‘ချစ်စထုံးနှောင် အပိုင်းသုံး…………..”

“ချစ်စထုံးနှောင်……………..အပိုင်းသုံး”

 

 

 “ စိမ်းမြ…………သစ်ရွက်တို့ ကြွေနေဆဲ……….

ငါ့မျက်ရည်စိုနေတုန်းပေါ့…………

တစ်ချို့တွေနေနိုင်လွန်းတယ်။

တိတ်ဆိတ်တဲ့ညမှာခပ်ဆွေးဆွေးဆိုနေတဲ့ သီချင်းသံရယ်

ခပ်ပြင်းပြင်းတီးနေတဲ့ ဟော်လိုဂစ်တာသံလေးရယ်နှစ်ခုပေါင်းစပ်

နံရံအတားအဆီးတွေကိုဖြတ်လို့

ကျမအခန်းထဲကို ခွင့်မတောင်းဘဲရောက်လာပါတယ်။

မျက်ရည်ကျောက်ခက်တို့ ပြိုနေဆဲ………………..

 ငါ့အတွှက်အဖြေရှာနေတုန်းပေါ့…………..

တစ်ချို့တွေနေနိုင်လွန်းတယ်”

 

နဂိုရ်က မှ အိပ်မပျော်ရတဲ့အထဲကွယ်။

“အိပ်မပျော်တဲ့ညမှောင်လွန်းနေဆဲ……………

တစ်ယောက်ထဲငါ ငိုနေတုန်း………………….

ရင်ထဲမှာ မကျေနပ်ဆုံး…………

ကိုယ့်အသဲမှာဒါနောက်ဆုံး……………………………….

……………………………………………………………..

စိမ်းမြသစ်ရွက်တို့ကြွေနေဆဲ…………………………

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

 

ကျမသိပ်မှတ်မိတာပေါ့။

ဒါမောင့်အသံ ………..အစစ်ပါ။

နေနိုင်လွန်းသူ မဟုတ်ရပါဘူးမောင်ရယ်။

နေနိုင်အောင်ကြိုးစားလို့ နေရသူပါ။

 

အဆောင်ပြူတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ ဗန်ဒါပင်အောက်မှာ

မောင်ဂစ်တာတီးနေတာကိုမသဲမကွဲလှမ်းတွေ့ရပါတယ်။

မမြင်ရပေ့မယ့် အသံကြားတာအရိပ်တွေ့တာနဲ့ မောင်မှန်းကျမသိပါတယ်နော်။

အဲ့ဒီသီချင်းဆုံးတော့  မောင့်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကိုဆိုပါတယ်။

 

“မထင်မှတ်ဘဲ လမ်းအကွေ့မှာတွေ့လိုက်တဲ့ခဏ

မေ့နိုင်ပြီလားတဲ့ကွယ်

ရက်စက်စွာမေးလိုက်တဲ့မင်းလေးရဲ့စကား

ရင်ထဲကသိပ်နာတယ်။

မတူညီတဲ့ဘဝနှစ်ခုရဲ့အသိုင်းအဝိုင်းတွေကြား

မင်းနဲ့ငါနီးစပ်ရန်မလွယ်။

တစ်ချိန်မှာဝေးရမှာသိပြိးသားပေမယ့်

ငါမင်းကို ချစ်မိခဲ့ပါတယ်။

 

မိုးဖွဲဖွဲအောက်မှာထီးအတူဆောင်း

နှစ်ယောက်အတူတွဲသွားခဲ့တာတွေ၊

အေးမြတဲ့ဆောင်းညမှာပေးခဲ့တဲ့အနမ်း

နုပ်ခမ်းဖျားမှာပူနွေးဆဲလေ။

မြေနီနီလမ်းကလေးမှာတို့ အတူလျှောက်

ပန်းအကြွေလေးကောက်ခဲ့တာတွေ

ငါဘယ်လိုမေ့လို့ရမလဲ…………………………

ဒါတွေဟာ ဒို့ဘဝမှာ အမှတ်တရ မေရေ။

ဒါတွေဟာ ဒို့ဘဝမှာ အမှတ်တရ မေရေ။

 

 

 

 

ဒီသီချင်းလေးကတော့ မောင်ရေးတဲ့သီချင်းတွေထဲမှာလူကြိုက်များခဲ့

အဆောင်ရှေ့က ဂစ်တာဝိုင်းမှာ အဆိုများခဲ့တဲ့သီချင်းလေးပါ။

“မောင် ဒီသီချင်းလေးရေးမိတာ မောင်တို့နှစ်ယောက်အတွက်နိမိတ်ဖတ်သလိုဖြစ်သွားမှာတော့စိုးတယ်”

လို့ ကျမကို တစ်ခါကပြောဘူးပါတယ်။

ဒီသီချင်းလေးဆုံးတော့ မောင် “နောက်ဆုံးအိပ်မက်”ကိုနောက်တစ်ခေါက်ထပ်ဆိုပြန်ပါတယ်။

ကျမနားထောင်မိသလောက် ပြောရရင်ဒါသုံးခေါက်မြောက်ပါ။

ရင်ထဲမှာ မကျေနပ်ဆုံး…………………………………….

……………………………………………………………..

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

တစ်ချို့တွေနေနိုင်လွန်းတယ်……………………..

 

ဆိုတဲ့အပိုဒ်ရောက်ရင် မောင့်အသံပိုပြီးမာန်ပါလာသလိုထင်မိပါတယ်။

ဆက်နားမထောင်နိုင်တော့လို့ ပြူတင်းပေါက်ကိုပိတ်၊

အခန်းတံခါးပိတ်။

နားနှစ်ဖက်ကိုပိတ်လို့နေမိပါတယ်။

အဆက်သွယ်ပြတ်နေတာအကြာကြီးရှိနေတဲ့ရက်မှာ

မောင့်ဆီကဖုန်းလာတဲ့အချိန် ကိုင်ဘို့ မကိုင်ဘို့ စဉ်းစားလို့မရနိုင်ဘဲ အကြာကြီး တွေဝေနေမိခဲ့ပါတယ်။

နောက်တော့ ကျမစိတ်တွေကို ထိန်းချုပ်မထားနို်င်တော့

ကျမဖုန်းကိုဖွင့်ပြီး  မောင်ဘာပြောမလဲလို့ နားထောင်နေမိပါတယ်။

“စိမ်းမြ………….”ဆိုတဲ့အသံလဲကြားရော ပြန်ဖြေဘို့ရာ အင်အားတွေကုန်ခမ်းနေသလိုပါဘဲ။

“မောင်” လို့ပြန်ထူးဖြစ်ပေမယ့် ရှိုက်ငိုနေမိတာကြောင့်ဗလုံးဗထွေးဖြစ်နေမှာအသေအချာပါဘဲ။

ဖုန်းသာဖွင့်ထားတယ် ကျမတို့နှစ်ယောက်ကြားမှာပြောစရာစကားတွေမဲ့နေသလိုတိတ်ဆိတ်။

နောက်တော့ကျမကဘဲဖုန်းကိုအရင်ပိတ်ပြီး အိပ်ယာထဲမှာဝင်ပြီး ငိုမိပါတယ်။

မောင်ဆီကဖုန်းလာပြီး သုံးရက်မြောက်တဲ့နေ့ အဆောင်ရှေ့မှာမောင်လာပြီး

သီချင်းတွေဆိုတာပါဘဲ။

သီချင်းအစက “နောက်ဆုံးအိပ်မက်” ်ဖြစ်သလို အဆုံးကလဲ”နောက်ဆုံးအိပ်မက်” ပါဘဲ။

မောင်က ကျမကို နေနိုင်လွန်းသူ စာရင်းထဲအပြီးထည့်ထားပြီထင်ပါရဲ့။

ဥပုဒ်တစ်ရက်မှာတော့  ကျမရဲ့အထီးကျန်တဲ့စိတ်တွေကို မထိန်းချုပ်နို်င်တော့ပါဘူး.။

မောင့်ကို တွေ့ချင်တော့ ဖုန်းဆက်လို့ခေါ်လိုက်ပါတယ်။

ဆယ်နာရီလောက်တော့မောင်ရောက်လာတာနဲ့မစားရတာကြာတဲ့

ဘုရားကြီးနားကရှမ်းခေါက်ဆွဲစားပြိးတော့ လမ်း80-32လမ်းက  top choice မှာလက်ဖက်ရည်ဝင်သောက်ကြပါတယ်။

ပြီးတော့ အောင်ပင်လယ် ကိုသွားဖြစ်ခဲ့ပါတယ်။

ဂေါက်ကွင်းသွားတဲ့လမ်းနဲ့ MIT ဘက်သွားတဲ့လမ်းဆုံတဲ့နားက သစ်ပင်ရိပ်မှာ

အေးအေးဆေးဆေးထိုင်ဖြစ်ကြပါတယ်။

အစကတော့ ပြောစရာစကားတွေခမ်းခြောက်နေသလို နှစ်ယောက်သားနှုတ်ဆိတ်။

တိတ်ဆိတ်ခြင်းကို ကျမကဘဲဖောက်ခွဲလို့ မောင်နဲ့ဝေးနေစဉ်က ခံစားရတာတွေကို

ပြောပြရပါတယ်။

အဓိက ကတော့ ကျမ က နေနိုင်သူထဲမှာ မပါတဲ့အကြောင်းပေါ့။

အရင်လိုနေ့စဉ်အတူသွားအတူလာမလုပ်ပေမယ့် အခုကစလို့တစ်ပါတ်တစ်ခါမောင်နဲ့

တွေ့ကြမယ့်အကြောင်း၊မောင်နဲ့လက်ထပ်ခွင့်ရဘို့အမေ့ကိုပြန်ပူဆာမယ့်အကြောင်း၊

တစ်ခါတစ်လေသတိရရင် အရင်လိုတယ်လီဖုန်းထဲမှာတွေ့ကြမယ့်အကြောင်း၊

မတွေ့တုန်းမှာဖြစ်ပျက်သွားခဲ့တဲ့ဟိုအကြောင်းဒီအကြောင်း၊

မောင်နဲ့ဝေးနေတုန်းက လွမ်းရတဲ့အကြောင်း ကျမတတွတ်တွတ်နဲ့စကားတွေဖောင်ဖွဲ့ခဲ့ပါတယ်။

ဒါပေမယ့် မောင့်စိတ်တွေက တော့ ကျမဆီမှာရှိမနေသလို။

အဝေးကို ငေးလို့နေပါတယ်။

အနေဝေးလို့သွေးအေးသွားသလား…………………………….

ကျမကိုဘဲစိတ်ပျက်သွားပြီလား………………………….

စိတ်ဆိုးတာမပြေသေးဘူးလား…………………………………..

နေများမကောင်းဘူးလား…………………………..ဆိုတဲ့အတွေးတွေပလုံစီလို့ပေါ့။

မောင်နဲ့တွေ့ရင်……………ဆိုပြီး တွေးထားခဲ့သမျှကတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။

ဒါနဲ့ဘဲ အဆောင်ကိုပြန်လာခဲ့ကြပါတယ်။

စိတ်ထဲမှာသိလိုက်တာတစ်ခုကတော့ မတွေ့လိုက်တဲ့တစ်လအတွင်းမောင်အရမ်းပြောင်း

လဲသွားတာကတော့ သေချာပါတယ်။

မောင်နဲ့ပြန်တွေ့ပြီးတဲ့အချိန်ကစလို့ကျမစိတ်တွေပြန်လည်လန်းဆန်းလာတာအမှန်ပါဘဲ။

ပုံမှန်နေ့စဉ်အလုပ်တွေလုပ်လိုက်။

ညပိုင်းရောက်လို့ မောင်ဆက်လာတအခါဲ့“မြနဲ့မောင်နဲ့ခုမှတွေ့တာ”

ဆိုတဲ့အသံလေးက ဝေစီလာလိုက်နဲ့ ဘဝကြီးကနေပျော်သလိုပါဘဲ။

နောက်တော့မောင်နဲ့တစ်ပါတ်တစ်ခါမှန်မှန်တွေ့ပေမယ့် ကျမဆီကိုတော့

မောင်ဖုန်းမှန်မှန်မဆက်ပါဘူး။

တစ်ခါတစ်လေ တစ်ပါတ်လုံးမဆက်ဖြစ်။

ကျမကဆက်ပြန်ရင်လဲ လူကြီးမင်းနဲ့ဘဲတွေ့နေပြန်တော့

ကြာရင် ကျမနဲ့လူကြီးမင်းတောင် ညှိသွားနိုင်တယ်လို့တွေးရင်းပြုံးမိပါတယ်။

 

နောက်တစ်ပါတ်အလုပ်ပိတ်ရက်မှာမောင်ကျမအဆောင်ကိုလာခေါ်ပါတယ်။

ဒါပေမယ့်မောင့်ကြည့်ရတာ ဝတ္တရားအရသာ လာခေါ်ရသလို တက်တက်ကြွကြွမရှိ။

ဒါနဲ့ဘဲမုန့်စား ပြီး ကျောက်တော်ကြီးဘုရားကို သွားကြပါတယ်။

ဘုရားကန်တော့အပြီး ဘုရားထဲကခုံတန်းလျားပေါ်မှာထိုင်ကြတော့

မောင်ကြည့်ရတာ ညှင်းသိုးသိုးနဲ့ မျက်ကွင်းတွေက လဲညိုလို့။

ကျမနဲ့သာအတူထိုင်နေပေမယ့်မောင့်ကြည့်ရတာငေးတိငေးမိူင်။

ခဏနေတော့ “ပြန်ကြစို့ မောင် အဆောင်ကိုလိုက်ပို့ပေးမယ်”

လို့ပြောတာနဲ့ ကျမတို့ပြန်ခဲ့ကြပါတယ်။

ကျုံးဘေးကနေဆိုင်ကယ်စီးအပြန်မှာတော့ စကားသံတိတ်ဆိတ်။

နောက်ကထိုင်လိုက်ရတဲ့ကျမရင်ထဲမှာတော့ ရင်ထဲမှာမကောင်း။

မောင်နဲ့ပြန်ဆက်သွယ်ရင်ပျော်မယ်ထင်ခဲ့ပေမယ့် မောင်ဘက်ကအေးစက်စက်နဲ့

မူပျက်နေတော့ ကျမစိတ်ဆင်းရဲရပါတယ်။

အသစ်များတွေ့နေပြီလားလို့လဲ တွေးမိတော့ စိတ်မကောင်းမိပြန်ပါဘူး။

ကျမလဲအဆောင်ပြန်ရောက်တော့ အဝတ်တွေလျှော်

မီးပူတွေတို်က်ပြီးတော့ ဘယ်မှ မသွားဘဲ အိပ်နေလိုက်ပါတယ်။

ညနေစောင်းလောက်မှာ ကျမဖုန်းလာနေလို့နားထောင်လို်က်တော့ မောင့် မေမေဖြစ်နေပါတယ်။

“သမီးရေ အားရင်အိမ်ဖက်ခဏလာခဲ့ပါလား”

“အားတယ်ရှင့် လာခဲ့မယ်နော်”

“ တိုင်ပင်စရာရှိလို့ သမီးတစ်ယောက်ထဲဘဲလာခဲ့နော် ညနေစာလဲ အိမ်မှာဘဲစား “

“ဟုတ်ကဲ့ရှင့်”

ဒါနဲ့ဘဲ အဝတ်အစားလဲပြီးမောင်တို့အိပ်ဘက်ထွက်ခဲ့ပါတယ်။

လာသာလာရတာ စိတ်မလုံပါဘူး။

ကျမက မောင့်ကို လမ်းခွဲခဲ့သူလေ။

မောင့်မေမေကိုတော့ မျက်နှာပူပါတယ်။

မောင်တို့အိမ်ရောက်တော့ မောင့်မေမေက ကျမကို ဝမ်းသာအားရနဲ့ကြိုပါတယ်။

ဒါပေမယ့် မောင့်မေမေမျက်နှာအရင်လိုမရွှင်လန်းတာတော့အမှန်။

ကျမအိမ်ထဲရောက်တော့ မီးဖိုခန်းထဲထိသွား။

ထမင်းစား စားပွဲမှာထို်င်ရင်း မောင့်မေမေက ကော်ဖီဖျော်။

နောက်တော့ မှ စကားစလာပါတယ်။

“သမီးရေ သားက ဆေးပြန်သုံးနေတယ်။

မေမေလဲသူ့ကို မထိန်းနို်င်တော့လို့ ဒီနေ့ကသာဘက်က သူ့ဦးလေးလာတော့

ထည့်ပေးလိုက်တယ်”

“သူရှာသမျှရော မေ့မေ့ငွေတွေရော သူအတော်လေးသုံးပစ်လို်က်တာသမီးရေ”

“သမီးနဲ့မတွေ့ခင် နှစ် နှစ်လောက် ခပ်ငယ်ငယ်ပေါ့။

သူစသုံးတာ။အပေါင်းအသင်းလဲစုံ မေမေကလဲ တစ်ဦးတည်းသောသားဆိုတော့

ဘာလုပ်လုပ်ခွင့်လွှတ်ထားခဲ့မိတယ်။

နောက်တော့ မေမေတောင်းပန်တာနဲ့သူ ဆေးပြတ်သွားတယ်။

ဆေးပြတ်ပြီးတဲ့အချိန်သမီးနဲ့သူတွေ့ကြတာဘဲ။

အဲဒီမှာ သူတက်တက်ကြွကြွနဲ့အလုပ်တွေပြန်လုပ်နေပြန်ရော။

ပြီးခဲ့တဲ့ လပိုင်းလောက်ကစပြီး သူမူမမှန်တော့ဘူး။

ဆေးပြန်သုံးလာတယ်။

ခါတိုင်းပိုက်ဆံမလိုတဲ့သားက မေမေသိအောင်ရော မသိအောင်ရောက်

ပိုက်ဆံတွေသုံးလာတော့တာဘဲ။

လူကြည့်လို်က်ရင်လဲ မျက်ကွင်းတွေညို စိတ်နဲ့လူမကပ်သလို”

“မေ မေ………သမီးကြောင့်…………………..”

ကျမ စကားမဆုံးခင်လက်ကာပြပြီးဆက်ပြောပါတယ်။

“သမီးမှာ အိမ်ကသဘောတူထားသူရှိတယ်ဆိုတာ စကတည်းကသိပြီးသားလေ။

တနေ့ဒီလိုလမ်းခွဲရမယ်ဆိုတာ သိပြီးသား။

သမီးနဲ့ပါတ်သက်လို့ခံစားရတာမှန်ပေမယ့် အခုကိစ္စကတော့ သမီးကြောင့်ပါလို့

ပြောရင်ဘယ်တရားမလဲကွယ်။

အခုနောက်ပိုင်း အောင်မြင်စပြုလာ။

လက်ထဲမှာငွေက ရွှင်။

စိတ်ညစ်စရာလေးကလဲတွေ့။

အဲတော့ မခိုင်တဲ့စိတ်က ဒီနွံထဲပြန်တိုးဝင်တာပေါ့သမီးရယ်”

“မေမေပူတာက သမီးဆီက ရော ပိုက်ဆံတွေဘာတွေတောင်းသွားသေးလား”

“တစ်ခါတော့ တောင်းဘူးတယ်မေမေ ခြောက်သောင်း”

“မေမေပြန်ပေးပါမယ်”

“မပေးပါနဲ့မေမေ  မေမေဒီထက်မက ဆုံးရှုံးထားတာဘဲဟာ”
“စိတ်ညစ်ပါတယ် သမီးရယ်။

ဒီတစ်ခါတော့ဘာမှ မရှိတဲ့ သစ်ထုတ်လုပ်ရေးလုပ်နေတဲ့ တောထဲထည့်ပေးလိုက်တာဘဲ။

ပြတ်သွားကောင်းပါရဲ့”

နောက်တော့ ရောက်တတ်ရာရာ စကားတွေပြော။

အတော်လေးမှောင်မှ ထမင်းစားပြီးအဆောင်ကိုပြန်လာခဲ့ပါတယ်။

အတော်လေးကိုစိတ်ဆင်းရဲမိပါတယ်။

ကျမနဲ့မတွေ့ခင်က မောင်ဆေးသုံးတယ်ဆိုတာ မသိခဲ့ပါဘူး။

ဒီမူးယစ်ဆေးဆိုတဲ့နွံထဲကို မောင်ပြန်တိုးဝင်တာ

မောင်စိတ်ဓါတ်မခိုင်မာသူမို့ဘဲ လား………………….

အနုပညာသည်တစ်ယောက်မို့လား……………………

ကျမနဲ့လမ်းခွဲရတာကြောင့်ဘဲလား…………………………..

မေးခွန်းတွေသာ များများလာတယ်အဖြေတော့ရမလာ.။

ကျမတတ်နို်င်တာကတော့ ငိုပစ်လိုက်တာပါဘဲ။

နောက်ရက်တွေမှာတော့ မောင်နဲ့လမ်းခွဲစကလို ကျမစိတ်တွေလဲ

ယိုးတိုးယိုင်တိုင် ။

လူသာဖြစ်ပေမယ့်သံပါတ်ပေးထားတဲ့စက်ရုပ်လို ဖြစ်နေပါတယ်။

ဒီအထဲမေမေတို့က မောင့်သတင်းဘယ်ကနေရတယ်မသိ။

စိတ်ပူစွာနဲ့မန်းလေးကို ဆင်းချလာပြန်ပါတယ်။

မေမေတို့ရောက်လာတော့ အလုပ်ကခွင့်ယူ ပြီးမေမေနဲု့လိုက်နေရပါတယ်။

ဒီတစ်ခါတော့ ကိုဝေပါမလာပါဘူး။

မောင့်အကြောင်းကိုလဲ ရေလည်အောင်သေသေချာချာရှင်းပြရပါတယ်။

မောင်နဲ့ပြန်တွေ့ဖြစ်တာ သွားဖြစ်တာမှန်တယ်ဆိုတာကိုတော့ဝန်ခံမိပါတယ်။

မေမေ ကတော့ ဟိုဘက်ကို မျက်နှာမပျက်ချင်တာ၊

ကိုဝေကလဲ သမီးကို သေတပန်သက်တစ်ဆုံးပေါင်းမှာ၊

စီးပွားရေးပူစရာမလိုတာ ကိုယ်ကျင့်တရားကောင်းတာ၊

ကိုဝေမိဘတွေကလဲ ကျမကို အရမ်းချစ်တာဆိုတာတွေအကြောင်းပြပါတယ်။

ကျမမှာတော့ မောင့်ကိုချစ်တယ်ဆိုတာကလွဲလို့ချေပစရာမရှိ။

အနုပညာသမား ၊ငွေမမက်သူ၊တောင့်တင်းခိုင်မာတဲ့စီးပွားရေးလုပ်ငန်းမရှိသူ၊

ဟောအခုလို ဆေးနဲ့နွယ်တော့ ပိုပြီးပြောစရာမရှိဖြစ်သွားပါတယ်။

မပြောသာပြောသာပြောရရင်

ကိုဝေ ဒေါသကြီးတာ၊တဇွတ်ထိုးနိုင်တာ၊

ကျမကို ငယ်ငယ်လေးကထဲက သူပိုင်တဲ့အရုပ်ကလေးတရုပ်လိုသဘောထားတာ။

ဒါကလွဲရင်ဘာမှပြောစရာမရှိ။

မိဘတိုင်း မိန်းကလေးတိုင်းက သားမက်ဖြစ်စေအိမ်ထောင်ဖက်ဖြစ်စေ

အချိန်မရွေးလက်ခံနို်င်တဲ့စံနုုန်းတွေအပြည့်နဲ့ လူကတော့  ကိုဝေပေါ့။

ဒါပေမယ့် အချစ်ဆိုတာ အချက်အလက်ပေါ်မှာအခြေခံပြီး ပေါက်ဖွားလို့ရတာမှမဟုတ်တာဘဲနော်။

ကိန်းဂဏန်းတွေ ပြိုင်ဆိုင်မူ့တွေ အလေးသာမူ့တွေနဲ့တွက်ချက်ပြီးရလာတဲ့ရလဒ်က အချစ်မှမဟုတ်တာ။

တကယ်ပြောရင်အချစ်ဆိုတာ ရင်ထဲနှလုံးသားထဲကခံစားရတာကို အခြေခံလို့ပေါက်ဖွားလာတဲ့အရာပါ။

နောက်ထပ်ပြောရရင် အချစ်ဆိုတာနဲ့ပါတ်သက်လာရင် ကမ္ဘာပေါ်မှာ ရှိရှိသမျှသောပေတံတွေအားလုံး

ကျုးိပါတယ်။

တိုင်းတာတွက်ချက်မူ့မှန်သမျှ အချစ်ဆိုတာပါလာရင် အကုန်စံလွဲပါတယ်။

လူတစ်ဦးနဲ့တစ်ဦးချစ်ကြဘို့အတွက်အလိုအပ်ဆုံးကတော့ ရင်ခုန်အောင်ဖန်တီးနိုင်ခြင်းပါဘဲ။

ဒီလိုသာမေမေ့ကိုပြောမိရင်

မေမေတို့ဆိုရင် မမြင်မတွေ့ဘူးဘဲ မိဘစကားနားထောင်ပြိးလက်ခံခဲ့တာအခုချိန်ထိ

စကားတစ်ခါမှမများခဲ့ဘူးလေ စီးပွားလဲအဆင်ပြေလို့ ………..လို့ချက်ခြင်းပြန်ချေပမှာအမှန်ပါဘဲ။

မေမေ မိုးကုတ်ပြန်တော့မယ်ဆိုတော့

မောင်ဝေနဲ့အမြန်ဆုံးလက်ထပ်ကြဘို့ ဆိုတဲ့ စကားဘဲ ပဲ့တင်ထပ်လို့ပြန်လာပါတယ်။

ကျမမှာလဲ ဟုတ်ကဲ့ရှင့် ဆိုတာကလွဲလို့ ပေးစရာအဖြေမရှိ။

ဒါနဲ့ဘဲလာမယ့်  ဒီဇင်ဘာနှစ်ကုန်ရင်လက်ထပ်မယ်။

သီတင်းကျွတ် ကျမပြန်ရင်တရားဝင်စေ့စပ်မယ်ဆိုတာက အတည်ဖြစ်သွားပါတယ်။

မေမေပြောတာ နားထောင်ရုံကလွဲလို့မောင့်ကိုလဲ ကျမမျှော်လင့်လို့မရတော့ပါဘူး။

ငြင်းပယ်စရာအကြောင်းပြချက်လဲကျမမှာမရှိပါဘူး။

လောက သဘာဝအတိုင်း သူ့အလိုအတိုင်း ကိန်းဆိုက်လာတဲ့အတိုင်းလက်ခံရုံကလွဲလို့ ဘာမှမရှိပါဘူး၊

မောင် အမေ့အိမ်ကပြန်လာပြီးတဲ့နောက်မှာ ကျမနဲ့မောင်နဲ့လုံးဝအဆက်အသွယ်မရှိတော့ပါဘူး။

မောင့်မေမေနဲ့လဲမဆက်သွယ်ဖြစ်ပါဘူး။

ဘာမှမထူးတဲ့အနေအထားမှာ သံယောဇဉ်တွေအမျှင်မတန်းချင်တော့လို့ပါ။

အားလုံးကင်းကင်းရှင်းရှင်းဖြစ်နေပါတယ်။

နောက်ဆုံး “မြနဲ့မောင်နဲ့ခုမှတွေ့တာ……….”ဆိုတဲ့ရင်းတုန်းကိုတောင် ကျမဖျောက်ထားပါတယ်။

တကယ့်ကိုမေ့ပစ်ဘို့၊မေမေ့တို့ကိုပေးထားတဲ့ကတိတွေမပျက်အောင်လိုက်နာဘို့အတွက်

စိတ်ဆုံးဖြတ်လိုက်လို့ပါ။

မေ့နိုင်တာ မမေ့နိုင်တာ ထက် လုပ်သင့်တာကိုဘဲ လုပ်နို်င်အောင်ကျမကြိုးစားပါတော့တယ်။

ဒီနှစ်ကုန်ရင် ကိုဝေနဲ့လက်ထပ် ဇာတိမြို့ကိုပြန်။

အိမ်အလုပ်ကိုဘဲလုပ်။

အဲတော့ လက်ထပ်ပြီးတာနဲ့အရင်ကဖြစ်ခဲ့တာတွေ့မေ့လိုက်တော့။

သိပ်မဝေးတော့တဲ့ကာလမှာ ကျမနဲ့မန္တလေးမြို့ရဲ့ ဖြစ်ခဲ့တာတွေက အတိတ်မှာကျန်ခဲ့မှာပါဘဲ။

တစ်ခါတစ်ရံလောကကြီးရဲ့လှည့်စားချက်တွေ က များလွန်းလှပါတယ်။

အသေအချာလိုစီစဉ်ထားပေမယ့် အားလုံးကိုလွဲချော်အောင်

ကမောက်ကမဖြစ်သွားအောင် လုပ်တတ်ပါတယ်။

ကျမနဲ့ကိုဝေ တရားဝင်မြန်းကြမယ်လက်ထပ်မယ့်ရက်ကိလဲုလူကြီးစုံရာသတ်မှတ်မယ်လို့

စီစဉ်ထားတဲ့ တစ်ပါတ်အလိုမှာ ကိုဝေ မေမေက ဦးနှောက်သွေးကြောပြတ်လို့ကွယ်လွန်။

အဲတော့ ကိုဝေနဲ့ ကျမ လက်ထပ်ဘို့အစီအစဉ်ကိုလဲ နောက်နှစ်ထဲကိုရွှေ့လိုက်ကြရပါတယ်။

ကျမအစက တွေးထားသလို နှစ်ကုန်ရင်လပ်ထပ် ကျမလဲမိုးကုတ်ပြန်ဆိုတာ ဖြစ်မလာတော့

မန္တလေးမှာဘဲအလုပ်ဆက်လုပ်ဖြစ်ပါတယ်။

ဒါပေမယ့် မောင်နဲ့ပါတ်သက်ခဲ့သမျှအားလုံးကတော့ အဆုံးသတ်သွားပါပြီ။

ကျမဘာသာ ကျမ တည်ငြိမ်စွာနေနိုင်တဲ့ပုံမှန်အနေအထားကိုပြန်ရောက်ပါတယ်။

အချိန်အတော်ကြာကြာတော့ ကုစားခဲ့ရတာအမှန်ပါဘဲ။

 

တစ်ရက်မှာတော့ ကိုဝေ တစ်ယောက်ထဲမန်းလေးကိုဆင်းလာပါတယ်။

ကိုဝေမလာခင်တစ်ရက် ကျမတို့အဆောင်မှာနေသွားတဲ့ “မမဝင်း”်က အဆောင်ကိုအလည်လာပါတယ်။

သူအလုပ်ကိစ္စနဲ့မန်းလေးကိုလာရင်းနဲ့ကျမတို့နဲ့ညအိပ်မယ်ဆိုပြီးလာတာပါ။

သူကလဲဒီအဆောင်မှာလေးငါးခြောက်နှစ်နေသွားသူဆိုတော့ သံယောဇဉ်ရှိသပေါ့။

ကျမနဲ့မောင်အကြောင်းကို သိသူ ကျမနဲ့အလုပ်အတူလုပ်ဘူးသူရင်းနှီးသူပေါ့။

ညကျမနဲ့သူအတူအိပ်ရင်း မောင့်အကြောင်းရောက်သွားပါတယ်။

သူက မြနဲ့မောင်အသံလေးကို သတိရလို့ဆိုပြီး သူ့ဖုန်းနံပါတ်နေရာမှာ

အဲဒီရင်းတုန်းကို ကျမထဲပြောင်းထဲ့ ပြီး သူ့ဖုန်းနဲ့ကျမဖုန်းကိုခေါ်၊

မြနဲ့မောင့်နဲ့ခုမှတွေ့တာ……….ဆိုတဲ့အသံလေး ကျမဖုန်းကမြည်လာရင်သဘောကျ

အစကတော့ရီစရာမောစရာ  ရှေးဟောင်းနှောင်းဖြစ်တွေ ကိုပြန်ပြောပေါ့။

နောက်တော့ပြောရင်းနဲ့ လွမ်းစရာ အခန်းနဲ့ဇာတ်သိမ်းလို့အိပ်မယ်လုပ်တော့ မနက်သုံးနာရီ။

 

မနက်လဲရောက်ရော ကိုဝေကားက အဆောင်ရှေ့ရောက်နေုပါတယ်။

အဲဒါနဲ့ကမန်းကတန်း မျက်နှာသစ်အဝတ်လဲပြီးကိုဝေနောက်လိုက်ခဲ့ပါတယ်.။

ကျမမှာ မမဝင်းကိုတောင်နုတ်မဆက်နို်င်ခဲ့ပါဘူး။

ကျမနဲ့ကိုဝေအိမ်က ပို့ခို်င်းလို်က်တဲ့လက်ဆောင်တွေလိုက်ပို့။

နောက်အိမ်ကမှာတာတွေလိုက်ဝယ် ရုံးကိုတောင်ဖုန်းဆက်ပြီး ခွင့်တင်လိုက်ရပါတယ်။

နောက်တော့ စားသောက်ဆိုင်တစ်ဆိုင်ဝင်ပြီး ထမင်းစားနေတုန်း

ဖုန်းဝင်လာပါတယ်။

“မြနဲ့မောင်နဲ့အခုမှာတွေ့တာ…………………………..” ဆိုတဲ့အသံလေးနဲ့ပေါ့။

အဲဒီမှာ ကိုဝေပေါက်ကွဲတော့တာပါဘဲ။

နောက် သွေးအေးသွားမှ စဉ်းစားမိတာက ဒီဖုန်းသံဟာ  မမဝင်းက

ကျမကို လှမ်းခေါ်တဲ့အသံဆိုတာကိုဘဲ

(တကယ်လဲဟုတ်ခဲ့ပါတယ် မမဝင်းက ြပြန်ခါနီးကျမကိုနုတ်ဆက်ဖို့ဖုန်းခေါ်တာ လုံးဝခေါ်လို့မရပါဘူးတဲ့)

အဲဒါကို ဒေါသတကြီးတုန့်ပြန်တဲ့ကိုဝေကို ကျမ မုန်းတီးမိပါတယ်။်

ပြဿနာတစ်ခုဖြစ်လာရင် ဝုန်းဒိုင်းကြဲပြီး မဆင်မခြင်လုပ်တတ်သူနဲ့ရေရှည်လက်တွဲဘို့ကိုစဉ်းစားရပါတော့မယ်။

ဒီလိုလူနဲ့တသက်လုံးလက်တွဲဘို့ဖြစ်နိုင်မဖြစ်နိုင် က ကျမဘဝနဲ့ရင်းပြီးလောင်းကြေးထပ်ရမှာအသေအချာ။

မေမေတို့နဲ့သေချာပြန်ပြီးစကားပြောရတော့မယ်ဆိုတာကို တွေးနေတုန်း။

“စိမ်းမြ ရေ ဧည့်သည်………..” ဆိုလို့ကျမထွက်ကြည့်လို်ိက်မိတော့

ကျမနဲ့ကိုဝေပြဿနာတက်တော့ ကျမကို  ကူညီခဲ့တဲ့သူ။

သူ့လက်ထဲမှာတော့ ဟန်းဆက်အသစ်ေလေးတစ်လုံး……………………………..

အော်…………ကျမရှေးဟောင်းနှောင်းဖြစ်တွေပြန်တွေးတာ အတော်ကြာသွားပါပေါ့လား………….

 

 

 

 

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး

(20-2-2012)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

22 comments

  • water-melon

    February 20, 2012 at 6:17 pm

    လမ်း80-32လမ်းက top choice ဆိုတော့ သိတယ်နော့လေးပေါက်
    လေးပေါက်ငယ်ငယ်တုန်းက အကြောင်းလေးတော့မဟုတ်ပါဘူးနော်။
    နောက်အပိုင်းဆိုဇာတ်သိမ်းပြီပေါ့

    မောင် သိပ်ချစ်တဲ့ စိမ်းမြ
    ဘယ်လိုဖြစ်မလဲ ?

  • စိန်ပေါက်ပေါက်

    February 20, 2012 at 6:21 pm

    ဪ..
    မောင်သိလိုက်ပါပြီမြရေ
    အဲဒီဇာတ်ဆရာဂျီးက မောင်နဲ ့လဲ မြကို မပေးစား၊ကိုဝေနဲ ့လဲ မပေးစားဘဲနဲ ့နောက်ဆုံး
    ပွဲလန် ့တုန်း ဖျာဝင်ခင်းမဲ့ ငနဲနဲ ့ပဲ ပေးစားတော့မယ်ဆိုတာ
    မောင်ကြိုသိခဲ့မိပါပြီ

    ကြိုပြီးမှာထားပါရစေ မြရေ
    အဲဓီလူနဲ ့ညားရင် ခေးတွေများကြီး မွေးရဘူးနော်..
    သားလေးမွေးရင် မောင့်နာမည်ပေးပါ
    မီးမီးလေးမွေးရင်လဲ မောင့်နာမည်ပေးပါနော်
    များကြီးတော့ မွေးနဲ ့နော်
    ဒါဘဲနော်
    တတ်တာနော်

    ပုံ/
    မှောင်

    • water-melon

      February 20, 2012 at 6:27 pm

      သားလေးမွေးရင် မောင်စိန်မူး
      သမီးလေးမွေးရင် မပြာကလပ်စိန်
      အိုကေလား ချီးပြန်းလေး Diamond pauk pauk

      • စိန်ပေါက်ပေါက်

        February 20, 2012 at 6:41 pm

        အိ…
        နာမည်ပေးကင်မွန်းတပ် တယ်တော်သဟ ဖျဲသီးရ

  • ရွှေဘိုသား

    February 20, 2012 at 7:05 pm

    ဖေကြီးဇာတ်လမ်းတော့မဖြစ်နိုင်ဘူး ဖေကြီးက တက္ကသိုလ်ကတည်းကတွဲလာတာဆိုတော့

  • blackchaw

    February 20, 2012 at 9:17 pm

    ရှေ့တစ်ပိုင်းဆို ပြီးပြီလား ကိုပေါက်ရေ။
    အစအဆုံးကျမှ ကိုးရီးယားကားတွေလို
    စီဒီဝယ်ပြီး တစ်ထိုင်တည်း ဖတ်မလို့ ကြံထားတယ်ဗျာ။

  • MaMa

    February 20, 2012 at 11:17 pm

    ကိုပေါက်ရဲ့ ဇာတ်လမ်းအချိုးအကွေ့လေးတွေ လှတယ်။
    သဘာဝလည်း ကျတယ်။
    🙂

  • Khin Latt

    February 21, 2012 at 6:25 am

    ကိုပေါက် –
    ဒါ ခိုင်ထူး သီချင်းဘဲ။
    မောင် ဒီလိုဖြစ်တာကြည့်ပြီး ကျုပ်တော့ မြ ကို အပြစ်ဖို့ချင်လာပြီ ဗျို့။
    သူ့ဇာတ် သူနိုင်အောင် က နိုင်ပါတော့ မလား။
    စိတ်ရှည်ရှည်ဖြစ်ရန် အတော်လေး ဆွဲဆန့် နေရပါသည် ခင်ဗျ။
    ပုံ
    ကိုလတ်

    PS – တီချယ် ကြီးကို လဲ ကိုလတ် က သတိရနေကြောင်း ပြောပေးပါဦး ခင်ဗျား။ 🙂

  • သိပ်မှန်တာပေါ့ ခိုင်ထူး သီချင်း ကြိုက်လို့ထည့်လိုက်တာပါ.
    နောက်တစ်ပိုင်းမှာ သွားလေသူ မွန်းအောင်ရဲ့သီချင်းထည့်မယ်။
    ဘယ်သီချင်းဖြစ်မယ်ဆိုတာ မှန်းကြည့်လိုက်ပါလား ကိုလတ်ရေ။
    သိပ်မကြာခင်ပြီးပါပြီ စာတန်းထိုးတော့မှာပါခင်ဗျာ။

    • Khin Latt

      February 22, 2012 at 5:21 am

      ကိုပေါက် ရေ့
      ရင်ခတ်ပန်း … နွေမှာဘဲ ဒီဇာတ်လမ်း လေး ဆုံးခဲ့တယ် …..

      သို့သော် ကျုပ်ကတော့ မြအတွက် ဒီသီချင်းဘဲ။
      စိဉ္စမာဏဉာဏ် … ညင်သာစွာ ရှောင်ခွါတိမ်းရန် ကြံဆောင်ကာ စိဉ္စမာဏဉာဏ် …..

      ကိုပေါက် ဒါကို မဆိုပေး ရက်ဘူး မဟုတ်လား။
      ဟင်း..ဟင်း…ဟင်း… သိနေတယ်လေ။ 😉

      ပုံ
      ကိုလတ်

  • တီချယ်ကြီးအအေးမိ၍ဖျားနေသည်ဟုသတင်းရပါ၏။
    သတင်းမေးကြပါကုန်………………..ရွာသူားအပေါင်းတို့ခင်ဗျား………..

  • pooch

    February 21, 2012 at 8:38 pm

    အနော်ဒီနေ့ သွားခဲ့ပြီ ။ သိတဲ့အတိုင်းပဲ ဒီနေ့ တီချယ် အတန်းက ကလေးတွေ အချစ်အကြောင်း presentation လုပ်ကြတာ လာအားပေးပါအုန်းဆိုတာနဲ့ သွားအားပေးတာ ကံကောင်းလို့ အပြန်မှာ ချောင်းရိုက်ခံရတော့မလို့ သီသီလေး လွတ်ခဲ့တယ် ။ :mrgreen:

    တကယ်ထဲမှ အချစ်တွေကလည်း များလိုက်တာမှ

    1. Narcissistic love
    2.Romantic love
    3.Parental love
    4.Religious love
    5.Teenage love
    6.Sibling love
    7.Love of pets
    8.Hero-worship love
    9.Love in old age
    10.Platonic love

    မြနဲ့မောင် ၊ မြနဲ့ ကိုဝေ အချစ်တွေက ပူလောင်လိုက်တာမှ ဒီအမျိုးအစားထဲက တခုခုကမှ အေးမြခြင်းဘက်ရောက်အုန်းမယ်။
    နောက်တပိုင်းကျရင် အားလုံးကို တောထွက်ခိုင်းလိုက်ပါလေးပေါက် ။ ဖတ်ရတာ ပူလောင်လာလို့ ဟီး။

    ဒီလို အပြောတွေ ပြောခဲ့လို့ ချောင်းရိုက်ခံရတော့မလို့ပါဆိုနေ။ :mrgreen:

    • Khin Latt

      February 22, 2012 at 5:27 am

      တီချယ်ကြီး နေကောင်း သွားပြီလား?
      မြန်မြန်ပြန်ကောင်းပါစေလို့ ဆုတောင်းပါတယ်။

      Pooch ကို ဘူသူ က ချောင်းရိုက်မှာလဲ။
      အရီးကိုပြော။ ဒီကနေ ပါဝါ ပေးလိုက်မယ်။
      အချစ်များကို ပြန်မျှပေးလို့ ကျေးဇူးပါနော်။
      အဲဒီထဲမှာ နံပါတ်(၁) ကို မကြားဘူးခဲ့ဘူး။ ဂူးဂဲ လိုက်ဦးမယ်။ 😀

    • နှူးဘာဂိုဏ်းချုပ်

      February 22, 2012 at 7:22 am

      အနှီ ပလေတိုးနစ် လာဘ့် ဆိုတာ ဘယ်ဂေါက်သီးက တီထွင်သွားတယ်မသိ. …
      သုံးလို့တော့ ကောင်းထှာ …. စိုင်လေးဒွေ ထားသွားတိုင်း အာဟိ…

      ရို့ … ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ …ငါ့ကိုလဲ ပြောပြထားဦးကွယ်…
      (ကော်ပီသီချင်း ဆိုမိဘီ …အုန်းကျုံး ပြန်ဆိုဦးမှ)
      ……အချစ်ဆိုတာ ရယူဂျင်းမှ မဟုတ်ဘဲ မဏိစန္ဒာ ……

      အာ ….ရှုပ်ကုန်ဘီ ….ကြာဘာဒယ် ရိုက်ကွာ …အာချစ် ဆြာမဂျီးကို …..
      😀

      ခင်လို့ ဝင်နောက်သွားပါသည်…..
      တီချယ်ကြီး ကိုသတင်းမေးသွားပါသည် ….

      ခင်တဲ့
      နှူးဘာဂျုပ်

    • စိန်ပေါက်ပေါက်

      February 22, 2012 at 11:28 am

      မိပူးချ်
      ညည်း ဒါကြောင့်…

      တွမ်!
      မာမီပေါက်မပြောခင် ပြောလိုက်တာ
      😀

  • မယ်ပုရေ ညည်းအချစ်မတွေ့သေးလို့အဲလိုပြောနိုင်နေသေးတာပါအေ………………..
    ကိုဘခွေး ဆိုရင် သဘောပေါက်……………………….

  • ကြောင်ကြီး

    February 22, 2012 at 11:51 am

    စိမ်းမြ
    ပိန်းပါ့
    မိန်းမ
    ယိမ်းက
    ထိန်းပြ
    ကြိမ်းရ…

  • nozomi

    February 22, 2012 at 12:17 pm

    ကိုပေါက် ကြီး ဇတ်လမ်းတွေ အားလုံးပြီးမှ ဖတ်မယ်စဉ်းစားထားတာ မနေနိုင်တော့ လဲ တစ်ပုဒ်ချင်း ဝင်ဖတ်မိနေတယ်
    အချစ် ဆိုတာတော့ တကယ်ကို ဆန်းကျယ်တဲ့ အရာပါပဲ
    ကျွန်တော့မှာ ဖတ်ရင်းနဲ့ မောင်ဖြစ်လိုက် ကိုဝေ ဖြစ်လိုက် နောက်လူဖြစ်လိုက်နဲ့ ရင်မောလိုက်ရတာ

    ဇတ်သိမ်းမျှော်နေပါတယ် နော

  • မထင်တာတွေလဲဘဲ ဖြစ်တတ်တာဘဲ ချစ်ကြပေမယ့်လဲကွဲတတ်တယ်
    လို့တော့ သီချင်းတပုဒ်ထဲကြားဘူးတာပါဘဲ

  • Phaung Phaung

    February 22, 2012 at 5:20 pm

    ဦးပေါက်… ဇာတ်လမ်းမှာ ကိုဝေဆိုတဲ့သူက မြမှာ မောင်ဆိုတဲ့ချစ်သူရှိတာကိုသိရက်နဲ့ လက်ထပ်ချင်တယ်ဆိုတော့ …လက်ထပ်ပြီးရင်လဲ ..ဒီအတိတ်ကိုပြည်ဖုံးကားချနိုင်ပါ့မလား.. အမြဲတမ်းသံသယစိတ်နဲ့ တခုခုဆိုတာနဲ့ ရှုးရှုးဒိုင်းဒိုင်းဒေါသထွက်နေရင် တသက်လုံးမြပဲ စိတ်ဆင်းရဲနေရတော့မှာပေါ့… မြနေရာမှာခံစားကြည့်ပြန်တော့လည်း…ဆေးစွဲနေတဲ့ချစ်သူကိုလဲ လက်တွဲလို့မဖြစ်နိုင်… ခင်ပွန်းလောင်းဖြစ်မယ့်သူရဲ့ အမြဲတမ်းအပြစ်သားလို သံသယထားခံရမှာကိုလည်း မလိုလားပြန်နဲ့………….ဟီးးး နောက်ဆုံးတော့လည်း သီလရှင်ဝတ်လိုက်တာပဲကောင်းပါတယ်။ ဇာတ်သိမ်းလေးက ဘယ်လိုသိမ်းမလဲ … သိချင်ပါ၏.

Leave a Reply