရှိလားမေးတော့ ..ဆ ိုင်က ကောင်မလေးတွေပြောမှ .. အဲ့ဒါအမျိုးသမီးပါတဲ့ .. 😛 ဟိုးတစ်လောက ပြည်တွင်း ရုပ်သံမှာ .. အဲ့ဒီအစ်မနဲ့ အင်တာဗျူးလုပ်တာ မြင်မိတယ် … သူက အကအဖွဲ့လည်း ထောင်ထားတယ်ဆိုပဲ .. နေရာတောင် သေချာမကြည့်လိုက်မိဘူး .. ။

      ဘားလေးရဲ့ ဆိုဖာခြေထောက်လေးတွေကို .. ကလေးတွေ အကြိုက်လေဒီရှုး ပုံလေးတွေနဲ့ မြင်ရတာ.. အမြင်ဆန်းတယ် ..သုံးထားတဲ့ အရောင်လေးကလည်းကောင်းတယ် … ။ ရှမ်းပြည်က ဝှိုက်ဝိုင် တစ်ပုလင်းကို … တစ်သောင်းအောက်ပဲရှိတာ .. အဲ့ဒီမှာ ဝိုင်နှစ်ခွက် ဈေးက .. ပုလင်းဈေးထက် .. ပိုများနေတယ် … ။ သဘောကျတာက .. မြန်မာ့အစားစာဖြစ်တဲ့ တောင်ကြီးပဲလိုမျိုး … ၊ ထန်းလျက်ခဲလိုမျိုး ၊ပဲ ကြီးလှော်လိုမျိုးကို … နိုင်ငံခြားသားတွေနဲ့ ထိတွေ့ပေးတာကိုပါပဲ .. ဒါ့ပြင် .. လေ ာက်လေးခွကြီးတွေ … ဒူးလေးတွေကိုလည်း ..နံရံမှာ … အလှဆင်ပြထားသေးတယ် .. 😛

      • PEACEMAKER

        February 22, 2012 at 7:42 am

        ညီမလေးပြောတဲ့ပြင်သစ်သားကို အစ်မသိသလိုပဲ။ သူ့အမျိုးသမီးက အသက်၄၀ဝန်းကျင်လောက်ရှိတဲ့မြန်မာအစ်မကြီးလေ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိတယ်ဟုတ်။ သူတို့ခြံကြီးကအကျယ်ကြီးနဲ့ မြန်မာစတိုင်အိမ်ကြီးက တစ်ကယ့်ရှယ်ပဲနော်။ ထမင်းစားပွဲတို့ အိပ်ယာတို့သွားကြည့်တုန်းက သိခဲ့ရတဲ့ဈေးများ လန်ထွက်နေတာ။ ထမင်းစားပွဲနဲ့ကုလားထိုင်၆လုံးတင် ဒေါ်လာ၂၅၀ဝပြောတာ။ ရုံးခန်းက ကောင်မလေးတွေက ဆက်ဆံရေး ပရိုမဖြစ်ဘူး။ ကိုယ့်ကို မဝယ်နိုင်ဘူးထင်နေလားမသိ။ ဝယ်နိုင်တယ်ဟဲ့ဆိုပြီး မလိုတဲ့မာနက ထောင်ချင်လာတာ။ ဒါပေမဲ့ ဝယ်မယ့်သူကချည်းပဲ ဝယ်ပါမယ်ဆိုပြီး ဖုန်းတဒီးဒီးဆက်နေတာတောင် မလှုပ်တော့ ဂွဒ်ဘိုင့်ပေါ့နော။

        Le Planteurကို ညီမလေးလိုတော့ စေ့စေ့စပ်စပ် မလေ့လာလိုက်မိဘူး။ ကိုယ်သွားတဲ့အချိန်တိုင်းက ဒင်နာချိန်မို့လို့ဖြစ်မယ်။ မီးရောင်နဲ့ပနံသင့်နေတဲ့ ပုသိမ်ထီးကြီးတွေရယ်၊ တိရိတ်ဆန်ချစ်တဲ့သူမို့ အဲဒီကအသဲကျော် ခွေးဖြူအကြီးကြီးတစ်ကောင်ရယ်၊ သစ်ပင်စိမ်စိမ်းစိုစိုတွေနဲ့ မြက်ခင်းပြင်ရယ်၊ ကိုယ်ပိုင်ကားပါမလာတဲ့ဧည့်သည်ကို ပြန်ပို့ပေးဖို့ antique carsမျိုးစုံရယ်၊ ပရိုဆန်တဲ့ စားပွဲထိုးတွေရယ် ဒါပဲအမှတ်ရတယ်ညီမလေး။

        အပြင်မှာ ညီမလေးနဲ့ဆုံချင်သေးတယ် း)

  • ba gyi

    February 21, 2012 at 9:48 am

    အော်ဗဇာဗေးရှင်းတော်တော်ကောင်းတဲ့ အီတုံးပါဗျား။
    ဘကြီးတို့ရုံးမှာ ထမင်းစားပြီး (၁၅)မိနစ်လောက်ဆို အလိုလိုအော်တိုချိန်ထားသလို အိမ်သာတက်လေ့ရှိတဲ့ ဝန်ထမ်း၊ကလေးမလေးရှိတယ်၊ အဲဒါသူ့ရဲ့အစာချေဖျက်နှုန်းကကောင်းလွန်းပါလားဆိုပြီး၊ နာမည်ပေးဖူး တယ် – သူကတရုတ်မလေးဆိုတော့ ဝမ်းလွယ် လို့ ပေးလိုက်တယ်။
    အီတုံးကလေးလည်း အော်တိုပါဝါကောင်းပုံရပါသဗျား။
    ကဲ ဘကြီးက ခင်လို့နောက်မိပြန်ပါပြီ၊စောရီးပဲ ဗျို့၊ တစ်ကယ်တော့ အိမ်သာဆိုတာလူတိုင်းအတွက်အလွန် အရေးကြီးသောကိစ္စပါ၊ ကျန်းမာရေးအရ၊ လူ့အကျင့်စရိုက်လက္ခဏာအရ၊အရေးပါပါတယ်ခင်ဗျား။
    အိမ်သာရဲ့သန့်ရှင်းမှု၊သက်တောင့်သက်သာရှိမှုက အညစ်ကြေးစွန့်ရာမှာ စိတ်ချမ်းသာမှု နှင့်မစင်စွန့် ့စေသောကိုယ်ခန္တာအစိတ်အပိုင်းနှင့်လမ်းကြောင်းကိုအထောက်ကူပြုစေတာကြောင့်၊အစာဟောင်းအိမ်အထဲမယ်မစင်ကျန်ရစ်စေတာမျိုးမှကင်းဝေးစေပါတယ်။
    လူ့အကျင့်လက္ခဏာအရကြည့်မယ်ဆိုရင်၊ အိမ်သာဆိုတာ မျက်ကွယ်ရာအရပ်၊လုြုံခုံရာအရပ်၊မကောင်းတာ
    စွန့်တဲ့ အရပ်ဌာနဖြစ်နေတာမို့၊ အိမ်သာထဲမယ်လူမမြင်ဘူးဆိုကာ၊ကိုယ့်မှာရှိတဲ့အကျင့်ဆိုးတွေကိုအဲသည် မှာလက်လွတ်တတ်ကြပါတယ်၊ဝတ်ကောင်းအလှဝတ်ပြီးအပေါ်ယံဖုံးထားတတ်သူလား၊ကိုယ်ချင်းစာစိတ်မရှိသူလား၊ ပစ္စလက် ခတ်နေ တတ် သူလား၊ သပ်သပ်ရပ်ရပ်နေသူလား၊ ကိုယ်ချင်းစာတတ်သူလား၊ စံနစ်ရှိ သူ လားဆိုတာ တွေကို အိမ်သာတက်ပြီးပြန်ထွက်လာရင်၊ သူတက်ခဲ့တဲ့အိမ်သာ ထဲမှမြင်ကွင်းမှသက်သေ ခံပါသဗျား။
    ဒါ့ကြောင့် သည်လိုပို့စ် နှင့် အတွေးလေးတွေတင်ပေးသူများသည်၊ လူတွေမထင်မှတ်သောအရေးကြီးတဲ့
    ရှုထောင့်များကိုကြည့်တတ်သူတွေဖြစ်တာမို့၊လေးစားရပါသဗျား။အားပေးပါသဗျား။

  • နွယ်ပင်

    February 21, 2012 at 9:48 am

    etone ရေ တကယ့်ကိုပဲ လေ့လာမူအားကတော့ ကောင်းပါပေတယ် .
    နွယ်ပင်ဆိုရင် အပြင်ဆိုင်ထိုင်တဲ့အခါ အတက်နိုင်ဆုံး အိမ်သာမသွားဖြစ်အောင်
    နေမိတယ် သွားမိပြန်ရင်လည်း သိပ်ပြီး မှတ်မှတ်သားသားမရှိဘူးပဲ ..
    အရမ်းညစ်ပတ်လွန်းရင်သာ မှတ်မိချင်မှတ်မိတက်တာ ..
    အခုဆို ကိုယ်တွေမရောက်ဖူးတဲ့ စားသောက်ဆိုင်တွေအကြောင်းလေးတွေပါ
    စုံစုံလင်လင်လေး ရေးပြထားတော့ နောက်ထပ်ဆက်ရန်လေးတွေကိုလဲ
    စောင့်ဖတ်နေပါတယ် ……..

  • weiwei

    February 21, 2012 at 10:15 am

    အိမ်သာအကြောင်း ဒီလောက်အသေးစိတ်ရေးထားတဲ့စာတမ်းမျိုး ဒီတစ်ခါပဲ ဖတ်ဖူးသေးတယ် … တကယ့်ကို အံ့ဖွယ်သုတပါပဲ …

    • zarlay

      February 22, 2012 at 1:33 pm

      ဟုတ်တယ်နော် ကြံကြံဖန်ဖန် ဘာစိတ်ကူးပေါက်ပြီး အိမ်သာအကြောင်းကို ဒီလောက်ရှည်ရှည် ဝေးဝေး ရေးထားလဲမသိဘူး

  • memeseku

    February 21, 2012 at 10:34 am

    ိုထိုမျှကောင်းမွန်သော…research .. ကိုမနားမနေ…ကြိုးပမ်းပြုစုခဲ.သော မန်းဂဇက် တက်ကလိုဂျီးမှ … ကျောင်းသူ မအီးတုုံး(ခ)အုန်းသီး အား.. Phd; tiolet research (MDGZ) .. Diploma in critic ဘွဲ.တော်ဂျီးကို… ယှဉ်တွဲ ချီးမြှင့်လိုက်ကြောင်း …အီစာကိုယနေ့မှစရွေ. အတက်ဝင်စေမြီဖစ်ဂျောင်း
    ပုံ (မန်းဂဇက် နာယကကျောင်းအုတ် )
    (တွဲဖက် အတွင်းရေးမူး)
    ဂျပန်အခြေစိုက်နူးဘာဂိုဏ်း
    ခေတ္တ အိမ်သာ..
    သတိ… လေးစားပါ.

  • memeseku

    February 21, 2012 at 10:39 am

    နောက်ဆက်တွဲထွက်လာပါက…. အလျဉ်းသင့်လျင်သင့်သလိုဆက်လက် ချီးမြှင့်မီ ဖစ်ပီး အခြေအနေအရ ကျွန်ုပ်ကိုယ်တိုင်ရာထူးမှနုတ်ထွက်ခါ… သင့်အား ကြောင်အုပ် ခန့်မီဖစ်တီ…

  • Harumoto

    February 21, 2012 at 11:05 am

    အိမ်သာဆိုတော့ ဒါလေးတွေ့မိတယ်
    ဆုငွေဒေါ်လာ တသောင်းရတယ်ဆိုတော့ မိုက်တာပေါ့
    အဲ..အံတီ ပဒုမ္မာ ဝင်မဆေးရအောင်
    မအိတုံ မကဲ့ရဲ့ ရအောင်
    သိထားပြီးဆေးမှ ..း()
    ဒီသတင်းကို ပြောချင်တာပါ…http://maukkha.org/index.php/news-menu/international-news-maukkha/1852-maukkha-india-toilet-problem

  • အောင်မငီး … စုံလိုက်တဲ့ အိမ်သာတွေ ..
    ဒါတောင် ဆက်ပါဦးမည် ဆိုပါလား ….
    နာ့ဆိုင်ကို မအိတုံ လာလို့ကတော့ အိမ်သာတံခါး သော့ခတ်ထားမှ တော်ရော့မယ် … 😀

    နောက်တာပါ မအိတုံရေ … ။
    တကယ်ကောင်းတဲ့ အိမ်သာ သုတေသန ပြုချက်တွေပါပဲလို့ .. 😀

  • nozomi

    February 21, 2012 at 11:21 am

    ပေးထားတာကိုက အိမ်သာ ။ သူရှိမှ အိမ်က သာယာမှာ
    အိမ်သာနဲ့ ပတ်သက်လို့ သတိတရလေး ရှိနေတာတစ်ခု

    ဂီဂီ တို့ဆီက ရွာလေးတွေ တစ်ခါ ရောက်ဖူးတယ်
    အိမ်သာကျဉ်းကျဉ်းလေးထဲမှာကို သန့်ရှင်း သပ်ယပ်နေတယ် ခြောက်ခြောက်သွေ့သွေ့ ရှိတယ် ပန်းအိုးလေးတွေ ရှိတယ် ပန်ချီကားလေးတွေ ရှိတယ် အိမ်သာနဲ့ မတူပဲ အပန်းဖြေလို့ရတဲ့ နေရာလေး တစ်ခုလိုပဲ

    အဲဒီလို အိမ်သာမျိုးကြ ရောက်သွားတာနဲ့ စိတ်ချမ်းသာသွားတယ်

  • FattyCat

    February 21, 2012 at 11:58 am

    ရွှေလီဘက်က အိမ်သာတွေက သတင်းစာဝယ်ပြီးတက်ရပါတယ်…
    ဘေးကာပါပေမယ့် ရှေ့အကာမပါလို့ သတင်းစာနဲ့ မျက်နှာကွယ်ပြီးတက်ရတယ်…
    အင်းလေ…မျက်နှာကရှက်တယ်ဆိုတာ မှန်မယ်ထင်ပါ့….
    ကျွန်တော်များတော့ ရှုရှုးတောင်မထွက်ဘူး အဲလိုနေရာမျိုးဆို…..

  • Moe Z

    February 21, 2012 at 12:01 pm

    အားပေးပါတယ် မမအိတုံရေ ဆက်ရန်ကိုစောင့်နေပါတယ်
    ကော်ဖီဆိုင်ရွေးရင်း အိမ်သာပါရွေးရတာပေါ့ 🙂

  • Ma Ei

    February 21, 2012 at 12:09 pm

    etone ရေ..လေ့လာမှတ်သားအားကို မချီးကျူးဘဲ မနေနိုင်အောင်ပါလား..
    အန်တီအိ တော့ ဆိုင်တွေသွားရင် အများရှေ့မှာအိမ်သာဝင်အုံးမယ် မပြောချင်တာနဲ့
    ကိုယ့်ကို စောင့်နေကြရမှာ စိုးတာနဲ့ အိမ်သာမဝင်ဖြစ်ခဲ့တာများတယ်..
    ဆက်ရေးပါနော်..

  • Shwe Tike Soe

    February 21, 2012 at 1:07 pm

    မအိတုံ အိမ်သာစူးစမ်းလေ့လာတာတော့ပြောမနေနဲ. တားတား အုပ်ထိန်းသူကိုတောင်အိမ်သာထဲ ဆွဲခေါ်သွားပြီးးးးးးးးးးးး
    ဓာတ်ပုံရိုက်တယ်ဗျာ……. 😀
    အိမ်သာ အပြင်အဆင်လေးလှလို.တဲ့လေ.. ကဲကြည့်တော့

    • နှူးဘာဂိုဏ်းချုပ်

      February 21, 2012 at 1:36 pm

      ဒါရှို နောက်အပိုင်းဒွေကျရင်
      အိမ်သာထဲရိုက်ထားတဲ့ပုံလေးဒွေနဲ့ အားပေးရမယ်ပေါ့နော ….
      ဟံမာ လေးလေးလေးလေ့လေလေးလေ….. 😀

    • etone

      February 21, 2012 at 3:14 pm

      အန်တီအိရေ .. အစကတော့ .. အိမ်သာ သွားမယ်လို့ပြောရမှာ .. ရှက်သလိုလို အားနာသလိုလိုပါပဲ … ။ ဒါပေမယ့် .. နိုင်ငံခြားသားတွေနဲ့ သွားတိုင်း သတိထားမိတာက .. ရောက်တဲ့နေရာမှာ .. အစာမစားခင်ပဲဖြစ်ဖြစ် … အပြင်က ပြန်လာတာပဲဖြစ်ဖြစ် … လက်ဆေးတဲ့ အကျင့်ရှိတာပါပဲ …။ သူတို့လည်း .. လက်သွားဆေးဖို့ … အိမ်သာထဲသွားကြရတာမို့ … သူတို့လည်းသွား … ကိုလည်း သွားဆိုတော့ .. သိပ်မရှိန်ရတော့ဘူး ..ဟီးဟီး … 😛

      ရွှေတိုက်စိုးရေ … Doreen က အိမ်သာလေးကတော့ … ကျောက်ပြားလေးတွေ ရွှေရောင်လေးမို့ … မြင်ရတာ …. သဘောကျစရာလေးပါပဲ .. အတွင်းခန်းမှာလည်း … တပြင်လုံးမှန်ချည်းကပ်ထားတာမို့ … ကိုယ့်ရုပ်ကိုယ်ပြန်မြင်နေရတာ .. မလုံမလဲနဲ့ .. ဟီး 😛 … နာ့လက်နှစ်ချောင်းထောင်ထားတဲ့ပုံ .. ပို့ပေးဦး .. လှလွန်းလို့ ကြွက်မခြောက်နဲ့နော် ..ဟဲဟဲ … ။ (အိမ်သာထဲကပုံမဟုတ်ဘူးနော် ဟဲဟဲ )
      စကားမစပ် .. အဲ့ဒီနေ့က … ဒစ်စကောင့်ကဒ်သုံးဖို့ မေ့ခဲ့တယ် … ။ 10%ကဒ်က ပါရဲ့သားနဲ့ မနှုတ်မိလိုက်ဘူး … တစ်ထောင့်ခြောက်ရာကျော် .. နာသွားတယ် .. နှမျောထှာ 😥

  • thuyazaw21451

    February 21, 2012 at 1:35 pm

    Ma Etone ရေ အိမ်သာတွေကတော့ စုံစုံလင်လင်ရှိလှပါပေတယ်……… မှတ်လဲမှတ်သားလောက်ပါပေတယ်……. တစ်ခုလောက် မသိလို့ မေးကြည့်ချင်ပါတယ်…………. အခုလို အိမ်သာလေ့လာရေးကို ဘယ်ခုနှစ်ကတည်းက စတင်လုပ်တယ် ဆိုတာ သိချင်ပါတယ်………. နောက်ဆို ကျွန်တော် စားသောက်ဆိုင်တွေကို ပြောထားပါမယ်…………. မအိတုံလာတဲ့အခါ အိမ်သာကို ပန်းအလှလေးတွေဆင်………. ရေမွှေးကို မွှေးအီနေအောင် ဖျန်းထားပေးပါလို့……. ဒီလိုမှ မဟုတ်ရင် နာမည်ပျက်မယ်လို့………..အဟိ……….. မအိတုံက ဝါသနာထုံမယ်ထင်တယ် နည်းလမ်းလေးပေးလိုက်တယ်နော် http://www.vn247.net/flash/Funny-stuffs/dman-buttons.swf

  • ကျနော်ကတော့ မန်းလေးမှာလေးငါးနေရာလောက်ပြောင်းနေဘူးတော့ ကြုံဘူးတဲ့အိမ်သာလေးတွေ
    ဖောက်သည်ချအုံးမယ်နော်။
    အခုတော့ရေးလက်စတွေနဲ့အားသေးဘူးဗျာ။

  • alinsett

    February 22, 2012 at 6:07 pm

    မမအိတုန်ရေ..
    အိမ်သာတွေ အကြောင်းနဲ ့တင် ရပ်ထားလိုက်ပါတော့နော် ။
    အိမ်သာ တက်တဲ ့အကြောင်းတော့ မရေးဘူး မဟုတ်လား။

    တခြားအကြောင်းအရာလေးတွေ..ဆီ…အခုပို ့စ်လိုပဲ..ပြည့်ပြည့် စုံစုံ သွားပါဦးနော် ။

    ခင်လို ့ နောက်တာ..နော် ။

  • windtalker

    February 22, 2012 at 7:50 pm

    အမှတ်တရ အနေနဲ ့၊ ကျွန်တော် တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝတုန်းက ၊ ကျွန်တော်တို ့တက္ကသိုလ်ကြီး ဟာ အဲ့နှစ်မတိုင်ခင် တစ်နှစ်ကမှ စဖွင့်တာဆိုတော့ ၊ အားလုံးအသစ် ၊ အဆောက်အဦးတွေ လဲ အကုန်မပြီးသေးပါဘူး ၊ အဲ့တုန်းက ရှူရှူးပေါက်ချင်လို ့၊ အိမ်သာပြေး ၊ တံခါးကမန်းကတမ်းဖွင့်တဲ့အချိန် အိမ်သာတံခါးပေါ်ကနေ အရှည်တစ်ပေ ကျော်လောက်ရှိတဲ့ မြွေစိမ်းလေး တစ်ကောင် ပြုတ်ကျလာတယ် ။ အဲ့ကတဲ က ကျောင်းအိမ်သာဘယ်တော့မှ မသုံးခဲ့တာ ကျောင်းက ထွက်ခဲ့တဲ့ အထိပါဘဲ ။ ကျွန်တော် တက်ခဲ့တဲ့ တက္ကသိုလ်ကြီးက လယ်ကွင်းတွေနေရာမှ ဆောက်ထားတာကလား ။

  • ရွှေဘိုသား

    February 22, 2012 at 8:43 pm

    မအိတုံ ကျနော်ကုန်ကြမ်းပေးမယ် ကျနော်တို့နယ်က တောထိုင်ရတဲ့အကြောင်းရေးပါလားဗျာ သဘာဝရှုခင်းလေးတွေကြည့်ရင်းပေါ့

  • laypai

    February 24, 2012 at 5:25 pm

    စိန်ပေါက်ပေါက် တဗျစ်ဗျစ် နဲ့ ပါ လွန်း အားကြီး လို့ အိမ်သာ ကျမ်းပြု ကြတာ ထင် ရဲ့။

  • snow white

    July 8, 2012 at 7:55 pm

    မမအိရေစာတောင်မဖတ်ရသေးဘူး အိမ်သာလို့ ဘဲဖတ်ရသေးတယ် အိမ်သာသွားချင်တာ နဲ့ အိမ်သာသွားလိုက်အုံးမယ်နော် အိမ်သာမှ ပြန်လာမှ ဖတ်တော့မယ်နော်။။။။

Leave a Reply