လွယ်ကူသက်သာနည်းလမ်းရှာ

မြသဲ ( 17082011 )February 20, 20121min26436

ဒီတခါတော့ ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရတဲ့ နည်းလေးတွေအကြောင်း ရေးချင်လို့ပါ။ သိတဲ့သူများလဲရှိမှာဖြစ်သ လို မသိတဲ့သူများအတွက်လဲ တန်ဖိုးမနဲစေတာမို့ ဒီပိုစ့် ကလေးကိုရေုးလိုက်တာပါ။ ကျွန်မတုံးကတော့ဒီနည်း တွေမသိခင်တော်တော်ခက်ခဲခဲ့ရပါတယ်။ သိသွားတော့လဲအမြဲအသုံးဝင်နေတာမို့ ဝေငှချင်စိတ်ပေါက်လာ လို့ရေး လိုက်တာပါ။ ဒီထဲမှာမပါတဲ့နည်းတွေရှိလို့ သိတဲ့သူများရှိရင်လဲမန့်တဲ့ထဲမှာ ရေးပေးလို့ရပါတယ်။ အိမ် သုံးပစ္စည်းတွေနဲ့မို့လိုချင်တဲ့အချိန်တိုင်း လွယ်တကူလုပ်လို့ရသလို မှတ်မိလဲလွယ်ပါတယ်။ နည်းလေးတွေက တော့

 

၁။ မိမိအိမ်က whiteboard တွေ စွန်းထင်းညစ်ပတ်နေတာတို့၊ permanent marker နဲ့မှားရေးမိပြီး ဖျက်မရ ဖြစ်နေတာတို့ဆိုရင် သွားတိုက်ဆေးကို အဝတ်ထဲညှစ် ထဲ့ပြီး ဖိပွတ်ပေး၊ ပြီးရင်ရေလေးနဲ့ပြန်တိုက်လိုက် ရင် whiteboard  တွေဖြူဖွေးသွားစေပါတယ်။

၂။ ခေါင်းလျှော်ရည်ပုလင်းတွေကုန်သွားလို့ ပြန်သုံးချင်တယ်၊ အနံ့ကလဲမပျောက်ဘူးဆိုရင် ပုလင်းထဲကိုရေ အပြည့်ထည့်၊ ဆားလေးထည့်ပြီး တညလောက်စိမ် ထားလိုက်ရင် ဘာနံ့မှမကျန်တော့ပါဘူး။

၃။ ထို့အတူပဲ ငါးပိရည်နံ့၊ သားငါးညှီနံ့ စတဲ့အနံ့ဆိုးများလက်မှာစွဲနေရင် လက်ကိုရေစွတ်ပြီး ဆားအနဲငယ် လက်ဖဝါးထဲထည့်ပွတ်ပြီးရေဆေးချလိုက်ရင် အနံ့ဆိုးအား လုံးပျောက်သွားမှာဖြစ်ပါတယ်။

၄။ မီးဖိုချောင်ထဲက စတီးဘေစင်တွေအရောင်မလက်တော့ဘူးဆိုရင်တော့ မုန့်ဖုတ်တဲ့ဘေကင်ပေါင်ဒါ နဲနဲနဲ့ ပွတ်တိုင်ပေးရင်ပြောင်လက်သွားစေပါတယ်။

၅။ စိန်ထည်များကို အရောင်လက်စေလိုလျှင် သွားတိုက်တံပေါ်တွင်သွားတိုက်ဆေးထည့်ပြီး စိန်ပွင့်များပေါ် တွင်ပွတ်တိုက်ပေးပါက အရောင်များလှပစွာဖြာ ထွက်လာပါလိမ့်မည်။

၆။ အိမ်တွင်အလှအိုး ( သို့ ) ဘုရားအိုးများတွင် ကာနေးရှင်းပန်းများထိုးပါက အိုးထဲသို့ရေ လက်သုံးလုံးခန့် ထည့်ပြီးသကြားအနဲငယ်ထည့်ပါက ပန်းများလှပစွာ အစွမ်းကုန်ပွင့်လန်းပါလိမ့်မည်။

၇။ တခါတရံ လက်တွေကြမ်းတမ်းနေမယ်ဆိုရင် လက်ကိုရေစွတ်ပြီးသကြားလေးနဲနဲထည့်ပွတ် ရေဆေးချ လိုက်မယ်ဆိုရင် နူးညံ့တဲ့လက်ကလေးကိုရရှိပြီပေါ့။

၈။ ဆံပင်သားတွေပျက်စီးကြမ်းတမ်းနေပါလျှင် ညအိပ်ခါနီးတွင် ခွက်တခုထဲတွင် သံပုရာသီးတစိတ်ညှစ် ထည့်ပြီး ရေနွေးနွေးလေးကို ဆံပင်ရှည်ပေါ်ကြည့်ပြီး လိုအပ်သလောက်ထည့်၊ ပြီးလျှင်ဆံပင်ကိုဦးရည်ပြား မထိစေပဲ ဆံပင်ပေါ်တွင်သုတ်လိမ်းပေးပါ။ မနက်နိုးလာလျှင် ခေါင်းလျှော်ပေး ခြင်းဖြင့် နူးညံအိထွေးသော ဆံပင်ကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။

၉။ စီးကရက်အနံ့တွေနဲ့ အနံ့ဆိုးတွေကို ပျောက်ကွယ်သွားစေတဲ့နည်းလမ်းကတော့ ဖယောင်းတိုင်တတိုင် ထွန်းပေးရုံနဲ့ အနံ့ဆိုးတွေ ယင်ကောင်တွေကိုဖယ် ရှားပေးမှာပါ။ မီးဖိုထဲမှာ ညှော်နံ့တွေ၊ တူးနံ့တွေရှိရင်လဲ ဒီနည်းလေးသုံးပြုလို့ရပါတယ်။

၁၀။ အမှိုက်ပုံးတွေအနံ့ပျောက်ချင်ရင်တော့ အမှိုက်ပုံးထဲကို သံပုရာခွံပါးပါးလှီးထည့်ပြီးခဏ အဖုံးပိတ်ထား ရမှာဖြစ်ပါတယ်။

၁၁။ ဖန်ခွက်များကိုကြည်လင်တောက်ပစေလိုလျှင် ရေထဲကိုပြာဖျော်ထည့်ပြီး ဆေးကြောပေးပါကကြည် လင်ဝင်းပသောဖန်ခွက်များကိုရရှိမှာပါ။

၁၂။ မှန်များကိုုကြည်လင်တောက်ပစေလိုလျှင် ရေ ၉ ဆ၊ ရှာလကာရည် ၁ ဆ ရောဖျော်ပြီး အဝတ်စဖြင့် ပွတ်တိုက်ပေးပါက ကြည်လင်တောက်ပသောမှန်များကိုရရှိ ပါမည်။

36 comments

  • aye.kk

    February 21, 2012 at 6:57 am

    thel nu aye,..ရေ
    ကျေးဇူးပါ၊မှတ်သားသွားပါတယ်…
    အမသိထားတာလေးထပ်မျှဝေပါ့မယ်..
    ၁။အဝတ်ပေါ်မှာမီးကြွမ်းရာထင်လျှင်-ကြက်သွန်နီ်ဥကိုထက်ခြမ်းခွဲပြီး
    ထိုနေရာကိုပွတ်တိုက်ပြီးနောက်ရေစိမ်ထားပါ။
    ၂။မီး၊ရေနွေး၊ဆီပူလောင်လျှင်-အာလူးစိမ်းထောင်း၍အရည်ကိုလိမ်းပြီး
    အဖတ်ကိုအုံထားပါသက်သာပါလိမ့်မည်။
    ၃။သံချေးစွန်းလျှင်-စွန်းကွက်ကိုရေဆွတ်ပြီးမှည့်လွန်းသောခရမ်းချဉ်သီးရေနှင့်
    ပွတ်ပြီးနေတွင်လှန်းပါ၊ခြောက်ပြီးမှရေနှင့်လျှော်ပါ။
    ၄။မင်စွန်းလျှင်-နို ့တွင်တစ်နာရီခန့်နှစ်ထားပြီးဆပ်ပြာနှင့်လျှော်ပါ(တနည်း)
    bleaching-powder ချွတ်ဆေးနျင့်ရေဖျော်သုတ်လိမ်းပါ။
    ၅။ကွမ်းသွေးစွန်းလျှင်-လူနို ့ဆွတ်ပေး-နို ့ခြောက်လျှင်အစွန်းပြောက်သည်။
    ၆။သွေးစက်ပေလျှင်-ဇဝက်သာပျစ်ပျစ်တွင်အတော်ကြာစိမ်ပြီးမှပွတ်ပါ။
    ၇။ခြေကိုသံစူးလျှင်-ဆားနှင့်ဂျင်းကြိတ်၍အုံပါ။(တနည်း)
    ကြက်သွန်နီဥကိုမီးတွင်အုံ၍အကွင်းတိုင်းပူသောအခါသံစူးရာတွင်ဖိကပ်နင်းပါ
    အေးသွားသည့်တိုင်လုပ်ပေးပါကမရင်းပါ၊ပျောက်ပါလိမ့်မည်။(တနည်း)
    တရုတ်မှိုခြောက်ကိုသေးရေစိမ်၍၎င်းမှိုပွင့်ကိုသံစူးရာတွင်ဖိကပ်၍အဝတ်နှင့်စီးထားပါ။
    ၈။အဝတ်ကိုဖားဥစွဲလျှင်-စင်ကြယ်သောအဝတ်ဖြူကိုရေဆွတ်၍
    ဖားဥစွဲကပ်သောနေရာပေါ်တွင်တင်၍မီးပူကောင်းကောင်းတိုက်ပါ။(တနည်း)
    အချိုမှုန့်ကိုရေဖျော်လူး၍အတော်ကြာထားပြီးမှရေလျှော်ပစ်ပါ။
    ၉။ပါးစပ်တွင်ကြက်သွန်နံ့ပျောက်လိုသော်-နွားနို့စိမ်းအနည်းငယ်သောက်ပါ။
    ၁၀။စွပ်ပြုတ်ဟင်းဆားငံလျှင်-အာလူးစိတ်၍ထည့်ပြီးငါးမိနစ်ခန့်
    အဆူခံပြီးအာလူးဖတ်ကိုဆယ်လိုက်ပါ။

    • Thel Nu Aye

      February 21, 2012 at 7:21 am

      ကျေးဇူးပါအစ်မရေ။ ဒါတွေလဲမသိသေးဘူး။ မှတ်ထားလိုက်ပါ့မယ်။

    • water-melon

      February 21, 2012 at 8:24 am

      အစ်မကြီး အေးရှင့်
      ၅။ကွမ်းသွေးစွန်းလျှင်-လူနို ့ဆွတ်ပေး-နို ့ခြောက်လျှင်အစွန်းပြောက်သည်။ နည်းက လူနို့ဆိုတော့
      ကျွန်တော်တို့လို လူပျိုလေးတွေက ဘယ်လိုလုပ်ရမှာလဲ ဟင်။ အစ်မကြီးနောက်နေတာလား.

      • Thel Nu Aye

        February 21, 2012 at 8:31 am

        သတင်းစာထဲထည့်။ လူနို့ဝယ်လိုသည်။ မြင်ယောင်သေးတယ် ဟီဟိ။ ဟားဟားဟား။

        • water-melon

          February 21, 2012 at 8:33 am

          အစ်မကြီးသဲနုအေးကလဲ
          ကလေးအမေတွေထဲကတောင်းမှာပေါ့
          အန်တီနို့နည်းနည်းလောက်။ ပါးမရိုက်ရင် ကံကောင်း၊ တော်ပြီအဲဒီနည်းမစမ်းတော့ဘူး။

  • K@oru

    February 21, 2012 at 7:30 am

    သများလည်း သများသိတာလေးတွေ ပြန်မျှပါရစေချင့်…။

    ၉။ ပါးစပ်တွင် နွားနို့စိမ်းနံ့ ပျောက်လိုပါက ..ကြက်သွန်အနည်းငယ် ကောက်ဝါးလိုက်ပါ…

    ၁၀။ ဗိုက်ဆာလျှင် တခုခုစားပါ … ။ ဗိုက်အဆာပျောက်သွားကြောင်း အံ့ဩဖွယ် တွေ့ရှိရပေလိမ့်မည်..။

    အာဟိ
    😀
    ဒက်ဂလောက် ဒက်ဂလောက်

    • Thel Nu Aye

      February 21, 2012 at 8:28 am

      ၁ဝ ကိုမှတ်ထားလိုက်ပါ့မယ်ခညာ့။ ပြီးလျှင်လက်တွေ့အကောင်အထည်ဖော်ပါမည်ခညာ့။

  • htoosan

    February 21, 2012 at 9:39 am

    book mark လုပ်ထားပါသည် ။
    ကိုယ်တိုင်ကော စမ်းကြည့် ပြီးပြီလားမေးချင်ပါသည် ။။ :mrgreen: ကိုယ်တိုင်စမ်းရမှာ ပျင်းလို့ .. 😀

    • Thel Nu Aye

      February 21, 2012 at 10:07 am

      ဟုတ် ကိုယ်တွေ့တွေပါ။ သဘောကျလို့ပြန်မျှလိုက်တာပါ။

  • ဆူး

    February 21, 2012 at 9:47 am

    ရေခဲသေတ္တာ အနံဆိုး ထွက်နေရင် မီးသွေးတုံးတွေ အိတ်နဲ့ ထည့်ထားပေးပါ။ တခါထည့်ပြီးသား ကို ၁ပတ်ထက်တော့ ပို မထားသင့်ဘူး။ သိပ်ကြာသွားရင် သူလည်း တာဝန် မယူနိုင်တော့ဘူး။

    • Thel Nu Aye

      February 21, 2012 at 10:58 am

      ဆူးကျေးဇူးပါ။

  • kyeemite

    February 21, 2012 at 9:52 am

    ဖြဲသီးကတော့လုပ်ချလိုက်ပြန်ဘီ..မိစိန်ပေါက်ဆီကသွားညှစ်ပေါ့ဟဲ…အဲ့ဟာမနို့က ကလေးတင်မက
    သူ့လင်စို့တာတောင်မကုန်လို့..ညှစ်ရောင်းနေတယ်ကြားတယ်..ဟီးး
    လွယ်ကူအသုံးတဲ့နည်းလေးတွေတင်ပေးတဲ့..ဦးThel Nu Aye နဲ့ ဦးaye.kk တို့ကိုကျေးဇူးပါချင့်..

    • နှူးဘာဂိုဏ်းချုပ်

      February 21, 2012 at 9:55 am

      ဟိုမင်းသမီးလေး ခေးမွေးထားတယ်မလားချင့် ….
      သူ့သွားညှစ် ..အဲ့လေ. .သွားတောင်းပါလား ..
      😀

  • weiwei

    February 21, 2012 at 10:46 am

    အချိုမှုန့်အသုံးဝင်ပုံလေးပြောပြအုန်းမယ် … တစ်ရက် အကျီအဖြူအကောင်းစားအသစ်ကိုဝတ်ပြီး ဆီတွေစွန်းသွားမိတယ် … အိမ်ရောက်ရောက်ခြင်း သနပ်ခါးခဲကိုသွေးပြီးလိမ်းထားပြီးမှ လျှော်မလို့စိတ်ကူးလိုက်တာ သနပ်ခါးခဲက အဝါတွေပါ စွန်းထင်းသွားပြီး ဒုက္ခရောက်တော့တာပဲ … ဆပ်ပြာမှုန့် ဆက်ပြာခဲတွေနဲ့ ဘယ်လိုမှလုပ်မရတဲ့အဆုံး အချိုမှုန့်ကို အရောင်စွန်းနေတဲ့အပေါ်မှာဖြူးပြီး လက်နဲ့ပွတ်တိုက်လိုက်တာ အံ့ဩဖွယ်ရာ အဝါရောင်တွေ အားလုံးပြောင်သွားပါကြောင်း … အလွန်အစွမ်းထက်တဲ့ အချိုမှုန့်ပါပဲ ….

  • nozomi

    February 21, 2012 at 10:48 am

    ကျေးဇူးပါ

    တစ်ခုက မီးပူ အဝတ်ကပ်သွားရင် ဆားနဲ့ ပွတ်ရင် ပျောက်ပါတယ်
    (အဆောင်နေဘဝတုန်းက ကိုယ်တိုင်စမ်းပြီးသားပါ)

    တစ်ခု သိချင်ပါတယ်
    ရုပ်ဆိုးနေလို့ နဲနဲလောက်ပဲ ဖြစ်ဖြစ် လှလာအောင် ဘယ်လိုလုပ်ရမလဲ သိသူများပြောပေးကြပါ

    • နှူးဘာဂိုဏ်းချုပ်

      February 21, 2012 at 10:52 am

      ကိုဘလက်ရေ …
      သည်မှာ ဦးနိုတယောက် လှချင်တော်မူနေလေရဲ့ …
      တထုထုတော့ တထုထုဘဲ …လာတူးလှည့်ပါဦးဗျို့ ….
      😀

      တက္ကသိုလ်ဘုန်းကျော် …အဲ့လေ ဘုန်းနိုင် ကတော့
      ပြောသား …လှချင်တာ …ဘာအတွက် ဆိုလား ..
      အာဟိ…

      ဒက်ဂလောက်…ဒက်ဂလောက်…

    • Thel Nu Aye

      February 21, 2012 at 10:54 am

      မလှတဲ့ရုပ်ကိုဖယ်လိုက်ပါ။ လှတဲ့ရုပ်နဲ့အစားထိုးလိုက်ပါ။ အံ့ဩဖွယ်လှပလာပါ့လိမ့်မည်။

    • Thel Nu Aye

      February 21, 2012 at 10:56 am

      ကျေးဇူးပါအမဝေဝေနဲ့ nozomi ခည့ာ။ မသိသေးတာလေးတွေမို့မှတ်ထားပါမယ်ခည့ာ။

    • စိန်ပေါက်ပေါက်

      February 21, 2012 at 11:30 am

      ဆိုးနေတဲ့ နေရာကို သံဘရပ်ချ်နဲ ့ များများတိုက်ပေးပါ
      😀

    • Moe Z

      February 21, 2012 at 11:47 am

      အပြင်သွားရင် ကိုယ့်ထက်ချောတဲ့သူတွေနဲ့မသွားနဲ့ ရုပ်ဆိုးတဲ့သူရွေးပေါင်း
      ဒါဆိုရင် ကိုယ့်ကိုကိုယ်အချောဆုံးလို့ ထင်လာလိမ့်မယ် 😀 😀

      • နှူးဘာဂိုဏ်းချုပ်

        February 21, 2012 at 11:52 am

        ဟုတ်လား ညီလေးဇိ. ..

        အတော်ဘဲ …လာကွာ လက်ဖက်ရည်သွားသောက်ရအောင် …
        နာ တိုက်ပါ့မယ်ကွ …
        😀

  • အမကြီးချင့် …
    ဘုရားပန်းအိုး (ကြေး) များကို မန်ကျည်းသီးဖြင့် ပွတ်တိုက်ပါက ပြောင်လက်သွားသည်ဟု ကြားဖူးပါသည်ချင့် …
    အဲဒါ ဟုတ်ပါသလားချင့် …

    • စိန်ပေါက်ပေါက်

      February 21, 2012 at 11:29 am

      အုတ်နီခဲမှုန် ့နဲ ့ တိုက်ရင်လဲ ပြောင်တယ်..အေ့
      စမ်းကြည့်

    • Thel Nu Aye

      February 21, 2012 at 11:36 am

      ပုံမှန်မတိုက်တဲ့(ကြေး) များ ကိုတော့မန်ကျီးသီးမနိုင်ပါ။ ဘရာဇိုပါမှရပါသည်။

        • Thel Nu Aye

          February 21, 2012 at 12:07 pm

          ဘရာဇိုဆိုတာဘရာဗိုရဲ့ညီ။

        • စိန်ပေါက်ပေါက်

          February 21, 2012 at 12:08 pm

          ဘရာဇို ဆိုတာ Brazo ဆိုလားပဲ
          ချေးချွတ်တဲ့ဟာဟဲ့ ငပိန်းမရဲ့..
          အားနေနှာဘူးထဖို ့ပဲ သိနေပြီးတော့ ပြောပြန်ရင်လဲ ဒေါ်စိန်ပေါက်လွန်ရာကျဦးမယ်

  • စိန်ပေါက်ပေါက်

    February 21, 2012 at 11:26 am

    ဟာ
    မိုက်သဟ
    အနံ ့ဆိုးထဲမှာ ငံပြာရည်အနံ ့ကော ဆားနဲ ့ဆေးရင် ပျောက်လား
    စမ်းကြည့်ဦးမယ်နော့်
    တစ်ခါတလေ ငါးဖယ်အစာသွပ်ဆွဲပြီး ငံပြာရည်နံ ့ နံတယ်လေ့
    ဒတ်ဒ်ဝှိုင်းပါ
    ရှဲရှဲ ဘဒါးသား

    • Thel Nu Aye

      February 21, 2012 at 11:33 am

      ငံပြာရည်နံ့လဲနိုင်ပါတယ်။ ငါးပိရည်၊ ငံပြာရည်အတူတူပါပဲ။

  • Shwe Ei

    February 21, 2012 at 12:08 pm

    အမသဲနုအေးရေ သင်္ဘောဆေးစွန်းသွားတဲ့ ဂျင်းပင်န် ကိုဘယ်လိုအစွန်းချွတ်ရမလဲ သိရင်ပြောပေးပါအုံး။

    • စိန်ပေါက်ပေါက်

      February 21, 2012 at 12:19 pm

      ဓာတ်ဆီနဲ ့ စိမ်ချွတ်ကွဲ ့

    • Thel Nu Aye

      February 21, 2012 at 12:33 pm

      အဲဒါကတော့ အပေါ်က မဝေတို့ အမအေးတို့ပြောသလို ဟင်းချိုမှုန့်နဲ့ချွတ်ကြည့်ပါလား။ သင်္ဘောဆေးကလူမှာစွန်းရင်တော့ဓါတ်ဆီနဲ့ရပေမဲ့အဝတ်တွေတော့မစမ်းဖူးလို့မသိဘူး။ လူမှာဆိုရင်တော့ဓါတ်ဆီနဲ့ကျွတ်တယ်။ စမ်းကြည့်ပါလား။

  • Rose Minn

    February 21, 2012 at 12:38 pm

    မသဲရေ ရေးမှတ်သွားပါကြောင်း။ ကျေးဇူးတင်ပါတယ်။

  • MaMa

    February 21, 2012 at 3:06 pm

    အသုံးဝင်တဲ့ နည်းလမ်းလေးတွေပေးလို့ ကျေးဇူးပဲ သဲနုအေး နဲ့ မအေးရေ။
    ကိုယ်ကြိုက်တဲ့ အကျီ င်္လေးတစ်ထည် မီးကျွမ်းသွားလို့ နှမျောတသ အကြိမ်ကြိမ်ရွတ်နေတာ၊ လုပ်ကြည့်လိုက်ဦးမယ်။ 🙂

    • Thel Nu Aye

      February 21, 2012 at 5:08 pm

      အသုံးတဲ့တယ်ဆိုလို့ဝမ်းသာပါတယ်။ မမရေ။

  • yoeyar may

    February 21, 2012 at 8:13 pm

    ကျေးဇူးတင်ပါတယ်မမ

Leave a Reply