ရန်သူမှ မိတ်ဆွေသို့ မာယာ။

black chawFebruary 20, 20121min22029

(၁)
စကိုင်းနက်က လာတဲ့ မြန်မာကားတစ်ကား ကြည့်ပြီး တွေးလိုက်မိတဲ့ အတွေးဗျ။
ထုံးစံအတိုင်း လွတ်လပ်ရေးမရသေးလို့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တဲ့ကားခင်ဗျ။
တော်လှန်ရေးကားပေါ့ဗျာ။
ကြည့်နေရင်း တစ်ခု စဉ်းစားမိတယ်ဗျ။
ဒီလို နယ်ချဲ့တော်လှန်ရေးကားတွေကို အမြဲတမ်းရိုက်နေတာ ဘာကို ရည်ရွယ်ပါသလဲ။
ဆိုပါစို့ဗျာ။
မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး အတွက်လား။
အဲဒီတော်လှန်ရေးကားတွေကို ကြည့်ပြီး မျိုးချစ်စိတ်ဓါတ်တွေ ပိုတိုးလာကြပါသလား။
ကျွန်တော်တို့ နိုင်ငံကို နယ်ချဲ့ခဲ့တဲ့ နိုင်ငံတွေက အင်္ဂလန်ရယ် ဂျပန်ရယ်ပေါ့ဗျာ။
အဲဒီ အင်္ဂလန်နဲ့ ဂျပန်ကို ငါတို့ ရန်သူဆိုပြီး ထာဝရ အတေးအမှတ်ထားဖို့ လိုပါသလား။
မြန်မာလူမျိုးတွေကိုယ်တိုင်ကရော အဲဒီ ဂျပန်တို့ အင်္ဂလိပ်တို့ကို ခါးခါးသီးသီး မုန်းတီးတဲ့စိတ် ဖြစ်နေကြပါသလား။
မုန်းတီးနေဖို့ရော လိုအပ်ပါသလား။
တစ်ခုသတိပြုမိတာက မြန်မာတော်လှန်ရေးကားတွေကိုကြည့်ပြီး ဂျပန်တို့ အင်္ဂလိပ်တို့ကို မုန်းတီးတဲ့စိတ်မဖြစ်မိဘူးဆိုတာပါပဲ။
ကျွန်တော့် ဖီလင်ကို ပြောတာပါ။
အော် ဂျပန် အဖြစ်သရုပ်ဆောင်တာလည်း မြန်မာလူမျိုးတွေပဲလေ။
အင်္ဂလိပ်အဖြစ် သရုပ်ဆောင်တာလည်း မြန်မာလူမျိုးတွေပဲ ဆိုတော့
မြန်မာလူမျိုးက မြန်မာလူမျိုးကို နှိတ်စက်နေတာ သိသိကြီးနဲ့ ဂျပန်တို့ အင်္ဂလိပ်တို့ကို ကျော်ပြီး မုန်းတီးစိတ်မဖြစ်တာ
ကျွန်တော်တို့ လွန်ပါသလား။
ဆက်တွေးမိတာလေး ရေးပါရစေဦး။

(၂)
မြန်မာနိုင်ငံမှာ တစ်ခါက ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ဆိုတာ ရှိခဲ့ဘူးပါတယ်။
အဲဒီ ဗကပ တွေ မြန်မာစစ်တပ်ကို တိုက်ခိုက်တဲ့ နေရာမှာ လိုအပ်တာတွေကို ထောက်ပံ့ပေးခဲ့တာ ပေါက်ဖေါ်ကြီးတို့ နိုင်ငံပါပဲ။ ဘယ်လောက်ပဲ အကူအညီတွေပေးခဲ့ပေမယ့် ဗကပတွေဟာ မြန်မာနိုင်ငံမှာ အင်အားနည်းသထက်နည်းလာလို့ ပေါက်ဖေါ်ကြီးတွေဟာ နည်း ဗျူဟာ ပြောင်းပြီး မြန်မာအစိုးရနဲ့ မိတ်ဆွေအဖြစ် အသွင်ပြောင်းယူ ခဲ့ပါတယ်။ ရန်သူကို မိတ်ဆွေလုပ်ပြီး မာယာအသစ်ကို သုံးလိုက်တာ မြန်မာစစ်အစိုးရ ကို ပိုင်ပိုင်နိုင်နိုင်ကြီး ချုပ်ကိုင်လာနိုင်ခဲ့တာ သိသာ ထင်ရှားလွန်းပါတယ်။
ဒါကြောင့် ရန်သူ ကို တစ်သက်လုံး ရန်သူပဲ ဆိုပြီး အသေမှတ်မထားတဲ့ မာယာတစ်ခုကို ဒီပွဲမှာ တွေ့ကြရမှာပါ။

(၃)
ဗီယက်နမ် စစ်ပွဲဟာ ကမ္ဘာမှာ ကျော်ကြားပါတယ်။
အမေရိကန်ကလည်း ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး သူရဲကောင်း ရုပ်ရှင်တွေရိုက်တာ မနည်းလှပါဘူး။ မှတ်မိသလောက်ဆို ချတ်နောရစ်ကြီးလည်း ဗီယက်နမ်စစ်ကားရိုက်ဖူးပါတယ်။ စတားလုံးကြီးလည်း ရိုက်ခဲ့တာပါပဲ။ မဲဂစ်ဘ်ဆင် ကြီးကလည်း We were Soldiers ဆိုတဲ့ ကား ရိုက်ခဲ့ပါသေးတယ်။
ဆိုတော့ ဗီယက်နမ်နဲ့ အမေရိကန် ကြားမှာ စစ်နဲ့ ပတ်သက်ပြီး ခါးသီးတဲ့ အတိတ်တွေ ရှိကြပါတယ်။
ဟော အခု ဗီယက်နမ်နဲ့ အမေရိကန် ပြန်ဆက်ဆံနေကြပြီ။
စစ်တိုက်ခဲ့တယ်ဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီ။ အမေရိကန်ကလည်း ဗီယက်နမ် ကို ရန်မလိုကြတော့ဘူး။ ဗီယက်နမ်ကလည်း အမေရိကန်ကို ရန်သူလို သဘောမထားကြတော့ဘူး။
အမေရိကန်နဲ့ မိတ်ဆွေပြန်ဖြစ်သွားလို့ ဗီယက်နမ် နိုင်ငံ စီးပွားရေး တရှိန်ထိုး တိုးတက်သွားတာ ကြောင်ကြီးကတောင် ပို့စ်တစ်ခု တင်ခဲ့ပါသေးတယ်။

(၄)
မြန်မာစစ်အစိုးရဟာ အောင်ဆန်းစုကြည် ကို ရန်သူကြီးတစ်ယောက်လို ဆက်ဆံခဲ့တယ်ဆိုတာ အားလုံးအသိပါ။
ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲ ဝင်ခွင့်မပေးခဲ့တဲ့ အပြင် လူရာသွင်းရကောင်းမှန်းတောင် မသိခဲ့ကြပါဘူး။
နာမည်မျိုးစုံပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူတွေအထင်သေးအောင် သတင်းစာထဲက ဆောင်းပါးတွေနဲ့ တိုက်ခိုက်ခဲ့ ကြတာလည်း မှတ်မိကြမှာပါ။
ဟောအခုတော့ သမ္မတ ဦးသိန်းစိန် ဟာ အောင်ဆန်းစုကြည်ကို ရန်သူတစ်ယောက်အဖြစ်ကနေ မိတ်ဆွေဘဝကို ပြောင်းယူနိုင်ခဲ့ပါပြီ။ အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ သမိုင်းဝင် တွေ့ဆုံခဲ့ပြီး ရန်သူတစ်ယောက်ကို မိတ်ဆွေ ဖြစ်အောင်လုပ်ပြီး မာယာပြောင်းခဲ့ပါပြီ။ အဲဒီရဲ့ အသီးအပွင့်အနေနဲ့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တောင် မြန်မာပြည်ကို လာရောက်ပြီးခဲ့ပါပြီ။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာပြည်ကို လူရာ ပြန်သွင်းခဲ့ပါပြီ။ ဆိုတော့ တစ်သက်လုံး ရန်သူဆိုတာ အကျိုးမရှိဘူးဆိုတာ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပြီးလည်း သိနိုင်ပါတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်နိုင်ရင် အားတစ်ခုရမှာပါ။
(၅) အဲဒီလို မာယာလေးတွေ ဒီရက်ပိုင်း ဖတ်နေရပါတယ်။ ဝန်ကြီးဦးအောင်မင်း ယိုးဒယားသွားပြီး ဆန့်ကျင်ဖက်အဖွဲ့အစည်းတွေ မြန်မာပြည်ပြန်လာကြဖို့ ဖိတ်ကြားတယ်ဆိုတာလည်း ရန်သူမှ မိတ်ဆွေ သို့ မာယာ လို့ပဲ မြင်ပါတယ်။ ပြည်ပက မီဒီယာတွေကိုလည်း မိတ်ဆွေ အဖြစ် အသွင်ပြောင်းယူနေတာ လည်း ရန်သူမှ မိတ်ဆွေ သို့ မာယာလို့ပဲ မြင်ပါတယ်။ ပြည်ပက အစွမ်းအစရှိသူတွေ မြန်မာပြည်ထဲ ပြန်လာဖို့ဆိုတာလည်း ရန်သူမှ မိတ်ဆွေသို့ မာယာ လို့ပဲ မြင်ပါတယ်။ ဆိုတော့….။
အားလုံး ရန်သူမှ မိတ်ဆွေသို့ မာယာ ကိုသုံးနေကြတဲ့ အချိန်မှာ မြန်မာတော်လှန်ရေးကား ထိုင်ကြည့်မိတဲ့ ကျွန်တော့် အတွေးလေးတွေပါဗျာ။

29 comments

  • စိန်ပေါက်ပေါက်

    February 20, 2012 at 5:46 pm

    သိပ်မကြည့်နဲ ့
    ဦးနှောက်ပျက်မယ်..
    ပျင်းလို ့ ကြည့်ချင်ရင် ပါဝါရိန်းဂျားတို ့..လိပ်နင်ဂျာတို ့.စူပါမန်းတို ့ကြည့် 😆

    လကားနောက်တာပါ..ဘဘကြီးရယ်
    ရန်သူကိုမိတ်ဆွေဖွဲ ့နိုင်ခြင်းဟာ အကျိုးဘယ်လောက်ရှိတုံး ခုပဲ ကြည့်လေ…..
    ဝမ်းသာတယ်ဗျာ..
    အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့ ဆရာသမားတွေ ဘယ်ရောက်နေသတုန်း သိချင်သား 😆
    ခဏနော်
    အီးထွက်ချင်နေလို ့..ပြီးမှ ပြန်လာခဲ့မယ်.
    ဘဒစ်..ဗစ်.ဘဒစ်.ဗျစ်

  • K@oru

    February 20, 2012 at 5:58 pm

    မာယာ ..မာယာ ..မာယာ မာယာ မာယာ ..
    မချစ်တတ်သေးဒဲ့ ဂီ့မှာဒေါင်
    မာယာ မင်းကြောင့် ရူးကြောင်ကြောင်…

    ဟီးဟီး ….
    စကားမစပ် ..ဟိုမင်းသားလေး လမ်းမဂျီးမှာ ပုဆိုးမပါဘဲ
    ဟိုပြေးသည်ပြေးလုပ်တာရော မာယာ လားဟင်င်င်င်င်

    (သများတို့လည်း လိုက်လုပ်သင့် လုပ်ရအောင်…)

    ဝင်နောက်တွားဘာသည်..

    ခင်တဲ့
    😀

  • ဟုတ်တယ်လေ ကိုဘလက်ချောရေ…ကျနော်မြန်ကားတွေအကြည့်နည်းတာ အဲဒါကြောင့်ဗျ။ဘာကို
    ရည်ရွယ်သလဲဆိုတာထက် တခါမှလွတ်လပ်ရေးမရဘူးဆိုတဲ့ ပုံရိပ်ကိုများပြချင်တာလားတွေးမိတယ်။
    နိုင်ငံရေးလုပ်ကြမယ်ဆိုရင် အမြဲတမ်း မိတ်ဆွေမရှိနိုင်သလို၊အမြဲတမ်းလဲ ရန်သူမရှိဘူးပေါ့။

  • memeseku

    February 20, 2012 at 7:24 pm

    စိန်ပေါက်ပေါက်… ဒီအရွယ်ရောက်မှချီးမနို်င်သေးမနိ်ုင်နဲ. နင့်ဖင်တော.ပြောင်းဖူးရိုးနဲ.ဆို.ပေးလိုက်တော့မယ်
    ကဲကိုကဲတယ်… သတိစ်ိတ်မဆိုးရ 🙂 🙂 ချီးမထွက်ရ

  • K@oru

    February 20, 2012 at 9:59 pm

    လက်မတချောင်းထောင်ပြီး အတည် မန့်ပါပြီ ကိုဘလက်ရယ်…
    (စကားလုံးတချို့ …ခိုးချထားပါသည်…)

    အော်. ..ရယ်. …
    ဒါကိုကပဲ ကြယ်ငါးပေါက်စလေးဖြစ်တော့သကိုး ….
    စကားလုံးအသစ် ….အသစ်တော့မဟုတ်ဘူးခည…
    သည်နေရာမှာ ဟို ဗမာစကားလုံး လှလှလေး မရိုးဆန်း ဆိုတာကိုသွား တွေ့မိရဲ့ …..
    အင်နိုဗေးရှင်း ခည ….အဲ့ဒါ လိုတယ် ထင်တာပဲ….
    အနု ရော ပညာ ရောက စာလုံးအသစ်မှမဟုတ်တာပဲနော…
    သို့သော် သည်၂လုံး အတွဲအစပ်က လှလွန်းတော့ ဂန္ဒဝင်ဖြစ်လေသတည်း …
    အသစ်ပြန်လည်း ပြဌာန်းရတဲ့ စကားလုံးဖြစ်လေသတည်းပေါ့ဗျာ …။
    အင်နိုဗေးရှင်းလေး ထည့်ကြည့်ကြပါ ရုပ်ရှင်ဆြာတို့….

    ကိုလိုနီဒွေ ဖက်ဆစ်တွေ တွင်တွင်အော်ပြီး အားနေ တော်လှန်နေတာကိုတော့…
    (တော်လှန်တာလည်း ပီပီပြင်ပြင်မဟုတ် လူ ၁၄-၅ယောက်လောက် ပစ်မယ် ဖိုက်မယ် ဆိုတာလောက်တော့)
    ဆိုရင် ဒါမျိုး genre ကို မီးဒုတ်ဗျို့ ……

    သို့သော် စစ်ကာလကိုနောက်ခံထားပြီး …ကိုတေဇ ဆိုတဲ့လူ ဘာလုပ်ပြခဲ့လဲ ….
    သိပ္ပံမောင်ဝ လို ပဂေးကြီးတယောက် ဘယ်လို မတန်မရာ အသက်စွန့်သွားရလဲ…
    ဆရာစံ လို မြန်မာလူမျိုး ဇောရိုး ပေါ်ထွက်ခဲ့သလဲ ရိုက်ပြနိုင်ရင် 2 thumbs up ပါဗျို့ ….
    ပုလဲဟေဘာလည်း သည်သမိုင်းကျောရိုမှာဘဲ ခွီအေချာဒွေ ကာရိုက်တာတွေဖြည့်တာပါဗျာ…
    လာစ့်ဆာမူရိုင်းသည်လည်းကောင်း ဆေးဗင်းပရိုက်ဘိတ်ရွိုင်ရန်နဲ့ …ရတ်ဒ် ဘေရွန်သည်လည်းကောင်းပေါ့…

    ထားပါဗျာ ….ဆက်ဆွဲရရင်
    နာမည်ကြီးတွေ ခေါင်းစဉ်သာတပ်ါထားတာပါ ..တကယ်က ဘဝထဲကဘဝတွေ တတိုင်းပြည်လုံးအဆင့်
    မစွမ်းဆောင်နိုင်ခဲ့လို့သာ နာမည်မကြီးခဲ့တဲ့ အမေ့ခံ သူရဲကောင်းတွေ အကြောင်း ရိုက်ပြစရာ ပုံနေမှာအမှန်….

    အလိုတော်ရိ ယုတ်မာတာ …သဂျီးသား ကွမ်းတောင်ကိုင်ကို ဘလားဘလားဘလား လုပ်တတ်တာ…
    ၅နှစ်သားတောင် ဒက်ဖော့ သိနေပါပြီဗျာ ဒါမျိုးတွေ မရိုက်သင့်တော့ပါ…..။

    ခေတ်စနစ် အပြောင်းအလဲမှာ ပူးရမယ် ပေါင်းရမယ် ဆိုတာကို သည်လိုလေး ရေးကြည့်ချင်ရဲ့ အစ်ကိုရေ့…
    ပူးတယ်… လိုင်းပူးယူရမယ် …ပူးကပ်ယူရမယ်… ရူပဗေဒသဘော သံလိုက်စက်ကွင်းညှို့သလိုမျိုး…
    အင်ဒတ်ရှင်းကြရမယ်ဗျာ …. သူ့မှာ ရှိတဲ့ အား ကိုယ့်မှာ ရှိတဲ့အား ပူးကြရမယ်… ထင်တာပဲ ….
    ပိုကောင်းချင်ကြတယ်မဟုတ်ပါလားဗျာ …ပေါင်းတာကတော့ အတူတူဖြစ်မှုသဘော လို့တွေးချင်ရဲ့ ….
    သည်တော့ အဆိုပါ ပူးပေါင်းတာကို …ဂုဏ်သတ္တိအား အရည်အသွေးအား ရော ရပ်တည်မှု အရရော …
    teamwork လုပ်ခြင်း လို့ ပြောချင်ရဲ့ …..။
    self တွေခနထားခဲ့ပါ ….brand-image အချင်းချင်း ပေါင်းကြစို့ ….
    ဒါဟာ အချင်းချင်းကြားက မာယာ ဖြစ်ဦးတော့ ….
    (စလုံး နဲ့ ယပက်လက်ကို လိုက်မမီတဲ့ …ဆလိမ် ဆိုမာလီးယား နဲ့ ရကောက် ရဝမ်ဒါ နီးနီး ဖြစ်နေတဲ့ တိုင်းပြည်မှာ
    အဓိပတိ ဖြစ်ရတာ ကျက်သရေ မရှိပါဘူးဗျာ …..)

    ခွချက် မိနေပြီးနောက် ခွက်ချ နိုင်ဖို့ လုပ်ရဦးမယ်မဟုတ်လားဗျ…

    self လေးတွေ ခနသိမ်းကြစို့ …. ထိပ်ကိုရောက်အောင် သွားကြစို့ …
    ထိပ်ရောက်တော့မှ ဗိုလ်လုပွဲကျင်းပမယ်ဗျာ ….ခုတော့ ညွှန့်ပေါင်းလက်ရွေးစဉ်အနေနဲ့ တူတူ ကန်ကြစို့ရဲ့ …..
    ကဲ …ဘယ်လိုလဲ …..

    one-for-all & all-for-one…..

    ပုံ
    နိုင်ငံရေး နားလည်းမလည် သလို လုပ်လည်းမစားပေမယ့်
    ဗမာဆိုတာနဲ့ (ကိုယ်ဇော်သက်ထွေးပြောသလို ဘယ်ဘက်ရင်အုံက) နွေးနွေးလာတတ်တဲ့
    အညမည ဗမာတယောက်

  • ဦးဦးပါလေရာ

    February 20, 2012 at 11:19 pm

    တော်လှန်ရေးကားတွေ နယ်ချဲ့ဆန့်ကျင်ရေးကားတွေက အရင်တုန်းက ပေါ်လစီအရ (ဆိုက်ဝါးအညံ့စားကြီး) ရိုက်ကြတာဟုတ်ပါတယ်။

    ဒီ နောက်ပိုင်း ၁၅ နှစ်လောက်မှာတော့ လွယ်လို့ ရိုက်ကြတာ။
    ဗီဒီယိုလိုင်းမှာက တောကြိုက် မြို့ကြိုက် ရွေးရိုက်တဲ့အခါ
    တောကြိုက်လဲဖြစ်၊ လူငယ်ကြိုက်လဲဖြစ်၊ ဇတ်နာအောင်ရိုက်ရင်လဲ ဆင်ဆာနဲ့မငြိ၊
    ဂျပန်ဝတ်စုံ အင်္ဂလိပ်ဝတ်စုံကလဲ ငှားရတာလဲလွယ်ပြီး ဈေးလဲပေါတယ်။
    ဇတ်ရံတွေအကုန်လုံးကိုလဲ ခါးဝတ်ခါးစားနဲ့ရိုက်လို့ရတယ်လေ။

    ဒါကတော့ ဗီဒီယိုကားတွေအကြောင်း စပ်မိလို့ပါ။

    တကယ်တော့ ရန်သူရယ် မိတ်ဆွေရယ် သတ်သတ်မှတ်မှတ်မရှိပါဘူး။
    ကောင်းကျိုး ဆိုးကျိုး ဆိုတာပဲရှိပါတယ်။
    အမျှော်အမြင်နဲပြီး အတိတ်တွေဖေါ်လွန်းနေလို့ အကျိုးမရှိပါဘူးဗျာ။

  • MaMa

    February 20, 2012 at 11:30 pm

    သင်ပေးတဲ့ မာယာရှင်ရေ-
    မာယာဆိုတဲ့ စကားလုံးလှလှလေးကို ကျမကတော့ အလွန်နှစ်သက်တယ်။
    (ကိုချောလည်း ဒီစကားလုံးလေးကို သဘောကျတဲ့ ပုံပေါက်တယ်။)

    ပရိယာယ်ဆိုရင် လိမ်ညာလှည့်ပတ်တဲ့သဘော (မကောင်းတဲ့ သက်ရောက်မှုတွေပါနေသလိုပဲ)။
    မာယာကတော့ ယဉ်ယဉ်လေးနဲ့ (လိမ်ညာလှည့်ပတ်တဲ့သဘောလည်း မပါလို့) လိုချင်တဲ့ဘက်ကို ရောက်အောင် စွဲဆောင်နိုင်လို့ သဘောကျတယ်။

  • MaMa

    February 20, 2012 at 11:32 pm

    (ပိုစ့်နဲ့မဆိုင်လို့ နည်းနည်းတော့ သည်းခံပါ)
    သင်ပေးတဲ့ မာယာရှင်ရေ-
    မာယာဆိုတဲ့ စကားလုံးလှလှလေးကို ကျမကတော့ အလွန်နှစ်သက်တယ်။
    (ကိုချောလည်း ဒီစကားလုံးလေးကို သဘောကျတဲ့ ပုံပေါက်တယ်။)

    ပရိယာယ်ဆိုရင် လိမ်ညာလှည့်ပတ်တဲ့သဘော (မကောင်းတဲ့ သက်ရောက်မှုတွေပါနေသလိုပဲ)။
    မာယာကတော့ ယဉ်ယဉ်လေးနဲ့ (လိမ်ညာလှည့်ပတ်တဲ့သဘောလည်း မပါလို့) လိုချင်တဲ့ဘက်ကို ရောက်အောင် စွဲဆောင်နိုင်လို့ သဘောကျတယ်။

    • မိုက်ကယ်ဂျော်နီငပွ

      February 21, 2012 at 12:31 pm

      ကွဲလွဲခွင့်ပြုပါ အဒေါ်
      ပြောသာပြောတာ ခပ်လန့်လန့်ဘဲ 😀 😀 😀
      မာယာဆိုတာ ဟန်ဆောင်မှု့( အက်တင်း ) လို့သဘောရောက်ပြီး
      ပရိယာယ်ဆိုတာက သက်ဆိုင်သူရဲ့သဘောစိတ်ထားကိုမူပြီး
      အဓိပ္ပါယ်ကွဲတယ်လို့ဆိုပါရစေဗျာ နည်းနည်းလေး နုပြရလျှင်တော့
      မသိသူ ( မလိမ္မာသူ ) ကို ပရိယာယ်သုံးပြီး ဆုံးမကြတာကိုတော့ ကောက်ကျစ်တယ်လို့မမည်ပါ
      မသိသူ ( မလိမ္မာသူ ) ကို ပရိယာယ် သုံးပြီး အနိုင်ယူတာကတော့ ကောက်ကျစ်တယ်လို့မည်ပါတယ်
      ဒါက နည်းနည်းလေးတို့ထိပြတာပါ
      အရိပ်ပြလျှင် ပလန်းနက်ပါ မြင်မည်ဟု ယုံကြည်မိပါတယ်ဗျာ
      ………………
      ဟာလီပေါ်တာစီးပြီးပြေးဘီ
      ဘဒတ် ဘဒတ် ဘဒတ်

      • စိန်ပေါက်ပေါက်

        February 21, 2012 at 12:35 pm

        ဟုတ်ပါတယ် အူးငခြောက်
        ကျန်တာကို ဝက်ဖင်လာရင် ဆက်ရှင်းပြပါလိမ့်မယ်

      • Khin Latt

        February 22, 2012 at 7:42 pm

        စိမ်းခဲ့ပါတယ် ဘကြီးဘု။ 😀

    • Khin Latt

      February 22, 2012 at 7:44 pm

      မမ ရေ – ဘဘု ကြည့်ရတာ ဒီရွာမှာ မမ ကို အကြောက်ဆုံး ထင်တယ်။ အဟိ
      ဂုဏ်ယူစရာပါပေ ။ 😉

  • ကြက်ဖင် ( အကယ်ဒမီ )

    February 21, 2012 at 1:39 am

    ဒီပို့စ်ကို နည်းနည်းလေးထပ်အနုစိပ်လိုက်ရင်
    ငြိမ်းချမ်းရေး ဦးတည်ချက် အထောက်ကူပြုပို့စ်တစ်ပုဒ်လို့ခေါ်လို့ရလောက်တယ်
    ( အာဏာရှိသူတွေ အာဏာမယစ်မူးရေးလေးပါပေါ့ )
    ပြောနေတာပါဘဲ
    အဲ့သည် ကြီးမိုက်တွေလို့ခေါ်မလား
    အိုဗာ စစ်စတီး ခြောက်ဆယ်ကျော်တွေ ပြောရတော့ခပ်ခက်ခက်
    ခပ်နုနုအရွယ်ကတည်းက တစ်ကိုယ်ကောင်းဆန်လာတဲ့လူတွေ
    ဘယ်လိုမှ မပြင်ကြဘဲနေတာ ကြီးတဲ့ထိဘဲ
    ခုဆို ခြောက်ဆယ်တောင်ကျော်နေကြပြီဆိုတော့
    ဘုရားတောင်ဟောသေးတာဘဲ အရွယ်နုစဉ်ကတည်းက မလေ့ကျက်ထားတဲ့သတ္တဝါ
    ခြောက်ဆယ်ကျော်ရင်တော့ မရတော့ဘူးလို့

  • mg mg

    February 21, 2012 at 7:53 am

    သွပ်ပြားတို့ဟာ သွပ်ပြားတို့ လုပ်စားနေတာ၊ ဘာတွေ တိုရှည်ဖြစ်နေကြတုန်း။
    တော်တို့နော် သတိထား၊ တော်လှန်ရေးကားမကြိုက်ရင် ဒီတစ်ခါ ကျုပ်လှန်ရေးကားရိုက်လိုက်မယ်။

  • kyeemite

    February 21, 2012 at 8:39 am

    ဒေါ်ဘလက်ရေ..ရုပ်ရှင်ကြည့်ရင်းက အင်မတန်လှပတဲ့အတွေးလေးဝင်လာလို့ ဒီပို့စ်ကို ရေးဖြစ်တာဆိုတော့…ဒီကားရိုက်တဲ့သူတွေကို ကြံဖန်ပီး ကျေးဇူးတင်လိုက်ပါ ချင့်…
    ခင်တဲ့..

  • kotun winlatt

    February 21, 2012 at 8:52 am

    ကိုဘလက်ရေ …
    မာယာဆိုတော့ ယုံသင့်သလောက်ပဲယုံကြရမယ်လို့
    ဆိုလိုသလားးဗျ….
    ဘာပဲဖြစ်ဖြစ်ဗျာ..အကောင်းဘက်ကနေပဲ
    မျှော်လင့်မိပါတယ်…..

  • blackchaw

    February 21, 2012 at 9:28 am

    ပေါက်ဖေါ် – ဝမ်းမနိုင်ပဲ အွန်လိုင်းတက်သူများ ထိရောက်စွာပိတ်ဆို့ အရေးယူခြင်း ခံရမည်လို့ နင့်အတွက် ဥပဒေ ထုတ်ရမလို ဖြစ်နေပြီ ပေါက်ဖေါ်ရေ။

    အင်ဇာဂီ – အတည်မန့်ချက်လေးရော၊ အပျော် မန့်ချက်လေးအတွက်ပါ ကျေးဇူးပါ ဗျာ။
    teamwork ကောင်းရင် (၁+၁+၁=၅) ဖြစ်နိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ရွာသူားတွေ အတူတူ ကန်ကြမယ်ဗျာ။

    မောင်သန်းထွဋ်ဦး – နိုင်ငံရေးလုပ်ကြမယ်ဆိုရင် အမြဲတမ်း မိတ်ဆွေမရှိနိုင်သလို၊အမြဲတမ်းလဲ ရန်သူမရှိဘူးပေါ့ ဆိုတာလေးအတွက် ကျေးဇူးပါဗျာ။

    memeseku – ပြောလိုက်စမ်းဘာ၊ ပြောပစ်လိုက်စမ်းဘာ ဗျာ။

  • blackchaw

    February 21, 2012 at 9:42 am

    ကိုပါလေရာ –
    ဟုတ်တယ် ကိုပါလေရာရေ။
    တစ်ချိန်လုံး ဖက်ဆစ် ဂျပန်၊ တစ်ချိန်လုံး နယ်ချဲ့ ဗြိတိသျှ လုပ်နေဖို့ မလိုပါဘူးဗျာ။
    ဒါက သမိုင်းပါ။ အဲဒီသမိုင်းကို သင်ခန်းစာ ယူတတ်ဖို့ပဲ အရေးကြီးပါတယ်။
    ဂျပန်ကပေးနေတဲ့ အကူအညီတွေလည်း လက်ခံ ယူနေတာပဲဗျာ။
    လူမျိုးတွေ နိုင်ငံတွေကို စိတ်နာအောင် လူငယ်လေးတွေကို လုပ်နေသလိုဖြစ်နေတယ်ဗျ။
    အဲဒီလူငယ်တွေကပဲ ဂျပန်သွားဖို့ ကြိုးစားနေကြတာ မြင်နေရတာပဲ။
    ဂီဂီ တောင် ဂျပန်မှာဗျာ။
    ကျွန်တော်တို့ ဗျူဟာ (မာယာ) ပြောင်းသင့် နေပါပြီဗျာ။

    MaMa –
    မာယာဆိုတာ ဂီဂီ ရေးခဲ့တဲ့ ပို့စ်တစ်ခုထဲက strategy ကို အနက်ဖွင့်ထားတာလေးပါ။
    ကျွန်တော်က ကြိုက်လို့ ယူ ယူ သုံးနေတာပါ။ မိုက်တယ်နော။

    ကြက်ဖင် (အကယ်ဒမီ) –
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    ငြိမ်းချမ်းရေး ဦးတည်ချက် အထောက်ကူပြုပို့စ်တစ်ပုဒ်လို့ခေါ်လို့ရလောက်တယ် ဆိုလို့
    နည်းနည်း မြောက်သွားပါတယ်ဗျာ။

    mg mg – ကွန်းမန့်လေးအတွက် ကျေးဇူးပါ။

  • blackchaw

    February 21, 2012 at 9:45 am

    kyeemite – ကျေးဇူးဆိုတာ ကြံဖန်ပြီး တင်ရတယ်လို့ ကြားဖူးတယ်ဗျ။ ကျေးဇူးတင်လိုက်ပါတယ်ဗျာ။

    kotun winlatt –
    အဲဒီလို မဆိုလိုပါဘူးဗျာ။
    ဗျူဟာ ကို မာယာ လို့ သုံးလိုက်တာပါ။
    နိုင်ငံရေးမှာတော့ ၁၀ဝ % ယုံကြည်ရတယ်ဆိုတာမျိုးကြီးတော့
    ရှိမယ် မထင်ပါဘူးဗျာ။ ချင့်ယုံကြဖို့ပါ။

  • kokothandar

    February 21, 2012 at 11:47 am

    နိုင်ငံသူ နိုင်ငံသားတွေကို လှုပ်မရအောင် လုပ်သွားလေသူ ဦးနေဝင်း ရွွှှေကြီးတို့ အာဏာရူးကြီးတွေနဲ့စာရင်
    သူတို့ရဲ့သားတပည့်လေး လုပ်ပြချက် က ခုထိကောင်းနေပါတယ် သူ့ခဗျာလဲ အသက်က( ၇၀)နားကပ်
    ရင်ဘတ်ထဲမှာရှိတဲ့ နှစ်လုံး က လည်း စက်နဲ့မောင်းနေရတာဆိုတော့ ဘဝမကူးခင် ကောင်းတာလေးတွေ
    လုပ်သွားမယ် ဆိုရမဲ့ ဟာတွေ တွေးပြီ လုပ်သွားချင်စိတ်ရှိ ရင် သာဓုပါဗျာ
    ရေးဘော်ရေးဘက်များ ခင်ဗျား မာယာဆိုတာ ကြည်နူးချစ်ခင်အောင်လုပ်ခြင်းလို့မြင်ပါတယ်
    ယုတ်ညံမှုဘက် တော့ မယိမ်းရိုင်ပါ

  • nozomi

    February 21, 2012 at 2:32 pm

    သဘောတရားလေးကို ကြိုက်ကြောင်းပါ
    မန်းချင်တာကတော့ အပေါ်က ဦးပါလေရာနဲ့ တူကြောင်းပါ
    ဦးချောကြီးလဲ မိတ်ဆွေမလေးတွေ များများရပါစေ

  • pooch

    February 21, 2012 at 8:02 pm

    မာယာကို နိုင်ငံရေးအမြင်နဲ့ ပြောသွားတာဆိုတော့ အတွေးလေး ဆန်းတယ်။
    ကဗျာလေးတွေလည်း ရှိသေးရင် တင်ပါအုန်း။

    ဒါနဲ့ စကားမစပ် တီချယ်က ဒီနေ့မနက်အစောကြီး ဖုန်းဆက်ပြီး ကွိတယ်။ သူ့ဆီကို ဖုန်းဆက်ဖို့တောင်သတိ မရဘူး တဲ့။ ပစ်ထားတာတဲ့။ ကိုဘလက်ကတော့ အဝေးကြီးကနေ တကူးတက မတွေ့တာကြာလို့ နေမကောင်းဘူးလားလို့ သတိတရမေးရှာတာတဲ့။ အခုသူဖျားနေတုန်းအဲ့လိုလေး အမေးခံရတာ အရမ်းကျေးဇူးတင်တယ်တဲ့။ ကျမကတော့တဲ့ ….. 😥

  • ကြောင်ကြီး

    February 22, 2012 at 12:12 pm

    အာပါယာပါ ပလာတာ…
    မာယာ မာရာ ဗေဒင်မှာ…
    ကမာ္ဘပျက်မယ်ဆိုခဲ့တာ..
    နှစ်ထောင့်ဆဲ့နှစ်ပါ..။

  • etone

    February 22, 2012 at 4:06 pm

    ကိုချောကလက်ကြီးရေ …
    အဲ့ဒီလို ရုပ်ရှင်မျိုးလာလျှင် … သိပ်မကြည့်ဖြစ်တာ များပါတယ် … ။ နိုင်ငံကို မချစ်လို့မဟုတ်ပါဘူး … တစ်ချိန်က သူတပါး အုပ်ချုပ်ခဲ့ဖူးတဲ့ အငွေ့သက်တွေကို ပြန်လည် တူးစွ ခံစားမိနေတဲ့ ရုပ်ရှင်မျိုးဖြစ်လို့ပါပဲ …. ။

    ဂျပန် ၊ အင်္ဂလိပ်နဲ့ ပတ်သတ်လို့ … ချစ်စိတ်၊ မုန်းတီးစိတ်တော့ မဖြစ်မိဖူးဘူး … ။ သူများလက်အောက်ခံ ဘဝ ကြားခဲ့၊ ရုပ်ရှင်တွေအရ မြင်ခဲ့ဖူးပေမယ့်.. ကိုယ်တိုင် မကြုံဘူးခဲ့လို့ပဲ ဖြစ်မယ်ထင်ပါတယ် … ။
    အဲ့ဒီခေတ်က အတော်ဆိုးတယ်လို့ ဘိုးဘွားများက ပြောပြဖူးတယ် … ရွာတွေ မီးရှို့တာအပြင် .. အိမ်တွေကိုပါ ဆက်ကြေးတောင်းလိုတောင်းပြီး ချောချောလှလှ မိန်းမများဆို အခွန်ဆောင်စရာမလိုပဲ တော်ကောက်သွားကြလေရဲ့ …. အဘိုးဘွားတွေပြန်ပြောလျှင် … သူတို့ မျက်လုံးတွေ စိုတောက်လာပြီး ဒေါသအရှိန်လေးတွေ ကျန်နေသေးတာတွေ့ရတယ် …. ။
    ဖိနှိပ်ခံဘဝရဲ့ … တန်ပြန်သက်ရောက်မှုလို့ ခေါ်မလား ပဲ 🙂

  • Khin Latt

    February 22, 2012 at 7:40 pm

    ကိုဘချော ရေ
    ထုံးစံ အတိုင်း အတွေးကောင်းကောင်း လေးနဲ့ မျှထားပြန်တဲ့ Post လေးပါဘဲ။

    (၁) အတွက် ကျွန်မ အတွေး ကို ပေးချင်ပါတယ်။ 🙂
    ပြဿနာက ……
    ကိုယ့်အိမ်က အကူ ကလေးမလေး တွေ ကို မဝမလင် ကျွေး၊ အသေခိုင်း ထား နေတဲ့ မိန်းမကြီး က တစ်ဖက်အိမ် ကလူ တွေ အဲလို လုပ်တာကို မဲ့ရွဲ့ ပြောပြ နေတာ ကြားရ သလို မျိုး လို့ထင်ရဲ့။
    ကိုယ့် လက်ရှိ မျက်ချေး ကို ကိုယ်မမြင်ရှာတာ။ သူများက ကိုယ့်ကို ဘယ်လို မြင်နေတာ ကို လဲ မစဉ်းစားတတ်သလို ပေါ့။

    ကြားဘူးတာဘဲ –
    ထိုင်း မှာ အယုဒ္ဓယ ကို မြန်မာတွေ ဖျက် ဆီးခဲ့တာ၊ လူတွေကို အနိုင်ကျင့်ခဲ့တာ တွေကို ဒီအတိုင်း သမိုင်း အဖြစ်ထားနေဆဲ။ ကလေး တွေရဲ့ သမိုင်း သင်ရိုး ထဲမှာ ကိုထည့် ထား တာတဲ့။
    ထိုင်းလူမျိုး တွေ စိတ်ထဲက တကယ် ဘဲ စိတ်နာ နေမနေတော့ မသိဘူး။
    အဲဒီ အယုဒ္ဓယ မှာ တိုးရစ် နေရာ လိုဖြစ် ပြီး နေတာ က တော့ ငွေရှာနည်း တစ်မျိုးဘဲ။

    ဒီတော့ မြန်မာပြည်သူ/သား တွေကလည်း
    “ငါတို့ဘိုးဘေးတွေ သူများကို စော်ကားခဲ့တာ။ ငါတို့ သူတို့ ကို တောင်းပန် သင့်တယ် ဆိုတဲ့ စိတ်မွေးရမှာလား???”
    “ရှေးတုန်း ကသူတွေ ရဲ့ ဇာတ်လမ်း၊ ငါတို့ နဲ့ မဆိုင် လို့ တွေးသင့် လား???”
    ကျွန်မ စဉ်းစားနေဆဲ။

    အခုတော့ မသိဘူး။ ဟိုး အရင်က ယိုးဒယား မှာ ရလ လောက် နေဘူးတယ်။
    အဲဒီမှာ တက်စီ စီးရင် ဘယ်ကလာလဲ မေးရင် မြန်မာ လို့ မပြောနဲ့ လို့ သူငယ်ချင်း တွေက မှာဘူးတယ်။ မြန်မာ ဆို မုန်းကြလို့တဲ့။
    ဒါပေမဲ့ ကိုယ်နဲ့ ရင်းနှီးသူ တွေကတော့ တစ်ချိန်က ဒီလို နင်တို့ လူမျိုး ငါတို့ ကို အနိုင်ကျင့်ခဲ့တာ ဆိုတာ ဘယ်သူမှ အရေးလုပ် ပြော မနေ ပါဘူး။

    ကျွန်မ ဂျပန်မှာ ခဏ နေခဲ့တုန်းကလဲ သွားရင်းလာရင်း လမ်းမှာ ဂျပန် လူကြီး တွေ နဲ့ နဲနဲ ပါးပါး စကားပြော ဘူးတယ်။ (အများကြီး မတတ်ပါ။ အလာပသလာပပါ)
    ကျွန်မ တွေ့ခဲ့တဲ့ ဂျပန် အဖိုးကြီး က မြန်မာ လို့ပြောတာနဲ့ သူ့ပုံစံ က ရှေးဟောင်း မိတ်ဆွေ ကို တွေ့လိုက်သလိုဘဲ။ အရမ်းကို လှိုက်လှိုက်လှဲလှဲ ရှိခဲ့တယ်။ သူက မြန်မာပြည် ကို စစ်တွင်းက ရောက်ခဲ့သတဲ့။ စစ်သားဟောင်းကြီး နေမှာပေါ့။
    ပြောရရင် ဂျပန် တွေဟာ ရှေးတုန်းက သူတို့ လုပ် ခဲ့တဲ့ မကောင်း ကြောင်း ကို မကောင်းမှန်း နားလည်ခဲ့တယ်။ သိခဲ့တယ်။ လက်ခံခဲ့တယ်၊ ပြင်ခဲ့တယ်။
    ကျွန်မတို့ မြန်မာ တွေကို ကူညီနေတာ တွေဟာ အဲဒါကို ပေးဆပ် နေတာလို့တောင် ထင်မိ တယ်။

    အခု အချိန်မှာ စစ် ဆိုတာ သူတို့ နယ်မှာ မရှိတော့ဘူး။
    အခု အချိန်မှာ စစ် ဆိုတာ ကျွန်မ တို့ ဆီမှာရှိတုန်းဘဲ။
    အခု အချိန်မှာ ကျွန်မ တို့က အတိတ်အကြောင်း တွေကို ခေါင်းထဲထားပြီး လက်ရှိကာလ ကို အာဃာတ အမုန်းတရားတွေပွါး ပြီး နေရမှာလား။

    သမိုင်းအချက်အလက် တွေ ကိုတော့ ကျွန်မတို့ စုဆောင်း ထားရမှာပါ။ အရေးကြီးပါတယ်။
    ဒါတွေကို ကျွန်မတို့ရဲ့ ကလေး တွေ သိအောင် လဲ ပြောရမှာပါ။
    ဒါပေမဲ့ အဲဒီလူမျိုး တွေ နဲ့ နိုင်ငံ ကို မုန်း ဖို့ အကြောင်း သင်ပေးရမှာ မဟုတ်ပါဘူး။
    “နယ်ချဲ့ အရင်းရှင် စနစ်” မကောင်းကြောင်း နဲ့ လူသားချင်း စာနာစိတ် ရှိဖို့ ကို သင်ရမှာပါ။
    လောဘ၊ ဒေါသ၊ မောဟ တွေ က ပေါက်ဖွား လာတဲ့ စစ် ဆိုတာ လူသားတွေကို အကျိုးယုတ် တာ။ သမိုင်း မှာ အလှပျက် စေပြီး ငြိမ်းချမ်းရေးကို ချစ်ဖို့ စတာတွေ ကို သင်ပေးရမှာပါ။ မတရားမှု အကြောင်း ကို ထောက်ပြပြီး ဆင်ခြင် နိုင်ဖို့ သင်ပေးရမှာပါ။

    အဲဒီလို ကလေးတွေကို သင် နိုင်ဖို့ ကိုယ့် တာကိုယ် လုံဖို့တော့ လိုမယ်။
    ရှေး က နယ်ချဲ့၊ ဖက်ဆစ် တွေ ကိုယ့် လူမျိုး တွေ ကို နှိပ်စက် တာကို အကြီးအကျယ် ပြနေချိန်မှာဘဲ …….
    ကိုယ့် လူမျိုး ကဘဲ ကိုယ့် လူမျိုး ကို နှိပ်စက် နေတဲ့ အကြောင်းကို မသိချင် ရောင် ဆောင်၊
    ရူး ချင်ရောင် ဆောင်ပြနေရင် တော့ လဲ ……………………

    သေချာစွာ စဉ်းစားရမှာက –
    သမိုင်း(ဟစ်စရီ) ဆိုတာ အဲဒီထဲမှာ နေနေဖို့ မဟုတ် ပါ။
    သင်ခန်းစာယူပြီး – မှား ရင် အမှန်ပြင်
    ကောင်းရင် လဲ – ပိုပိုပြီး ကောင်းအောင် လုပ်ဖို့ပါ။
    တစ်ချို့ ရာဇဝင်တွေ ကတော့ သယ်မလာဘဲ ထားခဲ့တာ အကောင်းဆုံးပါဘဲ။
    “ထားခဲ့” ဆိုရာမှာ ဖျောက်ဖျက်ပစ် ခြင်း မဟုတ်ပါ။ လက်ရှိ ပစ္စုပန် နေရာကို သယ် မလာခြင်းပါ။
    ဒါမှ လက်တွေ့ မှာ ပြောင်းလဲနေတာတွေ ကို နားစွင့်၊ မျက်စိဖွင့် ခြင်း ကို ကောင်းကောင်း လုပ်နိုင်ပြီး ဖြစ်သင့်တဲ့ အကောင်းဆုံး တွေ ကို ရှာနိုင်မှာမို့ပါ။
    တကယ်တော့ သမိုင်းဆိုတာ လိုချင်ရင် “လှအောင် ပြန်ပြင်ရေးနိုင်တယ်” ဆိုတာ သတိပြု လိုက်နိုင်ဖို့ပါဘဲ။
    ကျွန်မ အတွေးသက်သက်သာပါ။ အမြင် ကွဲနိုင်ပါ၏။

    PS –
    စကားချပ် သတိပြုရန် –
    K@oru says: ကိုတေဇ ဆိုတဲ့လူ ဘာလုပ်ပြခဲ့လဲ …
    ကြက်ဖင် (အကယ်ဒမီ ) says: အဲ့သည် ကြီးမိုက်တွေလို့ခေါ်မလား

    အမည်နာမ များ ကို ရှင်းလင်းစွာ ဘယ်သူ ဟု ရေးသင့် ကြပါသည်။
    မဟုတ်ပါက “ရှေး က ကိုတေဇ” ကို မသိသူများ လူမှားနိုင်ပါသည်။
    ကြီးမိုက် ဆိုတာ ဂေဇက် က ရွာသား “လက်ရှိ ကြီးမိုက်” ဟု လူမှားနိုင်ပါသည်။ 😆
    joking 😉

  • blackchaw

    February 23, 2012 at 10:49 am

    kokothandar –
    မာယာဆိုတာ ကြည်နူးချစ်ခင်အောင်လုပ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးအတွက်
    ကျေးဇူးပါခင်ဗျာ။ ကျွန်တော်ကလည်း မာယာဆိုတဲ့ အသုံးအနှုန်းကို ချစ်ခင်စွာ သုံးနှုန်းထားတာ
    ဖြစ်ပါကြောင်း။ 😆

    nozomi –
    ကွန်းမန့်လေးအတွက်ကျေးဇူးပါခင်ဗျာ။

    pooch –
    ပုချ်ရေ။ စိတ်ဆိုးနဲ့ ဗျ။ အဲဒါ ကျွန်တော့် စိတ်ထဲမှာ ဆရာမကြီးတော့ နေမကောင်းဖြစ်နေလို့
    ရွာထဲမလာနိုင်တာဖြစ်မှာပဲ ဆိုတဲ့ အတွေးနဲ့ ဖုန်း ဆက်လိုက်မိတာ ကိုရင်စည်သူ့ တပည့်ဆိုတော့
    ကွက်တိပဲ ဗျို့။ ဟုတ်တော့လည်း ဟုတ်ပါတယ်ဗျာ။
    တစ်မြို့တည်း တစ်ရပ်ကွက်တည်း နေပြီး မသိသလို နေတာကတော့
    ကြိုတင်ကြံစည်မှု မြောက်ပါတယ်ခင်ဗျာ။ 😆

    ကြောင်ကြီး –
    Y2K ကို သွားသတိရမိတယ် ကြောင်ကြီးရေ။
    သက္ကရာဇ် ၂၀၀ဝ ရောက်ရင်ပဲ ကွန်ပျူတာ တွေ
    ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ်နဲ့ ပြီးတော့လည်း
    ဘာမှဖြစ်တာ မဟုတ်ပါဘူးဗျာ။
    ၂၀၁၂ ကလည်း အဲဒီလို ပဲ ဖြစ်မှာပါဗျာ။ 😆

  • blackchaw

    February 23, 2012 at 10:55 am

    etone –
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    အမှန်တော့ နယ်ချဲ့လက်အောက်မှာ နေခဲ့ရတဲ့
    မြန်မာတွေရဲ့ ဘဝက တကယ်ခက်ခဲကြမ်းတမ်း ခဲ့ကြပါတယ်။
    ဒါပေမယ့် ခဏခဏ ဗီဒီယို ရိုက်ပြနေကြတာကို တွေ့တော့
    အတွေးလေး တစ်ခု ဝင်လာတာလေး ချရေးလိုက်မိတာပါ။ 😆

    Khin Latt –
    အစ်မရေ။ စိတ်ရှည်လက်ရှည် တွေးပြီးရေးလိုက်တဲ့ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။
    ဒီလိုကွန်းမန့်လေးတွေကို လေးလေးနက်နက် စဉ်းစားတွေးခေါ်ပြီး ရေးတတ်တဲ့အချက်ဟာ
    အစ်မရဲ့ ထင်ရှားမြင်သာတဲ့ တန်ဘိုးတစ်ခုပါဗျာ။ 😆

  • alinsett

    February 23, 2012 at 6:38 pm

    အားပေး ဖတ်ရှု သွားပါတယ် ။

  • windtalker

    February 23, 2012 at 9:32 pm

    တစ်ချို ့က မင်းကြောင့် ဆေးရုံမှာ
    တစ်ချို ့က မင်းကြောင့် အရက်ဆိုင်မှာ
    မာယာ မာယာ မာယာ မာယာ
    အကိုကြီးရေ လေးစားပါတယ် ခင်ဗျ

Leave a Reply